နော်ဝေနိုင်ငံ မြို့တော် အော်စလိုမှာ ကန့်သတ်နယ်မြေအတွင်း ဒရုန်းပျံသန်းခြင်းကြောင့် စင်ကာပူနိုင်ငံသား တစ်ဦး ဒဏ်ရိုက်ခံရ

89

ရောင်နီ (NP News) - စက်တင်ဘာ ၂၈
နော်ဝေနိုင်ငံ မြို့တော် အော်စလိုမှာ ဝန်ကြီးချုပ်ရုံး အပါအဝင် ကန့်သတ်ဧရိယာအတွင်း ဒရုန်းပျံသန်းမှုနဲ့ အသက် ၅၀ အရွယ် စင်ကာပူနိုင်ငံသား အမျိုးသားတစ်ဦးအပါအဝင် လူ ၃ ဦး ဒဏ်ရိုက်ခံရပါတယ်။
စက်တင်ဘာ ၂၂ ရက်၊ ည ၇ နာရီ ၁၈ မိနစ်အချိန်က ဝန်ကြီးချုပ်ရုံးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ တည်ရှိရာ အကာရှူစ် ခံတပ်အနီး မပျံသန်းရဇုန်မှာ ဒရုန်းယာဉ်တစ်ခုကို ရဲတပ်ဖွဲ့က တွေ့ရှိ အစီရင်ခံခဲ့ပါတယ်။ အဲဒီအဖြစ် အပျက်အတွက် စင်ကာပူအမျိုးသားနဲ့ ၄င်းရဲ့အဖော် အမျိုးသမီးနှစ်ဦးစလုံးကို စက်တင်ဘာ ၂၂ ရက်က နော်ဝေ မြို့တော်မှာ ဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ အဲဒီနောက် အော်စလိုမြို့လယ်ရှိ ကန့်သတ်နယ်မြေတစ်ခုပေါ်မှာ ဒရုန်းယာဉ်ပျံသန်းခြင်းအတွက် နော်ဝေ ငွေကြေး ခရိုနာ ၈၀၀၀ ဒဏ်ရိုက်ကာ ပြန်လွှတ်ခဲ့တယ်လို့ အော်စလိုရဲတပ်ဖွဲ့ခရိုင်မှ တရားလိုရှေ့နေ မစ္စ ခရစ်စတီနားကေမက်ခ် က စက်တင်ဘာ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဒရုန်းကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တစ်လကလည်း ကန့်သတ်နယ်မြေ အကာရှူစ် ခံတပ်ဧရိယာမှာ အလားတူ ဖမ်းဆီးခံရမှု ရှိခဲ့သေး တယ်လို့ နော်ဝေသတင်းစာ Adresseavisen အရ သိရပါတယ်။

Zawgyi Version:
ေနာ္ေဝႏိုင္ငံ ၿမိဳ႕ေတာ္ ေအာ္စလိုမွာ ကန႔္သတ္နယ္ေျမအတြင္း ဒ႐ုန္းပ်ံသန္းျခင္းေၾကာင့္ စင္ကာပူႏိုင္ငံသား တစ္ဦး ဒဏ္႐ိုက္ခံရ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၈
ေနာ္ေဝႏိုင္ငံ ၿမိဳ႕ေတာ္ ေအာ္စလိုမွာ ဝန္ႀကီးခ်ဳပ္႐ုံး အပါအဝင္ ကန႔္သတ္ဧရိယာအတြင္း ဒ႐ုန္းပ်ံသန္းမႈနဲ႔ အသက္ ၅၀ အ႐ြယ္ စင္ကာပူႏိုင္ငံသား အမ်ိဳးသားတစ္ဦးအပါအဝင္ လူ ၃ ဦး ဒဏ္႐ိုက္ခံရပါတယ္။
စက္တင္ဘာ ၂၂ ရက္၊ ည ၇ နာရီ ၁၈ မိနစ္အခ်ိန္က ဝန္ႀကီးခ်ဳပ္႐ုံးနဲ႔ ကာကြယ္ေရးဝန္ႀကီးဌာနတို႔ တည္ရွိရာ အကာရႉစ္ ခံတပ္အနီး မပ်ံသန္းရဇုန္မွာ ဒ႐ုန္းယာဥ္တစ္ခုကို ရဲတပ္ဖြဲ႕က ေတြ႕ရွိ အစီရင္ခံခဲ့ပါတယ္။ အဲဒီအျဖစ္ အပ်က္အတြက္ စင္ကာပူအမ်ိဳးသားနဲ႔ ၄င္းရဲ႕အေဖာ္ အမ်ိဳးသမီးႏွစ္ဦးစလုံးကို စက္တင္ဘာ ၂၂ ရက္က ေနာ္ေဝ ၿမိဳ႕ေတာ္မွာ ဖမ္းဆီးခဲ့ၿပီး ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈေတြလုပ္ခဲ့ပါတယ္။ အဲဒီေနာက္ ေအာ္စလိုၿမိဳ႕လယ္ရွိ ကန႔္သတ္နယ္ေျမတစ္ခုေပၚမွာ ဒ႐ုန္းယာဥ္ပ်ံသန္းျခင္းအတြက္ ေနာ္ေဝ ေငြေၾကး ခ႐ိုနာ ၈၀၀၀ ဒဏ္႐ိုက္ကာ ျပန္လႊတ္ခဲ့တယ္လို႔ ေအာ္စလိုရဲတပ္ဖြဲ႕ခ႐ိုင္မွ တရားလိုေရွ႕ေန မစၥ ခရစ္စတီနားေကမက္ခ္ က စက္တင္ဘာ ၂၆ ရက္မွာ ေျပာၾကားခဲ့ပါတယ္။ ဒ႐ုန္းကိုလည္း ရဲတပ္ဖြဲ႕က သိမ္းဆည္းလိုက္တယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ တစ္လကလည္း ကန႔္သတ္နယ္ေျမ အကာရႉစ္ ခံတပ္ဧရိယာမွာ အလားတူ ဖမ္းဆီးခံရမႈ ရွိခဲ့ေသးတယ္လို႔ ေနာ္ေဝသတင္းစာ Adresseavisen အရ သိရပါတယ္။