အုတ်ဖိုတွင် အရပ်သားတစ်ဦးကို PDF အဖွဲ့ဝင်များက နေအိမ်အထိ လာရောက်ပစ်သတ်

231

Pearl (NP News) - စက်တင်ဘာ ၂၉
အုတ်ဖိုတွင် အရပ်သားတစ်ဦးကို PDF အဖွဲ့ဝင်များက နေအိမ်အထိ လာရောက်ပစ်သတ်သွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ (၂၇) ရက်၊ နေ့လည် (၁၂) နာရီခွဲခန့်က ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းကျေးရွာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သော ဦးမြင့်အောင်(၆၈)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင် ခြောက်ဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထိုသို့ ရောက်ရှိလာခဲ့ပြီး “ဒလန်” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမြင့်အောင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်ကလည်း ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ရွှေတဲသဲကုန်းကျေးရွာတွင်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရွှေတိုး(၇၀)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦးက ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာခဲ့ပြီး ဦးရွှေတိုးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

Zawgyi Version:
အုတ္ဖိုတြင္ အရပ္သားတစ္ဦးကို PDF အဖြဲ႕ဝင္မ်ားက ေနအိမ္အထိ လာေရာက္ပစ္သတ္
Pearl (NP News) - စက္တင္ဘာ ၂၉
အုတ္ဖိုတြင္ အရပ္သားတစ္ဦးကို PDF အဖြဲ႕ဝင္မ်ားက ေနအိမ္အထိ လာေရာက္ပစ္သတ္သြားခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ စက္တင္ဘာ (၂၇) ရက္၊ ေန႔လည္ (၁၂) နာရီခြဲခန႔္က ပဲခူးတိုင္းေဒသႀကီး၊ အုတ္ဖိုၿမိဳ႕နယ္၊ ရွမ္းကုန္းေက်း႐ြာတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာတြင္ေနထိုင္ေသာ ဦးျမင့္ေအာင္(၆၈)ႏွစ္သည္ ေနအိမ္၌ ရွိေနစဥ္ PDF အဖြဲ႕ဝင္ ေျခာက္ဦးက ဆိုင္ကယ္ႏွစ္စီးျဖင့္ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေရာက္ရွိလာခဲ့ၿပီး “ဒလန္” ဟုေျပာဆို၍ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့သျဖင့္ ဦးျမင့္ေအာင္တြင္ က်ည္ထိမွန္ ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ က်ဴးလြန္ခဲ့သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ စက္တင္ဘာ ၂၆ ရက္ကလည္း ပဲခူးတိုင္းေဒသႀကီး၊ သဲကုန္းၿမိဳ႕နယ္၊ ေ႐ႊတဲသဲကုန္းေက်း႐ြာတြင္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးေ႐ႊတိုး(၇၀)ႏွစ္သည္ ၎၏ေနအိမ္၌ ရွိေနစဥ္ PDF အမည္ခံ အၾကမ္းဖက္သမား ေျခာက္ဦးက ဆိုင္ကယ္ သုံးစီးျဖင့္ ေရာက္ရွိလာခဲ့ၿပီး ဦးေ႐ႊတိုးအား အၾကမ္းဖက္ၿခိမ္းေျခာက္၍ ဖမ္းဆီးေခၚေဆာင္ သြားခဲ့ေၾကာင္း သိရသည္။