ယူကေနှင့် ကော့ခ်ဘဇား လူသိန်းချီ စုဝေးမှုဖြစ်ပေါ်ခြင်း အကြောင်းရင်းမှန်

 1233

Htay Oung (NP News) - စက်တင်ဘာ ၂၉
ကျွန်တော်တို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန်ု ၃ လပင် မပြည့်တော့ကြောင်း အများ သိပြီးဖြစ်ပါတယ်။
အလွန်အရေးကြီးပြီး တရားဥပဒေစိုးမိုးရေး အတိမ်းအစောင်းမခံနိုင်တဲ့ ကာလမှာ ယခုရက်ပိုင်းအတွင်း ယူ ကေနိုင်ငံ လူထုဆန္ဒပြပွဲ ဗွီဒီယိုများကို ခေါင်းစဉ်တစ်လွဲတပ်၍လည်းကောင်း၊ ဘယ်အချိန် ဘယ်နေရာမှန်း အတိအကျ ဖော်ပြခြင်း မရှိသည့် သောင်းသိန်းချီ မွတ်စလင်တို့ စုဝေးနေပုံ ဗွီဒီယိုကို လိုရာဆွဲ ပုံစာထိုး၍လည်းကောင်း ဘာသာရေး၊ လူမျိုးရေး အဓိကရုန်းဖြစ်စေဖို့ ရည်ရွယ်လှုံဆော်နေကြောင်း လူမှုကွန်ရက်များမှာ တွေ့မြင်နေရပါ တယ်။ ဒီအတွက် လက်လှမ်းမီသရွေ့ ရှင်းပြလိုပါတယ်။
(၁) ၂၀၂၅ ခုနှစ် ဧပြီလမှာ စတင်ပြီး ယူကေနိုင်ငံမှာ “လူဝင်မှုကြီးကြပ်ရေး” (မူဝါဒ) ဆန့်ကျင်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ ပါတယ်။ အချို့နေရာများမှာ အကြမ်းဖက်မှုများအဖြစ် ပြောင်းလဲသွားတဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၄၀ ကျော် ဒဏ်ရာရရှိ၊ လူပေါင်း ၁၄၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ လန်ဒန်မြို့မှာ လူပေါင်း တစ်သိန်းခွဲ၊ ယူကေနိုင်ငံ အနှံ့ လူ ၅ သိန်းခန့် ဆန္ဒပြကြခြင်းရဲ့အဓိကရည်ရွယ်ချက်မှာ ခိုလှုံခွင့်တောင်းခံသူများကို အဆင့်မြင့်ဟိုတယ်များမှာ နေရာထိုင်ခင်း စီစဉ်ပေးတဲ့ဗြိတိန်အစိုးရရဲ့လုပ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်ခြင်းဖြစ်ပြီး ဆန္ဒပြပွဲအချို့ကတော့ ရွှေပြောင်း ဝင်ရောက်လာသူများကို ကန့်ကွက်ရှုတ်ချမှုများ ရှိခဲ့ပါတယ်။ မွတ်စလင်ရယ်လို့ သီးခြား မသတ်မှတ်ခြင်း မဟုတ်ပဲ မည်သည့် နိုင်ငံကမဆို ရွှေ့ပြောင်း ဝင်ရောက်လာသူအားလုံးကို ရည်ရွယ်ပါတယ်။
အဲဒီဆန္ဒပြပွဲများကို မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြပွဲများအဖြစ် ကမ္ဘာက ရှ့မြင်ခြင်းမှာ ဆန္ဒပြပွဲများ ဖြစ်ပေါ်စေရန် ဦးဆောင်စည်းရုံးသူ “တိုမီ ရော်ဘင်ဆင်” မှာ “အစ္စလာမ်ဆန့်ကျင်ရေး” “လက်ယာအစွန်းရောက်” “တစ်ဇောက်ကန်း အမျိုးသားရေးဝါဒီ” တစ်ဦးဖြစ်နေလို့ပါ။ သူ့ကိုယ်သူ ဖရီးလင့်စ်သတင်းထောက်တစ်ဦးအဖြစ် ထုတ်ဖော်ပြောဆိုသူ ရော်ဘင်ဆင်ဟာ ၂၀၀၅ ခုနှစ်မှ အနှစ် ၂၀ အတွင်း စုစုပေါင်း ထောင်ဒဏ် ၅ နှစ် ကျခံ ခဲ့ရဖူးသူဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်မှာ ၂၀၂၁ ခုနှစ် “ဟတ်ဒါစဖီးလ်” စာသင်ကျောင်းမှ အသက် ၁၅ နှစ် အရွယ် ဒုက္ခသည်မိန်းကလေးတစ်ဦးကို မဟုတ်မမှန် အသရေဖျက်မှုဖြင့် ဒဏ်ငွေ ပေါင်တစ်သိန်းနဲ့ တရားစရိတ်များ ပေးဆောင်စေရန် စီရင်ခံရခြင်းဖြစ်ပါတယ်။ အသရေဖျက်မှု အကြိမ်ပေါင်း များစွာအပြင် တရားရုံးတော်ရဲ့ခြေချုပ် အမိန့်ကို ဖောက်ဖျက်ခြင်း၊ တရားရုံးတော်ကို မထီမဲ့မြင်ပြုမှုများလည်း ရှိခဲ့ပါတယ်။
အွန်လိုင်းမှာ သတင်းအမှားများ ဖြန့်ဝေကြောင်း စွပ်စွဲခံရသူများမှာ တိုမီရော်ဘင်ဆင်ကိုယ်တိုင်နဲ့ ဗြိတိန်ပထမ၊ အမိမြေပါတီနဲ့ UKIP လို မျိုးချစ်အဖွဲ့အစည်းအမည်ခံ လက်ယာစွန်းအုပ်စုများဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ယူကေနိုင်ငံ ခိုလှုံခွင့်တောင်းခံသူများကို အဆင့်မြင့်ဟိုတယ် နေရာချထားပေးခြင်း ကန့်ကွက်ပွဲများနဲ့ အခြားဆန္ဒပြပွဲများကို တမင်ရည်ရွယ်ပေါင်းစပ်ပြီး သတင်းတုများနဲ့ ပုံကြီးချဲ့ဖို့အတွက် လူမှုကွန်ရက်ပလက်ဖောင်းများကို အဓိက အသုံးပြုခဲ့ကြပါတယ်။ အထူးသဖြင့် What App, Telegram နဲ့ Facebook အပြင် X (ယခင် Twitter) မှာ အဓိပ္ပါယ်ကောက်ယူလွဲမှားစေတဲ့သတင်းများကိုဖော်ပြပြီး အစွန်းရောက်လှုပ်ရှားမှုများ၊ အကြမ်းဖက်များ ဖြစ်ပေါ်လာစေဖို့ သွေးထိုးလှုံဆော်ခဲ့ကြပါတယ်။
ဒီနေရာမှာ အယ်လွန်မာ့ခ်လို အမေရိကန် ဘီလီယံနာ ကမ္ဘာကျော်တက်စ်လာကုမ္ပဏီသူဋ္ဌေးကြီးက “ယူကေ လွှတ်တော်ဖျက်သိမ်းသင့်” “အကြမ်းဖက်မှုတွေ လာတော့မည်” “တိုက်ခိုက်မလား အသေခံမလား” စသည့် ရေးသားချက်များကို သူပိုင်ဆိုင်တဲ့ X လူမှုကွန်ရက်မှာ လွှင့်တင်ခဲ့ပါတယ်။ မတ်စ်ရဲ့ရေးသားချက်တွေဟာ ယူ ကေနိုင်ငံမှာ ဖြစ်ပွားနေတဲ့အဓိကရုန်းတွေကို သွေးထွက်သံယို အကြမ်းဖက်မှုအဖြစ်ပြောင်းလဲစေရန် ကမ္ဘာ သိပုဂ္ဂိုလ်တစ်ဦးရဲ့မီးလောင်ရာလေပင့် သွေးထိုးလှုံဆော်မှုအဖြစ် ယူကေအစိုးရအနေနဲ့ စိတ်မသက်မသာ ဖြစ်ရပါတယ်။ အမျိုးသားရေးအစွန်းရောက် တိုမီရော်ဘင်ကလည်း သူတရားစွဲဆိုခံရတဲ့ အမှုများမှာ တရားစ ရိတ်များကို တက်စ်လာသူဌေးက ကျခံတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပေမယ့် အယ်လွန်မာ့ခ်က အတည်မပြုခဲ့ ပါဘူး။
အဲဒီ ပါးစပ်စကားတွေကို အတည်လုပ်ပြီး သတင်းအဖြစ်ဖော်ကြတဲ့ မီဒီယာတွေကတော့ Daily Mail, The Sun တို့လို Tabloid လူပြိန်းကြိုက် အပျော်ဖတ် သတင်းစာများဖြစ်ပြီး Muslim over “မွတ်စလင်တွေ လွှမ်းမိုးနေပြီ” လို့ ပြူးတူးပြဲတဲခေါင်းစဉ်တပ်ပြီး ဖော်ပြခဲ့ကြပါတယ်။ ဂိုဏ်းဂဏ အုပ်စုချင်း ပြိုင်ဆိုင်ရာမှာ ထောက်ခံအင်အား ရှာဖွေနေသူတွေကလည်း မွတ်စလင်ဘာသာဝင်တို့အပေါ် လူထုအမြင်တိမ်းစောင်းအောင် ခြောက်လုံး လှန့်လုံး တွေနဲ့ စည်းရုံးကြပါတယ်။
(၂) အွန်လိုင်းမှာ သတင်းမှား ပြန့်နှံနေသလို “လန်ဒန်မြို့လူဦးရေမှာ မွတ်စလင် ၅၀ ရာခိုင်နှုန်း ကျော်ဖြစ်လာပြီ” ဆို ခြင်းမှာလည်း မမှန်ကန်ပါ။ ၂၀၂၁ ခုနှစ် ခန့်မှန်းချက်အရ လန်ဒန်လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းသာ မွတစ်စလင် ရှိပါတယ်။ အင်္ဂလန်နဲ့ ဝေးလ်အပါအဝင် ယူကေ တစ်နိုင်ငံလုံးမှာ မွတ်စလင် ၃.၉ သန်းခန့်ရှိတဲ့အတွက် လူဦးရေ သန်း ၇၀ ခန့်မှာ ၆.၅ ရာခိုင်နှုန်းလို့ ဆိုရပါလိမ့်မယ်။ မွတ်စလင်အိမ်ထောင်စုအချို့မှာ လင်ကွာ-မယားကွာကိစ္စ များမှာ သူတို့ဘာသာရေးအရဖြစ်ပြီး ဗြိတိန်တရားရုံးများက ဝင်ရောက် စွက်ဖက်ခြင်း မပြုနိုင်တဲ့အတွက် ၎င်းတို့ ဖာသာ ဖြေရှင်းကြရသည်မှတစ်ပါး “ဗြိတိန်နိုင်ငံတွင် ရှရီယာလောကို ဥပဒေအဖြစ် ပြဌာန်းရန် မည်သည့် မွတ်စလင်မျှ တောင်းဆိုခြင်း မရှိခဲ့ပါ” လန်ဒန်လူဦးရေမှာ မွတ်စလင် ၅၀ ရာခိုင်နှုန်းကျော်ရှိတဲ့အတွက် ရှရီယာ ဥပဒေကို ပြဌာန်းပေးရန်တောင်းဆိုကြောင်း ယုံကြည်စိတ်ချရတဲ့ မည်သည့်မီဒီယာတွင်မျှ ရှာမတွေ့ပါ။
ယူကေ ဆန္ဒပြပွဲများမှာ ၁၁-ရာစု ကရူးဆိတ်အလံများ၊ ဝတ်စုံဝတ်ဆင်သူများ ပါဝင်လာ၍ “ဘာသာရေးစစ်ပွဲ ကြီး” ဖြစ်တော့မယ်လို့ ရမ်းမကြိတ်ပါနဲ့၊ ခုခေတ်ကမ္ဘာအရပ်ရပ် လူထုဆန္ဒပြပွဲများမှာ စွန့်စားခန်း ကာတွန်းရုပ် ရှင်စီးရီး သင်္ကေတများကိုပင် သုံးလာကြပါတယ်။ လူသိန်းချီ ဆန္ဒပြကြတဲ့အတွက် အမ်းဂလိတ်တွေတော့ စမုံတုန်းပြီ မထင်လိုက်ပါနဲ့ ကမ္ဘာ့အရှေ့အနောက် နေမဝင်အင်ပါယာကို ထူထောင်ခဲ့ပြီး လူကို လူချင်း ကိုလိုနီပြုခဲ့သူတို့ ရေးဆွဲခဲ့တဲ့ ဥပဒေများ၊ နည်းစနစ်များကို ယနေ့ထိ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာအရပ်ရပ်မှာ သုံးစွဲလို့ ကောင်းနေတုန်းပါ။

(၃) သောင်းသိန်းချီတဲ့ အစ္စလာမ်ဘာသာဝင်များ စုဝေးလျှက်ရှိတဲ့ အခြားဓါတ်ပုံဟာ လွန်ခဲ့တဲ့ သြဂုတ်လ ၂၅ ရက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇားခရိုင်မှာ ကျင်းပတဲ့ “ဒုက္ခသည်ဘင်္ဂါလီများ အစုအပုံလိုက် နေရပ်စွန့်ခွာ ခြင်း” ၈ ကြိမ်မြောက် နှစ်ပတ်လည် အခန်းအနားမှ ဖြစ်မယ်လို့ ယုံကြည်ရပါတယ်။ ကူတူပါလောင် လယ်ကွင်း ပြင်မှာ ၃ ရက်ကြာ ကျင်းပတဲ့ အဲဒီ နိုင်ငံတကာ ကွန်ဖရင့်အခန်းအနားကို ဘင်္ဂလားဒေ့ရှ ်ယာယီအစိုးရ အကြံပေး အရာရှိချုပ် မိုဟာမက် ယူနွတ်တက်ရောက်ပါတယ်။ မူလနေရပ် ရခိုင်ပြည်နယ်ကို ဘေးကင်းလုံခြုံစွာ နေရပ် ပြန်ရေး၊ ဂျီနိုဆိုက်ခံရခြင်း အောက်မေ့ဖွယ် အထိန်းအမှတ်၊ မြန်မာနိုင်ငံရှိ အခြားတိုင်းရင်းသားများနည်းတူ တန်း တူအခွင့်အရေးနဲ့ နေရပ်ပြန်ရေးတို့ကို ဟောပြောကြပြီး “ရိုဟင်ဂျာတွေရဲ့ မွေးရပ်မြေနဲ့ ဆက်နွယ်မှုကို ဘယ် သူမှ ဖြတ်တောက်လို့ မရဘူး” လို့ ယူနွတ်က ဟောပြောပါတယ်။
“ရိုဟင်ဂျာ ဂျီနိုဆိုက်” လို့ ဧရာမ ခေါင်းစဉ်တပ်ပြီး ရခိုင်ပြည်နယ်မြောက်ဖျားကို Save Zone “(လေယာဉ် မပျံ သန်းရ) “ဘေးကင်းလုံခြုံရေးဇုန်” ပြဌာန်းရန် ဘင်္ဂလားဒေ့ရှ်ဟာ ယခင် ရှိတ်ဟာစီနာ လက်ထက်တည်းက အား ထုတ်ခဲ့ပါတယ်။ အဲဒီတောင်းဆိုချက်ဟာ ယခု ယူနွတ်လက်ထက်မှာ ပိုမိုကျယ်လောင်လာပြီး မြန်မာတို့ရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို စော်ကားရာရောက်တဲ့ စွပ်စွဲချက်များအထိ အတိအလင်း ပြောဆိုလာပါတယ်။
မြန်မာဟာ ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ-တရုတ်-လာအို- ထိုင်း အိမ်နီးချင်း ၅ နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ မြန်မာနိုင်ငံမှာ ကရင်-ကယား-ရှမ်း-ကချင်-နာဂ-ချင်း-ရခိုင် မျိုးနွယ်စုအတော်များများဟာ အိမ်နီးချင်း နိုင်ငံမှာ လည်း တရားဝင် တိုင်းရင်းသားလူမျိုးများဖြစ်နေပါတယ်။ ဒါဟာ နိုင်ငံတို့က နယ်နိမိတ်အဖြစ် ပိုင်းခြား သတ်မှတ် ခြင်းမတိုင်မီ လူသားတို့သဘာဝအလျောက် ရေကြည်ရာ မျက်နုရာ ပျံ့နှံနေထိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။
ဒါပေမယ့် ရိုဟင်ဂျာ လူမျိုးကိုတော့ တစ်ချိန်က မြန်မာနဲ့ တစ်ပေါင်းတည်း ဗြိတိသျှကိုလိုနီနယ်မြေဖြစ်ခဲ့ရသူ အိန္ဒိယ မှာလည်း ဘယ်တုန်းကမျှ မရှိ၊ ဘင်္ဂလားဒေ့ရှ်မှာလည်း မရှိပါ။ နတ်မြစ်ကို ကျော်ပြီး ရခိုင်မြောက်ဖျားမှာ သာလျင် မိုးပေါ်က ကျလာသလို အံ့သြကုန်နိုင်ဖွယ် ကွက်ကွက်လေးတွေ့ရှိရတဲ့ ထူးဆန်းလုူမျိုးဖြစ်နေပါတယ်။ အင်မတန် ထင်ရှားတဲ့ အဲဒီအချက်ကြီးကို “ပညာရဲရင့်ပွဲလည်တင့်” တာဝန်ရှိပါလျက် ထုတ်ဖော်မပြောဆိုရဲသူ များကတော့ “သူ့သမိုင်း သူရေးခြင်း” သာဖြစ်ပါတယ်။
ခွေးဖြူ လူတော မတိုးသလို ကိုယ့်ဘက်က ဘာမှ မပြောရဲ မပြောပဲနေလေ- သူတို့ဘက်က လည်ပင်း နင်း တက်လေပဲလို့ မြင်နေရပါတယ်။

#HtayOung #OungMarine

Zawgyi Version:
ယူေကႏွင့္ ေကာ့ခ္ဘဇား လူသိန္းခ်ီ စုေဝးမႈျဖစ္ေပၚျခင္း အေၾကာင္းရင္းမွန္
Htay Oung (NP News) - စက္တင္ဘာ ၂၉
ကြၽန္ေတာ္တို႔ႏိုင္ငံတြင္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲက်င္းပရႏ္ု ၃ လပင္ မျပည့္ေတာ့ေၾကာင္း အမ်ား သိၿပီးျဖစ္ပါတယ္။
အလြန္အေရးႀကီးၿပီး တရားဥပေဒစိုးမိုးေရး အတိမ္းအေစာင္းမခံႏိုင္တဲ့ ကာလမွာ ယခုရက္ပိုင္းအတြင္း ယူ ေကႏိုင္ငံ လူထုဆႏၵျပပြဲ ဗြီဒီယိုမ်ားကို ေခါင္းစဥ္တစ္လြဲတပ္၍လည္းေကာင္း၊ ဘယ္အခ်ိန္ ဘယ္ေနရာမွန္း အတိအက် ေဖာ္ျပျခင္း မရွိသည့္ ေသာင္းသိန္းခ်ီ မြတ္စလင္တို႔ စုေဝးေနပုံ ဗြီဒီယိုကို လိုရာဆြဲ ပုံစာထိုး၍လည္းေကာင္း ဘာသာေရး၊ လူမ်ိဳးေရး အဓိက႐ုန္းျဖစ္ေစဖို႔ ရည္႐ြယ္လႈံေဆာ္ေနေၾကာင္း လူမႈကြန္ရက္မ်ားမွာ ေတြ႕ျမင္ေနရပါ တယ္။ ဒီအတြက္ လက္လွမ္းမီသေ႐ြ႕ ရွင္းျပလိုပါတယ္။
(၁) ၂၀၂၅ ခုႏွစ္ ဧၿပီလမွာ စတင္ၿပီး ယူေကႏိုင္ငံမွာ “လူဝင္မႈႀကီးၾကပ္ေရး” (မူဝါဒ) ဆန႔္က်င္ဆႏၵျပပြဲမ်ား ျဖစ္ပြားခဲ့ ပါတယ္။ အခ်ိဳ႕ေနရာမ်ားမွာ အၾကမ္းဖက္မႈမ်ားအျဖစ္ ေျပာင္းလဲသြားတဲ့အတြက္ ရဲတပ္ဖြဲ႕ဝင္ ၄၀ ေက်ာ္ ဒဏ္ရာရရွိ၊ လူေပါင္း ၁၄၀ ေက်ာ္ ဖမ္းဆီးခံခဲ့ရပါတယ္။ လန္ဒန္ၿမိဳ႕မွာ လူေပါင္း တစ္သိန္းခြဲ၊ ယူေကႏိုင္ငံ အႏွံ႔ လူ ၅ သိန္းခန႔္ ဆႏၵျပၾကျခင္းရဲ႕အဓိကရည္႐ြယ္ခ်က္မွာ ခိုလႈံခြင့္ေတာင္းခံသူမ်ားကို အဆင့္ျမင့္ဟိုတယ္မ်ားမွာ ေနရာထိုင္ခင္း စီစဥ္ေပးတဲ့ၿဗိတိန္အစိုးရရဲ႕လုပ္ရပ္အေပၚ ဆန႔္က်င္ကန႔္ကြက္ျခင္းျဖစ္ၿပီး ဆႏၵျပပြဲအခ်ိဳ႕ကေတာ့ ေ႐ႊေျပာင္း ဝင္ေရာက္လာသူမ်ားကို ကန႔္ကြက္ရႈတ္ခ်မႈမ်ား ရွိခဲ့ပါတယ္။ မြတ္စလင္ရယ္လို႔ သီးျခား မသတ္မွတ္ျခင္း မဟုတ္ပဲ မည္သည့္ ႏိုင္ငံကမဆို ေ႐ႊ႕ေျပာင္း ဝင္ေရာက္လာသူအားလုံးကို ရည္႐ြယ္ပါတယ္။
အဲဒီဆႏၵျပပြဲမ်ားကို မြတ္စလင္ဆန႔္က်င္ေရးဆႏၵျပပြဲမ်ားအျဖစ္ ကမာၻက ရွ႕ျမင္ျခင္းမွာ ဆႏၵျပပြဲမ်ား ျဖစ္ေပၚေစရန္ ဦးေဆာင္စည္း႐ုံးသူ “တိုမီ ေရာ္ဘင္ဆင္” မွာ “အစၥလာမ္ဆန႔္က်င္ေရး” “လက္ယာအစြန္းေရာက္” “တစ္ေဇာက္ကန္း အမ်ိဳးသားေရးဝါဒီ” တစ္ဦးျဖစ္ေနလို႔ပါ။ သူ႔ကိုယ္သူ ဖရီးလင့္စ္သတင္းေထာက္တစ္ဦးအျဖစ္ ထုတ္ေဖာ္ေျပာဆိုသူ ေရာ္ဘင္ဆင္ဟာ ၂၀၀၅ ခုႏွစ္မွ အႏွစ္ ၂၀ အတြင္း စုစုေပါင္း ေထာင္ဒဏ္ ၅ ႏွစ္ က်ခံ ခဲ့ရဖူးသူျဖစ္ပါတယ္။ ေနာက္ဆုံးအႀကိမ္မွာ ၂၀၂၁ ခုႏွစ္ “ဟတ္ဒါစဖီးလ္” စာသင္ေက်ာင္းမွ အသက္ ၁၅ ႏွစ္ အ႐ြယ္ ဒုကၡသည္မိန္းကေလးတစ္ဦးကို မဟုတ္မမွန္ အသေရဖ်က္မႈျဖင့္ ဒဏ္ေငြ ေပါင္တစ္သိန္းနဲ႔ တရားစရိတ္မ်ား ေပးေဆာင္ေစရန္ စီရင္ခံရျခင္းျဖစ္ပါတယ္။ အသေရဖ်က္မႈ အႀကိမ္ေပါင္း မ်ားစြာအျပင္ တရား႐ုံးေတာ္ရဲ႕ေျခခ်ဳပ္ အမိန႔္ကို ေဖာက္ဖ်က္ျခင္း၊ တရား႐ုံးေတာ္ကို မထီမဲ့ျမင္ျပဳမႈမ်ားလည္း ရွိခဲ့ပါတယ္။
အြန္လိုင္းမွာ သတင္းအမွားမ်ား ျဖန႔္ေဝေၾကာင္း စြပ္စြဲခံရသူမ်ားမွာ တိုမီေရာ္ဘင္ဆင္ကိုယ္တိုင္နဲ႔ ၿဗိတိန္ပထမ၊ အမိေျမပါတီနဲ႔ UKIP လို မ်ိဳးခ်စ္အဖြဲ႕အစည္းအမည္ခံ လက္ယာစြန္းအုပ္စုမ်ားျဖစ္ပါတယ္။ ၂၀၂၅ ခုႏွစ္ ယူေကႏိုင္ငံ ခိုလႈံခြင့္ေတာင္းခံသူမ်ားကို အဆင့္ျမင့္ဟိုတယ္ ေနရာခ်ထားေပးျခင္း ကန႔္ကြက္ပြဲမ်ားနဲ႔ အျခားဆႏၵျပပြဲမ်ားကို တမင္ရည္႐ြယ္ေပါင္းစပ္ၿပီး သတင္းတုမ်ားနဲ႔ ပုံႀကီးခ်ဲ႕ဖို႔အတြက္ လူမႈကြန္ရက္ပလက္ေဖာင္းမ်ားကို အဓိက အသုံးျပဳခဲ့ၾကပါတယ္။ အထူးသျဖင့္ What App, Telegram နဲ႔ Facebook အျပင္ X (ယခင္ Twitter) မွာ အဓိပၸါယ္ေကာက္ယူလြဲမွားေစတဲ့သတင္းမ်ားကိုေဖာ္ျပၿပီး အစြန္းေရာက္လႈပ္ရွားမႈမ်ား၊ အၾကမ္းဖက္မ်ား ျဖစ္ေပၚလာေစဖို႔ ေသြးထိုးလႈံေဆာ္ခဲ့ၾကပါတယ္။
ဒီေနရာမွာ အယ္လြန္မာ့ခ္လို အေမရိကန္ ဘီလီယံနာ ကမာၻေက်ာ္တက္စ္လာကုမၸဏီသူေ႒းႀကီးက “ယူေက လႊတ္ေတာ္ဖ်က္သိမ္းသင့္” “အၾကမ္းဖက္မႈေတြ လာေတာ့မည္” “တိုက္ခိုက္မလား အေသခံမလား” စသည့္ ေရးသားခ်က္မ်ားကို သူပိုင္ဆိုင္တဲ့ X လူမႈကြန္ရက္မွာ လႊင့္တင္ခဲ့ပါတယ္။ မတ္စ္ရဲ႕ေရးသားခ်က္ေတြဟာ ယူ ေကႏိုင္ငံမွာ ျဖစ္ပြားေနတဲ့အဓိက႐ုန္းေတြကို ေသြးထြက္သံယို အၾကမ္းဖက္မႈအျဖစ္ေျပာင္းလဲေစရန္ ကမာၻ သိပုဂၢိဳလ္တစ္ဦးရဲ႕မီးေလာင္ရာေလပင့္ ေသြးထိုးလႈံေဆာ္မႈအျဖစ္ ယူေကအစိုးရအေနနဲ႔ စိတ္မသက္မသာ ျဖစ္ရပါတယ္။ အမ်ိဳးသားေရးအစြန္းေရာက္ တိုမီေရာ္ဘင္ကလည္း သူတရားစြဲဆိုခံရတဲ့ အမႈမ်ားမွာ တရားစ ရိတ္မ်ားကို တက္စ္လာသူေဌးက က်ခံတယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးေပမယ့္ အယ္လြန္မာ့ခ္က အတည္မျပဳခဲ့ ပါဘူး။
အဲဒီ ပါးစပ္စကားေတြကို အတည္လုပ္ၿပီး သတင္းအျဖစ္ေဖာ္ၾကတဲ့ မီဒီယာေတြကေတာ့ Daily Mail, The Sun တို႔လို Tabloid လူၿပိန္းႀကိဳက္ အေပ်ာ္ဖတ္ သတင္းစာမ်ားျဖစ္ၿပီး Muslim over “မြတ္စလင္ေတြ လႊမ္းမိုးေနၿပီ” လို႔ ျပဴးတူးၿပဲတဲေခါင္းစဥ္တပ္ၿပီး ေဖာ္ျပခဲ့ၾကပါတယ္။ ဂိုဏ္းဂဏ အုပ္စုခ်င္း ၿပိဳင္ဆိုင္ရာမွာ ေထာက္ခံအင္အား ရွာေဖြေနသူေတြကလည္း မြတ္စလင္ဘာသာဝင္တို႔အေပၚ လူထုအျမင္တိမ္းေစာင္းေအာင္ ေျခာက္လုံး လွန႔္လုံး ေတြနဲ႔ စည္း႐ုံးၾကပါတယ္။
(၂) အြန္လိုင္းမွာ သတင္းမွား ျပန႔္ႏွံေနသလို “လန္ဒန္ၿမိဳ႕လူဦးေရမွာ မြတ္စလင္ ၅၀ ရာခိုင္ႏႈန္း ေက်ာ္ျဖစ္လာၿပီ” ဆို ျခင္းမွာလည္း မမွန္ကန္ပါ။ ၂၀၂၁ ခုႏွစ္ ခန႔္မွန္းခ်က္အရ လန္ဒန္လူဦးေရရဲ႕ ၁၅ ရာခိုင္ႏႈန္းသာ မြတစ္စလင္ ရွိပါတယ္။ အဂၤလန္နဲ႔ ေဝးလ္အပါအဝင္ ယူေက တစ္ႏိုင္ငံလုံးမွာ မြတ္စလင္ ၃.၉ သန္းခန႔္ရွိတဲ့အတြက္ လူဦးေရ သန္း ၇၀ ခန႔္မွာ ၆.၅ ရာခိုင္ႏႈန္းလို႔ ဆိုရပါလိမ့္မယ္။ မြတ္စလင္အိမ္ေထာင္စုအခ်ိဳ႕မွာ လင္ကြာ-မယားကြာကိစၥ မ်ားမွာ သူတို႔ဘာသာေရးအရျဖစ္ၿပီး ၿဗိတိန္တရား႐ုံးမ်ားက ဝင္ေရာက္ စြက္ဖက္ျခင္း မျပဳႏိုင္တဲ့အတြက္ ၎တို႔ ဖာသာ ေျဖရွင္းၾကရသည္မွတစ္ပါး “ၿဗိတိန္ႏိုင္ငံတြင္ ရွရီယာေလာကို ဥပေဒအျဖစ္ ျပဌာန္းရန္ မည္သည့္ မြတ္စလင္မွ် ေတာင္းဆိုျခင္း မရွိခဲ့ပါ” လန္ဒန္လူဦးေရမွာ မြတ္စလင္ ၅၀ ရာခိုင္ႏႈန္းေက်ာ္ရွိတဲ့အတြက္ ရွရီယာ ဥပေဒကို ျပဌာန္းေပးရန္ေတာင္းဆိုေၾကာင္း ယုံၾကည္စိတ္ခ်ရတဲ့ မည္သည့္မီဒီယာတြင္မွ် ရွာမေတြ႕ပါ။
ယူေက ဆႏၵျပပြဲမ်ားမွာ ၁၁-ရာစု က႐ူးဆိတ္အလံမ်ား၊ ဝတ္စုံဝတ္ဆင္သူမ်ား ပါဝင္လာ၍ “ဘာသာေရးစစ္ပြဲ ႀကီး” ျဖစ္ေတာ့မယ္လို႔ ရမ္းမႀကိတ္ပါနဲ႔၊ ခုေခတ္ကမာၻအရပ္ရပ္ လူထုဆႏၵျပပြဲမ်ားမွာ စြန႔္စားခန္း ကာတြန္း႐ုပ္ ရွင္စီးရီး သေကၤတမ်ားကိုပင္ သုံးလာၾကပါတယ္။ လူသိန္းခ်ီ ဆႏၵျပၾကတဲ့အတြက္ အမ္းဂလိတ္ေတြေတာ့ စမုံတုန္းၿပီ မထင္လိုက္ပါနဲ႔ ကမာၻ႔အေရွ႕အေနာက္ ေနမဝင္အင္ပါယာကို ထူေထာင္ခဲ့ၿပီး လူကို လူခ်င္း ကိုလိုနီျပဳခဲ့သူတို႔ ေရးဆြဲခဲ့တဲ့ ဥပေဒမ်ား၊ နည္းစနစ္မ်ားကို ယေန႔ထိ ျမန္မာႏိုင္ငံ အပါအဝင္ ကမာၻအရပ္ရပ္မွာ သုံးစြဲလို႔ ေကာင္းေနတုန္းပါ။

(၃) ေသာင္းသိန္းခ်ီတဲ့ အစၥလာမ္ဘာသာဝင္မ်ား စုေဝးလွ်က္ရွိတဲ့ အျခားဓါတ္ပုံဟာ လြန္ခဲ့တဲ့ ၾသဂုတ္လ ၂၅ ရက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ခ္ဘဇားခ႐ိုင္မွာ က်င္းပတဲ့ “ဒုကၡသည္ဘဂၤါလီမ်ား အစုအပုံလိုက္ ေနရပ္စြန႔္ခြာ ျခင္း” ၈ ႀကိမ္ေျမာက္ ႏွစ္ပတ္လည္ အခန္းအနားမွ ျဖစ္မယ္လို႔ ယုံၾကည္ရပါတယ္။ ကူတူပါေလာင္ လယ္ကြင္း ျပင္မွာ ၃ ရက္ၾကာ က်င္းပတဲ့ အဲဒီ ႏိုင္ငံတကာ ကြန္ဖရင့္အခန္းအနားကို ဘဂၤလားေဒ့ရွ ္ယာယီအစိုးရ အႀကံေပး အရာရွိခ်ဳပ္ မိုဟာမက္ ယူႏြတ္တက္ေရာက္ပါတယ္။ မူလေနရပ္ ရခိုင္ျပည္နယ္ကို ေဘးကင္းလုံၿခဳံစြာ ေနရပ္ ျပန္ေရး၊ ဂ်ီႏိုဆိုက္ခံရျခင္း ေအာက္ေမ့ဖြယ္ အထိန္းအမွတ္၊ ျမန္မာႏိုင္ငံရွိ အျခားတိုင္းရင္းသားမ်ားနည္းတူ တန္း တူအခြင့္အေရးနဲ႔ ေနရပ္ျပန္ေရးတို႔ကို ေဟာေျပာၾကၿပီး “႐ိုဟင္ဂ်ာေတြရဲ႕ ေမြးရပ္ေျမနဲ႔ ဆက္ႏြယ္မႈကို ဘယ္ သူမွ ျဖတ္ေတာက္လို႔ မရဘူး” လို႔ ယူႏြတ္က ေဟာေျပာပါတယ္။
“႐ိုဟင္ဂ်ာ ဂ်ီႏိုဆိုက္” လို႔ ဧရာမ ေခါင္းစဥ္တပ္ၿပီး ရခိုင္ျပည္နယ္ေျမာက္ဖ်ားကို Save Zone “(ေလယာဥ္ မပ်ံ သန္းရ) “ေဘးကင္းလုံၿခဳံေရးဇုန္” ျပဌာန္းရန္ ဘဂၤလားေဒ့ရွ္ဟာ ယခင္ ရွိတ္ဟာစီနာ လက္ထက္တည္းက အား ထုတ္ခဲ့ပါတယ္။ အဲဒီေတာင္းဆိုခ်က္ဟာ ယခု ယူႏြတ္လက္ထက္မွာ ပိုမိုက်ယ္ေလာင္လာၿပီး ျမန္မာတို႔ရဲ႕ အခ်ဳပ္အျခာ အာဏာပိုင္မႈကို ေစာ္ကားရာေရာက္တဲ့ စြပ္စြဲခ်က္မ်ားအထိ အတိအလင္း ေျပာဆိုလာပါတယ္။
ျမန္မာဟာ ဘဂၤလားေဒ့ရွ္-အိႏၵိယ-တ႐ုတ္-လာအို- ထိုင္း အိမ္နီးခ်င္း ၅ ႏိုင္ငံနဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနပါတယ္။ ျမန္မာႏိုင္ငံမွာ ကရင္-ကယား-ရွမ္း-ကခ်င္-နာဂ-ခ်င္း-ရခိုင္ မ်ိဳးႏြယ္စုအေတာ္မ်ားမ်ားဟာ အိမ္နီးခ်င္း ႏိုင္ငံမွာ လည္း တရားဝင္ တိုင္းရင္းသားလူမ်ိဳးမ်ားျဖစ္ေနပါတယ္။ ဒါဟာ ႏိုင္ငံတို႔က နယ္နိမိတ္အျဖစ္ ပိုင္းျခား သတ္မွတ္ ျခင္းမတိုင္မီ လူသားတို႔သဘာဝအေလ်ာက္ ေရၾကည္ရာ မ်က္ႏုရာ ပ်ံ႕ႏွံေနထိုင္ခဲ့ၾကလို႔ ျဖစ္ပါတယ္။
ဒါေပမယ့္ ႐ိုဟင္ဂ်ာ လူမ်ိဳးကိုေတာ့ တစ္ခ်ိန္က ျမန္မာနဲ႔ တစ္ေပါင္းတည္း ၿဗိတိသွ်ကိုလိုနီနယ္ေျမျဖစ္ခဲ့ရသူ အိႏၵိယ မွာလည္း ဘယ္တုန္းကမွ် မရွိ၊ ဘဂၤလားေဒ့ရွ္မွာလည္း မရွိပါ။ နတ္ျမစ္ကို ေက်ာ္ၿပီး ရခိုင္ေျမာက္ဖ်ားမွာ သာလ်င္ မိုးေပၚက က်လာသလို အံ့ၾသကုန္ႏိုင္ဖြယ္ ကြက္ကြက္ေလးေတြ႕ရွိရတဲ့ ထူးဆန္းလုူမ်ိဳးျဖစ္ေနပါတယ္။ အင္မတန္ ထင္ရွားတဲ့ အဲဒီအခ်က္ႀကီးကို “ပညာရဲရင့္ပြဲလည္တင့္” တာဝန္ရွိပါလ်က္ ထုတ္ေဖာ္မေျပာဆိုရဲသူ မ်ားကေတာ့ “သူ႔သမိုင္း သူေရးျခင္း” သာျဖစ္ပါတယ္။
ေခြးျဖဴ လူေတာ မတိုးသလို ကိုယ့္ဘက္က ဘာမွ မေျပာရဲ မေျပာပဲေနေလ- သူတို႔ဘက္က လည္ပင္း နင္း တက္ေလပဲလို႔ ျမင္ေနရပါတယ္။

#HtayOung #OungMarine

Picture

Tha Lwin

29/09/2025 19:28

လူမျိုးလိမ် သမိုင်းလိမ်ပြီးပြသနာဖန်တီးနေတဲ့ လူလိမ်ညာပဲရှိတယ်

Related news

© 2021. All rights reserved.