အစ္စရေးဆီကနေ ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ယူကရိန်း လက်ခံရရှိခဲ့ဟုဆို

554

Pika (NP News) - စက်တင်ဘာ ၂၉
အမေရိကန်ထုတ် ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို အစ္စရေးဆီကနေ လက်ခံရရှိခဲ့တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရုရှားရဲ့ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် ယူကရိန်းအစိုးရဟာ လေကြောင်းရန်ကာကွယ်ရေးပိုင်းကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ လည်း သိရပါတယ်။
ဇီလန်စကီးက “အစ္စရေးရဲ့ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ ယူကရိန်းမှာ လည်ပတ်နေပါ ပြီ။ အဲဒါတွေလည်ပတ်နေတာ အချိန်(၁)လလောက်တော့ရှိပါပြီ။ ဒီဆောင်းဦးမှာလည်း နောက်ထပ်ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ်နှစ်ခုကို ကျွန်တော်တို့ထပ်မံ လက်ခံရရှိပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
ဇီလန်စကီးဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အပြင် အကြီးတန်းအမေရိကန်အရာရှိတွေနဲ့ တွေ့ဆုံမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ (၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးနိုင်ငံဟာ အခြားအနောက်အုပ်စုနိုင်ငံတွေလို ရုရှားကို ပိတ်ဆို့ အရေးယူတာတွေမလုပ်ဆောင်ဘဲ ကြားနေအဖြစ်သာရပ်တည်ခဲ့တယ်လို့လည်း သိရပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့တာဟာ အချိန်(၃)နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိ နှစ်နိုင်ငံစလုံးက သိသာထင်ရှားတဲ့သဘောတူညီချက်တွေကို ရယူနိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ ရုရှားနှင့်ယူရိန်းတို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပေမယ့်လည်း အကျဉ်းသား အပြန်အလှန်လဲလှယ်ရေးနဲ့ သေဆုံးခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေ အပြန်အလှန်ပေးအပ်ရေး သဘောတူညီ ချက်တွေကိုသာ ရယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အစၥေရးဆီကေန ပက္ထရီေယာ့ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြကို ယူကရိန္း လက္ခံရရွိခဲ့ဟုဆို
Pika (NP News) - စက္တင္ဘာ ၂၉
အေမရိကန္ထုတ္ ပက္ထရီေယာ့ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြကို အစၥေရးဆီကေန လက္ခံရရွိခဲ့တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ႐ုရွားရဲ႕ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြနဲ႔ တိုက္ခိုက္မႈကို ကာကြယ္ဖို႔အတြက္ ယူကရိန္းအစိုးရဟာ ေလေၾကာင္းရန္ကာကြယ္ေရးပိုင္းကို အရွိန္ျမႇင့္လုပ္ေဆာင္ေနတယ္လို႔ လည္း သိရပါတယ္။
ဇီလန္စကီးက “အစၥေရးရဲ႕ပက္ထရီေယာ့ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြဟာ ယူကရိန္းမွာ လည္ပတ္ေနပါ ၿပီ။ အဲဒါေတြလည္ပတ္ေနတာ အခ်ိန္(၁)လေလာက္ေတာ့ရွိပါၿပီ။ ဒီေဆာင္းဦးမွာလည္း ေနာက္ထပ္ပက္ထရီေယာ့ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ႏွစ္ခုကို ကြၽန္ေတာ္တို႔ထပ္မံ လက္ခံရရွိပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
ဇီလန္စကီးဟာ အေမရိကန္သမၼတေဒၚနယ္ထရမ့္အျပင္ အႀကီးတန္းအေမရိကန္အရာရွိေတြနဲ႔ ေတြ႕ဆုံမႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။ (၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ အစၥေရးႏိုင္ငံဟာ အျခားအေနာက္အုပ္စုႏိုင္ငံေတြလို ႐ုရွားကို ပိတ္ဆို႔ အေရးယူတာေတြမလုပ္ေဆာင္ဘဲ ၾကားေနအျဖစ္သာရပ္တည္ခဲ့တယ္လို႔လည္း သိရပါတယ္။
႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားခဲ့တာဟာ အခ်ိန္(၃)ႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္အထိ ႏွစ္ႏိုင္ငံစလုံးက သိသာထင္ရွားတဲ့သေဘာတူညီခ်က္ေတြကို ရယူႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ ႐ုရွားႏွင့္ယူရိန္းတို႔ဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို အႀကိမ္ႀကိမ္လုပ္ေဆာင္ခဲ့ေပမယ့္လည္း အက်ဥ္းသား အျပန္အလွန္လဲလွယ္ေရးနဲ႔ ေသဆုံးခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ အျပန္အလွန္ေပးအပ္ေရး သေဘာတူညီ ခ်က္ေတြကိုသာ ရယူႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။