မိထ္ထီလာ - ကျောက်ပန်းတောင်းလမ်း ကြက်မောက်တောင်ဆည်အောက်တွင် ဆည်ရေပိုလွှဲမှ ရေလျှံနေသည့်အတွက် ကားကြီးများကိုသာ ဖြတ်သန်းခွင့်ပေးထား

 711

Pearl (NP News) - စက်တင်ဘာ ၃၀

မိထ္ထီလာ - ကျောက်ပန်းတောင်းလမ်း ကြက်မောက်တောင်ဆည်အောက်တွင် ဆည်ရေပိုလွှဲမှ ရေလျှံနေသည့်အတွက် ကားကြီးများကိုသာ ဖြတ်သန်းခွင့်ပေးထားကြောင်း ဒေသခံများထံမှ သိရသည်။

မိုးရွာသွန်းမှုများကြောင့် ယနေ့ (စက်တင်ဘာ ၃၀ရက်) ၊ နံနက် (၆) နာရီခန့်မှ စ၍ မိထ္ထီလာ - ကျောက်ပန်းတောင်းလမ်း ကြက်မောက်တောင်ဆည်အောက်တွင် ဆည်ရေပိုလွှဲမှ ရေလျှံနေသည့်အတွက် ယာယီလမ်းပိတ်ထားရကြောင်း သိရသည်။

"ဆည်က ရုရှားကနေ တည်ပေးထားတာ။ စပြီးတည်ကတည်းက ရေက တခါမှ မပြည့်ဖူးဘူး။ ရေပိုလွှဲကနေ ရေလျှံတာပေါ့။ မိုးကောင်းတော့ ရေပြည့်တာပေါ့။ လက်ရှိကတော့ ကားကြီးတွေပဲ သွားရသေးတယ်။ ကားလေးတွေ သွားမရသေးဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေတော့ ရှိပါတယ်။ ဆောက်လုပ်ရေးတို့ဘာတို့တော့ မြို့နယ်အဆင့်တွေတော့ အကုန်ရောက်နေပါတယ်" ဟု ကျောက်ပန်းတောင်းဒေသခံ တစ်ဦးက NP News သို့ပြောသည်။

လက်ရှိတွင် အဆိုပါလမ်းပိုင်းကို ကားကြီးများကိုသာ ဖြတ်သန်းခွင့်ပြုထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။

Zawgyi Version:
မိထၳီလာ - ေက်ာက္ပန္းေတာင္းလမ္း ၾကက္ေမာက္ေတာင္ဆည္ေအာက္တြင္ ဆည္ေရပိုလႊဲမွ ေရလွ်ံေနသည့္အတြက္ ကားႀကီးမ်ားကိုသာ ျဖတ္သန္းခြင့္ေပးထား
Pearl (NP News) - စက္တင္ဘာ ၃၀

မိထၳီလာ - ေက်ာက္ပန္းေတာင္းလမ္း ၾကက္ေမာက္ေတာင္ဆည္ေအာက္တြင္ ဆည္ေရပိုလႊဲမွ ေရလွ်ံေနသည့္အတြက္ ကားႀကီးမ်ားကိုသာ ျဖတ္သန္းခြင့္ေပးထားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

မိုး႐ြာသြန္းမႈမ်ားေၾကာင့္ ယေန႔ (စက္တင္ဘာ ၃၀ရက္) ၊ နံနက္ (၆) နာရီခန႔္မွ စ၍ မိထၳီလာ - ေက်ာက္ပန္းေတာင္းလမ္း ၾကက္ေမာက္ေတာင္ဆည္ေအာက္တြင္ ဆည္ေရပိုလႊဲမွ ေရလွ်ံေနသည့္အတြက္ ယာယီလမ္းပိတ္ထားရေၾကာင္း သိရသည္။

"ဆည္က ႐ုရွားကေန တည္ေပးထားတာ။ စၿပီးတည္ကတည္းက ေရက တခါမွ မျပည့္ဖူးဘူး။ ေရပိုလႊဲကေန ေရလွ်ံတာေပါ့။ မိုးေကာင္းေတာ့ ေရျပည့္တာေပါ့။ လက္ရွိကေတာ့ ကားႀကီးေတြပဲ သြားရေသးတယ္။ ကားေလးေတြ သြားမရေသးဘူး။ သက္ဆိုင္ရာ အာဏာပိုင္ေတြေတာ့ ရွိပါတယ္။ ေဆာက္လုပ္ေရးတို႔ဘာတို႔ေတာ့ ၿမိဳ႕နယ္အဆင့္ေတြေတာ့ အကုန္ေရာက္ေနပါတယ္" ဟု ေက်ာက္ပန္းေတာင္းေဒသခံ တစ္ဦးက NP News သို႔ေျပာသည္။

လက္ရွိတြင္ အဆိုပါလမ္းပိုင္းကို ကားႀကီးမ်ားကိုသာ ျဖတ္သန္းခြင့္ျပဳထားၿပီး သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက လိုအပ္သည္မ်ား ေဆာင္႐ြက္ေပးေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.