အာဖဂန်နစ္စတန်နိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုများကြောင့် လူပေါင်းထောင်ချီ သေဆုံး

 350

ဂျန်ဇက် (NP News) - စက်တင်ဘာ ၆

အာဖဂန်နစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် စက်တင်ဘာ (၄)ရက်က ပြင်းအား (၅ ဒသမ ၆) မဂ္ဂနီကျုအဆင့်ရှိ ငလျင် တစ်ခုထပ်မံလှုပ်ခတ်ခဲ့ရာ သေဆုံးသူအရေအတွက် မြင့်တက်လာခဲ့ကြောင်း သိရသည်။ စက်တင်ဘာ(၄)ရက်က ထပ်မံ လှုပ် ခတ်ခဲ့သောငလျင်သည် အာဖဂန်နစ္စတန်နိုင်ငံတွင် (၆)ရက်အတွင်း သုံးကြိမ်မြောက် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂအဖွဲ့ကလည်း အာဖဂန်နစ္စတန်နိုင်ငံတွင် ပြီးခဲ့သောရက်ပိုင်းအ တွင်းလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူအရေ အတွက် (၁၃၆၈)ဦးအထိ မြင့်တက်လာခဲ့သလို (၂၁၈၀)ဦးဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။ ငလျင်သည် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ တောင်ပိုင်းဒေသများကို အဓိကထား လှုပ် ခတ်ခဲ့ခြင်း ဖြစ်ရာ ငလျင်လှုပ်ခတ်ခဲ့သောနေရာများက တောင်တန်းများပေါများသည့်နေရာများဖြစ်ရာ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲနေကြောင်း သိရသည်။ (၆)ရက်အတွင်းလှုပ်ခတ်ခဲ့သောငလျင် သုံးခုကြောင့် အာဖဂန်နစ္စတန် အရှေ့တောင်ပိုင်းဒေ သများတွင် လမ်းများပျက်စီးခဲ့သလို အိမ်များလည်း ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်နေ သည့်တာလီဘန်အစိုးရအဖွဲ့က ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းမျာကို လုပ်ကိုင်နေတယ်။ တဲများကို မတူညီတဲ့နေရာများကို ပေးပို့ထားတယ်။ အစားအစာနဲ့ အရေးပေါ် ပစ္စည်းတွေလည်း လွှဲပြောင်းပေးဖို့ လုပ်ကိုင်နေတယ်’ဟုပြောသည်။ တာလီဘန်အဖွဲ့က ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံ တကာကို အရေးပေါ်အကူညီပေးရန် တောင်းဆိုထားကြောင်း သိရသည်။ ကုလသမဂ္ဂအဖွဲ့က ငလျင်နှင့်ပတ်သက်ပြီး အရေးပေါ်အကူညီပေးရန် စီစဉ်ထားသလို ဗြိတိန်နိုင်ငံကလည်း ငလျင်နှင့်ပတ်သက်ပြီး အရေးပေါ် အကူညီအဖြစ် ပေါင်(၁)သန်းပေးရန် ကတိပြုထားသည်။

အာဖဂန်နစ္စတန်နိုင်ငံသည် ငလျင်ဒဏ်ကို ဆိုးရွားစွာခံရ သောနိုင်ငံများထဲတွင်ပါဝင်ခဲ့ပြီး ဟီရတ် မြို့တွင် ပြင်းအား (၆ ဒသမ ၃) မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာအနည်းဆုံး လူပေါင်း (၁၄၀ဝ)ကျော် သေဆုံးခဲ့ကြောင်းသိရသည်။

ထို့ပြင် (၂၀၂၃)ခုနှစ်ကလည်း အာဖဂန် နစ္စတန်နိုင်ငံ အရှေ့ဘက်ပိုင်းတွင် ပြင်းအား (၅ ဒသမ ၉) မဂ္ဂနီကျု အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ အနည်းဆုံး (၁၀ဝဝ)ကျော်သေဆုံးခဲ့ပြီး (၃၀ဝဝ)ကျော်ဒဏ်ရာရခဲ့ကြောင်းသိရသည်။

zawgyi version






Related news

© 2021. All rights reserved.