လာမည့်လပိုင်းအတွင်း ရုရှားသို့အမျိုးသားလုပ်သား (၂၀ဝ)ကျော် စေလွှတ်မည်

 182

Pearl (NP News) - အောက်တိုဘာလ ၂
လာမည့်လပိုင်းအတွင်း ရုရှားသို့အမျိုး သားလုပ်သား (၂၀ဝ)ကျော် စေလွှတ်မည်ဖြစ်ကြောင်း ရုရှားအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းများနှင့် နီးစပ် သူများထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လနှင့် ဧပြီလတွင် ရုရှားနိုင် ငံသို့ မြန်မာလုပ်သား (၅၄) ဦးကို Pilot Project အနေဖြင့် ပထမဆုံးအကြိမ်စေလွှတ်ခဲ့ပြီး အမျိုး သမီးလုပ်သားများကိုလည်း စေလွှတ်နိုင်ရေးအတွက် ဘာသာစကားသင်တန်းများအပါအဝင် လိုအပ်သည် များ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
" ဟိုဘက်မှာ ရောက်နေတဲ့လုပ်သားတွေ ကိုလည်း (၃)လ တစ်ကြိမ်လောက်သွားပြီး စစ်နေတာ ရှိတယ်။ သူတို့ရဲ့အခက်အခဲလေးတွေ ဖြေရှင်းပေး တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အားလုံးအဆင်ပြေ နေတာတော့ မရှိဘူး။ ပြဿနာသေးသေးလေးတွေ တော့ ရှိပါတယ်။ လုပ်ငန်းနဲ့ပတ်သက်လို့ကတော့ အဆင်ပြေပါတယ်" ဟု ရုရှားအလုပ်အကိုင်ရှာဖွေ ရေးလုပ်ငန်းများနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
ထို့ပြင် လာမည့် လပိုင်းအတွင်း ရုရှားသို့ မြန်မာအမျိုးသား (၂၂၀) ဦးကို ထပ်မံစေလွှတ် မည်ဖြစ်ရာ လက်ရှိတွင် ဗီဇာ ရရှိရန် စောင့်ဆိုင်းနေပြီး ဗီဇာရရှိမှုအလျောက် အသုတ်များခွဲ၍ စေလွှတ်မည် ဖြစ်ကြောင်းလည်း သိရသည်။
" အမျိုးသားစေလွှတ်ဖို့တော့ရှိနေပါတယ်။ ဒီရက်ပိုင်းထဲပဲ ထပ်လွှတ်ဖို့စီစဉ်ထားပါတယ်။ ဒုတိယ တစ်သုတ်ကတော့ အမျိုးသားပဲ ဆက်လွှတ်ဦးမှာပါ။ မိန်းကလေးတွေက စာတင်ထားဆဲ။ Approve မကျသေးဘူး။ ယောကျာ်းလေးတွေကတော့ ဒီက လွှတ်မယ်ဆိုတဲ့ရက်နဲ့ ဗီဇာလေးတွေ စောင့်နေကြ တုန်းပါ။ အားလုံးပေါင်းကတော့ (၂၂၀)ရှိတယ်။ တစ်ခေါက်တစ်ခေါက်က ဗီဇာကျသလောက်ပဲ လွှတ် ရမှာဆိုတော့ တစ်ခေါက်ကို (၁၀)ဝန်းကျင်လောက်ပဲ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဗီဇာထွက်လာပြီး ဟိုဘက် က လေယာဉ်လက်မှတ်ဝယ်ပြီးရင် ရပြီ။ (၂၀ဝ) ကျော်လောက်တော့ အခု (၁)လ၊ (၂) လအတွင်းထဲမှာ လွှတ်ဖို့စီစဉ်ထားပါတယ်။ အသုတ်လိုက် ခွဲခွဲလွှတ်ဖို့ စီစဉ်ထားပါတယ်"ဟု ၎င်း က ဆက်လက်ပြောသည်။
ရုရှားနိုင်ငံသို့ တရားဝင်လုပ်သားစေလွှတ် မှုများဆောင်ရွက်နေသော်လည်း မိမိသဘောဆန္ဒဖြင့် တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်မှုများရှိနေ ရာ ရုရှားနိုင်ငံတွင် မြန်မာလုပ်သား (၁၀ဝ)ဝန်းကျင် ခန့်ရောက်ရှိ၍ တရားမဝင်အလုပ်လုပ်ကိုင်နေ ကြောင်းလည်းသိရသည်။
ထို့ကြောင့် သက်ဆိုင်ရာ သံရုံးနှင့် ဝန်ကြီး ဌာနများအနေဖြင့် မြန်မာ- ရုရှားချစ်ကြည်ရေးကို ထိခိုက်စေနိုင်သည့် တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်မှုများကို စိစစ်၍ဆောင်ရွက်ပေးစေလို ကြောင်းလည်း ၎င်းက တိုက်တွန်းပြောကြားထားသည်။
" တရားမဝင်ဘဲ ထွက်နေကြတာလေးတွေ ရှိတယ်လို့လည်း သိထားတယ်။ ချစ်ကြည်ရေးကို ထိခိုက်နိုင်တဲ့အတွက်ကြောင့်မို့ တရားမဝင် သွားလာ နေကြတဲ့ လူတွေကို သံရုံးတွေနဲ့ ဝန်ကြီးဌာနတွေ အကုန်လုံးက ပူးပေါင်းပြီးတော့ သေချာဆောင်ရွက် ပေးပါလို့ ပြောချင်တယ်။ ဟိုဘက်နိုင်ငံကို တရားမဝင် ရောက်သွားကြတဲ့လူတွေမှာ ပြဿနာတစ်ခုခုကြုံလာ ရင် ကြားထဲက စမငလအေန ဆန်ဆန်သိရတဲ့အခါ ဘာမှ လိုက်မလုပ်ပေးနိုင်ဘူး။ တရားမဝင်သွားတဲ့လူတွေရဲ့ ရပိုင်ခွင့်တွေ လိုက်လုပ်ပေးဖို့က အင်မတန်ခဲယဉ်း တယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version;
လာမည့္လပိုင္းအတြင္း ႐ုရွားသို႔အမ်ိဳးသားလုပ္သား (၂၀ဝ)ေက်ာ္ ေစလႊတ္မည္
Pearl (NP News) - ေအာက္တိုဘာလ ၂
လာမည့္လပိုင္းအတြင္း ႐ုရွားသို႔အမ်ိဳး သားလုပ္သား (၂၀ဝ)ေက်ာ္ ေစလႊတ္မည္ျဖစ္ေၾကာင္း ႐ုရွားအလုပ္အကိုင္ရွာေဖြေရးလုပ္ငန္းမ်ားႏွင့္ နီးစပ္ သူမ်ားထံမွ သိရသည္။
ၿပီးခဲ့သည့္ မတ္လႏွင့္ ဧၿပီလတြင္ ႐ုရွားႏိုင္ ငံသို႔ ျမန္မာလုပ္သား (၅၄) ဦးကို Pilot Project အေနျဖင့္ ပထမဆုံးအႀကိမ္ေစလႊတ္ခဲ့ၿပီး အမ်ိဳး သမီးလုပ္သားမ်ားကိုလည္း ေစလႊတ္ႏိုင္ေရးအတြက္ ဘာသာစကားသင္တန္းမ်ားအပါအဝင္ လိုအပ္သည္ မ်ား ေလ့က်င့္သင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။
" ဟိုဘက္မွာ ေရာက္ေနတဲ့လုပ္သားေတြ ကိုလည္း (၃)လ တစ္ႀကိမ္ေလာက္သြားၿပီး စစ္ေနတာ ရွိတယ္။ သူတို႔ရဲ႕အခက္အခဲေလးေတြ ေျဖရွင္းေပး တယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ အားလုံးအဆင္ေျပ ေနတာေတာ့ မရွိဘူး။ ျပႆနာေသးေသးေလးေတြ ေတာ့ ရွိပါတယ္။ လုပ္ငန္းနဲ႔ပတ္သက္လို႔ကေတာ့ အဆင္ေျပပါတယ္" ဟု ႐ုရွားအလုပ္အကိုင္ရွာေဖြ ေရးလုပ္ငန္းမ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
ထို႔ျပင္ လာမည့္ လပိုင္းအတြင္း ႐ုရွားသို႔ ျမန္မာအမ်ိဳးသား (၂၂၀) ဦးကို ထပ္မံေစလႊတ္ မည္ျဖစ္ရာ လက္ရွိတြင္ ဗီဇာ ရရွိရန္ ေစာင့္ဆိုင္းေနၿပီး ဗီဇာရရွိမႈအေလ်ာက္ အသုတ္မ်ားခြဲ၍ ေစလႊတ္မည္ ျဖစ္ေၾကာင္းလည္း သိရသည္။
" အမ်ိဳးသားေစလႊတ္ဖို႔ေတာ့ရွိေနပါတယ္။ ဒီရက္ပိုင္းထဲပဲ ထပ္လႊတ္ဖို႔စီစဥ္ထားပါတယ္။ ဒုတိယ တစ္သုတ္ကေတာ့ အမ်ိဳးသားပဲ ဆက္လႊတ္ဦးမွာပါ။ မိန္းကေလးေတြက စာတင္ထားဆဲ။ Approve မက်ေသးဘူး။ ေယာက်ာ္းေလးေတြကေတာ့ ဒီက လႊတ္မယ္ဆိုတဲ့ရက္နဲ႔ ဗီဇာေလးေတြ ေစာင့္ေနၾက တုန္းပါ။ အားလုံးေပါင္းကေတာ့ (၂၂၀)ရွိတယ္။ တစ္ေခါက္တစ္ေခါက္က ဗီဇာက်သေလာက္ပဲ လႊတ္ ရမွာဆိုေတာ့ တစ္ေခါက္ကို (၁၀)ဝန္းက်င္ေလာက္ပဲ ျဖစ္ေကာင္းျဖစ္လိမ့္မယ္။ ဗီဇာထြက္လာၿပီး ဟိုဘက္ က ေလယာဥ္လက္မွတ္ဝယ္ၿပီးရင္ ရၿပီ။ (၂၀ဝ) ေက်ာ္ေလာက္ေတာ့ အခု (၁)လ၊ (၂) လအတြင္းထဲမွာ လႊတ္ဖို႔စီစဥ္ထားပါတယ္။ အသုတ္လိုက္ ခြဲခြဲလႊတ္ဖို႔ စီစဥ္ထားပါတယ္"ဟု ၎ က ဆက္လက္ေျပာသည္။
႐ုရွားႏိုင္ငံသို႔ တရားဝင္လုပ္သားေစလႊတ္ မႈမ်ားေဆာင္႐ြက္ေနေသာ္လည္း မိမိသေဘာဆႏၵျဖင့္ တရားမဝင္ သြားေရာက္အလုပ္လုပ္ကိုင္မႈမ်ားရွိေန ရာ ႐ုရွားႏိုင္ငံတြင္ ျမန္မာလုပ္သား (၁၀ဝ)ဝန္းက်င္ ခန႔္ေရာက္ရွိ၍ တရားမဝင္အလုပ္လုပ္ကိုင္ေန ေၾကာင္းလည္းသိရသည္။
ထို႔ေၾကာင့္ သက္ဆိုင္ရာ သံ႐ုံးႏွင့္ ဝန္ႀကီး ဌာနမ်ားအေနျဖင့္ ျမန္မာ- ႐ုရွားခ်စ္ၾကည္ေရးကို ထိခိုက္ေစႏိုင္သည့္ တရားမဝင္သြားေရာက္အလုပ္လုပ္ကိုင္မႈမ်ားကို စိစစ္၍ေဆာင္႐ြက္ေပးေစလို ေၾကာင္းလည္း ၎က တိုက္တြန္းေျပာၾကားထားသည္။
" တရားမဝင္ဘဲ ထြက္ေနၾကတာေလးေတြ ရွိတယ္လို႔လည္း သိထားတယ္။ ခ်စ္ၾကည္ေရးကို ထိခိုက္ႏိုင္တဲ့အတြက္ေၾကာင့္မို႔ တရားမဝင္ သြားလာ ေနၾကတဲ့ လူေတြကို သံ႐ုံးေတြနဲ႔ ဝန္ႀကီးဌာနေတြ အကုန္လုံးက ပူးေပါင္းၿပီးေတာ့ ေသခ်ာေဆာင္႐ြက္ ေပးပါလို႔ ေျပာခ်င္တယ္။ ဟိုဘက္ႏိုင္ငံကို တရားမဝင္ ေရာက္သြားၾကတဲ့လူေတြမွာ ျပႆနာတစ္ခုခုႀကဳံလာ ရင္ ၾကားထဲက စမငလေအန ဆန္ဆန္သိရတဲ့အခါ ဘာမွ လိုက္မလုပ္ေပးႏိုင္ဘူး။ တရားမဝင္သြားတဲ့လူေတြရဲ႕ ရပိုင္ခြင့္ေတြ လိုက္လုပ္ေပးဖို႔က အင္မတန္ခဲယဥ္း တယ္" ဟု ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.