စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရမယ်လို့ အမေရိကန်စစ်ဘက်ပြော

1563

Pika (NP News) - အောက်တိုဘာ ၂
အမေရိကန်နိုင်ငံဟာ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတီဟတ်ဆက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း မကြာခင်အချိန်အတွင်း အမေရိကန်က ဘယ်လိုရန်သူတွေကို ရင်ဆိုင်ရမလဲဆိုတဲ့ တိကျတဲ့အချက်ကိုတော့ ပီတီဟတ်ဆက်က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
ပီတီဟတ်ဆက်က”ငြိမ်းချမ်းရေးကို သေချာစေဖို့ ကျွန်တော်တို့ဟာ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရပါမယ်။”လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အမေရိကန်စစ်တပ်ဟာ နောက်ထပ် တပ်ဖွဲ့ဝင်တွေ၊စစ်လက်နက်ပစ္စည်းတွေနဲ့ ခဲယမ်းမီးကျည်တွေကို လိုအပ်တယ်လို့လည်း ပီတီဟတ်ဆက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
၎င်းက”ခြိမ်းခြောက်မှုတွေ တိုးမြင့်လာမှုနဲ့အတူ အမေရိကန်ဟာ ဒါတွေကို အရေးတကြီးလိုအပ်နေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် အတိအကျသတ်မှတ်ထားတာမျိုးမရှိတဲ့ ကမ္ဘာလုံးဆိုင်ရာပဋိပက္ခတွေကလည်း တိုးမြင့်လာနေတယ်လို့ ပီတီဟတ်ဆက်ကပြောကြားခဲ့ပါတယ်။(၂၀၂၆)ခုနှစ် ဘဏ္ဍာနှစ်အတွက် အမေရိကန်အစိုးရရဲ့ ကာကွယ်ရေးအသုံးစရိတ်အတွက် တောင်းခံမှုပမာဏဟာ အမေရိကန်ဒေါ်လာ(၁ ဒသမ သုည ၁)ထရီလီယံရှိပြီး ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် (၁၃ ဒသမ ၄)ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့လည်း သိရပါတယ်။
zawgyi version
စစ္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ထားရမယ္လို႔ အေမရိကန္စစ္ဘက္ေျပာ
Pika (NP News) - ေအာက္တိုဘာ ၂
အေမရိကန္ႏိုင္ငံဟာ စစ္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ထားရမယ္လို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီး ပီတီဟတ္ဆက္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါေပမဲ့လည္း မၾကာခင္အခ်ိန္အတြင္း အေမရိကန္က ဘယ္လိုရန္သူေတြကို ရင္ဆိုင္ရမလဲဆိုတဲ့ တိက်တဲ့အခ်က္ကိုေတာ့ ပီတီဟတ္ဆက္က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။
ပီတီဟတ္ဆက္က”ၿငိမ္းခ်မ္းေရးကို ေသခ်ာေစဖို႔ ကြၽန္ေတာ္တို႔ဟာ စစ္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ထားရပါမယ္။”လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အေမရိကန္စစ္တပ္ဟာ ေနာက္ထပ္ တပ္ဖြဲ႕ဝင္ေတြ၊စစ္လက္နက္ပစၥည္းေတြနဲ႔ ခဲယမ္းမီးက်ည္ေတြကို လိုအပ္တယ္လို႔လည္း ပီတီဟတ္ဆက္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
၎က”ၿခိမ္းေျခာက္မႈေတြ တိုးျမင့္လာမႈနဲ႔အတူ အေမရိကန္ဟာ ဒါေတြကို အေရးတႀကီးလိုအပ္ေနပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ အတိအက်သတ္မွတ္ထားတာမ်ိဳးမရွိတဲ့ ကမာၻလုံးဆိုင္ရာပဋိပကၡေတြကလည္း တိုးျမင့္လာေနတယ္လို႔ ပီတီဟတ္ဆက္ကေျပာၾကားခဲ့ပါတယ္။(၂၀၂၆)ခုႏွစ္ ဘ႑ာႏွစ္အတြက္ အေမရိကန္အစိုးရရဲ႕ ကာကြယ္ေရးအသုံးစရိတ္အတြက္ ေတာင္းခံမႈပမာဏဟာ အေမရိကန္ေဒၚလာ(၁ ဒသမ သုည ၁)ထရီလီယံရွိၿပီး ၿပီးခဲ့တဲ့ႏွစ္နဲ႔ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ (၁၃ ဒသမ ၄)ရာခိုင္ႏႈန္း တိုးလာခဲ့တယ္လို႔လည္း သိရပါတယ္။