နာမည်ကျော် ပန်းချီဆရာကြီး ဦးလွန်းကြွယ် ကွယ်လွန်

997

သန့်ဇင်(NP News)-အောက်တိုဘာ ၂
နာမည်ကျော်ပန်ချီဆရာကြီး ဦးလွန်းကြွယ်သည့် ယနေ့(အောက်တိုဘာ ၂ရက်)၊ နံနက်ပိုင်းက ရန်ကုန်မြို့တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ကွယ်လွန်ချိန်တွင် ပန်းချီဆရာကြီးဦးလွန်းကြွယ်သည် အသက်(၉၆)နှစ်အရွယ်ရှိပြီဖြစ်ပြီး (၉၆)ပါးရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးလွန်းကြွယ်ကို (၁၉၃၀) ပြည့်နှစ် စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့မှာမွေးဖွားခဲ့ခြင်းဖြစ်ပြီး ဖခင်ဖြစ်သူမှာ BOC စာရေးကြီး ဦးဘခိုင်ဖြစ်ကာ မိခင်ဖြစ်သူသည် ကျောင်းဆရာမ ဒေါ်အုန်းသွယ်ဖြစ်ကြောင်း သိရသည်။
ဦးလွန်းကြွယ်သည် (၁၉၄၇) ခုနှစ်တွင် မုဒုံအလယ်တန်းကျောင်းမှ သတ္တမတန်းအောင်မြင်ခဲ့ပြီး ကျောင်းပညာရေးထက် ပန်းချီပညာရပ် ကိုသာ လေ့လာသင်ယူရန် ဆုံးဖြတ်ခဲ့ပြီးနောက် အတန်းပညာကို ရပ်နားခဲ့ကြောင်း သိရသည်။
လူသိများထင်ရှားသည့် မြန်မာ့ပန်းချီလောကသားများဖြစ်သော ဦးစန်းဝင်း၊ ဦးသိန်းဟန်၊ ဦးသက်ဝင်း၊ ဦးချစ်မောင်တို့ထံတွင်လည်း ပန်းချီပညာ သင်ယူခဲ့သည့်အတွက် ၁၉၅၄ ခုတွင် ပန်းချီ ဆရာဖြစ်သင် သိပ္ပံမှ ဘွဲ့ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် (၁၉၅၈) ခုနှစ်တွင် ရန်ကုန်ယဉ်ကျေးမှုဌာနက ပန်းချီပန်းပုကျောင်းတွင် ပန်းချီနည်းပြတစ်ယောက်အဖြစ် လုပ်ကိုင်ခွင့်ရရန် ဝင်ခွင့်ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆီဆေးပန်းချီပညာနှင့် အနောက် တိုင်းပန်းချီကိုလည်း ပန်းချီးဆရာကြီး ဦးသိန်းဟန်ထံမှ လက်ခံသင်ယူခဲ့ကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ် ပန်းချီအသင်းတွင်လည်း (၁၉၆၀) မှ (၁၉၇၉) အထိ ပန်းချိပညာများပိုချသင်ကြားခဲ့သည့်အပြင် ရန်ကုန်ပန်းချီပန်းပု ကျောင်း တွင်လည်း ကျောင်းအုပ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
zawgyi version
နာမည္ေက်ာ္ ပန္းခ်ီဆရာႀကီး ဦးလြန္းႂကြယ္ ကြယ္လြန္
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၂
နာမည္ေက်ာ္ပန္ခ်ီဆရာႀကီး ဦးလြန္းႂကြယ္သည့္ ယေန႔(ေအာက္တိုဘာ ၂ရက္)၊ နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕တြင္ ကြယ္လြန္သြားခဲ့ေၾကာင္း သိရသည္။
ကြယ္လြန္ခ်ိန္တြင္ ပန္းခ်ီဆရာႀကီးဦးလြန္းႂကြယ္သည္ အသက္(၉၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ၿပီး (၉၆)ပါးေရာဂါျဖင့္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဦးလြန္းႂကြယ္ကို (၁၉၃၀) ျပည့္ႏွစ္ စက္တင္ဘာ ၂၄ ရက္တြင္ ရန္ကုန္ၿမိဳ႕မွာေမြးဖြားခဲ့ျခင္းျဖစ္ၿပီး ဖခင္ျဖစ္သူမွာ BOC စာေရးႀကီး ဦးဘခိုင္ျဖစ္ကာ မိခင္ျဖစ္သူသည္ ေက်ာင္းဆရာမ ေဒၚအုန္းသြယ္ျဖစ္ေၾကာင္း သိရသည္။
ဦးလြန္းႂကြယ္သည္ (၁၉၄၇) ခုႏွစ္တြင္ မုဒုံအလယ္တန္းေက်ာင္းမွ သတၱမတန္းေအာင္ျမင္ခဲ့ၿပီး ေက်ာင္းပညာေရးထက္ ပန္းခ်ီပညာရပ္ ကိုသာ ေလ့လာသင္ယူရန္ ဆုံးျဖတ္ခဲ့ၿပီးေနာက္ အတန္းပညာကို ရပ္နားခဲ့ေၾကာင္း သိရသည္။
လူသိမ်ားထင္ရွားသည့္ ျမန္မာ့ပန္းခ်ီေလာကသားမ်ားျဖစ္ေသာ ဦးစန္းဝင္း၊ ဦးသိန္းဟန္၊ ဦးသက္ဝင္း၊ ဦးခ်စ္ေမာင္တို႔ထံတြင္လည္း ပန္းခ်ီပညာ သင္ယူခဲ့သည့္အတြက္ ၁၉၅၄ ခုတြင္ ပန္းခ်ီ ဆရာျဖစ္သင္ သိပၸံမွ ဘြဲ႕ရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ (၁၉၅၈) ခုႏွစ္တြင္ ရန္ကုန္ယဥ္ေက်းမႈဌာနက ပန္းခ်ီပန္းပုေက်ာင္းတြင္ ပန္းခ်ီနည္းျပတစ္ေယာက္အျဖစ္ လုပ္ကိုင္ခြင့္ရရန္ ဝင္ခြင့္ေျဖဆိုေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဆီေဆးပန္းခ်ီပညာႏွင့္ အေနာက္ တိုင္းပန္းခ်ီကိုလည္း ပန္းခ်ီးဆရာႀကီး ဦးသိန္းဟန္ထံမွ လက္ခံသင္ယူခဲ့ေၾကာင္း သိရသည္။
ရန္ကုန္တကၠသိုလ္ ပန္းခ်ီအသင္းတြင္လည္း (၁၉၆၀) မွ (၁၉၇၉) အထိ ပန္းခ်ိပညာမ်ားပိုခ်သင္ၾကားခဲ့သည့္အျပင္ ရန္ကုန္ပန္းခ်ီပန္းပု ေက်ာင္း တြင္လည္း ေက်ာင္းအုပ္တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း သိရသည္။