အီရန်နိုင်ငံနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို လိုချင်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

 208

Pika (NP News) - အောက်တိုဘာ ၁၅

အီရန်နိုင်ငံနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို လိုချင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ယခုနှစ်အစောပိုင်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း အီရန်ရဲ့နျူကလီးယားနေရာ တွေကို အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုမှာ အမေရိကန်က ပူးပေါင်းပါဝင်ခဲ့ပြီးနောက် လအနည်းငယ်အကြာမှာ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “အီရန်နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို ယူနိုင်ရင် အရာအားလုံးက ပိုကောင်းသွားမှာ ပါ။ အီရန်ကလည်း ငြိမ်းချမ်းရေးသဘောတူညီချက်ကို လိုချင်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရရှိဖို့အတွက် အခွင့်အရေးဟာ အီရန်တရားရုံးမှာပဲ ရှိနေတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို ရယူဖို့ ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်နေပါပြီ။ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို ရယူဖို့ အခွင့်အရေးက အီရန်လက်ထဲမှာပဲရှိပါတယ်” လို့ ပြောခဲ့ပါတယ်။ အီရန်ရဲ့နျူကလီးယားနေရာတွေကို အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုမှာ အမေရိကန်က ပူးပေါင်းပါဝင်ခဲ့ပြီးနောက် အီရန်နဲ့ အမေရိကန်ကြားလုပ်ဆောင်လျက်ရှိတဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားခဲ့တယ်လို့လည်း သိရပါတယ်။ လက်ရှိအချိန်မှာတော့ အမေရိကန်ဟာ အီရန်နဲ့ နျူကလီးယားဆိုင်ရာဆွေးနွေးပွဲတွေ ပြန်လည် စတင်နိုင်ဖို့ ကြိုးပမ်းနေပေမယ့်လည်း အီရန်ဘက်က အခြေအနေတစ်ခုကို သတ်မှတ်ထားတာကြောင့် ဆွေးနွေးပွဲ တွေ ပြန်လည်စတင်နိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
အီရန္ႏိုင္ငံနဲ႔ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တစ္ခုကို လိုခ်င္တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေအာက္တိုဘာ ၁၅
အီရန္ႏိုင္ငံနဲ႔ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တစ္ခုကို လိုခ်င္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ယခုႏွစ္အေစာပိုင္းကျဖစ္ပြားခဲ့တဲ့တိုက္ပြဲေတြအတြင္း အီရန္ရဲ႕န်ဴကလီးယားေနရာ ေတြကို အစၥေရးရဲ႕ဗုံးႀကဲတိုက္ခိုက္မႈမွာ အေမရိကန္က ပူးေပါင္းပါဝင္ခဲ့ၿပီးေနာက္ လအနည္းငယ္အၾကာမွာ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “အီရန္နဲ႔ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တစ္ခုကို ယူႏိုင္ရင္ အရာအားလုံးက ပိုေကာင္းသြားမွာ ပါ။ အီရန္ကလည္း ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို လိုခ်င္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တစ္ခုရရွိဖို႔အတြက္ အခြင့္အေရးဟာ အီရန္တရား႐ုံးမွာပဲ ရွိေနတယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တစ္ခုကို ရယူဖို႔ ကြၽန္ေတာ္တို႔ဘက္က အဆင္သင့္ျဖစ္ေနပါၿပီ။ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တစ္ခုကို ရယူဖို႔ အခြင့္အေရးက အီရန္လက္ထဲမွာပဲရွိပါတယ္” လို႔ ေျပာခဲ့ပါတယ္။ အီရန္ရဲ႕န်ဴကလီးယားေနရာေတြကို အစၥေရးရဲ႕ဗုံးႀကဲတိုက္ခိုက္မႈမွာ အေမရိကန္က ပူးေပါင္းပါဝင္ခဲ့ၿပီးေနာက္ အီရန္နဲ႔ အေမရိကန္ၾကားလုပ္ေဆာင္လ်က္ရွိတဲ့ န်ဴကလီးယားေဆြးေႏြးပြဲေတြ ရပ္ဆိုင္းသြားခဲ့တယ္လို႔လည္း သိရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အေမရိကန္ဟာ အီရန္နဲ႔ န်ဴကလီးယားဆိုင္ရာေဆြးေႏြးပြဲေတြ ျပန္လည္ စတင္ႏိုင္ဖို႔ ႀကိဳးပမ္းေနေပမယ့္လည္း အီရန္ဘက္က အေျခအေနတစ္ခုကို သတ္မွတ္ထားတာေၾကာင့္ ေဆြးေႏြးပြဲ ေတြ ျပန္လည္စတင္ႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.