မလေးရှားနိုင်ငံမှာ ကျောင်းသားအချင်းချင်း ဓားထိုးသတ်မှုဖြစ်

 175

ရောင်နီ (NP News) - အောက်တိုဘာ ၁၅

မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ် ပီတယ်လင်ဂျာရာမြို့၊ အထက်တန်းကျောင်းတစ်ခုမှာ အောက်တိုဘာ ၁၄ ရက်က အသက် ၁၆ နှစ်အရွယ် ကျောင်းသူတစ်ဦး ဓားနဲ့ အထိုးခံရပြီး သေဆုံးခဲ့ပါတယ်။
ပီတယ်လင်ဂျာရာ ရဲတပ်ဖွဲ့မှ လက်ထောက်ကော်မရှင်နာ ရှန်ဆူဒင် မာမတ်ရဲ့ပြောကြားချက်အရ လူသတ်မှု ဟာ အောက်တိုဘာ ၁၄ ရက်၊ နံနက် ၉ နာရီ ၁၀ မိနစ်ဝန်းကျင်၊ ကျောင်းချိန်အတွင်း မိန်းကလေး အိမ်သာမှာ ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။ သံသယရှိသူဟာ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးဖြစ်ပြီး ဓားထိုး သတ်ဖြတ်ဖို့ အတွက် အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ ချွန်ထက်တဲ့ လက်နက်နှစ်ခုကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။ အခင်းဖြစ်ပွားမှု ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက်၊ ရဲတပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ပွားရာနေရာကို နံနက် ၉ နာရီ ၄၀ ခန့်မှာ ရောက်ရှိလာပြီး လူသတ်မှုအဖြစ် အတည်ပြုခဲ့ပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ အရိပ်အယောင်ကိုတော့ မတွေ့ရှိရဘဲ အသတ်ခံရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သေဆုံးသူ ကျောင်းသူရဲ့အော်သံကိုကြားတဲ့ဆရာမတွေက ကြားဝင်ဟန့်တားဖို့ ကြိုးစားခဲ့ပေမယ့် သူတို့ ရောက်လာချိန်မှာတော့ ကျောင်းသူဟာ သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါအမှုကို လူသတ်မှုအဖြစ် စုံစမ်းစစ်ဆေးနေပြီး ရင်ခွဲစစ်ဆေးမှုပြီးဆုံးတာနဲ့ နောက်ဆက်တွဲသတင်းတွေ ထုတ်ပြန်ကြေညာသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပညာရေးဝန်ကြီး ဖာဟင်နာဆီဒက်ခ်က အမှုကိစ္စနဲ့ပတ်သက်တဲ့ကဏ္ဍအားလုံးကို စေ့စေ့စပ် ပွင့်လင်း မြင်သာပြီး တရားမျှတမှုရှိစွာ စုံစမ်းစစ်ဆေးဖို့ အထူးကော်မတီတစ်ရပ် ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

Zawgyi Version:
မေလးရွားႏိုင္ငံမွာ ေက်ာင္းသားအခ်င္းခ်င္း ဓားထိုးသတ္မႈျဖစ္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၅
မေလးရွားႏိုင္ငံ၊ ဆီလန္ေဂါျပည္နယ္ ပီတယ္လင္ဂ်ာရာၿမိဳ႕၊ အထက္တန္းေက်ာင္းတစ္ခုမွာ ေအာက္တိုဘာ ၁၄ ရက္က အသက္ ၁၆ ႏွစ္အ႐ြယ္ ေက်ာင္းသူတစ္ဦး ဓားနဲ႔ အထိုးခံရၿပီး ေသဆုံးခဲ့ပါတယ္။
ပီတယ္လင္ဂ်ာရာ ရဲတပ္ဖြဲ႕မွ လက္ေထာက္ေကာ္မရွင္နာ ရွန္ဆူဒင္ မာမတ္ရဲ႕ေျပာၾကားခ်က္အရ လူသတ္မႈ ဟာ ေအာက္တိုဘာ ၁၄ ရက္၊ နံနက္ ၉ နာရီ ၁၀ မိနစ္ဝန္းက်င္၊ ေက်ာင္းခ်ိန္အတြင္း မိန္းကေလး အိမ္သာမွာ ျဖစ္ပြား ခဲ့တယ္လို႔ သိရပါတယ္။ သံသယရွိသူဟာ အသက္ ၁၄ ႏွစ္အ႐ြယ္ ေယာက္်ားေလးျဖစ္ၿပီး ဓားထိုး သတ္ျဖတ္ဖို႔ အတြက္ အသုံးျပဳခဲ့တယ္လို႔ ယူဆရတဲ့ ခြၽန္ထက္တဲ့ လက္နက္ႏွစ္ခုကိုလည္း ရဲတပ္ဖြဲ႕က သိမ္းဆည္းရမိခဲ့ပါတယ္။ အခင္းျဖစ္ပြားမႈ ဖုန္းေခၚဆိုမႈကို လက္ခံရရွိၿပီးေနာက္၊ ရဲတပ္ဖြဲ႕ဝင္ေတြဟာ အခင္းျဖစ္ပြားရာေနရာကို နံနက္ ၉ နာရီ ၄၀ ခန႔္မွာ ေရာက္ရွိလာၿပီး လူသတ္မႈအျဖစ္ အတည္ျပဳခဲ့ပါတယ္။ အဓမၼျပဳက်င့္ခံရတဲ့ အရိပ္အေယာင္ကိုေတာ့ မေတြ႕ရွိရဘဲ အသတ္ခံရတဲ့အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေနဆဲျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။
ေသဆုံးသူ ေက်ာင္းသူရဲ႕ေအာ္သံကိုၾကားတဲ့ဆရာမေတြက ၾကားဝင္ဟန႔္တားဖို႔ ႀကိဳးစားခဲ့ေပမယ့္ သူတို႔ ေရာက္လာခ်ိန္မွာေတာ့ ေက်ာင္းသူဟာ ေသဆုံးသြားခဲ့ၿပီျဖစ္တယ္လို႔ ဆိုပါတယ္။ အဆိုပါအမႈကို လူသတ္မႈအျဖစ္ စုံစမ္းစစ္ေဆးေနၿပီး ရင္ခြဲစစ္ေဆးမႈၿပီးဆုံးတာနဲ႔ ေနာက္ဆက္တြဲသတင္းေတြ ထုတ္ျပန္ေၾကညာသြားမယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။
ပညာေရးဝန္ႀကီး ဖာဟင္နာဆီဒက္ခ္က အမႈကိစၥနဲ႔ပတ္သက္တဲ့က႑အားလုံးကို ေစ့ေစ့စပ္ ပြင့္လင္း ျမင္သာၿပီး တရားမွ်တမႈရွိစြာ စုံစမ္းစစ္ေဆးဖို႔ အထူးေကာ္မတီတစ္ရပ္ ဖြဲ႕စည္းထားတယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.