နိုင်ငံအတွင်းရှိ စက်သုံးဆီလိုအပ်ချက်ကို အစားထိုးလျှော့ချနိုင်ရန် ရေနံချက်စက်ရုံအသစ်များ ထပ်မံ တည်ဆောက်နိုင်ရေး အပါအဝင် အခြားလုပ်ငန်းစဉ်များဖြင့် ကြိုးပမ်းနေ

 574

စော (NP News)- အောက်တိုဘာ ၁၅

နိုင်ငံအတွင်းရှိ စက်သုံးဆီလိုအပ်ချက်ကို အစားထိုးလျှော့ချနိုင်ရန် ရေနံချက်စက်ရုံအသစ်များ ထပ်မံ တည်ဆောက်နိုင်ရေး အပါအဝင် အခြားလုပ်ငန်းစဉ်များဖြင့် ကြိုးပမ်းနေကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်သူများ နေ့စဉ်သုံးစွဲရန်လိုအပ်သည့်စက်သုံးဆီကို သင့်တင့်သောဈေးနှုန်းဖြင့် စဉ်ဆက်မပြတ်အဆင်ပြေလွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ချိတ်ဆက်ထားသော အဓိကလမ်းပိုင်းများ နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အဓိကမြို့ကြီးများမှ စက်သုံးဆီအရောင်းဆိုင်များကို စက်သုံးဆီများ ကြိုတင်ဖြည့်တင်းထားသည့်အပြင် လိုအပ်ပါက အချိန်နှင့်တစ်ပြေးညီ ထပ်မံဖြည့်တင်းပေးနိုင်ရန် ဆီတင်ယာဉ်ကြီးများကို စက်သုံးဆီအပြည့် ဖြည့်တင်းပြီး ဒေသအလိုက်စီမံထားရှိကြောင်း သိရသည်။
ထို့ကြောင့် စက်သုံးဆီသုံးစွဲမှုကို သင့်တင့်သောဈေးနှုန်းဖြင့် လွယ်ကူအဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည်ဖြစ်သင့်ဖြစ်ထိုက်သင့်သည့်ဈေးနှုန်း၊ စက်သုံးဆီအမျိုးအစားအလိုက် သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးနှင့်အခြင်အတွယ် ပြည့်မီမှန်ကန်စေရေးတို့ကို စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ စီမံဆောင်ရွက်လျက်ရှိသည့်အတွက် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိသော်လည်း မြန်မာကျပ်ငွေခိုင်မာပြီး နိုင်ငံခြားငွေလဲလှယ်မှုနှုန်း ကျဆင်းသဖြင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများလည်းကျဆင်းကာ အများပြည်သူနှင့် လုပ်ငန်းရှင်များအနေဖြင့် သင့်တင့်သောဈေးနှုန်းဖြင့် လိုအပ်သည့်အချိန်တွင် လိုအပ်သလောက် အဆင်ပြေချောမွေ့လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။
နိုင်ငံအတွင်းရှိ စက်သုံးဆီလိုအပ်ချက်၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရသော်လည်း တင်သွင်းမှုကို အစားထိုးလျှော့ချနိုင်ရန်အတွက် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုမိုတိုးတက်ရှာဖွေထုတ်လုပ်ခြင်း၊ လက်ရှိရေနံချက်စက်ရုံများကို အဆင့်မြင့် မွမ်းမံပြင်ဆင်ခြင်း၊ ရေနံချက်စက်ရုံအသစ်များ ထပ်မံတည်ဆောက်ခြင်းတို့ကို စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ လယ်ယာထွက် သီးနှံများဖြစ်သည့် ပြောင်း၊ ကြံ၊ ဆန်ကွဲ စသည့်ကုန်ကြမ်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သော ရေမဲ့အီသနောနှင့် ပြည်တွင်းထုတ်ဓာတ်ဆီတို့ကို သတ်မှတ်အချိုး အစားအတိုင်းရောစပ်ကာ ဇီဝလောင်စာဆီအဖြစ် ပြည်တွင်း၌ ကျယ်ပြန့်စွာ ထုတ်လုပ်သုံးစွဲ နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။
ထိုသို့ ပြည်သူများ စက်သုံးဆီဝယ်ယူရာတွင် ပိုမိုလွယ်ကူအဆင်ပြေစေရန်အတွက် Google Play Store ၌ MPTA FM Application ကို လက်ကိုင်ဖုန်းများတွင် Download ပြုလုပ်ပြီး မိမိရောက်ရှိနေသည့်နေရာ၏ အနီးပတ်ဝန်းကျင်တွင် ဖွင့်လှစ်ထားသည့် စက်သုံးဆီအရောင်း ဆိုင်များ၏ ဖွင့်လှစ်မှု အခြေအနေ၊ ယင်းဆိုင်များရှိ စက်သုံးဆီအမျိုးအစားနှင့် ရောင်းဈေးနှုန်းတို့ကို ကြည့်ရှု၍ နှစ်သက်ရာအရောင်းဆိုင်တွင် ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီး ဌာနမှသိရသည်။

Zawgyi Version:
ႏိုင္ငံအတြင္းရွိ စက္သုံးဆီလိုအပ္ခ်က္ကို အစားထိုးေလွ်ာ့ခ်ႏိုင္ရန္ ေရနံခ်က္စက္႐ုံအသစ္မ်ား ထပ္မံ တည္ေဆာက္ႏိုင္ေရး အပါအဝင္ အျခားလုပ္ငန္းစဥ္မ်ားျဖင့္ ႀကိဳးပမ္းေန
ေစာ (NP News)- ေအာက္တိုဘာ ၁၅
ႏိုင္ငံအတြင္းရွိ စက္သုံးဆီလိုအပ္ခ်က္ကို အစားထိုးေလွ်ာ့ခ်ႏိုင္ရန္ ေရနံခ်က္စက္႐ုံအသစ္မ်ား ထပ္မံ တည္ေဆာက္ႏိုင္ေရး အပါအဝင္ အျခားလုပ္ငန္းစဥ္မ်ားျဖင့္ ႀကိဳးပမ္းေနေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျပည္သူမ်ား ေန႔စဥ္သုံးစြဲရန္လိုအပ္သည့္စက္သုံးဆီကို သင့္တင့္ေသာေဈးႏႈန္းျဖင့္ စဥ္ဆက္မျပတ္အဆင္ေျပလြယ္ကူစြာ ဝယ္ယူသုံးစြဲႏိုင္ေရးအတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားကို ခ်ိတ္ဆက္ထားေသာ အဓိကလမ္းပိုင္းမ်ား ႏွင့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားရွိ အဓိကၿမိဳ႕ႀကီးမ်ားမွ စက္သုံးဆီအေရာင္းဆိုင္မ်ားကို စက္သုံးဆီမ်ား ႀကိဳတင္ျဖည့္တင္းထားသည့္အျပင္ လိုအပ္ပါက အခ်ိန္ႏွင့္တစ္ေျပးညီ ထပ္မံျဖည့္တင္းေပးႏိုင္ရန္ ဆီတင္ယာဥ္ႀကီးမ်ားကို စက္သုံးဆီအျပည့္ ျဖည့္တင္းၿပီး ေဒသအလိုက္စီမံထားရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ စက္သုံးဆီသုံးစြဲမႈကို သင့္တင့္ေသာေဈးႏႈန္းျဖင့္ လြယ္ကူအဆင္ေျပစြာ ဝယ္ယူသုံးစြဲႏိုင္ရန္အတြက္ စက္သုံးဆီတင္သြင္း သိုေလွာင္ျဖန႔္ျဖဴးျခင္း လုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီသည္ျဖစ္သင့္ျဖစ္ထိုက္သင့္သည့္ေဈးႏႈန္း၊ စက္သုံးဆီအမ်ိဳးအစားအလိုက္ သတ္မွတ္စံခ်ိန္စံၫႊန္း၊ အရည္အေသြးႏွင့္အျခင္အတြယ္ ျပည့္မီမွန္ကန္ေစေရးတို႔ကို စဥ္ဆက္မျပတ္ ႀကီးၾကပ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ စီမံေဆာင္႐ြက္လ်က္ရွိသည့္အတြက္ အာရွပစိဖိတ္ေဒသအတြင္း စက္သုံးဆီေဈးႏႈန္းမ်ား ျမင့္တက္လ်က္ရွိေသာ္လည္း ျမန္မာက်ပ္ေငြခိုင္မာၿပီး ႏိုင္ငံျခားေငြလဲလွယ္မႈႏႈန္း က်ဆင္းသျဖင့္ ျပည္တြင္းစက္သုံးဆီ ေဈးႏႈန္းမ်ားလည္းက်ဆင္းကာ အမ်ားျပည္သူႏွင့္ လုပ္ငန္းရွင္မ်ားအေနျဖင့္ သင့္တင့္ေသာေဈးႏႈန္းျဖင့္ လိုအပ္သည့္အခ်ိန္တြင္ လိုအပ္သေလာက္ အဆင္ေျပေခ်ာေမြ႕လြယ္ကူစြာ ဝယ္ယူသုံးစြဲႏိုင္လ်က္ရွိေၾကာင္းလည္း ေဖာ္ျပထားသည္။
ႏိုင္ငံအတြင္းရွိ စက္သုံးဆီလိုအပ္ခ်က္၏ ၉၇ ရာခိုင္ႏႈန္းကို ျပည္ပမွ တင္သြင္းေနရေသာ္လည္း တင္သြင္းမႈကို အစားထိုးေလွ်ာ့ခ်ႏိုင္ရန္အတြက္ ကုန္းတြင္းႏွင့္ ကမ္းလြန္လုပ္ကြက္မ်ား၌ ေရနံႏွင့္သဘာဝဓာတ္ေငြ႕ ပိုမိုတိုးတက္ရွာေဖြထုတ္လုပ္ျခင္း၊ လက္ရွိေရနံခ်က္စက္႐ုံမ်ားကို အဆင့္ျမင့္ မြမ္းမံျပင္ဆင္ျခင္း၊ ေရနံခ်က္စက္႐ုံအသစ္မ်ား ထပ္မံတည္ေဆာက္ျခင္းတို႔ကို စြမ္းအင္ဝန္ႀကီး ဌာနအေနျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔အတူ လယ္ယာထြက္ သီးႏွံမ်ားျဖစ္သည့္ ေျပာင္း၊ ႀကံ၊ ဆန္ကြဲ စသည့္ကုန္ၾကမ္းမ်ားမွ တန္ဖိုးျမႇင့္ထုတ္ကုန္ျဖစ္ေသာ ေရမဲ့အီသေနာႏွင့္ ျပည္တြင္းထုတ္ဓာတ္ဆီတို႔ကို သတ္မွတ္အခ်ိဳး အစားအတိုင္းေရာစပ္ကာ ဇီဝေလာင္စာဆီအျဖစ္ ျပည္တြင္း၌ က်ယ္ျပန႔္စြာ ထုတ္လုပ္သုံးစြဲ ႏိုင္ေရး စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ေဖာ္ျပထားသည္။
ထိုသို႔ ျပည္သူမ်ား စက္သုံးဆီဝယ္ယူရာတြင္ ပိုမိုလြယ္ကူအဆင္ေျပေစရန္အတြက္ Google Play Store ၌ MPTA FM Application ကို လက္ကိုင္ဖုန္းမ်ားတြင္ Download ျပဳလုပ္ၿပီး မိမိေရာက္ရွိေနသည့္ေနရာ၏ အနီးပတ္ဝန္းက်င္တြင္ ဖြင့္လွစ္ထားသည့္ စက္သုံးဆီအေရာင္း ဆိုင္မ်ား၏ ဖြင့္လွစ္မႈ အေျခအေန၊ ယင္းဆိုင္မ်ားရွိ စက္သုံးဆီအမ်ိဳးအစားႏွင့္ ေရာင္းေဈးႏႈန္းတို႔ကို ၾကည့္ရႈ၍ ႏွစ္သက္ရာအေရာင္းဆိုင္တြင္ ေ႐ြးခ်ယ္ဝယ္ယူသုံးစြဲႏိုင္ရန္ ဝန္ေဆာင္မႈေပးလ်က္ရွိေၾကာင္း စြမ္းအင္ဝန္ႀကီး ဌာနမွသိရသည္။

Related news

© 2021. All rights reserved.