NCA (၁၀)နှစ်ပြည့် အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့တွင် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည်များကို ဆွေးနွေးမည်

 433

သန့်ဇင်(NP News)-အောက်တိုဘာ ၁၆

နေပြည်တော်တွင်ကျင်းပပြုလုပ်နေသာ NCA (၁၀)နှစ်ပြည့် အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့တွင် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA (၁၀)ပြည့်နှစ်ပတ်လည် အလုပ်ရုံဆွေးနွေးပွဲဒုတိယနေ့ကို ယနေ့(အောက်တိုဘာ ၁၆ရက်) နံနက်ပိုင်းက နေပြည်တော် ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-(၁) (MICC-I) တွင် ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။

“အလုပ်ရုံဆွေးနွေးပွဲဆိုတာတော့လေ ဒီအလုပ်ရုံဆွေးနွေးပွဲကိုတက်ကြတဲ့ တက်ရောက်လာတဲ့လူတွေအကုန်လုံးကပါဝင်ဆွေးနွေးလို့ ရတာပေါ့နော်။ ပထမတော့ စကားဝိုင်းလုပ်မယ်။ ဒီစကားဝိုင်းပေါ်မှာမူတည်ပြီးတော့မှ ကျွန်မတို့ဆွေးနွေးကြတာပေါ့နော်။ အဲဒီလိုဆွေးနွေး ကြ တဲ့အခါကျတော့ လူတိုင်းရဲ့အသံကိုကြားရမှာပေါ့။ အဲဒီတော့ ကျွန်မတို့ပြောချင်တာကတော့ ကိုယ်စားပြုတဲ့အသံထွက်မှာပေါ့”ဟု ဒေါ်သက်သက်ခိုင်က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲကို ယမန်နေ့(အောက်တိုဘာ ၁၅ရက်)၊ မွန်းလွဲပိုင်းကစတင်ခဲ့ပြီး ပထဝီစီးပွားရေးအခြေအနေများဆွေးခဲ့ရာ ယနေ့တွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည်များကို ဆွေးနွေးမည်ဖြစ်ကြေင်း ဒေါ်သက်သက်ခိုင်က ဆိုသည်။

“နောက်ခေါင်စစဉ်တွေလည်းအများကြီးရှိပါတယ်။ မနေ့ကဆိုရင် ပထဝီစီးပွားရေးပေါ့နော်။ ဒီနေ့ဆိုရင်ရွေးကောက်ပွဲနဲ့ဆိုင် တာတွေပေါ့ နော်။ အဲဒါလေးပြောရမှာဆိုတော့ ဘာပဲပြောပြော ကျွန်မတို့က ဝမ်းသာစရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ NCA လက်မှထိုး ထားတဲ့လူတွေရော NCA လက်မှတ်မထိုးတဲ့အဖွဲ့အစည်းတွေရော ကိုယ်စားပြုပြီးတက်ရောက်ကြတဲ့အတွက် မနေ့ကနိုင်ငံတော်အကြီး အကဲနဲ့ နောက်ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့ကြတဲ့သူတွေပြောတဲ့စကားတွေလည်းတော်တော်ကောင်းပါတယ်”ဟု ၎င်းကပြောသည်။

NCA နှစ်ပတ်လည် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ (၁၇) ရက်အထိကျင်းပမည်ဖြစ် ကြောင်းလည်း သိရသည်။

zawgyi version

NCA (၁၀)ႏွစ္ျပည့္ အလုပ္႐ုံေဆြးေႏြးပြဲ ဒုတိယေန႔တြင္ ေ႐ြးေကာက္ပြဲႏွင့္သက္ဆိုင္သည္မ်ားကို ေဆြးေႏြးမည္

သန႔္ဇင္(NP News)-ေအာက္တိုဘာ ၁၆

ေနျပည္ေတာ္တြင္က်င္းပျပဳလုပ္ေနသာ NCA (၁၀)ႏွစ္ျပည့္ အလုပ္႐ုံေဆြးေႏြးပြဲ ဒုတိယေန႔တြင္ ေ႐ြးေကာက္ပြဲႏွင့္သက္ဆိုင္သည္မ်ားကို ေဆြးေႏြးမည္ျဖစ္ေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP)မွ ဥကၠ႒ေဒါက္တာသက္သက္ခိုင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA (၁၀)ျပည့္ႏွစ္ပတ္လည္ အလုပ္႐ုံေဆြးေႏြးပြဲဒုတိယေန႔ကို ယေန႔(ေအာက္တိုဘာ ၁၆ရက္) နံနက္ပိုင္းက ေနျပည္ေတာ္ ရွိ ျမန္မာအျပည္ျပည္ ဆိုင္ရာကြန္ဗင္းရွင္း ဗဟိုဌာန-(၁) (MICC-I) တြင္ က်င္းပေနျခင္းျဖစ္ေၾကာင္း သိရသည္။

“အလုပ္႐ုံေဆြးေႏြးပြဲဆိုတာေတာ့ေလ ဒီအလုပ္႐ုံေဆြးေႏြးပြဲကိုတက္ၾကတဲ့ တက္ေရာက္လာတဲ့လူေတြအကုန္လုံးကပါဝင္ေဆြးေႏြးလို႔ ရတာေပါ့ေနာ္။ ပထမေတာ့ စကားဝိုင္းလုပ္မယ္။ ဒီစကားဝိုင္းေပၚမွာမူတည္ၿပီးေတာ့မွ ကြၽန္မတို႔ေဆြးေႏြးၾကတာေပါ့ေနာ္။ အဲဒီလိုေဆြးေႏြး ၾက တဲ့အခါက်ေတာ့ လူတိုင္းရဲ႕အသံကိုၾကားရမွာေပါ့။ အဲဒီေတာ့ ကြၽန္မတို႔ေျပာခ်င္တာကေတာ့ ကိုယ္စားျပဳတဲ့အသံထြက္မွာေပါ့”ဟု ေဒၚသက္သက္ခိုင္က ေျပာသည္။

အဆိုပါ ေဆြးေႏြးပြဲကို ယမန္ေန႔(ေအာက္တိုဘာ ၁၅ရက္)၊ မြန္းလြဲပိုင္းကစတင္ခဲ့ၿပီး ပထဝီစီးပြားေရးအေျခအေနမ်ားေဆြးခဲ့ရာ ယေန႔တြင္ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္သည္မ်ားကို ေဆြးေႏြးမည္ျဖစ္ေၾကင္း ေဒၚသက္သက္ခိုင္က ဆိုသည္။

“ေနာက္ေခါင္စစဥ္ေတြလည္းအမ်ားႀကီးရွိပါတယ္။ မေန႔ကဆိုရင္ ပထဝီစီးပြားေရးေပါ့ေနာ္။ ဒီေန႔ဆိုရင္ေ႐ြးေကာက္ပြဲနဲ႔ဆိုင္ တာေတြေပါ့ ေနာ္။ အဲဒါေလးေျပာရမွာဆိုေတာ့ ဘာပဲေျပာေျပာ ကြၽန္မတို႔က ဝမ္းသာစရာေကာင္းတဲ့အေျခအေနတစ္ခုျဖစ္ပါတယ္။ NCA လက္မွထိုး ထားတဲ့လူေတြေရာ NCA လက္မွတ္မထိုးတဲ့အဖြဲ႕အစည္းေတြေရာ ကိုယ္စားျပဳၿပီးတက္ေရာက္ၾကတဲ့အတြက္ မေန႔ကႏိုင္ငံေတာ္အႀကီး အကဲနဲ႔ ေနာက္ၿငိမ္းခ်မ္းေရးေဆာင္႐ြက္ခဲ့ၾကတဲ့သူေတြေျပာတဲ့စကားေတြလည္းေတာ္ေတာ္ေကာင္းပါတယ္”ဟု ၎ကေျပာသည္။

NCA ႏွစ္ပတ္လည္ အလုပ္႐ုံေဆြးေႏြးပြဲကို ေအာက္တိုဘာ (၁၇) ရက္အထိက်င္းပမည္ျဖစ္ ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.