အရပ်ဖက်အဖွဲ့အစည်းများမှတ်ပုံတင်ရာတွင် ငြိမ်းချမ်းရေးကိုအထောက်အကူပြုရန်နှင့် ဆူပူမှုကို အားမပေးရန် အာမခံချက်များပါရန်လို

333

သန့်ဇင်(NP News)-အောက်တိုဘာ ၁၆
အရပ်ဖက်အဖွဲ့အစည်းများမှတ်ပုံတင်ရာတွင် ငြိမ်းချမ်းရေးကို အထောက်အကူပြုရန်နှင့် ဆူပူမှုကို အားမပေးရန် အာမခံချက်များ ပါရန်လိုကြောင်း တပ်မတော်အရာရှိဟောင်း၊ နိုင်ငံရေးလေ့လာ၊သုံးသပ်သူ ဒေါက်တာအောင်မျိုးက ပြောကြားသည်။
ယနေ့(အောက်တိုဘာ ၁၆ရက်) မွန်းလွဲပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-(၁) (MICC-I) တွင် ကျင်းပသော NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည် အလုပ်ရုံဆွေးနွေးပွဲယာယီရပ်နားစဉ် မီဒီယာများ၏ မေးမြန်းမှုအပေါ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိကျင်းပပြုလုပ်လျက်ရှိသော အလုပ်ရုံဆွေးနွေးပွဲတွင် ဒေါက်တာအောင်မျိုးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အရပ်ဖက်အဖွဲ့ အစည်းများ ပါဝင်လာရန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
“အဖွဲ့စည်းတိုင်းရဲ့စိတ်မှာငြိမ်းချမ်းရေးရတာကောင်းတယ်။ ငြိမ်းချမ်းရေးရတာမြတ်နိုးဖွယ်ရာပဲ။ ဆူပူမှုကမကောင်းဘူးဆိုတဲ့ Idea ကို အဖွဲ့တိုင်းမှာဝင်သွားအောင်ပေါ့နော်။ အဲဒါကတော့ ပထမဆုံးရည်မှန်းချက်ပေါ့နော်။ အဲဒါကိုရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဘယ်အဖွဲ့ ရယ်လို့မဟုတ်ဘူး။ အဖွဲ့တိုင်းပေါ့နော်”ဟု ဒေါက်တာအောင်မျိုးက ဆိုသည်။
အရပ်ဖက်အဖွဲ့အစည်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးတွင်မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်ရသည့် ရည်ရွယ်ချက်အတွင်း ငြိမ်းရေးအား အထောက်အကူပြုရန်နှင့် ဆူပူမှုကို အားမပေးကြောင်း ရည်မှန်းချက်ပါရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အဲဒါက ဒေသန္တရအုပ်ချုပ်ရေးနဲ့သွားရမှာ။ သူတို့အဖွဲ့အစည်းဆိုတဲ့အတွက် မှတ်ပုံတင်မယ်။ မှတ်ပုံတင်တဲ့ရည်ရွယ်ချက်က တစ်ခုပါမှာက ငြိမ်းရေးကိုအထောက်အကူပြုရမယ်။ ဆူပူမှုကို အားမပေးဘူးဆိုတဲ့ ရည်မှန်းချက်ပါရမယ်။ အဲဒါကဘာနဲ့သွားမလဲဆိုရင် ဒေသန္တရအုပ် ချုပ်ရေး ထွေအုပ်ပေါ့နော်အဲဒီတော့မှတ်ပုံတင်ရမယ်။ လွယ်လွယ်ကူကူပဲတင်ရမယ်။ လွယ်လွယ်ကူကူတင်နိုင်အောင် လည်းလုပ်ပေးရ မယ်။ အဲဒီအချက်တွေထည့်သွင်းပေးရမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
သို့သော်လက်ရှိအနေအထားအရ ငြိမ်းချမ်းရေးလမ်းစဉ်တွင် အရပ်ဖက်အဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်ရေးမှာ နိုင်ငံရေးအခြေအနေအပြင်စသောအကြောင်းအရာများကြောင့် ငြိမ်းချမ်းရေးအတွက်ပြတ်သားစွာရပ်တည်ရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်
“လက်ရှိအခြေအနေမှာ ငြိမ်းချမ်းရေးလမ်းစဉ်ကို အရပ်ဖက်အဖွဲ့က ပူးပေါင်းဆောင်ရွက်ရေးအခြေအနေက အဲဒါကလက်ရှိအနေ အထား မှာ စစ်လည်းဖြစ်နေတယ်လေ။ ငွေကြေးဖောင်းပွမှုကလည်းမြင့်တက်နေတယ်။ လက်ရှိအခြေအနေမှာ နိုင်ငံတော်ကလည်း စစ်အနိုင် တိုက်ရေး ကိုပဲ စဉ်းစားနေရတယ်။ အဲဒီတော့ တကယ့်တကယ်ကျတော့ Good Government ဆိုတဲ့ အုပ်ချုပ်ရေးကောင်း ပေါ့နော်။ ဥပမာတရားရုံးတွေက မှန်ကန်တယ်လို့လက်ခံရမယ်။ အားလုံးက ကုန်ဈေးနှုန်းတွေကလည်းကျရမယ်။ တိုင်းပြည်ကလည်း ကောင်းကောင်းမွန်မွန် သွားနေတယ်ဆိုတဲ့။ ဥပမာ ရွေးကောက်ပွဲလုပ်တော့မယ် ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်သွားတော့မယ်။ အဲဒီလိုမျိုး မကောင်းရင်တောင်မှပဲ ကောင်းတဲ့အလားလာရှိနေတယ်ဆိုတဲ့ ပတ်ဝန်းကျင်ကြီးတစ်ခုတည်ဆောက်ရမယ်။ အဲဒီလိုတည်ဆောက်တော့မှ စောစောအချက်တွေနဲ့ဟန်ချက်ညီလိုက်တာ။ အဲဒီလိုမျိုးမတည်ဆောက်နိုင်ရင်တော့ လူအဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးဘက်ကို ပြတ်ပြတ်သားသားရပ်တည်ဖို့ဆိုတာ အခက်အခဲရှိဦးမှာပါ”ဟု ၎င်းကပြောသည်။
zawgyi version
အရပ္ဖက္အဖြဲ႕အစည္းမ်ားမွတ္ပုံတင္ရာတြင္ ၿငိမ္းခ်မ္းေရးကိုအေထာက္အကူျပဳရန္ႏွင့္ ဆူပူမႈကို အားမေပးရန္ အာမခံခ်က္မ်ားပါရန္လို
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၁၆
အရပ္ဖက္အဖြဲ႕အစည္းမ်ားမွတ္ပုံတင္ရာတြင္ ၿငိမ္းခ်မ္းေရးကို အေထာက္အကူျပဳရန္ႏွင့္ ဆူပူမႈကို အားမေပးရန္ အာမခံခ်က္မ်ား ပါရန္လိုေၾကာင္း တပ္မေတာ္အရာရွိေဟာင္း၊ ႏိုင္ငံေရးေလ့လာ၊သုံးသပ္သူ ေဒါက္တာေအာင္မ်ိဳးက ေျပာၾကားသည္။
ယေန႔(ေအာက္တိုဘာ ၁၆ရက္) မြန္းလြဲပိုင္းက ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ ဆိုင္ရာကြန္ဗင္းရွင္း ဗဟိုဌာန-(၁) (MICC-I) တြင္ က်င္းပေသာ NCA (၁၀) ႏွစ္ျပည့္ ႏွစ္ပတ္လည္ အလုပ္႐ုံေဆြးေႏြးပြဲယာယီရပ္နားစဥ္ မီဒီယာမ်ား၏ ေမးျမန္းမႈအေပၚ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
လက္ရွိက်င္းပျပဳလုပ္လ်က္ရွိေသာ အလုပ္႐ုံေဆြးေႏြးပြဲတြင္ ေဒါက္တာေအာင္မ်ိဳးက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြင္း အရပ္ဖက္အဖြဲ႕ အစည္းမ်ား ပါဝင္လာရန္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
“အဖြဲ႕စည္းတိုင္းရဲ႕စိတ္မွာၿငိမ္းခ်မ္းေရးရတာေကာင္းတယ္။ ၿငိမ္းခ်မ္းေရးရတာျမတ္ႏိုးဖြယ္ရာပဲ။ ဆူပူမႈကမေကာင္းဘူးဆိုတဲ့ Idea ကို အဖြဲ႕တိုင္းမွာဝင္သြားေအာင္ေပါ့ေနာ္။ အဲဒါကေတာ့ ပထမဆုံးရည္မွန္းခ်က္ေပါ့ေနာ္။ အဲဒါကိုရည္႐ြယ္ျခင္းျဖစ္ပါတယ္။ ဘယ္အဖြဲ႕ ရယ္လို႔မဟုတ္ဘူး။ အဖြဲ႕တိုင္းေပါ့ေနာ္”ဟု ေဒါက္တာေအာင္မ်ိဳးက ဆိုသည္။
အရပ္ဖက္အဖြဲ႕အစည္းမ်ားသည္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးတြင္မွတ္ပုံတင္ရမည္ျဖစ္ၿပီး မွတ္ပုံတင္ရသည့္ ရည္႐ြယ္ခ်က္အတြင္း ၿငိမ္းေရးအား အေထာက္အကူျပဳရန္ႏွင့္ ဆူပူမႈကို အားမေပးေၾကာင္း ရည္မွန္းခ်က္ပါရမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။
“အဲဒါက ေဒသႏၲရအုပ္ခ်ဳပ္ေရးနဲ႔သြားရမွာ။ သူတို႔အဖြဲ႕အစည္းဆိုတဲ့အတြက္ မွတ္ပုံတင္မယ္။ မွတ္ပုံတင္တဲ့ရည္႐ြယ္ခ်က္က တစ္ခုပါမွာက ၿငိမ္းေရးကိုအေထာက္အကူျပဳရမယ္။ ဆူပူမႈကို အားမေပးဘူးဆိုတဲ့ ရည္မွန္းခ်က္ပါရမယ္။ အဲဒါကဘာနဲ႔သြားမလဲဆိုရင္ ေဒသႏၲရအုပ္ ခ်ဳပ္ေရး ေထြအုပ္ေပါ့ေနာ္အဲဒီေတာ့မွတ္ပုံတင္ရမယ္။ လြယ္လြယ္ကူကူပဲတင္ရမယ္။ လြယ္လြယ္ကူကူတင္ႏိုင္ေအာင္ လည္းလုပ္ေပးရ မယ္။ အဲဒီအခ်က္ေတြထည့္သြင္းေပးရမယ္လို႔ ဆိုလိုျခင္းျဖစ္ပါတယ္”ဟု ၎က ေျပာၾကားခဲ့သည္။
သို႔ေသာ္လက္ရွိအေနအထားအရ ၿငိမ္းခ်မ္းေရးလမ္းစဥ္တြင္ အရပ္ဖက္အဖြဲ႕မ်ား၏ ပူးေပါင္းေဆာင္႐ြက္ေရးမွာ ႏိုင္ငံေရးအေျခအေနအျပင္စေသာအေၾကာင္းအရာမ်ားေၾကာင့္ ၿငိမ္းခ်မ္းေရးအတြက္ျပတ္သားစြာရပ္တည္ရန္ ခက္ခဲေနဦးမည္ျဖစ္ေၾကာင္း ၎ကဆိုသည္
“လက္ရွိအေျခအေနမွာ ၿငိမ္းခ်မ္းေရးလမ္းစဥ္ကို အရပ္ဖက္အဖြဲ႕က ပူးေပါင္းေဆာင္႐ြက္ေရးအေျခအေနက အဲဒါကလက္ရွိအေန အထား မွာ စစ္လည္းျဖစ္ေနတယ္ေလ။ ေငြေၾကးေဖာင္းပြမႈကလည္းျမင့္တက္ေနတယ္။ လက္ရွိအေျခအေနမွာ ႏိုင္ငံေတာ္ကလည္း စစ္အႏိုင္ တိုက္ေရး ကိုပဲ စဥ္းစားေနရတယ္။ အဲဒီေတာ့ တကယ့္တကယ္က်ေတာ့ Good Government ဆိုတဲ့ အုပ္ခ်ဳပ္ေရးေကာင္း ေပါ့ေနာ္။ ဥပမာတရား႐ုံးေတြက မွန္ကန္တယ္လို႔လက္ခံရမယ္။ အားလုံးက ကုန္ေဈးႏႈန္းေတြကလည္းက်ရမယ္။ တိုင္းျပည္ကလည္း ေကာင္းေကာင္းမြန္မြန္ သြားေနတယ္ဆိုတဲ့။ ဥပမာ ေ႐ြးေကာက္ပြဲလုပ္ေတာ့မယ္ ပါတီစုံဒီမိုကေရစီစနစ္ကို ျပန္သြားေတာ့မယ္။ အဲဒီလိုမ်ိဳး မေကာင္းရင္ေတာင္မွပဲ ေကာင္းတဲ့အလားလာရွိေနတယ္ဆိုတဲ့ ပတ္ဝန္းက်င္ႀကီးတစ္ခုတည္ေဆာက္ရမယ္။ အဲဒီလိုတည္ေဆာက္ေတာ့မွ ေစာေစာအခ်က္ေတြနဲ႔ဟန္ခ်က္ညီလိုက္တာ။ အဲဒီလိုမ်ိဳးမတည္ေဆာက္ႏိုင္ရင္ေတာ့ လူအဖြဲ႕အစည္းေတြက ၿငိမ္းခ်မ္းေရးဘက္ကို ျပတ္ျပတ္သားသားရပ္တည္ဖို႔ဆိုတာ အခက္အခဲရွိဦးမွာပါ”ဟု ၎ကေျပာသည္။