နည်းပညာကျောင်းသားများ၏ ပရောဂျက်များကို နိုင်ငံတော်က စောင့်ကြည့်အသုံးပြုစေလိုကြောင်း အကြံပြု

 1063

သက်ပိုင် (NP News) - အောက်တိုဘာ ၁၇

မြန်မာနိုင်ငံ နည်းပညာတက္ကသိုလ်များမှ ကျောင်းသားများပြုလုပ်သည့် Assignment ပရောဂျက်များကို နိုင်ငံတော် အဆင့်အဖွဲ့အစည်းများ ဖွဲ့စည်းကာ လေ့လာစောင့်ကြည့်မှုများ လုပ်ဆောင်သင့်ကြောင်း နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်းများက NP News မှတဆင့် အကြံပြုပြောကြား သည်။
နည်းပညာတက္ကသိုလ်ကျောင်းသားများအနေဖြင့် ကျောင်းတက်ရောက်နေစဉ်ကာလအတွင်း အနည်းဆုံး Assignment ပရော့ဂျက် (၃) ခုခန့်လုပ်ဆောင်ရလေ့ရှိပြီး ယင်းအထဲတွင် နိုင်ငံအတွက် အသုံးဝင်နိုင်သည့် ပရောဂျက်များပါ ပါရှိနိုင်သည့်အတွက် ယခုကဲ့သို့ပြုလုပ်ရန်လိုအပ်ခြင်းဖြစ်ကြောင်း နည်းပညာကျောင်းသား ဟောင်းတစ်ဦးဖြစ်သူ ကို ကျော်မင်းသက်က ဆိုသည်။
“အရင် ကျွန်တော်တို့တုန်းကတည်းက ကောင်းတာတွေအများကြီး ရှိခဲ့တယ်။ ထူးခြားတာဆိုရင် မော်လမြိုင်က လျှပ်စစ်ကားထုတ်မယ့် ပရော့ဂျက်တာမျိုးတို့၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကနေပြီး ကန်စွန်းဥကို အခြေခံပြီး တော့ အချိုမှုန့်အစားထိုး အရသာမှုန့်ထုတ်ခဲ့တာမျိုးတို့ပေါ့လေ။ဒါတွေက ကျောင်းပြီးသွားရင် စာအုပ်ထဲမှာပဲ ကျန်ခဲ့ တယ်။ အပြင်မှာ အစိုးရပိုင်းဆီက ဘာအထောက်ပံ့မှ မရတော့ အရမ်းနှမြောဖို့ကောင်းတာပေါ့။ ဒါမျိုးတွေကိုသာ ကူညီပြီး တန်ဖိုးထပ်မြှင့်နိုင်မယ်ဆိုရင် နိုင်ငံအတွက် အသုံးဝင်တဲ့အရာတွေဖြစ်လာနိုင်တာပေါ့” ဟု ၄င်းကဆိုသည်။
ကျောင်းသားများမှာ Idea ရှိသော်လည်း ကျန်သည့် အရင်းမြစ်များမှာ လိုအပ်ချက်ရှိနေကြောင်းနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ယခုကဲ့သို့ ကျောင်းသားများ၏ တီတွင်ဖန်တီးမှုများကို စောင့်ကြည့်သည့်အဖွဲ့အစည်းများ ထားရှိကာ ပိုမိုကောင်းမွန်သည့် တီထွင်ထုတ်လုပ်မှုများကို လုပ်ဆောင်လျက် ရှိနေကြောင်း ကိုကျော်မင်းသူက ပြောသည်။
“ငွေကြေးပိုင်းနဲ့ နည်းပညာပိုင်းတွေသာ ထောက်ပံ့ပေးနိုင်လိုက်မယ်ဆိုရင် တချို့သော ပြည်ပက တင်သွင်းနေရ တာတွေကို ပြည်တွင်းမှာ ထုတ်နိုင်လာတဲ့အထိ ဖြစ်နိုင်တယ်။ နောက်ဆုံး အများကြီး ထုတ်နိုင်လာရင် ပြည်ပကို လည်း တင်ပို့တာတွေတောင် လုပ်နိုင်လာမှာဖြစ်တယ်။ လက်ရှိမှာက စွမ်းမှုစွမ်းအား ပြည်ထွန်းကားဆိုပြီး ပြောနေ တာက ပါးစပ်နဲ့ပြောနေသလိုပဲ ဖြစ်နေတယ်။ဘာမှ အကောင်အထည်မဖော်နိုင်သေးဘူး။ နိုင်ငံတကာမှာဆိုရင် ဖန်တီးနိုင်စွမ်းရှိတဲ့လူငယ်တွေကို စောင့်ကြည့်ပြီး ထောက်ပံ့ပေးနေပေမယ့် ကျွန်တော်တို့ဆီမှာတော့ အခုထိကို မရှိသေးဘူးဖြစ်နေတယ်” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိမြန်မာနိုင်ငံတွင် နေပြည်တော်နည်းပညာတက္ကသိုလ် အပါအဝင် နည်းပညာတက္ကသိုလ် (၃၄) ခုရှိနေပြီး နိုင်ငံတော်၏ သိပ္ပံနှင့်နည်းပညာဆိုင်ရာအခြေခံအုတ်မြစ်တည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် များ ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်းသိရသည်။

Zawgyi Version:
နည္းပညာေက်ာင္းသားမ်ား၏ ပေရာဂ်က္မ်ားကို ႏိုင္ငံေတာ္က ေစာင့္ၾကည့္အသုံးျပဳေစလိုေၾကာင္း အႀကံျပဳ
သက္ပိုင္ (NP News) - ေအာက္တိုဘာ ၁၇
ျမန္မာႏိုင္ငံ နည္းပညာတကၠသိုလ္မ်ားမွ ေက်ာင္းသားမ်ားျပဳလုပ္သည့္ Assignment ပေရာဂ်က္မ်ားကို ႏိုင္ငံေတာ္ အဆင့္အဖြဲ႕အစည္းမ်ား ဖြဲ႕စည္းကာ ေလ့လာေစာင့္ၾကည့္မႈမ်ား လုပ္ေဆာင္သင့္ေၾကာင္း နည္းပညာတကၠသိုလ္ ေက်ာင္းသားေဟာင္းမ်ားက NP News မွတဆင့္ အႀကံျပဳေျပာၾကား သည္။
နည္းပညာတကၠသိုလ္ေက်ာင္းသားမ်ားအေနျဖင့္ ေက်ာင္းတက္ေရာက္ေနစဥ္ကာလအတြင္း အနည္းဆုံး Assignment ပေရာ့ဂ်က္ (၃) ခုခန႔္လုပ္ေဆာင္ရေလ့ရွိၿပီး ယင္းအထဲတြင္ ႏိုင္ငံအတြက္ အသုံးဝင္ႏိုင္သည့္ ပေရာဂ်က္မ်ားပါ ပါရွိႏိုင္သည့္အတြက္ ယခုကဲ့သို႔ျပဳလုပ္ရန္လိုအပ္ျခင္းျဖစ္ေၾကာင္း နည္းပညာေက်ာင္းသား ေဟာင္းတစ္ဦးျဖစ္သူ ကို ေက်ာ္မင္းသက္က ဆိုသည္။
“အရင္ ကြၽန္ေတာ္တို႔တုန္းကတည္းက ေကာင္းတာေတြအမ်ားႀကီး ရွိခဲ့တယ္။ ထူးျခားတာဆိုရင္ ေမာ္လၿမိဳင္က လွ်ပ္စစ္ကားထုတ္မယ့္ ပေရာ့ဂ်က္တာမ်ိဳးတို႔၊ ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ကေနၿပီး ကန္စြန္းဥကို အေျခခံၿပီး ေတာ့ အခ်ိဳမႈန႔္အစားထိုး အရသာမႈန႔္ထုတ္ခဲ့တာမ်ိဳးတို႔ေပါ့ေလ။ဒါေတြက ေက်ာင္းၿပီးသြားရင္ စာအုပ္ထဲမွာပဲ က်န္ခဲ့ တယ္။ အျပင္မွာ အစိုးရပိုင္းဆီက ဘာအေထာက္ပံ့မွ မရေတာ့ အရမ္းႏွေျမာဖို႔ေကာင္းတာေပါ့။ ဒါမ်ိဳးေတြကိုသာ ကူညီၿပီး တန္ဖိုးထပ္ျမႇင့္ႏိုင္မယ္ဆိုရင္ ႏိုင္ငံအတြက္ အသုံးဝင္တဲ့အရာေတြျဖစ္လာႏိုင္တာေပါ့” ဟု ၄င္းကဆိုသည္။
ေက်ာင္းသားမ်ားမွာ Idea ရွိေသာ္လည္း က်န္သည့္ အရင္းျမစ္မ်ားမွာ လိုအပ္ခ်က္ရွိေနေၾကာင္းႏွင့္ ကမာၻ႔ႏိုင္ငံ အသီးသီးတြင္ ယခုကဲ့သို႔ ေက်ာင္းသားမ်ား၏ တီတြင္ဖန္တီးမႈမ်ားကို ေစာင့္ၾကည့္သည့္အဖြဲ႕အစည္းမ်ား ထားရွိကာ ပိုမိုေကာင္းမြန္သည့္ တီထြင္ထုတ္လုပ္မႈမ်ားကို လုပ္ေဆာင္လ်က္ ရွိေနေၾကာင္း ကိုေက်ာ္မင္းသူက ေျပာသည္။
“ေငြေၾကးပိုင္းနဲ႔ နည္းပညာပိုင္းေတြသာ ေထာက္ပံ့ေပးႏိုင္လိုက္မယ္ဆိုရင္ တခ်ိဳ႕ေသာ ျပည္ပက တင္သြင္းေနရ တာေတြကို ျပည္တြင္းမွာ ထုတ္ႏိုင္လာတဲ့အထိ ျဖစ္ႏိုင္တယ္။ ေနာက္ဆုံး အမ်ားႀကီး ထုတ္ႏိုင္လာရင္ ျပည္ပကို လည္း တင္ပို႔တာေတြေတာင္ လုပ္ႏိုင္လာမွာျဖစ္တယ္။ လက္ရွိမွာက စြမ္းမႈစြမ္းအား ျပည္ထြန္းကားဆိုၿပီး ေျပာေန တာက ပါးစပ္နဲ႔ေျပာေနသလိုပဲ ျဖစ္ေနတယ္။ဘာမွ အေကာင္အထည္မေဖာ္ႏိုင္ေသးဘူး။ ႏိုင္ငံတကာမွာဆိုရင္ ဖန္တီးႏိုင္စြမ္းရွိတဲ့လူငယ္ေတြကို ေစာင့္ၾကည့္ၿပီး ေထာက္ပံ့ေပးေနေပမယ့္ ကြၽန္ေတာ္တို႔ဆီမွာေတာ့ အခုထိကို မရွိေသးဘူးျဖစ္ေနတယ္” ဟု ၎က ရွင္းျပသည္။
လက္ရွိျမန္မာႏိုင္ငံတြင္ ေနျပည္ေတာ္နည္းပညာတကၠသိုလ္ အပါအဝင္ နည္းပညာတကၠသိုလ္ (၃၄) ခုရွိေနၿပီး ႏိုင္ငံေတာ္၏ သိပၸံႏွင့္နည္းပညာဆိုင္ရာအေျခခံအုတ္ျမစ္တည္ေဆာက္ႏိုင္ေရးအတြက္ လူ႔စြမ္းအားအရင္းအျမစ္ မ်ား ျပဳစုပ်ိဳးေထာင္ေပးလ်က္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.