ဆောက်လုပ်ရေးလုပ်ငန်းသုံး သံ၊သံမဏိများ၏ အရည်အသွေးကို နည်းပညာဖြင့် စိစစ်ကြပ်မတ်သင့်

 422

စော (NP News) - အောက်တိုဘာ ၁၇

ဆောက်လုပ်ရေးလုပ်ငန်းတွင် အသုံးပြုမည့် သံ၊သံမဏိများ၏ အရည်အသွေးကို နည်းပညာဖြင့် စိစစ်ကြပ်မတ်ရန် လိုအပ်နေကြောင်း ဝါရင့်ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။
မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနှင့်သံမဏိလိုအပ်ချက်မှာ တစ်နှစ်လျှင် တန်ချိန် (၂ ဒသမ ၅) သန်း မှ (၃) သန်းခန့်ရှိပြီး ပြည်တွင်း၌ ထုတ်လုပ်မှုတန်ချိန် (၁) သန်းခန့်သာရှိ၍ လိုအပ်ချက်အများစုကို ပြည်ပမှ တင်သွင်းနေရကြောင်း သိရသည်။
“ပြည်ပက သွင်းတဲ့နေရာမှာလဲ ဒီနေ့အထိမှာ သံသွင်းတဲ့လူတွေက အမျိုးစုံလူလည်ကြပြီး သွင်းတာရှိတယ်။ HRB 400 တို့ပေါ့။ HRB 400ဆိုတာ ဘယ်လိုမှ စံချိန်မမီတဲ့ သံထဲမှာပါတယ်။ ဒါပေမဲ့ တစ်ထပ်အိမ်လောက်တော့ ဆောက်လို့ရတာပေါ့နော်။ တရုတ်ကသွင်းတဲ့သံ HRB 400 ဆိုတိုင်းလဲ ယုံလို့ရတာ မဟုတ်ဘူးပေါ့နော်။ ရန်ကုန် မှာဆိုရင် တရုတ်ကသွင်းတဲ့ဟာနဲ့ ပုံစံတူကို မိုတွေနဲ့လောင်းနေတာရှိတယ်။ ရှိတော့ တစ်ချို့ဟာတွေက ရောရောင်းနေကြတာပေါ့။ တကယ်တော့ သံတွေကတကယ် သေချာစိစစ်ဖို့လိုနေပြီ။ တကယ်တမ်း သုံးလို့ရတာ သည် HRB 500 သံက အထက်မြင့်ဆောက်တာတွေမှာလဲသုံးလို့ရသလို ဒါလဲ ဘယ်က ထုတ်လဲပေါ်မှာ မူတည်သေး တယ်။ ဝယ်လာတဲ့ပစ္စည်းကို HRB 500 ဆိုတိုင်းလဲ ယုံလို့မရပြန်ဘူး။ တရုတ်ဝင်တဲ့နေရာမှာ HRB 500 လို့တော့ဝင်ပေမဲ့ Quality မပြည့်တာတွေရှိတယ်။ အဲဒါကတော့ နိုင်ငံတော်က စနစ်တစ်ခုနဲ့ ဖြေရှင်းဖို့လိုပြီပေါ့” ဟု ၎င်းက ပြောသည်။
ပြည်တွင်း၌ သံမဏိများကို အရည်အသွေးပြည့်မီစွာထုတ်လုပ်နိုင်ရေး အရည်အသွေးစစ်ဆေးရန် နိုင်ငံတကာ အသိအမှတ်ပြု ဓာတ်ခွဲခန်းများ ထူထောင်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေကြောင်း သံမဏိမူဝါဒ ထုတ်ပြန် ပြဋ္ဌာန်းနိုင်ရေးနှင့် အရည်အသွေးပြည့်မီသော သံ၊ သံမဏိများ ထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ၌ သြဂုတ်လ ၃ဝ ရက်က ဆွေးနွေးခဲ့ကြသည်။ သို့သော် ပြည်တွင်းထုတ်သံများကလည်း ဆောက်လုပ်ရေးလုပ်ငန်းအတွက် အရည်အသွေးစံချိန်မမီသော်လည်း လမ်းတည်ဆောက်ရေးလုပ်ငန်းတွင်သာ အသုံးပြုနိုင်ကြောင်း ၎င်းက ပြော သည်။
H Beam တို့ ၊I Beamတို့ Seel Structure အတွက် ဆောက်တဲ့ဟာတွေ ဝင်တယ်အဲဒီဟာတွေလည်း အရည်အသွေး မမီတာတွေအများကြီးရှိတယ်။ အဲဒီဟာတွေဆို ဘာတွေလိုလဲဆိုရင် နိုင်ငံခြားမှာဆိုရင် သံချင်းတွဲတဲ့ Wearing စက်ရဲ့အရည်အသွေးတို့နောက်တစ်ခါကျတော့ မူလီတွေဆွဲမယ်။ Blot တွေ ဘာတွေဆွဲမယ်။ ဘယ်လောက် Pressure နဲ့ခံတဲ့ Bolt Net တွေနဲ့တွဲတာရှိတယ်။ ကျွန်တော်တို့ဆီမှာ အားလုံးက လက်တန်းလုပ်တာ Seel Structure ဆိုရင် ဒီရိုးရိုးတန်းတန်း ကန်ထရိုက်သမားကလည်း ရပါတယ်ဆိုပြီးတောင်မှ လုပ်တာပေါ့။ ဆိုတော့ တကယ်တမ်း တွက်ချက်မှုအပိုင်းမှာ နှစ်ထပ်အိမ်တို့ လေးထပ်လောက်ထိတော့ မြင်ဖူးတယ်။ Steel နဲ့ ဆောက်တာ အလွယ်လက်တန်းဆောက်တာ ဝရိန်တွေတို့တယ်။ မူလီဆိုလဲ တွေ့ကရာမူလီ၊ သူတို့ထင်တဲ့ မူလီ၊ ကောင်းတဲ့ မူလီတွေ တကယ်က အဲဒီလိုမူလီတွေ သုံးလို့မရဘူး။ တကယ်တမ်းသုံးမယ်ဆိုရင် ဒီအဆောက်အဦး ဝိတ် ဘယ်လောက်ခံလဲ မူလီရဲ့ PSI ကဘယ်လောက်ရှိရမလဲ။ Net ဆွဲတဲ့အချိန်မှာ ဘယ်လောက်ရှိတဲ့ Pressure Gun ကြပ်ရမယ်တို့ ရှိတယ်။ ကျွန်တော်တို့ဆီမှာ ဘာမှမလိုက်နာဘဲလုပ်ထားတဲ့အတွက် သံမဏိကလည်း စောစောက ပြောသလိုအရည်အသွေးမမီတဲ့ဟာတွေ ဝင်တာများတယ်။ ဒါတွေက အကုန်ကြီးကြပ်သင့်တဲ့အထဲမှာ ပါနေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ သံနှင့် သံမဏိကို တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းနေရပြီး မလေးရှား၊ အီရန် တို့မှလည်း တင်သွင်းရကြောင်း သိရသည်။

Zawgyi Version:
ေဆာက္လုပ္ေရးလုပ္ငန္းသုံး သံ၊သံမဏိမ်ား၏ အရည္အေသြးကို နည္းပညာျဖင့္ စိစစ္ၾကပ္မတ္သင့္
ေစာ (NP News) - ေအာက္တိုဘာ ၁၇
ေဆာက္လုပ္ေရးလုပ္ငန္းတြင္ အသုံးျပဳမည့္ သံ၊သံမဏိမ်ား၏ အရည္အေသြးကို နည္းပညာျဖင့္ စိစစ္ၾကပ္မတ္ရန္ လိုအပ္ေနေၾကာင္း ဝါရင့္ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက NP News သို႔ေျပာသည္။
ျမန္မာႏိုင္ငံတြင္ ေဆာက္လုပ္ေရးလုပ္ငန္းသုံး သံႏွင့္သံမဏိလိုအပ္ခ်က္မွာ တစ္ႏွစ္လွ်င္ တန္ခ်ိန္ (၂ ဒသမ ၅) သန္း မွ (၃) သန္းခန႔္ရွိၿပီး ျပည္တြင္း၌ ထုတ္လုပ္မႈတန္ခ်ိန္ (၁) သန္းခန႔္သာရွိ၍ လိုအပ္ခ်က္အမ်ားစုကို ျပည္ပမွ တင္သြင္းေနရေၾကာင္း သိရသည္။
“ျပည္ပက သြင္းတဲ့ေနရာမွာလဲ ဒီေန႔အထိမွာ သံသြင္းတဲ့လူေတြက အမ်ိဳးစုံလူလည္ၾကၿပီး သြင္းတာရွိတယ္။ HRB 400 တို႔ေပါ့။ HRB 400ဆိုတာ ဘယ္လိုမွ စံခ်ိန္မမီတဲ့ သံထဲမွာပါတယ္။ ဒါေပမဲ့ တစ္ထပ္အိမ္ေလာက္ေတာ့ ေဆာက္လို႔ရတာေပါ့ေနာ္။ တ႐ုတ္ကသြင္းတဲ့သံ HRB 400 ဆိုတိုင္းလဲ ယုံလို႔ရတာ မဟုတ္ဘူးေပါ့ေနာ္။ ရန္ကုန္ မွာဆိုရင္ တ႐ုတ္ကသြင္းတဲ့ဟာနဲ႔ ပုံစံတူကို မိုေတြနဲ႔ေလာင္းေနတာရွိတယ္။ ရွိေတာ့ တစ္ခ်ိဳ႕ဟာေတြက ေရာေရာင္းေနၾကတာေပါ့။ တကယ္ေတာ့ သံေတြကတကယ္ ေသခ်ာစိစစ္ဖို႔လိုေနၿပီ။ တကယ္တမ္း သုံးလို႔ရတာ သည္ HRB 500 သံက အထက္ျမင့္ေဆာက္တာေတြမွာလဲသုံးလို႔ရသလို ဒါလဲ ဘယ္က ထုတ္လဲေပၚမွာ မူတည္ေသး တယ္။ ဝယ္လာတဲ့ပစၥည္းကို HRB 500 ဆိုတိုင္းလဲ ယုံလို႔မရျပန္ဘူး။ တ႐ုတ္ဝင္တဲ့ေနရာမွာ HRB 500 လို႔ေတာ့ဝင္ေပမဲ့ Quality မျပည့္တာေတြရွိတယ္။ အဲဒါကေတာ့ ႏိုင္ငံေတာ္က စနစ္တစ္ခုနဲ႔ ေျဖရွင္းဖို႔လိုၿပီေပါ့” ဟု ၎က ေျပာသည္။
ျပည္တြင္း၌ သံမဏိမ်ားကို အရည္အေသြးျပည့္မီစြာထုတ္လုပ္ႏိုင္ေရး အရည္အေသြးစစ္ေဆးရန္ ႏိုင္ငံတကာ အသိအမွတ္ျပဳ ဓာတ္ခြဲခန္းမ်ား ထူေထာင္ႏိုင္ေရးအတြက္ ညႇိႏႈိင္းေဆာင္႐ြက္ေနေၾကာင္း သံမဏိမူဝါဒ ထုတ္ျပန္ ျပ႒ာန္းႏိုင္ေရးႏွင့္ အရည္အေသြးျပည့္မီေသာ သံ၊ သံမဏိမ်ား ထုတ္လုပ္ႏိုင္ေရး ညႇိႏႈိင္းေဆြးေႏြးပြဲ၌ ၾသဂုတ္လ ၃ဝ ရက္က ေဆြးေႏြးခဲ့ၾကသည္။ သို႔ေသာ္ ျပည္တြင္းထုတ္သံမ်ားကလည္း ေဆာက္လုပ္ေရးလုပ္ငန္းအတြက္ အရည္အေသြးစံခ်ိန္မမီေသာ္လည္း လမ္းတည္ေဆာက္ေရးလုပ္ငန္းတြင္သာ အသုံးျပဳႏိုင္ေၾကာင္း ၎က ေျပာ သည္။
H Beam တို႔ ၊I Beamတို႔ Seel Structure အတြက္ ေဆာက္တဲ့ဟာေတြ ဝင္တယ္အဲဒီဟာေတြလည္း အရည္အေသြး မမီတာေတြအမ်ားႀကီးရွိတယ္။ အဲဒီဟာေတြဆို ဘာေတြလိုလဲဆိုရင္ ႏိုင္ငံျခားမွာဆိုရင္ သံခ်င္းတြဲတဲ့ Wearing စက္ရဲ႕အရည္အေသြးတို႔ေနာက္တစ္ခါက်ေတာ့ မူလီေတြဆြဲမယ္။ Blot ေတြ ဘာေတြဆြဲမယ္။ ဘယ္ေလာက္ Pressure နဲ႔ခံတဲ့ Bolt Net ေတြနဲ႔တြဲတာရွိတယ္။ ကြၽန္ေတာ္တို႔ဆီမွာ အားလုံးက လက္တန္းလုပ္တာ Seel Structure ဆိုရင္ ဒီ႐ိုး႐ိုးတန္းတန္း ကန္ထ႐ိုက္သမားကလည္း ရပါတယ္ဆိုၿပီးေတာင္မွ လုပ္တာေပါ့။ ဆိုေတာ့ တကယ္တမ္း တြက္ခ်က္မႈအပိုင္းမွာ ႏွစ္ထပ္အိမ္တို႔ ေလးထပ္ေလာက္ထိေတာ့ ျမင္ဖူးတယ္။ Steel နဲ႔ ေဆာက္တာ အလြယ္လက္တန္းေဆာက္တာ ဝရိန္ေတြတို႔တယ္။ မူလီဆိုလဲ ေတြ႕ကရာမူလီ၊ သူတို႔ထင္တဲ့ မူလီ၊ ေကာင္းတဲ့ မူလီေတြ တကယ္က အဲဒီလိုမူလီေတြ သုံးလို႔မရဘူး။ တကယ္တမ္းသုံးမယ္ဆိုရင္ ဒီအေဆာက္အဦး ဝိတ္ ဘယ္ေလာက္ခံလဲ မူလီရဲ႕ PSI ကဘယ္ေလာက္ရွိရမလဲ။ Net ဆြဲတဲ့အခ်ိန္မွာ ဘယ္ေလာက္ရွိတဲ့ Pressure Gun ၾကပ္ရမယ္တို႔ ရွိတယ္။ ကြၽန္ေတာ္တို႔ဆီမွာ ဘာမွမလိုက္နာဘဲလုပ္ထားတဲ့အတြက္ သံမဏိကလည္း ေစာေစာက ေျပာသလိုအရည္အေသြးမမီတဲ့ဟာေတြ ဝင္တာမ်ားတယ္။ ဒါေတြက အကုန္ႀကီးၾကပ္သင့္တဲ့အထဲမွာ ပါေနတယ္” ဟု ၎က ဆက္လက္ေျပာသည္။ သံႏွင့္ သံမဏိကို တ႐ုတ္ႏိုင္ငံမွ အမ်ားဆုံးတင္သြင္းေနရၿပီး မေလးရွား၊ အီရန္ တို႔မွလည္း တင္သြင္းရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.