Twice အဖွဲ့က Victoria's Secret Fashion Show မှာ ပွဲဦးထွက်ဖျော်ဖြေရတဲ့ ပထမဆုံး K Pop အဖွဲ့ ဖြစ်လာ

130

ရောင်နီ (NP News) - အောက်တိုဘာ ၁၈
K-pop အမျိုးသမီးအဖွဲ့ Twice ဟာ အောက်တိုဘာ ၁၅ ရက်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ပြုလုပ်တဲ့ Victoria's Secret Fashion Show မှာ ပထမဆုံး ဖျော်ဖြေရတဲ့ K-pop အဖွဲ့ဖြစ်လာခဲ့ပါတယ်။
ပွဲမှာ Twice အဖွဲ့ဝင်တွေဖြစ်ကြတဲ့ နာယွန်း၊ မိုမို၊ ဂျီဟိုနဲ့ ကျူဝီကို ပန်းရောင်ဒူးမြင့်အမွေးတွေပါတဲ့ လည်ရှည်ဖိနပ်တွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ပန်းရောင်၊အနက်ရောင် push up bra fashion တွေနဲ့အတူ မြင်တွေ့ရပါတယ်။ ဖျော်ဖြေမှုနဲ့ပတ်သက်ပြီး အသက် ၂၈ နှစ်အရွယ် အဖွဲ့ခေါင်းဆောင် ဂျီဟိုက "ကျွန်မတို့က ပုံမှန်အားဖြင့် အဖွဲ့ဝင် ကိုးယောက်ပါတဲ့ အဖွဲ့တစ်ခုအနေနဲ့ဖျော်ဖြေလေ့ရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ လေးယောက်ပဲ ဖျော်ဖြေနိုင်ခဲ့ပါတယ်။ ဖျော်ဖြေမှုကို လူတိုင်းနှစ်သက်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ပွဲမှာ Twice က " This Is For" နဲ့ "Strategy" အမည်ရှိ သီချင်းတွေနဲ့ဖျော်ဖြေခဲ့ပါတယ်။
အဖွဲ့ဝင် ကျူဝီကတော့ နယူးယော့ခ်ကို မလာခင်မှာ အသံနည်းပြနဲ့ ကောင်းကောင်းလေ့ကျင့်ခဲ့ပေမယ့် ရောက်ပြီးတဲ့နောက်မှာတော့ လည်ချောင်းနာ အခြေအနေ ဆိုးလာခဲ့ကာ ဖျော်ဖြေတဲ့အချိန်မှာ အသံကောင်းကောင်း မထွက်နိုင်တဲ့အတွက် ဝမ်းနည်းကြောင်း တောင်းပန်ခဲ့ပါတယ်။

Zawgyi Version:
Twice အဖြဲ႕က Victoria's Secret Fashion Show မွာ ပြဲဦးထြက္ေဖ်ာ္ေျဖရတဲ့ ပထမဆုံး K Pop အဖြဲ႕ ျဖစ္လာ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၈
K-pop အမ်ိဳးသမီးအဖြဲ႕ Twice ဟာ ေအာက္တိုဘာ ၁၅ ရက္က အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕မွာ ျပဳလုပ္တဲ့ Victoria's Secret Fashion Show မွာ ပထမဆုံး ေဖ်ာ္ေျဖရတဲ့ K-pop အဖြဲ႕ျဖစ္လာခဲ့ပါတယ္။
ပြဲမွာ Twice အဖြဲ႕ဝင္ေတြျဖစ္ၾကတဲ့ နာယြန္း၊ မိုမို၊ ဂ်ီဟိုနဲ႔ က်ဴဝီကို ပန္းေရာင္ဒူးျမင့္အေမြးေတြပါတဲ့ လည္ရွည္ဖိနပ္ေတြနဲ႔ ဆြဲေဆာင္မႈရွိတဲ့ ပန္းေရာင္၊အနက္ေရာင္ push up bra fashion ေတြနဲ႔အတူ ျမင္ေတြ႕ရပါတယ္။ ေဖ်ာ္ေျဖမႈနဲ႔ပတ္သက္ၿပီး အသက္ ၂၈ ႏွစ္အ႐ြယ္ အဖြဲ႕ေခါင္းေဆာင္ ဂ်ီဟိုက "ကြၽန္မတို႔က ပုံမွန္အားျဖင့္ အဖြဲ႕ဝင္ ကိုးေယာက္ပါတဲ့ အဖြဲ႕တစ္ခုအေနနဲ႔ေဖ်ာ္ေျဖေလ့ရွိေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ ေလးေယာက္ပဲ ေဖ်ာ္ေျဖႏိုင္ခဲ့ပါတယ္။ ေဖ်ာ္ေျဖမႈကို လူတိုင္းႏွစ္သက္မယ္လို႔ ေမွ်ာ္လင့္ပါတယ္" လို႔ ေျပာၾကားခဲ့ပါတယ္။
ပြဲမွာ Twice က " This Is For" နဲ႔ "Strategy" အမည္ရွိ သီခ်င္းေတြနဲ႔ေဖ်ာ္ေျဖခဲ့ပါတယ္။
အဖြဲ႕ဝင္ က်ဴဝီကေတာ့ နယူးေယာ့ခ္ကို မလာခင္မွာ အသံနည္းျပနဲ႔ ေကာင္းေကာင္းေလ့က်င့္ခဲ့ေပမယ့္ ေရာက္ၿပီးတဲ့ေနာက္မွာေတာ့ လည္ေခ်ာင္းနာ အေျခအေန ဆိုးလာခဲ့ကာ ေဖ်ာ္ေျဖတဲ့အခ်ိန္မွာ အသံေကာင္းေကာင္း မထြက္ႏိုင္တဲ့အတြက္ ဝမ္းနည္းေၾကာင္း ေတာင္းပန္ခဲ့ပါတယ္။