ကာရေဘီယံပင်လယ်ပြင်မှာ မူးယစ်းဆေးဝါးမှောင်ခိုကူးနေတဲ့ရေငုပ်သင်္ဘောတစ်စီးကို အမေရိကန်စစ်တပ် ဖျက်ဆီး

271

Pika (NP News) - အောက်တိုဘာ ၂၀
အမေရိကန်စစ်တပ်ဟာ ကာရေဘီယံပင်လယ်ပြင်မှာ မူးယစ်းဆေးဝါးမှောင်ခိုကူးနေတဲ့ရေငုပ်သင်္ဘောတစ်စီးကို ဖျက်ဆီးခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကနေစတင်ပြီး ဗင်နီဇွဲလားကနေ မူးယစ်ဆေးဝါးမှောင်ခိုကူးနေတယ်လို့ ယူဆရတဲ့ သင်္ဘော အနည်းဆုံး(၆)စီးကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “အမေရိကန်စစ်တပ်ဟာ မူးယစ်ဆေးဝါးတွေသယ်ဆောင်လာတဲ့ရေငုပ်သင်္ဘောတစ်စီးကို တိုက်ခိုက်ခဲ့ပါတယ်။ ထောက်လှမ်းရေးအချက်အလက်တွေအရ အဲဒါဟာ မူးယစ်ဆေးဝါးတွေသယ်ဆောင်ဖို့ အထူးတည်ဆောက်ထားတဲ့မူးယစ်ဆေးဝါးသယ်ဆောင်ရေး ရေငုပ်သင်္ဘေတစ်စီးပဲဖြစ်ပါတယ်။ ဒီလူတွေဟာ အပြစ်မဲ့ပြည်သူတွေ မဟုတ်ဘူးဆိုတာ အားလုံးလည်း နားလည်လောက်ကြပြီလို့ ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဗင်နီဇွဲလားမြေပေါ်မှာ စစ်ဆင်ရေးတွေလုပ်ဆောင်ဖို့ စီအိုင်အေအဖွဲ့ကို ခွင့်ပြုထားတယ်ဆိုတာကို အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုတိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားခဲ့တာ ပဲဖြစ်ပါတယ်။
ဗင်နီဇွဲလားကမ်းလွန်မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့သင်္ဘောတွေကို အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာ ပင်လယ်ရေကြောင်းကနေ မူးယစ်ဆေးဝါးစီးဆင်းမှုတွေကို ရပ်တန့်စေခဲ့ပြီး လက်ရှိအချိန်မှာ အမေရိကန်ဟာ မြေပြင်မှာ ရှာဖွေမှုတွေကို စတင်လုပ်ဆောင်ရလိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ကာေရဘီယံပင္လယ္ျပင္မွာ မူးယစ္းေဆးဝါးေမွာင္ခိုကူးေနတဲ့ေရငုပ္သေဘၤာတစ္စီးကို အေမရိကန္စစ္တပ္ ဖ်က္ဆီး
Pika (NP News) - ေအာက္တိုဘာ ၂၀
အေမရိကန္စစ္တပ္ဟာ ကာေရဘီယံပင္လယ္ျပင္မွာ မူးယစ္းေဆးဝါးေမွာင္ခိုကူးေနတဲ့ေရငုပ္သေဘၤာတစ္စီးကို ဖ်က္ဆီးခဲ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
ၿပီးခဲ့တဲ့ စက္တင္ဘာလကေနစတင္ၿပီး ဗင္နီဇြဲလားကေန မူးယစ္ေဆးဝါးေမွာင္ခိုကူးေနတယ္လို႔ ယူဆရတဲ့ သေဘၤာ အနည္းဆုံး(၆)စီးကို အေမရိကန္စစ္တပ္က တိုက္ခိုက္ခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “အေမရိကန္စစ္တပ္ဟာ မူးယစ္ေဆးဝါးေတြသယ္ေဆာင္လာတဲ့ေရငုပ္သေဘၤာတစ္စီးကို တိုက္ခိုက္ခဲ့ပါတယ္။ ေထာက္လွမ္းေရးအခ်က္အလက္ေတြအရ အဲဒါဟာ မူးယစ္ေဆးဝါးေတြသယ္ေဆာင္ဖို႔ အထူးတည္ေဆာက္ထားတဲ့မူးယစ္ေဆးဝါးသယ္ေဆာင္ေရး ေရငုပ္သေဘၤတစ္စီးပဲျဖစ္ပါတယ္။ ဒီလူေတြဟာ အျပစ္မဲ့ျပည္သူေတြ မဟုတ္ဘူးဆိုတာ အားလုံးလည္း နားလည္ေလာက္ၾကၿပီလို႔ ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဗင္နီဇြဲလားေျမေပၚမွာ စစ္ဆင္ေရးေတြလုပ္ေဆာင္ဖို႔ စီအိုင္ေအအဖြဲ႕ကို ခြင့္ျပဳထားတယ္ဆိုတာကို အေမရိကန္ သမၼတေဒၚနယ္ထရမ့္က အတည္ျပဳခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုတိုက္ခိုက္မႈေတြ ထပ္မံျဖစ္ပြားခဲ့တာ ပဲျဖစ္ပါတယ္။
ဗင္နီဇြဲလားကမ္းလြန္မွာ မူးယစ္ေဆးဝါးသယ္ေဆာင္လာတဲ့သေဘၤာေတြကို အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြဟာ ပင္လယ္ေရေၾကာင္းကေန မူးယစ္ေဆးဝါးစီးဆင္းမႈေတြကို ရပ္တန႔္ေစခဲ့ၿပီး လက္ရွိအခ်ိန္မွာ အေမရိကန္ဟာ ေျမျပင္မွာ ရွာေဖြမႈေတြကို စတင္လုပ္ေဆာင္ရလိမ့္မယ္လို႔လည္း ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။