မကျီးပင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့ကို သဘာဝဘေးအလွန် စံပြကျေးရွာများဖြစ်အောင် ဆောင်ရွက်ပေးနေ

 240

သန့်ဇင် (NP News) - အောက်တိုဘာ ၂၀
မကျီးပင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့ကို သဘာဝဘေးအလွန် စံပြကျေးရွာများဖြစ်အောင် ဆောက်ရွက်ပေးနေကြောင်း ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက ယမန်နေ့(အောက်တိုဘာ ၁၉ ရက်) နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့်ကျေးရွာများဖြစ်သည့် မကျီးပင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာသို့ သွားရောက်ကြည့်ရှုစဉ် အထက်ပါကဲ့သို့ပြောကြားခဲ့ကြောင်း သိရသည်။
ကျေးရွာများတွင် ရေကြီးရေလျှံမှုများထပ်မံမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်တားဆီးရမည့် နည်းလမ်းများနှင့် အစီအမံများကို ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ကြုံတွေ့နေရသည့်အခက်အခဲများအတွက် စိတ်ဓာတ်မကျရန်နှင့် မိမိတို့အနေဖြင့် ယခုထက်ပိုမိုကောင်းမွန်သည့်လူမှုအသိုက်အဝန်း တစ်ခုသို့ရောက်အောင် အကောင်းဆုံးကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်၊၊
နိုင်ငံတော်က မကျီးပင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့ကို သဘာဝဘေးအလွန် စံပြကျေးရွာများဖြစ်အောင် ငွေကြေးအကုန်ကျခံကာ ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းများကိုဆောင်ရွက်ပေး လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
မိမိတို့အနေဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရေး ဒေသခံပြည်သူများကလည်း စိတ်ဓာတ်ခိုင်ခိုင်မာမာနှင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်မည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားအခွင့်အရေးတစ်ရပ်အနေဖြင့် မဖြစ်မနေမဲပေးကြရန် တိုက်တွန်းလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
မိမိရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးနိုင်မည့် ပုဂ္ဂိုလ်များကိုသာ ရွေးချယ်မဲပေးသင့်ကြောင်း၊ ဒေသခံပြည်သူများအတွက် စိတ်ဓာတ်ခွန်အားရရှိစေမည့် ဖျော်ဖြေရေးအစီအစဉ်များကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်၊၊

Zawgyi Version:
မက်ီးပင္ေက်း႐ြာႏွင့္ ေညာင္ပင္သာေက်း႐ြာတို႔ကို သဘာဝေဘးအလြန္ စံျပေက်း႐ြာမ်ားျဖစ္ေအာင္ ေဆာင္႐ြက္ေပးေန
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၂၀
မက်ီးပင္ေက်း႐ြာႏွင့္ ေညာင္ပင္သာေက်း႐ြာတို႔ကို သဘာဝေဘးအလြန္ စံျပေက်း႐ြာမ်ားျဖစ္ေအာင္ ေဆာက္႐ြက္ေပးေနေၾကာင္း ျပန္ၾကားေရးႏွင့္တိုးတက္ခိုင္မာအားေကာင္းသည့္ လူမႈအသိုက္အဝန္း ေဖာ္ေဆာင္ေရးလုပ္ငန္းေကာ္မတီဥကၠ႒၊ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျပည္ေထာင္စုဝန္ႀကီးက ယမန္ေန႔(ေအာက္တိုဘာ ၁၉ ရက္) နံနက္ပိုင္းက ေနျပည္ေတာ္ တပ္ကုန္းၿမိဳ႕နယ္အတြင္းရွိ သဘာဝေဘးဒဏ္သင့္ေက်း႐ြာမ်ားျဖစ္သည့္ မက်ီးပင္ေက်း႐ြာႏွင့္ ေညာင္ပင္သာေက်း႐ြာသို႔ သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ေက်း႐ြာမ်ားတြင္ ေရႀကီးေရလွ်ံမႈမ်ားထပ္မံမျဖစ္ေပၚေစေရး ႀကိဳတင္ကာကြယ္တားဆီးရမည့္ နည္းလမ္းမ်ားႏွင့္ အစီအမံမ်ားကို ဌာနဆိုင္ရာမ်ားႏွင့္ ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ႀကဳံေတြ႕ေနရသည့္အခက္အခဲမ်ားအတြက္ စိတ္ဓာတ္မက်ရန္ႏွင့္ မိမိတို႔အေနျဖင့္ ယခုထက္ပိုမိုေကာင္းမြန္သည့္လူမႈအသိုက္အဝန္း တစ္ခုသို႔ေရာက္ေအာင္ အေကာင္းဆုံးႀကိဳးစားေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္၊၊
ႏိုင္ငံေတာ္က မက်ီးပင္ေက်း႐ြာႏွင့္ ေညာင္ပင္သာေက်း႐ြာတို႔ကို သဘာဝေဘးအလြန္ စံျပေက်း႐ြာမ်ားျဖစ္ေအာင္ ေငြေၾကးအကုန္က်ခံကာ ျပန္ၾကားေရးႏွင့္ တိုးတက္ခိုင္မာအားေကာင္းသည့္ လူမႈအသိုက္အဝန္းေဖာ္ေဆာင္ေရး လုပ္ငန္းမ်ားကိုေဆာင္႐ြက္ေပး လ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
မိမိတို႔အေနျဖင့္ ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေကာင္းမြန္ေအာင္ ေဆာင္႐ြက္ေပးႏိုင္ေရး ေဒသခံျပည္သူမ်ားကလည္း စိတ္ဓာတ္ခိုင္ခိုင္မာမာႏွင့္ ညီညီၫြတ္ၫြတ္ ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္ၾကမွသာ ေအာင္ျမင္မည္ျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ျပင္ မၾကာမီက်င္းပမည့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတြင္ ႏိုင္ငံသားအခြင့္အေရးတစ္ရပ္အေနျဖင့္ မျဖစ္မေနမဲေပးၾကရန္ တိုက္တြန္းလိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
မိမိရပ္႐ြာေဒသ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ေဆာင္႐ြက္ေပးႏိုင္မည့္ ပုဂၢိဳလ္မ်ားကိုသာ ေ႐ြးခ်ယ္မဲေပးသင့္ေၾကာင္း၊ ေဒသခံျပည္သူမ်ားအတြက္ စိတ္ဓာတ္ခြန္အားရရွိေစမည့္ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ားကိုလည္း စီစဥ္ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္၊၊

Related news

© 2021. All rights reserved.