မဲပေးရွေးချယ်ရာတွင် ကိုယ်စားလှယ်များသည် အမှန်တကယ်တိုင်းပြည် နှင့် ဒေသအကျိုးအတွက်ဆောင်ရွက်နိုင်သူများဖြစ်ရန်လို

152

သန့်ဇင် (NP News) - အောက်တိုဘာ ၂ဝ
လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို မဲပေးရွေးချယ်ရာတွင် ယှဉ်ပြိုင်သူများသည် အမှန်တကယ်တိုင်းပြည်နှင့် ဒေသအကျိုးအတွက်ဆောင်ရွက်နိုင်သူများဖြစ်ရန်လိုကြောင်း ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့( အောက်တိုဘာ ၁၉ ရက်) မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိမိတို့အနေဖြင့် ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ် များကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပချိန်တွင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ရွေးကောက်ပွဲကို မဲမသမာမှုပြုလုပ်၍မရနိုင်သည့် မြန်မာအီလက်ထရော နစ်မဲပေးစနစ်(MEVM) များဖြင့် မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
မဲပေးရွေးချယ်ရာတွင် ကိုယ်စားလှယ်များသည် ဒို့တာဝန်အရေးသုံးပါးကို အလေးထားစောင့်ထိန်းသူ၊ နိုင်ငံရေးအမြင်၊ လုံခြုံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေး အမြင်များရှိသူများ ဖြစ်ရန်လိုပြီးအမှန်တကယ်တိုင်းပြည်နှင့် ဒေသအကျိုးအတွက်ဆောင်ရွက်နိုင်သည့်သူများဖြစ်ရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က ဆိုသည်။
ရွေးကောက်ပွဲသည် နိုင်ငံအတွက်အရေးကြီးသဖြင့် ရွေးကောက်ပွဲအောင်မြင်စေရေးအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version:
မဲေပးေ႐ြးခ်ယ္ရာတြင္ ကိုယ္စားလွယ္မ်ားသည္ အမွန္တကယ္တိုင္းျပည္ ႏွင့္ ေဒသအက်ိဳးအတြက္ေဆာင္႐ြက္ႏိုင္သူမ်ားျဖစ္ရန္လို
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၂ဝ
လာမည့္ေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္းမ်ားကို မဲေပးေ႐ြးခ်ယ္ရာတြင္ ယွဥ္ၿပိဳင္သူမ်ားသည္ အမွန္တကယ္တိုင္းျပည္ႏွင့္ ေဒသအက်ိဳးအတြက္ေဆာင္႐ြက္ႏိုင္သူမ်ားျဖစ္ရန္လိုေၾကာင္း ယာယီသမၼတႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔( ေအာက္တိုဘာ ၁၉ ရက္) မြန္းလြဲပိုင္းက ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕ရွိ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားႏွင့္ ရပ္မိရပ္ဖမ်ားအား ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ားအား ေဆြးေႏြးေျပာၾကားစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မိမိတို႔အေနျဖင့္ ဒီဇင္ဘာလအတြင္း လြတ္လပ္ၿပီး တရားမွ်တသည့္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရး ျပင္ဆင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ေ႐ြးေကာက္ပြဲကို အပိုင္းလိုက္က်င္းပျပဳလုပ္သြားမည္ျဖစ္ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေ႐ြးေကာက္ပြဲမက်င္းပႏိုင္သည့္ ၿမိဳ႕နယ္ မ်ားကို ၾကားျဖတ္ေ႐ြးေကာက္ပြဲက်င္းပခ်ိန္တြင္ ဆက္လက္ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ေ႐ြးေကာက္ပြဲကို မဲမသမာမႈျပဳလုပ္၍မရႏိုင္သည့္ ျမန္မာအီလက္ထေရာ နစ္မဲေပးစနစ္(MEVM) မ်ားျဖင့္ မဲေပးႏိုင္ေရး ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
မဲေပးေ႐ြးခ်ယ္ရာတြင္ ကိုယ္စားလွယ္မ်ားသည္ ဒို႔တာဝန္အေရးသုံးပါးကို အေလးထားေစာင့္ထိန္းသူ၊ ႏိုင္ငံေရးအျမင္၊ လုံၿခဳံေရးအျမင္၊ စီးပြားေရးအျမင္၊ အုပ္ခ်ဳပ္ေရး အျမင္မ်ားရွိသူမ်ား ျဖစ္ရန္လိုၿပီးအမွန္တကယ္တိုင္းျပည္ႏွင့္ ေဒသအက်ိဳးအတြက္ေဆာင္႐ြက္ႏိုင္သည့္သူမ်ားျဖစ္ရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္ေအာင္လႈိင္က ဆိုသည္။
ေ႐ြးေကာက္ပြဲသည္ ႏိုင္ငံအတြက္အေရးႀကီးသျဖင့္ ေ႐ြးေကာက္ပြဲေအာင္ျမင္ေစေရးအားလုံး ပူးေပါင္းပါဝင္ ေဆာင္႐ြက္ေပးၾကေစလိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္ေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။