OWIC ကတ်အခက်အခဲကြောင့် ရုရှားသို့ လုပ်သား (၆၀၀)ကျော်စေလွှတ်မည့်စီမံချက် ပျက်ပြယ်သွားနိုင်

521

Pearl (NP News)-အောက်တိုဘာ၂၂
OWIC ကတ်အခက်အခဲကြောင့် ရုရှားသို့ လုပ်သား (၆၀၀)ကျော်စေလွှတ်မည့်စီမံချက် ပျက်ပြယ်သွားနိုင်ကြောင်း ရုရှားအလုပ်အကိုင်ရှာဖွေ ရေးလုပ်ငန်းများနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့် မတ်လနှင့် ဧပြီလတွင် ရုရှားနိုင်ငံသို့ မြန်မာလုပ်သား (၅၄) ဦးကို Pilot Project အနေဖြင့် ပထမဆုံးအကြိမ်စေလွှတ်ခဲ့ပြီး လုပ်သား (၂၂၀) ဦးကို ထပ်မံစေလွှတ်ရန် ဗီဇာ ရရှိရေး စောင့်ဆိုင်းနေရာ လုပ်သား (၄၀)ကျော် အတွက် ဗီဇာရရှိပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗီဇာရရှိသူ (၄၀)ကျော်အနက် ဗီဇာ Invitation တွင် ပါသည့်ရက်အတိုင်း အောက်တိုဘာလ (၁၆)ရက် ညပိုင်း၌ (၁၁)ဦးကို ကနဦးစေလွှတ်ရန် စီစဉ်ဆောင်ရွက်ခဲ့ရာ ပြည်ပသို့အလုပ်ဖြင့် ထွက်ခွာရန် အဓိကကျသည့် OWIC ကတ်များ မထုတ်ပေးသည့်အတွက် ခရီးစဉ်ကို ပယ်ဖျက်ခဲ့ရကြောင်း သိရသည်။
“၂၂၀ မှာ ဗီဇာ ကျတာ (၄၀)ကျော်လောက်တော့ရှိနေပြီ။ သူတို့ဘက်ကတော့ သူတို့ ဗီဇာ Invitation မှာပါလာတဲ့ရက်စွဲအရ (၁၁)ယောက်ကတော့ မဖြစ်မနေလွှတ်မှ ရမယ်ဆိုပြီး (၁၁)ယောက် အရင် လွှတ်ပေးဖို့စာတင်တာကို မရတာ။ OWIC ပဲ လိုတာ ကျန်တာ ဘာမှ မလိုတော့ဘူး။ လေယာဉ်လက်မှတ် တောင်ပို့ပေးထားတာ အဲဒါတွေလည်း Cancel။ OWIC မကျတဲ့အတွက်ကြောင့်မို့ ဘာမှ လုပ်မရတာပါ့။ အစ်မတို့ ကတော့ စာတွေ တင်ထားတာ ။ ဝန်ကြီးရုံးရော အလုပ်သမားညွှန်ကြားမှူးဦးစီးဌာန ကိုရော အသီးသီး လိုက်မေးတယ်။ ဒါပေမဲ့ အမစာ ဘယ်နားရောက်နေလဲကို မသိဘူး။ ဒီတစ်ခေါက်တော့ တော်တော်လေး အံ့အားသင့်တယ်။ နိုင်ငံတော် စီမံချက်အနေနဲ့ ဒါကို သေချာလေး စီစဉ်ပြီး လုပ်ထားတာအများ ကြီးပဲ။(၁၆)ရက်နေ့ည သွားဖို့ဆိုပြီး နယ်အသီးသီးက တကယ့် စစ်ဘေးရှောင်နယ်မြေက တက်လာရဲ့လူရှိတယ်။ အဲဒီမိသားစုဝင်တွေဆို ဘာဆက်လုပ်လို့လုပ်ရမှန်းမသိဘူး။” ဟု ရုရှားအလုပ်အကိုင်ရှာဖွေ ရေးလုပ်ငန်းများနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် ရုရှားနိုင်ငံမှ လုပ်ငန်းရှင်ထံ လာမည့် အောက်တိုဘာ (၂၃)ရက်အထိ စောင့်ဆိုင်းပေးရန်တင်ပြထားကာ OWIC ကတ်များ ရရှိရေးအတွက်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ အသနားခံစားများတင်ပြ ထားပြီး လာမည့် အောက်တိုဘာ (၂၃)ရက်အထိ အဆိုပါ လုပ်သား (၁၁)ဦးကို မစေလွှတ်နိုင်ပါက ရုရှားနိုင်ငံသို့ လုပ်သား (၆၀၀) ကျော် စေလွှတ်မည့် စီမံချက် တစ်ခုလုံး ပယ်ပျက်သွားနိုင်ကြောင်းလည်း သိရသည်။
“အခု On The Margin ဖြစ်နေတယ်။ ထပ်ပြီးတော့ ရက်တိုးထားတယ်။ ဒီလ (၂၃)ရက်နေ့အထိ ရက်တိုးထား တယ်။ (၂၃၊ ၂၄) မှ မပို့နိုင်ရင် ဒီစီမံချက်တစ်ခုလုံး Cancel ။ ရုရှားနိုင်ငံဘက်ကလည်း မြန်မာနိုင်ငံဘက်က မရလည်း တခြားနိုင်ငံဘက်က ခေါ်သွားမယ် ။ ကြားထဲကနေ တောင်းပန်ထားတဲ့အတွက်ကြောင့်မို့ သူတို့က (၁၀)ရက်တော့ စောင့်ပေးထားတယ်။ တကယ်လို့သာ (၂၃၊ ၂၄)သာ မပို့နိုင်ခဲ့ရင် စီမံချက်ပျက်လောက်တယ်။ သူတို့ဘက်က အခု (၂၂၀) တင်မကဘူး။ အမျိုးသမီး (၇၅)ယောက်အပြင် အမျိုးသား (၃၅၀) ပါ ထပ်ခေါ်ချင်ပါ တယ်ဆိုတဲ့ Demand တွေကအစ ပို့ပြီးသွားပြီ။ အားလုံးပေါင်း (၆၄၅)ယောက်ရှိတယ်။အခု (၁၁)ယောက် Cancel ဖြစ်ရင် အကုန် Cancel ဖြစ်မှာ။ ဒီဘက်မှာလည်းတောင်းပန်စာတွေ အသနားခံစာတွေ ရေးတင်ထားသလို ဟိုဘက်နိုင်ငံကိုလည်း ပြောထားတယ်။ သူတို့ကတော့ (၂၃၊ ၂၄) မှ မရရင် ဒီစီမံချက်ကို သူတို့ ထပ်ခေါ်မှာမဟုတ်ဘူးလို့ ပြောပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
OWIC ကတ္အခက္အခဲေၾကာင့္ ႐ုရွားသို႔ လုပ္သား (၆၀၀)ေက်ာ္ေစလႊတ္မည့္စီမံခ်က္ ပ်က္ျပယ္သြားႏိုင္
Pearl (NP News)-ေအာက္တိုဘာ၂၂
OWIC ကတ္အခက္အခဲေၾကာင့္ ႐ုရွားသို႔ လုပ္သား (၆၀၀)ေက်ာ္ေစလႊတ္မည့္စီမံခ်က္ ပ်က္ျပယ္သြားႏိုင္ေၾကာင္း ႐ုရွားအလုပ္အကိုင္ရွာေဖြ ေရးလုပ္ငန္းမ်ားႏွင့္ နီးစပ္သူတစ္ဦးက The Statesman ဂ်ာနယ္သို႔ေျပာသည္။
ၿပီးခဲ့သည့္ မတ္လႏွင့္ ဧၿပီလတြင္ ႐ုရွားႏိုင္ငံသို႔ ျမန္မာလုပ္သား (၅၄) ဦးကို Pilot Project အေနျဖင့္ ပထမဆုံးအႀကိမ္ေစလႊတ္ခဲ့ၿပီး လုပ္သား (၂၂၀) ဦးကို ထပ္မံေစလႊတ္ရန္ ဗီဇာ ရရွိေရး ေစာင့္ဆိုင္းေနရာ လုပ္သား (၄၀)ေက်ာ္ အတြက္ ဗီဇာရရွိၿပီးျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ဗီဇာရရွိသူ (၄၀)ေက်ာ္အနက္ ဗီဇာ Invitation တြင္ ပါသည့္ရက္အတိုင္း ေအာက္တိုဘာလ (၁၆)ရက္ ညပိုင္း၌ (၁၁)ဦးကို ကနဦးေစလႊတ္ရန္ စီစဥ္ေဆာင္႐ြက္ခဲ့ရာ ျပည္ပသို႔အလုပ္ျဖင့္ ထြက္ခြာရန္ အဓိကက်သည့္ OWIC ကတ္မ်ား မထုတ္ေပးသည့္အတြက္ ခရီးစဥ္ကို ပယ္ဖ်က္ခဲ့ရေၾကာင္း သိရသည္။
“၂၂၀ မွာ ဗီဇာ က်တာ (၄၀)ေက်ာ္ေလာက္ေတာ့ရွိေနၿပီ။ သူတို႔ဘက္ကေတာ့ သူတို႔ ဗီဇာ Invitation မွာပါလာတဲ့ရက္စြဲအရ (၁၁)ေယာက္ကေတာ့ မျဖစ္မေနလႊတ္မွ ရမယ္ဆိုၿပီး (၁၁)ေယာက္ အရင္ လႊတ္ေပးဖို႔စာတင္တာကို မရတာ။ OWIC ပဲ လိုတာ က်န္တာ ဘာမွ မလိုေတာ့ဘူး။ ေလယာဥ္လက္မွတ္ ေတာင္ပို႔ေပးထားတာ အဲဒါေတြလည္း Cancel။ OWIC မက်တဲ့အတြက္ေၾကာင့္မို႔ ဘာမွ လုပ္မရတာပါ့။ အစ္မတို႔ ကေတာ့ စာေတြ တင္ထားတာ ။ ဝန္ႀကီး႐ုံးေရာ အလုပ္သမားၫႊန္ၾကားမႉးဦးစီးဌာန ကိုေရာ အသီးသီး လိုက္ေမးတယ္။ ဒါေပမဲ့ အမစာ ဘယ္နားေရာက္ေနလဲကို မသိဘူး။ ဒီတစ္ေခါက္ေတာ့ ေတာ္ေတာ္ေလး အံ့အားသင့္တယ္။ ႏိုင္ငံေတာ္ စီမံခ်က္အေနနဲ႔ ဒါကို ေသခ်ာေလး စီစဥ္ၿပီး လုပ္ထားတာအမ်ား ႀကီးပဲ။(၁၆)ရက္ေန႔ည သြားဖို႔ဆိုၿပီး နယ္အသီးသီးက တကယ့္ စစ္ေဘးေရွာင္နယ္ေျမက တက္လာရဲ႕လူရွိတယ္။ အဲဒီမိသားစုဝင္ေတြဆို ဘာဆက္လုပ္လို႔လုပ္ရမွန္းမသိဘူး။” ဟု ႐ုရွားအလုပ္အကိုင္ရွာေဖြ ေရးလုပ္ငန္းမ်ားႏွင့္ နီးစပ္သူတစ္ဦးက The Statesman ဂ်ာနယ္သို႔ေျပာသည္။
လက္ရွိတြင္ ႐ုရွားႏိုင္ငံမွ လုပ္ငန္းရွင္ထံ လာမည့္ ေအာက္တိုဘာ (၂၃)ရက္အထိ ေစာင့္ဆိုင္းေပးရန္တင္ျပထားကာ OWIC ကတ္မ်ား ရရွိေရးအတြက္လည္း သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားသို႔ အသနားခံစားမ်ားတင္ျပ ထားၿပီး လာမည့္ ေအာက္တိုဘာ (၂၃)ရက္အထိ အဆိုပါ လုပ္သား (၁၁)ဦးကို မေစလႊတ္ႏိုင္ပါက ႐ုရွားႏိုင္ငံသို႔ လုပ္သား (၆၀၀) ေက်ာ္ ေစလႊတ္မည့္ စီမံခ်က္ တစ္ခုလုံး ပယ္ပ်က္သြားႏိုင္ေၾကာင္းလည္း သိရသည္။
“အခု On The Margin ျဖစ္ေနတယ္။ ထပ္ၿပီးေတာ့ ရက္တိုးထားတယ္။ ဒီလ (၂၃)ရက္ေန႔အထိ ရက္တိုးထား တယ္။ (၂၃၊ ၂၄) မွ မပို႔ႏိုင္ရင္ ဒီစီမံခ်က္တစ္ခုလုံး Cancel ။ ႐ုရွားႏိုင္ငံဘက္ကလည္း ျမန္မာႏိုင္ငံဘက္က မရလည္း တျခားႏိုင္ငံဘက္က ေခၚသြားမယ္ ။ ၾကားထဲကေန ေတာင္းပန္ထားတဲ့အတြက္ေၾကာင့္မို႔ သူတို႔က (၁၀)ရက္ေတာ့ ေစာင့္ေပးထားတယ္။ တကယ္လို႔သာ (၂၃၊ ၂၄)သာ မပို႔ႏိုင္ခဲ့ရင္ စီမံခ်က္ပ်က္ေလာက္တယ္။ သူတို႔ဘက္က အခု (၂၂၀) တင္မကဘူး။ အမ်ိဳးသမီး (၇၅)ေယာက္အျပင္ အမ်ိဳးသား (၃၅၀) ပါ ထပ္ေခၚခ်င္ပါ တယ္ဆိုတဲ့ Demand ေတြကအစ ပို႔ၿပီးသြားၿပီ။ အားလုံးေပါင္း (၆၄၅)ေယာက္ရွိတယ္။အခု (၁၁)ေယာက္ Cancel ျဖစ္ရင္ အကုန္ Cancel ျဖစ္မွာ။ ဒီဘက္မွာလည္းေတာင္းပန္စာေတြ အသနားခံစာေတြ ေရးတင္ထားသလို ဟိုဘက္ႏိုင္ငံကိုလည္း ေျပာထားတယ္။ သူတို႔ကေတာ့ (၂၃၊ ၂၄) မွ မရရင္ ဒီစီမံခ်က္ကို သူတို႔ ထပ္ေခၚမွာမဟုတ္ဘူးလို႔ ေျပာပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။