နိုင်ငံတော်မှ ထောက်ပံ့ပေးထားသည့် ကင်ဆာရောဂါကုထုံးဆေးများကိုမပေးဘဲ အပြင်မှ ဝယ်ယူခိုင်း ပါက တိုင်ကြားနိုင်

 812

Pearl (NP News) - အောက်တိုဘာ ၂၄

နိုင်ငံတော်မှ ထောက်ပံ့ပေးထားသည့် ကင်ဆာရောဂါကုထုံးဆေးများကို မပေးဘဲ အပြင်မှ ဝယ်ယူခိုင်းပါက တိုင်ကြားနိုင်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက NP News မှတစ်ဆင့် ပြောကြားထားသည်။
နိုင်ငံတော်အနေဖြင့် ကင်ဆာရောဂါကုသဆေးများကို နှစ်စဉ် ဘီလျံများစွာ အကုန်အကျခံ ဝယ် ယူတင်သွင်းပေးထားပြီး ကင်ဆာရောဂါ ဝေဒနာ ရှင်များအတွက် အခမဲ့ကုသပေးလျက်ရှိကာ ရောဂါ ဝေဒနာရှင်များအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားခြင်းမရှိသည့် ဆေးဝါးအချို့ကိုသာ ဝယ် ယူသုံးစွဲရခြင်းဖြစ်ကြောင်း သိရသည်။
“ကင်ဆာမှာ အဓိကသွင်းတဲ့ဆေးရှိတယ်။ နောက် ရောဂါလက္ခဏာသက်သာအောင် သွင်းတဲ့ ဆေးရှိတယ်။ အဓိက ကင်ဆာဆေးဝါးတွေက နိုင်ငံတော်က ပေးကိုပေးတယ်။ အဲဒီမှာ လူနာရဲ့ လက္ခ ဏာပေါ်မူတည်ပြီးတော့ ထပ်ပြီးတော့ နိုင်ငံတော် ဘဏ္ဍာငွေနဲ့ဝယ်ယူထားခြင်း မရှိတဲ့‌ဆေးဝါးပေါ့ အဲဒါ မျိုးဆိုရင်တော့ ပြည်သူထုက ဝယ်ရတာရှိတယ်။ များသောအားဖြင့်တော့ ကင်ဆာဆေးတော်တော် များများက ဘီလျံတွေ အများကြီးကို စိုက်ပြီးတော့ ဝယ်ပေးထားပါတယ်။ အဓိက ကင်ဆာဆေးဝါးကို မရဘူးဆိုရင် ဘယ်ဆေးရုံက မရဘူးလဲ ပြောလို့ရပါတယ်။ ကင်ဆာဆေးသွားသွင်းတယ် နိုင်ငံတော်က ထောက်ပံ့ပေးထားတဲ့အမျိုးအစားဖြစ်တာကို ဆေးရုံကမပေးဘဲ အပြင်မှာ ဝယ်ခိုင်းနေပါတယ်ဆိုရင် ဒါကို ထိန်းကျောင်းတည့်မတ်ပေးပါမယ်” ဟု ဒေါက်တာသန်းနိုင်စိုးက NP News သို့ ပြောသည်။
လက်ရှိတွင် ကင်ဆာရောဂါနှင့်ပတ်သက် သည့်ဆေးဝါးများကို အိန္နိယနိုင်ငံ ၊ ရုရှားနိုင်ငံတို့မှ ဝယ် ယူတင်သွင်းလျက်ရှိပြီး 64 Slides CT Scan ၊ ဆေးခန်းသုံးကိရိယာနှင့် ကင်ဆာရောဂါ ကုထုံးဆေး တို့ ကို အစိုးရဆေးရုံသုံးအတွက်နှင့် ပုဂ္ဂလိက ဆေးရုံသုံးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆေးနှင့် ဆေး ပစ္စည်း လုပ်ငန်းရှင်များအသင်းအဖွဲ့တို့က ဘယ်လာရုစ်နိုင်ငံမှ ထပ်မံဝယ်ယူတင်သွင်းရန် စီစဉ်နေ ကြောင်းလည်း သိရသည်။
“ဘတ်ဂျက်ကတော့ ကျန်းမာရေးဝန်ကြီး ဌာနအနေနဲ့ကတော့ နိုင်ငံ့ဘဏ္ဍာနှင့်လည်းကောင်း ပုဂ္ဂလိက ကဏ္ဍအနေနဲ့ကတော့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု private finance နဲ့ ဝယ်ယူရန်ရှိပါတယ်။ ဘယ် လာရုစ်နိုင်ငံနဲ့ ဆေးဝါးပူးပေါင်းထုတ်လုပ်ရန် အစီအစဉ်လည်း ရှိပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က NP News သို့ ပြောသည်။

Zawgyi Version:
ႏိုင္ငံေတာ္မွ ေထာက္ပံ့ေပးထားသည့္ ကင္ဆာေရာဂါကုထုံးေဆးမ်ားကိုမေပးဘဲ အျပင္မွ ဝယ္ယူခိုင္း ပါက တိုင္ၾကားႏိုင္
Pearl (NP News) - ေအာက္တိုဘာ ၂၄
ႏိုင္ငံေတာ္မွ ေထာက္ပံ့ေပးထားသည့္ ကင္ဆာေရာဂါကုထုံးေဆးမ်ားကို မေပးဘဲ အျပင္မွ ဝယ္ယူခိုင္းပါက တိုင္ၾကားႏိုင္ေၾကာင္း က်န္းမာ ေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ သန္းႏိုင္စိုးက NP News မွတစ္ဆင့္ ေျပာၾကားထားသည္။
ႏိုင္ငံေတာ္အေနျဖင့္ ကင္ဆာေရာဂါကုသေဆးမ်ားကို ႏွစ္စဥ္ ဘီလ်ံမ်ားစြာ အကုန္အက်ခံ ဝယ္ ယူတင္သြင္းေပးထားၿပီး ကင္ဆာေရာဂါ ေဝဒနာ ရွင္မ်ားအတြက္ အခမဲ့ကုသေပးလ်က္ရွိကာ ေရာဂါ ေဝဒနာရွင္မ်ားအေနျဖင့္ ႏိုင္ငံေတာ္ဘ႑ာေငြျဖင့္ ဝယ္ယူထားျခင္းမရွိသည့္ ေဆးဝါးအခ်ိဳ႕ကိုသာ ဝယ္ ယူသုံးစြဲရျခင္းျဖစ္ေၾကာင္း သိရသည္။
“ကင္ဆာမွာ အဓိကသြင္းတဲ့ေဆးရွိတယ္။ ေနာက္ ေရာဂါလကၡဏာသက္သာေအာင္ သြင္းတဲ့ ေဆးရွိတယ္။ အဓိက ကင္ဆာေဆးဝါးေတြက ႏိုင္ငံေတာ္က ေပးကိုေပးတယ္။ အဲဒီမွာ လူနာရဲ႕ လကၡ ဏာေပၚမူတည္ၿပီးေတာ့ ထပ္ၿပီးေတာ့ ႏိုင္ငံေတာ္ ဘ႑ာေငြနဲ႔ဝယ္ယူထားျခင္း မရွိတဲ့‌ေဆးဝါးေပါ့ အဲဒါ မ်ိဳးဆိုရင္ေတာ့ ျပည္သူထုက ဝယ္ရတာရွိတယ္။ မ်ားေသာအားျဖင့္ေတာ့ ကင္ဆာေဆးေတာ္ေတာ္ မ်ားမ်ားက ဘီလ်ံေတြ အမ်ားႀကီးကို စိုက္ၿပီးေတာ့ ဝယ္ေပးထားပါတယ္။ အဓိက ကင္ဆာေဆးဝါးကို မရဘူးဆိုရင္ ဘယ္ေဆး႐ုံက မရဘူးလဲ ေျပာလို႔ရပါတယ္။ ကင္ဆာေဆးသြားသြင္းတယ္ ႏိုင္ငံေတာ္က ေထာက္ပံ့ေပးထားတဲ့အမ်ိဳးအစားျဖစ္တာကို ေဆး႐ုံကမေပးဘဲ အျပင္မွာ ဝယ္ခိုင္းေနပါတယ္ဆိုရင္ ဒါကို ထိန္းေက်ာင္းတည့္မတ္ေပးပါမယ္” ဟု ေဒါက္တာသန္းႏိုင္စိုးက NP News သို႔ ေျပာသည္။
လက္ရွိတြင္ ကင္ဆာေရာဂါႏွင့္ပတ္သက္ သည့္ေဆးဝါးမ်ားကို အိႏၷိယႏိုင္ငံ ၊ ႐ုရွားႏိုင္ငံတို႔မွ ဝယ္ ယူတင္သြင္းလ်က္ရွိၿပီး 64 Slides CT Scan ၊ ေဆးခန္းသုံးကိရိယာႏွင့္ ကင္ဆာေရာဂါ ကုထုံးေဆး တို႔ ကို အစိုးရေဆး႐ုံသုံးအတြက္ႏွင့္ ပုဂၢလိက ေဆး႐ုံသုံးအတြက္ က်န္းမာေရးဝန္ႀကီးဌာနႏွင့္ ေဆးႏွင့္ ေဆး ပစၥည္း လုပ္ငန္းရွင္မ်ားအသင္းအဖြဲ႕တို႔က ဘယ္လာ႐ုစ္ႏိုင္ငံမွ ထပ္မံဝယ္ယူတင္သြင္းရန္ စီစဥ္ေန ေၾကာင္းလည္း သိရသည္။
“ဘတ္ဂ်က္ကေတာ့ က်န္းမာေရးဝန္ႀကီး ဌာနအေနနဲ႔ကေတာ့ ႏိုင္ငံ့ဘ႑ာႏွင့္လည္းေကာင္း ပုဂၢလိက က႑အေနနဲ႔ကေတာ့ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈ private finance နဲ႔ ဝယ္ယူရန္ရွိပါတယ္။ ဘယ္ လာ႐ုစ္ႏိုင္ငံနဲ႔ ေဆးဝါးပူးေပါင္းထုတ္လုပ္ရန္ အစီအစဥ္လည္း ရွိပါတယ္” ဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခား စီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝါဝါေမာင္က NP News သို႔ ေျပာသည္။

Related news

© 2021. All rights reserved.