ယူကရိန်းရထားဘူတာရုံတစ်ခုမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၄)ဦးသေဆုံး

 225

Pika (NP News) - အောက်တိုဘာ ၂၆

ယူကရိန်းနိုင်ငံမြောက်ပိုင်း ရထားဘူတာရုံတစ်ခုမှာ အမျိုးသားတစ်ဦးက ပေါက်ကွဲစေတဲ့ပစ္စည်းတစ်ခုကို ဖောက်ခွဲ ခဲ့တာကြောင့် အနည်းဆုံးလူ(၄)ဦးသေဆုံးပြီး အခြားလူ(၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရထားဘေးနားက ပလက်ဖောင်းတစ်ခုမှာ တာဝန်ရှိသူတွေက စာရွက်စာတမ်းစစ်ဆေးနေစဉ် ယခုလို ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ တာဝန်ရှိသူတစ်ဦးက “Ovruch ရထားဘူတာရုံရဲ့ ထိန်းချုပ်ထားတဲ့နယ်စပ်ဧရိယာမှာ စာရွက်စာတမ်းစစ်ဆေးနေစဉ် အမျိုးသားတစ်ဦးက ယခုလိုဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် အနည်းဆုံးလူ(၄)ဦးသေဆုံးပြီး အခြားလူ(၁၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါ တယ်” လို့ ပြောခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှာ အမျိုးသမီး(၃)ဦးသေဆုံးခဲ့ပြီး အသက်(၂၃)နှစ်အရွယ်အမျိုးသားတစ်ဦးကတော့ ဆေးရုံမှာ ကုသမှုတွေ ခံယူနေစဉ်အချိန်အတွင်း သေဆုံးသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီအမျိုးသား ဟာ လက်ပစ်ဗုံးတစ်လုံးကို ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ယူကရိန်းမီဒီယာတွေက ရေးသားဖော်ပြထားပေမယ့်လည်း ဘယ်လိုဖောက်ခွဲရေးပစ္စည်းမျိုးဖြစ်တယ်ဆိုတာကို လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးဘူးလို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းရထားဘူတာ႐ုံတစ္ခုမွာ ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၄)ဦးေသဆုံး
Pika (NP News) - ေအာက္တိုဘာ ၂၆
ယူကရိန္းႏိုင္ငံေျမာက္ပိုင္း ရထားဘူတာ႐ုံတစ္ခုမွာ အမ်ိဳးသားတစ္ဦးက ေပါက္ကြဲေစတဲ့ပစၥည္းတစ္ခုကို ေဖာက္ခြဲ ခဲ့တာေၾကာင့္ အနည္းဆုံးလူ(၄)ဦးေသဆုံးၿပီး အျခားလူ(၁၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။
ရထားေဘးနားက ပလက္ေဖာင္းတစ္ခုမွာ တာဝန္ရွိသူေတြက စာ႐ြက္စာတမ္းစစ္ေဆးေနစဥ္ ယခုလို ေပါက္ကြဲမႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ တာဝန္ရွိသူတစ္ဦးက “Ovruch ရထားဘူတာ႐ုံရဲ႕ ထိန္းခ်ဳပ္ထားတဲ့နယ္စပ္ဧရိယာမွာ စာ႐ြက္စာတမ္းစစ္ေဆးေနစဥ္ အမ်ိဳးသားတစ္ဦးက ယခုလိုေဖာက္ခြဲမႈကို လုပ္ေဆာင္ခဲ့တာပါ။ ေပါက္ကြဲမႈေၾကာင့္ အနည္းဆုံးလူ(၄)ဦးေသဆုံးၿပီး အျခားလူ(၁၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ပါ တယ္” လို႔ ေျပာခဲ့ပါတယ္။
ေပါက္ကြဲမႈျဖစ္ပြားရာေနရာမွာ အမ်ိဳးသမီး(၃)ဦးေသဆုံးခဲ့ၿပီး အသက္(၂၃)ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးကေတာ့ ေဆး႐ုံမွာ ကုသမႈေတြ ခံယူေနစဥ္အခ်ိန္အတြင္း ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီအမ်ိဳးသား ဟာ လက္ပစ္ဗုံးတစ္လုံးကို ေဖာက္ခြဲခဲ့တာျဖစ္တယ္လို႔ ယူကရိန္းမီဒီယာေတြက ေရးသားေဖာ္ျပထားေပမယ့္လည္း ဘယ္လိုေဖာက္ခြဲေရးပစၥည္းမ်ိဳးျဖစ္တယ္ဆိုတာကို လက္ရွိအခ်ိန္အထိ အတည္မျပဳႏိုင္ေသးဘူးလို႔ ယူကရိန္း ျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.