တောင်တရုတ်ပင်လယ်အတွင်းမှာ အမေရိကန်ရေတပ်လေယာဉ်(၂)စီး ပျက်ကျ

 316

Pika (NP News) - အောက်တိုဘာ ၂၈

တောင်တရုတ်ပင်လယ်အတွင်းမှာ အမေရိကန်ရေတပ်လေယာဉ်နှစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့တယ်လို့ အမေရိကန် အရာရှိတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း လေယာဉ်တွေပျက်ကျမှုအတွင်း လူထိခိုက်/ သေဆုံးတာမျိုး မရှိခဲ့ဘူးလို့တော့ သိရပါတယ်။ ပထမဆုံးပျက်ကျခဲ့တဲ့ရဟတ်ယာဉ်ဟာ MH-60R Sea Hawk ရဟတ်ယာဉ်ဖြစ်ပြီး ပုံမှန်လည်ပတ်မှုစစ်ဆင်ရေးတွေလုပ်ဆောင်နေစဉ်ချိန်အတွင်း တောင်တရုတ်ပင်လယ် အတွင်းမှာ ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ အမေရိကန်ရေတပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း MH-60R Sea Hawk ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့အမှုထမ်း(၃)ဦးစလုံးကို ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့တယ်လို့ အမေရိကန်ရေတပ်က ပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဖြစ်ပွားပြီးနောက် နာရီဝက်လောက်အကြာမှာပဲ Boeing F/A-18F Super Hornet တိုက်လေယာဉ် တစ်စင်းဟာ ပုံမှန်လည်ပတ်မှုစစ်ဆင်ရေးတွေ လုပ်ဆောင်နေစဉ်အချိန်အတွင်း တောင်တရုတ်ပင်လယ်ထဲကို ထပ်မံပျက်ကျသွားခဲ့တယ်လို့ အမေရိကန်ရေတပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
MH-60R Sea Hawk ရဟတ်ယာဉ် နဲ့ Boeing F/A-18F Super Hornet တိုက်လေယာဉ်တို့ဟာ လေယာဉ်တင် သင်္ဘော USS Nimitz ဆီကနေ ပျံတက်ပြီး ပုံမှန်စစ်ဆင်ရေးတွေ လုပ်ဆောင်နေချိန်မှာပဲ ယခုလိုပျက်ကျသွားခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ပြင် Boeing F/A-18F Super Hornet တိုက်လေယာဉ်ရဲ့ အမှုထမ်း(၂)ဦးစလုံး ဟာ ထိုင်ခုံတွေနဲ့အတူ အောင်မြင်စွာကန်ထွက်နိုင်ခဲ့ပြီး အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်လို့ အမေရိကန် ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

Zawgyi Version:
ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ အေမရိကန္ေရတပ္ေလယာဥ္(၂)စီး ပ်က္က်
Pika (NP News) - ေအာက္တိုဘာ ၂၈
ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ အေမရိကန္ေရတပ္ေလယာဥ္ႏွစ္စီး ပ်က္က်မႈျဖစ္ပြားခဲ့တယ္လို႔ အေမရိကန္ အရာရွိတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း ေလယာဥ္ေတြပ်က္က်မႈအတြင္း လူထိခိုက္/ ေသဆုံးတာမ်ိဳး မရွိခဲ့ဘူးလို႔ေတာ့ သိရပါတယ္။ ပထမဆုံးပ်က္က်ခဲ့တဲ့ရဟတ္ယာဥ္ဟာ MH-60R Sea Hawk ရဟတ္ယာဥ္ျဖစ္ၿပီး ပုံမွန္လည္ပတ္မႈစစ္ဆင္ေရးေတြလုပ္ေဆာင္ေနစဥ္ခ်ိန္အတြင္း ေတာင္တ႐ုတ္ပင္လယ္ အတြင္းမွာ ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔ အေမရိကန္ေရတပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း MH-60R Sea Hawk ရဟတ္ယာဥ္ေပၚမွာ လိုက္ပါသြားတဲ့အမႈထမ္း(၃)ဦးစလုံးကို ရွာေဖြေရးနဲ႔ ကယ္ဆယ္ေရးအဖြဲ႕ေတြက ေအာင္ျမင္စြာကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ အေမရိကန္ေရတပ္က ေျပာၾကားခဲ့ပါတယ္။ အဲဒီျဖစ္ရပ္ျဖစ္ပြားၿပီးေနာက္ နာရီဝက္ေလာက္အၾကာမွာပဲ Boeing F/A-18F Super Hornet တိုက္ေလယာဥ္ တစ္စင္းဟာ ပုံမွန္လည္ပတ္မႈစစ္ဆင္ေရးေတြ လုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း ေတာင္တ႐ုတ္ပင္လယ္ထဲကို ထပ္မံပ်က္က်သြားခဲ့တယ္လို႔ အေမရိကန္ေရတပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
MH-60R Sea Hawk ရဟတ္ယာဥ္ နဲ႔ Boeing F/A-18F Super Hornet တိုက္ေလယာဥ္တို႔ဟာ ေလယာဥ္တင္ သေဘၤာ USS Nimitz ဆီကေန ပ်ံတက္ၿပီး ပုံမွန္စစ္ဆင္ေရးေတြ လုပ္ေဆာင္ေနခ်ိန္မွာပဲ ယခုလိုပ်က္က်သြားခဲ့ တာျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ Boeing F/A-18F Super Hornet တိုက္ေလယာဥ္ရဲ႕ အမႈထမ္း(၂)ဦးစလုံး ဟာ ထိုင္ခုံေတြနဲ႔အတူ ေအာင္ျမင္စြာကန္ထြက္ႏိုင္ခဲ့ၿပီး အသက္ေဘးကေန လြတ္ေျမာက္ခဲ့တယ္လို႔ အေမရိကန္ ေရတပ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.