အမျိုးသမီး (၃)ဦးအနက် တစ်ဦးကို တရုတ်နိုင်ငံသားနှင့် ပေါင်းသင်းနေထိုင်ရန် စီစဉ်နေချိန် ဖမ်းမိသူများကို အလုပ်နှင့်ထောင်ဒဏ် (၁၂)နှစ်စီချမှတ်

366

စော(NP News)-အောက်တိုဘာ ၂၈
အမျိုးသမီး (၃)ဦးအား တရုတ်နိုင်ငံသားနှင့် ပေါင်းသင်းနေထိုင်ရန် စီစဉ်နေချိန် ဖမ်းဆီးရမိသူများကို အလုပ်နှင့်ထောင်ဒဏ် (၁၂)နှစ်စီ ချမှတ်ခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာနေ ဒေါ်ပြည့်(ခ) ဒေါ်ခင်ပြည့်နှင့် ၎င်း၏ သမီးဖြစ်သူ တရုတ်နိုင်ငံနေ မသီတာသောင်းတို့က ၎င်းတို့နှင့် ခင်မင်ရင်းနှီးကြသူများဖြစ်ကြသည့် ပုသိမ်ကြီးမြို့နယ်နေ အသက် (၂၈)နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်နေ အသက် (၂၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နေ အသက် (၃၀)အရွယ်အမျိုးသမီးတစ်ဦးတို့ကို တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ငွေကျပ်သိန်း ၁၀၀ ရရှိမည်ဖြစ်ပြီး တင်နေသည့်အကြွေးများဆပ်ပေးမည်ဟု စည်းရုံးပြောဆို၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရန်အတွက် နိုင်ငံကူးလက်မှတ်အား မြဝတီမြို့၌ သွားရောက်ပြုလုပ်စေခဲ့ကြောင်း ဖော်ပြချက်အရ သိရသည်။
အဆိုပါနိုင်ငံကူးလက်မှတ်ရရှိပြီးနောက် ၎င်းအမျိုးသမီး(၃)ဦးအနက် (၂)ဦးကို ရန်ကုန်မြို့ ၊လမ်းမတော်မြို့နယ်ရှိ MGM ဟိုတယ်တွင် တရုတ်နိုင်ငံသား ဝမ်ရှောင်(WANG XIANG)၊ လျူရှုချန့် (RUCHENG) တို့နှင့်ပေါင်းသင်းနေထိုင်စေပြီး ကျန်တစ်ဦးကို တရုတ်နိုင်ငံသားနှင့် ပေါင်းသင်းနေထိုင်ရန် စီစဉ်ဆောင်ရွက်နေစဉ်အတွင်း ဖမ်းဆီးရမိသဖြင့် ပုသိမ်ကြီးမြို့နယ် အုန်းချောနယ် မြေရဲစခန်းမှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ တို့ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာ (၂၃) ရက်တွင် အောင်မြေသာစံခရိုင်တရားရုံးမှ ဖမ်းမိသူ တရုတ်နိုင်ငံသား ဝမ်ရှောင်(WANG XIANG)နှင့် လျူရှုချန့်(RUCHENG)တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ကျခံစေပြီး ဒေါ်ပြည့်(ခ)ဒေါ်ခင်ပြည့်ကို အမှုတစ်မှုချင်းစီအတွက် အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကာ တိမ်းရှောင်သူ သီတာသောင်းကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နေ မသဲသဲအောင်သည် အိုးဝေမောင်းသည့် အလုပ်အားလုပ်ကိုင်စဉ် အိုးဝေငှားရမ်းစီးနင်းသူ မူဆယ်မြို့နေ မသဲယုယနှင့် ခင်မင်ရင်းနှီးခဲ့ရာ မသဲယုယမှ မိန်းကလေးများကို တရုတ်နိုင်ငံသို့ စိုက်ပျိုးရေး၊ အထည်ချုပ်နှင့် တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ပေးသည့် အလုပ်လုပ်ကိုင်သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် လူရှာပေးပါက တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်း ပေးမည်ဟုပြောဆိုသဖြင့် အိုးဝေလာရောက်ငှားရမ်းစီးနင်းသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နေသူ မိန်းကလေးနှစ်ဦးနှင့် တစ်ရပ်ကွက်တည်းနေ မိန်းကလေးနှစ်ဦးတို့ကို တရုတ်နိုင်ငံသို့ သွားရောက်၍ တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ရုပ်ရည်ပေါ်မူတည်၍ ငွေများများရမည်ဟု စည်းရုံးပြောဆိုကာ ငွေကြေးအကျိုးအမြတ်များရယူ၍ မူဆယ်မြို့နေမသဲယုယထံ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ မသဲယုယက တရုတ်နိုင်ငံသို့ တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်းမှ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး အောက်တိုဘာ (၂၄) ရက်တွင် မဟာအောင်မြေခရိုင် တရားရုံးမှ ဖမ်းမိတရားခံ မသဲသဲအောင်ကို အလုပ်နှင့်ထောင်ဒဏ် (၁၂) နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မသဲယုယကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ ကြောင်း သိရသည်။

Zawgyi Version:
အမ်ိဳးသမီး (၃)ဦးအနက္ တစ္ဦးကို တ႐ုတ္ႏိုင္ငံသားႏွင့္ ေပါင္းသင္းေနထိုင္ရန္ စီစဥ္ေနခ်ိန္ ဖမ္းမိသူမ်ားကို အလုပ္ႏွင့္ေထာင္ဒဏ္ (၁၂)ႏွစ္စီခ်မွတ္
ေစာ(NP News)-ေအာက္တိုဘာ ၂၈
အမ်ိဳးသမီး (၃)ဦးအား တ႐ုတ္ႏိုင္ငံသားႏွင့္ ေပါင္းသင္းေနထိုင္ရန္ စီစဥ္ေနခ်ိန္ ဖမ္းဆီးရမိသူမ်ားကို အလုပ္ႏွင့္ေထာင္ဒဏ္ (၁၂)ႏွစ္စီ ခ်မွတ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး ပုသိမ္ႀကီးၿမိဳ႕နယ္ အုန္းေခ်ာေက်း႐ြာေန ေဒၚျပည့္(ခ) ေဒၚခင္ျပည့္ႏွင့္ ၎၏ သမီးျဖစ္သူ တ႐ုတ္ႏိုင္ငံေန မသီတာေသာင္းတို႔က ၎တို႔ႏွင့္ ခင္မင္ရင္းႏွီးၾကသူမ်ားျဖစ္ၾကသည့္ ပုသိမ္ႀကီးၿမိဳ႕နယ္ေန အသက္ (၂၈)ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦး၊ မေကြးတိုင္းေဒသႀကီး၊ စလင္းၿမိဳ႕နယ္ေန အသက္ (၂၄)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးႏွင့္ ရွမ္းျပည္နယ္၊ ေနာင္ခ်ိဳၿမိဳ႕ေန အသက္ (၃၀)အ႐ြယ္အမ်ိဳးသမီးတစ္ဦးတို႔ကို တ႐ုတ္ႏိုင္ငံသားႏွင့္ လက္ထပ္ပါက ေငြက်ပ္သိန္း ၁၀၀ ရရွိမည္ျဖစ္ၿပီး တင္ေနသည့္အေႂကြးမ်ားဆပ္ေပးမည္ဟု စည္း႐ုံးေျပာဆို၍ တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ရန္အတြက္ ႏိုင္ငံကူးလက္မွတ္အား ျမဝတီၿမိဳ႕၌ သြားေရာက္ျပဳလုပ္ေစခဲ့ေၾကာင္း ေဖာ္ျပခ်က္အရ သိရသည္။
အဆိုပါႏိုင္ငံကူးလက္မွတ္ရရွိၿပီးေနာက္ ၎အမ်ိဳးသမီး(၃)ဦးအနက္ (၂)ဦးကို ရန္ကုန္ၿမိဳ႕ ၊လမ္းမေတာ္ၿမိဳ႕နယ္ရွိ MGM ဟိုတယ္တြင္ တ႐ုတ္ႏိုင္ငံသား ဝမ္ေရွာင္(WANG XIANG)၊ လ်ဴရႈခ်န႔္ (RUCHENG) တို႔ႏွင့္ေပါင္းသင္းေနထိုင္ေစၿပီး က်န္တစ္ဦးကို တ႐ုတ္ႏိုင္ငံသားႏွင့္ ေပါင္းသင္းေနထိုင္ရန္ စီစဥ္ေဆာင္႐ြက္ေနစဥ္အတြင္း ဖမ္းဆီးရမိသျဖင့္ ပုသိမ္ႀကီးၿမိဳ႕နယ္ အုန္းေခ်ာနယ္ ေျမရဲစခန္းမွ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၅/၄၄ တို႔ျဖင့္ အမႈေရးဖြင့္တရားစြဲတင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ ေအာက္တိုဘာ (၂၃) ရက္တြင္ ေအာင္ေျမသာစံခ႐ိုင္တရား႐ုံးမွ ဖမ္းမိသူ တ႐ုတ္ႏိုင္ငံသား ဝမ္ေရွာင္(WANG XIANG)ႏွင့္ လ်ဴရႈခ်န႔္(RUCHENG)တို႔ကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၅ အရ အလုပ္ႏွင့္ေထာင္ဒဏ္ ၁၂ ႏွစ္က်ခံေစၿပီး ေဒၚျပည့္(ခ)ေဒၚခင္ျပည့္ကို အမႈတစ္မႈခ်င္းစီအတြက္ အလုပ္ႏွင့္ေထာင္ဒဏ္ ၁၂ ႏွစ္စီက်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ကာ တိမ္းေရွာင္သူ သီတာေသာင္းကို ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၈၇/၈၈ အတည္ျပဳထုတ္ဆင့္ခဲ့ေၾကာင္း သိရသည္။
အလားတူ မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ေန မသဲသဲေအာင္သည္ အိုးေဝေမာင္းသည့္ အလုပ္အားလုပ္ကိုင္စဥ္ အိုးေဝငွားရမ္းစီးနင္းသူ မူဆယ္ၿမိဳ႕ေန မသဲယုယႏွင့္ ခင္မင္ရင္းႏွီးခဲ့ရာ မသဲယုယမွ မိန္းကေလးမ်ားကို တ႐ုတ္ႏိုင္ငံသို႔ စိုက္ပ်ိဳးေရး၊ အထည္ခ်ဳပ္ႏွင့္ တ႐ုတ္ဇနီးမယားအျဖစ္ ပို႔ေဆာင္ေပးသည့္ အလုပ္လုပ္ကိုင္သည္ဟု ေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ လူရွာေပးပါက တစ္ဦးလွ်င္ ေငြက်ပ္ ၁၅ သိန္း ေပးမည္ဟုေျပာဆိုသျဖင့္ အိုးေဝလာေရာက္ငွားရမ္းစီးနင္းသည့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ အင္းေတာ္ၿမိဳ႕ေနသူ မိန္းကေလးႏွစ္ဦးႏွင့္ တစ္ရပ္ကြက္တည္းေန မိန္းကေလးႏွစ္ဦးတို႔ကို တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္၍ တ႐ုတ္ဇနီးမယားအျဖစ္ လုပ္ကိုင္ပါက ႐ုပ္ရည္ေပၚမူတည္၍ ေငြမ်ားမ်ားရမည္ဟု စည္း႐ုံးေျပာဆိုကာ ေငြေၾကးအက်ိဳးအျမတ္မ်ားရယူ၍ မူဆယ္ၿမိဳ႕ေနမသဲယုယထံ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
စစ္ေဆးခ်က္အရ မသဲယုယက တ႐ုတ္ႏိုင္ငံသို႔ တ႐ုတ္ဇနီးမယားအျဖစ္ ပို႔ေဆာင္ေရာင္းစားခဲ့ေၾကာင္း စိစစ္ေပၚေပါက္သျဖင့္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ စက္မႈနယ္ေျမရဲစခန္းမွ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၅/၄၄ ျဖင့္ အမႈေရးဖြင့္တရားစြဲတင္ခဲ့ၿပီး ေအာက္တိုဘာ (၂၄) ရက္တြင္ မဟာေအာင္ေျမခ႐ိုင္ တရား႐ုံးမွ ဖမ္းမိတရားခံ မသဲသဲေအာင္ကို အလုပ္ႏွင့္ေထာင္ဒဏ္ (၁၂) ႏွစ္ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ၿပီး တိမ္းေရွာင္တရားခံ မသဲယုယကို ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၈၇/၈၈ အတည္ျပဳထုတ္ဆင့္ခဲ့ ေၾကာင္း သိရသည္။