KIA၊ PDF အဖွဲ့က ဗန်းမောက်ရှိ ပြည်သူ့နေအိမ်အဆောက်အအုံများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို မီးရှို့ဖျက်ဆီး

248

သန့်ဇင်(NP News)-အောက်တိုဘာ ၂၈
KIA၊ PDF ပူးပေါင်းအဖွဲ့က ဗန်းမောက်မြို့အတွင်းရှိ ပြည်သူ့နေအိမ်အဆောက်အအုံများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို မီးရှို့ဖျက် ဆီးခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်စစ်ကြောင်းများက ဗန်းမောက်မြို့အား ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို စနစ်တကျ စုဖွဲ့ချီတက်ရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၆ ရက်တွင် ဗန်းမောက်မြို့၏ အနောက်ဘက်နှင့် အနောက် မြောက် ဘက်မီတာ ၂၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် KIA ၊ PDF အဖွဲ့က မြို့အတွင်းရှိ ပြည်သူပိုင်နေအိမ်အဆောက်အအုံများ၊ ဌာနဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးနေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဗန်းမောက်မြို့အတွင်းရှိ အဆောက်အအုံများအား မီးအမြန်ဆုံးငြှိမ်းသတ်နိုင်ရေး အခြားသော ပြည်သူ လူထု၏ အဆောက်အအုံများ မီးကူးစက်မှုမရှိစေရေး၊ ထပ်မံ၍ အခြားအကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှု မရှိစေရေးအတွက် တပ်မတော်စစ်ကြောင်းများက ရင်ဆိုင်တိုက်ခိုက်လျက်ရှိသည့် လက်ကျန်အကြမ်းဖက် သောင်းကျန်းသူများအား တိုက်ခိုက် ချေမှုန်း လျက်ရှိကြောင်း သိရသည်။
KIA၊ PDF အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအစောပိုင်းမှစ၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တပ်မတော်မှ နယ်မြေလုံခြုံရေး ဆောင် ရွက်နေသည့် တပ်/စခန်းများအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်းများပြုလုပ်၍ အဆိုပါဒေသအတွင်းရှိ ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူးမြို့နှင့် မရသိမ်ကျေးရွာအပါအဝင် အချို့မြို့/ရွာများတွင် ဝင်ရောက်နေရာယူကာ စာသင်ကျောင်းများ၊ ကျေးရွာဘုန်းတော်ကြီး ကျောင်းများနှင့် ဘုရားစေတီများတွင် အခြေပြု၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဒေသခံပြည်သူများအား ၎င်းတို့အပေါ် အကြောက်တရားလွှမ်းမိုးစေရန်အတွက် အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေး ကောက်ခံခြင်း၊ အများပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်း/တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းများ လုပ်ဆောင်လျက် ရှိသဖြင့် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးများ ဆောင်ရွက်၍ နယ်မြေခံလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် စစ်ကိုင်း တိုင်းဒေသကြီး၊ ဗန်းမောက်မြို့အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် အင်အားအလုံးအရင်းဖြင့် မြို့လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် ဒေသခံပြည်သူများအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊ လူသစ်စုဆောင်းခြင်းများ အပါအဝင် အကြမ်းဖက်လုပ်ရပ်မျိုးစုံကို လုပ်ဆောင်လျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် ဗန်းမောက်မြို့အား ပြန်လည်သိမ်းပိုက်ရရှိရေးအပါအဝင် အခြားလိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
KIA၊ PDF အဖြဲ႕က ဗန္းေမာက္ရွိ ျပည္သူ႔ေနအိမ္အေဆာက္အအုံမ်ားႏွင့္ ဌာနဆိုင္ရာ အေဆာက္အအုံမ်ားကို မီးရႈိ႕ဖ်က္ဆီး
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၂၈
KIA၊ PDF ပူးေပါင္းအဖြဲ႕က ဗန္းေမာက္ၿမိဳ႕အတြင္းရွိ ျပည္သူ႔ေနအိမ္အေဆာက္အအုံမ်ားႏွင့္ ဌာနဆိုင္ရာ အေဆာက္အအုံမ်ားကို မီးရႈိ႕ဖ်က္ ဆီးခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
တပ္မေတာ္စစ္ေၾကာင္းမ်ားက ဗန္းေမာက္ၿမိဳ႕အား ျပန္လည္သိမ္းပိုက္ရရွိေရးအတြက္ နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ားကို စနစ္တက် စုဖြဲ႕ခ်ီတက္ရွင္းလင္းမႈမ်ား ေဆာင္႐ြက္လ်က္ရွိရာ ေအာက္တိုဘာ ၂၆ ရက္တြင္ ဗန္းေမာက္ၿမိဳ႕၏ အေနာက္ဘက္ႏွင့္ အေနာက္ ေျမာက္ ဘက္မီတာ ၂၀၀၀ ခန႔္အကြာသို႔ ေရာက္ရွိစဥ္ KIA ၊ PDF အဖြဲ႕က ၿမိဳ႕အတြင္းရွိ ျပည္သူပိုင္ေနအိမ္အေဆာက္အအုံမ်ား၊ ဌာနဆိုင္ရာ အေဆာက္အအုံမ်ားအား မီးရႈိ႕ဖ်က္ဆီးေနခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရသည့္ ဗန္းေမာက္ၿမိဳ႕အတြင္းရွိ အေဆာက္အအုံမ်ားအား မီးအျမန္ဆုံးျငႇိမ္းသတ္ႏိုင္ေရး အျခားေသာ ျပည္သူ လူထု၏ အေဆာက္အအုံမ်ား မီးကူးစက္မႈမရွိေစေရး၊ ထပ္မံ၍ အျခားအၾကမ္းဖက္လုပ္ရပ္မ်ား လုပ္ေဆာင္မႈ မရွိေစေရးအတြက္ တပ္မေတာ္စစ္ေၾကာင္းမ်ားက ရင္ဆိုင္တိုက္ခိုက္လ်က္ရွိသည့္ လက္က်န္အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားအား တိုက္ခိုက္ ေခ်မႈန္း လ်က္ရွိေၾကာင္း သိရသည္။
KIA၊ PDF အဖြဲ႕သည္ ၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာလအေစာပိုင္းမွစ၍ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ တပ္မေတာ္မွ နယ္ေျမလုံၿခဳံေရး ေဆာင္ ႐ြက္ေနသည့္ တပ္/စခန္းမ်ားအား အလစ္အငိုက္ ဝင္ေရာက္တိုက္ခိုက္ျခင္းမ်ားျပဳလုပ္၍ အဆိုပါေဒသအတြင္းရွိ ထီးခ်ိဳင့္၊ ေကာလင္း၊ ပင္လည္ဘူးၿမိဳ႕ႏွင့္ မရသိမ္ေက်း႐ြာအပါအဝင္ အခ်ိဳ႕ၿမိဳ႕/႐ြာမ်ားတြင္ ဝင္ေရာက္ေနရာယူကာ စာသင္ေက်ာင္းမ်ား၊ ေက်း႐ြာဘုန္းေတာ္ႀကီး ေက်ာင္းမ်ားႏွင့္ ဘုရားေစတီမ်ားတြင္ အေျချပဳ၍ အၾကမ္းဖက္လုပ္ရပ္မ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ေဒသခံျပည္သူမ်ားအား ၎တို႔အေပၚ အေၾကာက္တရားလႊမ္းမိုးေစရန္အတြက္ အေၾကာင္းမဲ့ဖမ္းဆီးသတ္ျဖတ္ျခင္း၊ ဆက္ေၾကး ေကာက္ခံျခင္း၊ အမ်ားျပည္သူသြားလာအသုံးျပဳလ်က္ရွိေသာ လမ္း/တံတားမ်ားအား မိုင္းေထာင္ေဖာက္ခြဲျခင္းမ်ား လုပ္ေဆာင္လ်က္ ရွိသျဖင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားက အၾကမ္းဖက္ေခ်မႈန္းမႈစစ္ဆင္ေရးမ်ား ေဆာင္႐ြက္၍ နယ္ေျမခံလုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
အလားတူ KIA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ႏွင့္ NUG လက္ေဝခံ PDF အမည္ခံအၾကမ္းဖက္ေသာင္းက်န္းသူမ်ားသည္ စစ္ကိုင္း တိုင္းေဒသႀကီး၊ ဗန္းေမာက္ၿမိဳ႕အား ၂၀၂၅ ခုႏွစ္၊ စက္တင္ဘာ ၂၀ ရက္တြင္ အင္အားအလုံးအရင္းျဖင့္ ၿမိဳ႕လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ တပ္ဖြဲ႕ဝင္မ်ားအား ဝင္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
၎တို႔အား ေထာက္ခံအားေပးမႈမရွိသည့္ ေဒသခံျပည္သူမ်ားအား အတင္းအဓမၼဖမ္းဆီးေခၚေဆာင္ျခင္း၊ လူသစ္စုေဆာင္းျခင္းမ်ား အပါအဝင္ အၾကမ္းဖက္လုပ္ရပ္မ်ိဳးစုံကို လုပ္ေဆာင္လ်က္ရွိသျဖင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားက အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ယာယီထိန္းခ်ဳပ္ထားသည့္ ဗန္းေမာက္ၿမိဳ႕အား ျပန္လည္သိမ္းပိုက္ရရွိေရးအပါအဝင္ အျခားလိုအပ္သည့္ နယ္ေျမလုံၿခဳံေရးႏွင့္ နယ္ေျမစိုးမိုးေရးလုပ္ငန္းမ်ားကို ေဒသခံျပည္သူမ်ား၏ ပူးေပါင္းပါဝင္မႈႏွင့္အတူ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။