“ရွေးကောက်ပွဲအကျိုးပြုဇာတ်လမ်း ရိုက်ကူးမိပြီးနောက်”

4525

အိဖြူ (NP News) - နိုဝင်ဘာ ၂
NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “ခေတ်သမိုင်း ကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းအပေါ် လူအများအမြင်၊ လူအများကို သံဝေဂတရားရ သွားစေတဲ့ အဆိုတော် Adino ရဲ့နောက်ဆုံးအချိန်၊ ဇာတ်ကား Teaser ပြသချိန်ကတည်းက လူအများရဲ့စိတ်ဝင်စား မှုကိုမြင့်တက်စေခဲ့တဲ့ “နတ်ဝင်သည်” စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်။
“ခေတ်သမိုင်းကိုဒုန်းစိုင်းမည့်သူများ”ဇာတ်လမ်းအပေါ်အမြင်
လာမယ့် ဒီဇင်ဘာလ (၂၈)ရက်မှာစတင်ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက်ရည်ရွယ်ကာ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”အမည်ရှိ ဇာတ်လမ်းတစ်ပုဒ်ထွက်ရှိ လာခဲ့ပါ တယ်။
“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲအကျိုးပြုပညာပေးဇာတ်လမ်းတိုကို နိုင်ငံ တော်ပိုင်ရုပ်သံလိုင်းတွေနဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ (၂၀၂၅) ခုနှစ် အောက်တိုဘာလ (၂၅) ရက် ည (၇) နာရီဝန်းကျင်က စတင်ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ အချိန် (၃၆) မိနစ်ဝန်းကျင်ရှိတဲ့ အဆိုပါ ဇာတ်လမ်းတိုထဲမှာ (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့ လယ် ကောင် လမ်းမကြီးတွေထက် မှာ လူအများ ဆန္ဒထုတ်ဖော်ခဲ့ပုံ၊ လမ်းတွေပိတ်ဆို့ကာ ကားဘီး တာယာ တွေကို မီးရှို့ဖျက်ဆီးမှုမြင်ကွင်းတွေကိုထည့်သွင်းဖော်ပြခဲ့ပြီး လူငယ်တွေ တောခိုခဲ့ရခြင်းနဲ့ အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ခဲ့တဲ့လူငယ်တွေအကြောင်းပါ ရိုက်ကူးဖော်ပြခဲ့ပါတယ်။ အဆိုပါ ဖြစ် ရပ်မှန် ဖြစ်စဉ်တွေကို ထပ်ဆင့်အကယ်ဒမီ နေတိုး၊ အကယ်ဒမီ မြင့်မြတ်၊ အကယ်ဒမီ နေဝင်း၊ အကယ် ဒမီ အေးချမ်းမောင်၊ အကယ်ဒမီ အောင်ခိုင်၊ အကယ်ဒမီ မေမြင့်မိုရ်၊ အကယ်ဒမီ ခြူးလေး၊ ငှက်ပျော် ကြော်၊ အောင်တိုး၊ နိုင်ဝင်း၊ သွက်လက်၊ စူပါလင်း၊ မင်းညို၊ ဥက္ကာပျံချီ၊ ရဲရင့်၊ ရောပျော်၊ အောင်ဇင်ဖြိုး တို့ က ပုံဖော်သရုပ်ဆောင်ခဲ့ကြပြီး၊ မကြာခင်မှာ တည်ဆဲအစိုးရက ပြန်လည်ကျင်းပပေးမယ့် ရွေးကောက်ပွဲ ကသာ ပြည်သူအားလုံးအလိုရှိတဲ့ ဒီမိုကရေစီကိုရရှိနိုင်မှာဖြစ်ကြောင်း၊ အကြမ်းဖက်အားပေးမှုတွေကို နိုင်ငံရေး နည်းလမ်းအတိုင်း အဖြေရှာကြဖို့လိုအပ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့လိုအပ် ကြောင်း ရိုက်ကူးပုံဖော်ထားကြခြင်းဖြစ်ပါတယ်။
ရွေးကောက်ပွဲအကျိုးပြုဇာတ်လမ်းရိုက်ကူးမိပြီးနောက်မှာ အတိုက်အခံအုပ်စုအပါအဝင် ပြည် ပြေးအနုပညာသမားတွေ၊ အကြမ်းဖက်လမ်းစဉ်အားပေး သတင်းဌာနတွေနဲ့ လက်နက်ကိုင် PDF အဖွဲ့ တွေက အထက်ဖော်ပြပါ အနုပညာရှင်တစ်ဦးချင်းစီတိုင်းရဲ့အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်ပြောဆို တဲ့အထိရှိနေပြီး ၎င်းတို့နဲ့ပတ်သက်တဲ့ မိသားစုဝင်၊ အနုပညာလှုပ်ရှားမှုတွေကိုပါ နှောင့်ယှက်တိုက်ခိုက် လျက်ရှိကြပါတယ်။ ဒါ့အပြင် ၎င်းတို့အပေါ် စွပ်စွဲပုတ်ခတ်ခြင်း၊ ပြည်ပြေးအနုပညာသမားတွေ ရဲ့ရွေး ကောက်ပွဲဆန့်ကျင်မှု ပိုစ့် Comment box မှာ ရွေးကောက်ပွဲအပေါ် ဆန့်ကျင်ရေးစာတွေ ရေးသားသူ တွေရှိနေပြီး၊ အဲဒီလိုရေးသားသူတွေအနက် ပြည်တွင်းမှာနေထိုင်သူတွေလည်းပါဝင်သလို ပြည်တွင်းနေ အနုပညာသမားတွေလည်း ပါဝင်လျက်ရှိနေတာကိုသတိပြုမိပါတယ်။ ရွေးကောက်ပွဲကျင်းပနိုင်ရေး အသိ ပညာပေးမှုအပေါ် ၎င်းတို့ရဲ့ပြောဆိုဝေဖန်မှုလုပ် ရပ်တွေက တည်ဆဲအစိုးရက တရားဝင် ထုတ်ပြန် ကြေ ညာထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ နှောင့်ယှက်ဟန့်တားဖျက်ဆီး ခြင်းဆိုင်ရာဥပဒေတွေနဲ့ ငြိစွန်းလျက်ရှိကြောင်းကိုလည်း သတိပြုဆင်ခြင်နေထိုင်ဖို့လိုအပ်လှပါတယ်။
“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းတိုကို ခေတ် သမိုင်း သုခရပ်ဝန်းက စီစဉ်တင်ဆက်ခဲ့ခြင်းဖြစ်ပြီး၊ ဇာတ်လမ်း၊ ဇာတ်òန်းအမည်နဲ့ ရိုက်ကူးသူ ဒါရိုက်တာ အမည်ကို ဖော်ပြခြင်းမရှိတာ သတိထားမိခဲ့ပါတယ်။ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”ရွေးကောက်ပွဲ အကျိုးပြုဇာတ်လမ်းကို ကြည့်ရှုအားပေးပြီးနောက် (၂၀၂၁) ခုနှစ်အခင်းအကျင်းမှာ ဇာတ်လိုက်တွေ အ ဖြစ်ပါဝင်ခဲ့ကြတဲ့ ထပ်ဆင့်အကယ်ဒမီ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ဇင်ဝိုင်း၊ ဖွေးဖွေး၊ အလင်း ရောင်၊ ဒါရိုက်တာ ဝိုင်း၊ ခင်ဝင့်ဝါ၊ မေ အစရှိတဲ့ နာမည်ကြီးအနုပညာရှင်တွေပါဝင်ထားတဲ့ ရွေးကောက်ပွဲ အကျိုးပြုဇာတ်လမ်း နောက်တစ်ပုဒ်လည်း ထပ်မံထွက်ရှိလာဦးမလားဆိုတာ မျှော်လင့်ချက်ကြီးစွာ စောင့်မျှော်မိနေပါသေးတယ်။

လူအများကို သံဝေဂတရား ရသွားစေတဲ့ အဆိုတော် Adino (ခ) မင်းသစ်လွှမ်းရဲ့ နောက်ဆုံး အချိန်
ရုတ်တရက် အသက်ခန္ဓာပျောက်ကွယ်ခဲ့ရတဲ့ Fever 109 ရဲ့ Leader ၊ အဆိုတော် Adino (ခ) မင်းသစ်လွှမ်းရဲ့နာရေးဈာပနအခမ်းအနားကို အောက်တိုဘာလ (၂၈) ရက် မနက် (၁၁) နာရီ (၃၀) မိနစ် အချိန်မှာ ရန်ကုန်မြို့ရှိ ရေဝေး ခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယျာဉ်တော်မှာ မိသားစုဝင်တွေ၊ ဆွေမျိုးမိတ် ဆွေတွေနဲ့အတူ ဂီတလောကမှ အနုပညာရှင်၊ အတတ်ရှင်များစွာက လိုက်ပါပို့ဆောင်ခဲ့ကြကာ Adino ရဲ့ ရုပ်ခန္ဓာကိုယ်ကို မီးသင်္ဂြိုဟ်ခဲ့ကြပြီး အရိုးပြာကို ဂူသွင်းခဲ့ကြပါတယ်။
မြန်မာနိုင်ငံရဲ့နာမည်ကြီး Vocal Coach ထရေစီရဲ့သားအကြီးဖြစ်သူ “Fever 109' Leader အဆို တော် Adino (ခ) မင်းသစ်လွှမ်း အသက် (၃၇) ဟာ အောက်တိုဘာလ (၂၅) ရက် ည (၈) နာရီ (၁၅) မိနစ် အချိန်မှာ Idiots Farewell Tour ပွဲမှာ ကွယ်လွန်သူ တေးသံရှင်ရေမွန်ရဲ့ “မငိုနဲ့တော့” တေးသီချင်းကို သီဆိုနေစဉ်အချိန်အတွင်း နှလုံးအမောဖောက် (Heart Attack)ပြီး ရုတ်တရက် လဲကျဆုံးပါးသွားခဲ့ရပါ တယ်။ တေးသံရှင် Adino ဟာ နှလုံးသွေးကြောပိတ်ရောဂါကြောင့် နှလုံးစက်တပ်ဆင်ထားရသူ ဖြစ်ပါ တယ်။ ကျန်းမာရေးအခြေအနေအရ Music Beat အသံကျယ်တွေနဲ့ တုန်ခါမှုပြင်းထန်မှုတွေကို လုံးဝ မခံနိုင်သူဖြစ်ပါတယ်။
Adino (ခ) မင်းသစ်လွှမ်းက ၎င်းဖျော်ဖြေရမယ့်အလှည့်မတိုင်မီ မိခင်ဖြစ်သူထရေစီထံဖုန်းဆက် သွယ်ခဲ့ပြီး မကြာမီ ဖျော်ဖြေတင်ဆက်တော့မှာဖြစ်တာမို့ သူ့အတွက် ကောင်းချီးပေးဖို့ မိခင်ရဲ့မေတ္တာကို ခံယူခဲ့ကြောင်း မိသားစုထံမှ ပြန်လည်ကြားသိခဲ့ရပါတယ်။ ၎င်းဟာ မိခင်ဖြစ်သူအတွက် အားကိုးရတဲ့ သားအကြီးဖြစ်ခဲ့ပြီး ဖခင်ကွယ်လွန်ချိန်မှစပြီး ဖခင်ကိုယ်စား အစ်ကိုကြီးအဖအရာဆိုတဲ့စကားအတိုင်း မိခင်နဲ့မောင်နှမသားချင်းတွေအပေါ် အပြည့်အဝကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ သားလိမ္မာတစ်ဦး ဖြစ် ကြောင်း ကြားသိရပါတယ်။
အဆိုတော် Adino (ခ) မင်းသစ်လွှမ်းရဲ့နောက်ဆုံးထွက်သက်ဟာ မြန်ဆန်လွန်းခဲ့ပေမယ့် ညင် သာလွန်းတာက ၎င်းအတွက် ဘုရားသခင်ကပေးတဲ့ကောင်းချီးဖြစ်ကြောင်း ၎င်းတို့ရဲ့ ခရစ်ယာန် အသိုင်း အဝိုင်းက ချီးမွမ်းခဲ့ကြပါတယ်။

ဇာတ်ကား Teaser ပြသချိန်ကတည်းကလူအများရဲ့ စိတ်ဝင်စားမှုကို မြင့်တက်စေခဲ့တဲ့ “နတ်ဝင်သည်”
“ဘုံဘဝအဆက်ဆက်ကမြင်အပ်/မမြင်အပ်သောနေရာတွင်ရှိနေသူများဆက်သွယ်ပေးကြပါရန်”ဆိုတဲ့ စာသားနဲ့အတူ “နတ်ဝင်သည်” ရုပ်ရှင်ဇာတ်ကား မိတ်ဆက်မှုဟာ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ စိတ် ဝင်စားမှုကို မြင့်တက်စေခဲ့ပါတယ်။
ဝတ်မှုံရွှေရည်အနေနဲ့ “တိမ်ပန်းချီ” ရုပ်ရှင်ဇာတ်ကားပြီးရင် “နတ်ဝင်သည်” ဇာတ်ကားက ဒုတိယမြောက်ထွက်ရှိတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ကစ်ရဲ့အနုပညာ သက်တမ်းမှာ ထူးခြားတဲ့ဇာတ်ကောင်တစ်ခုကိုဖန်တီးထားတာမို့ ကစ်ကိုယ်တိုင်လည်း စိတ်လှုပ် ရှားနေ ပါတယ်” လို့ Wutt Hmone Shwe Yi Facebook Page မှာရေးသားဖော်ပြခဲ့ပါတယ်။ “နတ်ဝင်သည်” ဆိုတဲ့ ဇာတ်ကားနာမည်ကိုကြားလိုက်တာနဲ့ ဝိညာဉ်တွေ၊ ပရလောကသားတွေ၊ နတ်လောကနဲ့ ပတ် သက်ဆက်နွှယ်တဲ့ ရုပ်ရှင်ဇာတ်လမ်းဖြစ်နိုင်ကြောင်း ကနဦးထင်ကြေးပေးခဲ့ကြပေမယ့် ရုပ်ရှင်ကိုကြည့်ရှု ပြီးသူတိုင်းက ပေးလိုက်ရတဲ့အချိန်၊ လက်မှတ်တန်ဖိုးထက်သာလွန်တဲ့ အနုပညာရသကို ပေးစွမ်းနိုင်ပြီး ဝတ်မှုံရွှေရည်အပါအဝင် ရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်တစ်ဦးချင်းစီတိုင်းရဲ့ အနုပညာစွမ်းရည်က အံ့မခန်းကောင်းမွန်လွန်းကြောင်း ကို ဝါရင့်အနုပညာရှင်ကြီးများအပါအဝင် ပရိ သတ်တွေကလည်း ၎င်းတို့ရဲ့လူမှုကွန်ရက်အကောင့်ကိုယ်စီမှာ ပြန်လည်မျှဝေချီးကျူးခဲ့ကြပါတယ်။
ဇာတ်လမ်းအကျဉ်းအရ ဆိုရှယ်ပလက်ဖောင်းတွေထက်မှာ ရုပ်ရှင် Teaser တွေလည်း ပြသ ပျံ့နှံ့ ပြီးဖြစ်တာမို့ ထွေထွေထူးထူး ထုတ်ဖော်မရေးသားလိုတော့ပါ။ “နတ်ဝင်သည်” ရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွှန်း မိုးနီလွင်၊ ဇာတ်လမ်း/ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက်တို့ကဖန်တီးခဲ့ခြင်းဖြစ်ပြီး ဖိုးတေး အဖြစ် အလင်းရောင်၊ လေးငုံအဖြစ် ဝတ်မှုံရွှေရည်၊ မညိုအဖြစ် ဖူးစုံ၊ ထွန်းအုံအဖြစ် ချာလီ၊ ဦးစံရအဖြစ် နေထက်လင်း၊ မယ်တုံအဖြစ် မျိုးသန္တာထွန်း၊ ဦးအောင်မောင်းအဖြစ် ညီနန္ဒ၊ စိတ်တုတ်အဖြစ် ပြည့် ကောင်းစုသန့် စတဲ့ ဇာတ်ရုပ်တွေအလိုက် သရုပ်ဆောင်များစွာက အပေးအယူမျှတစွာ ပုံဖော် သရုပ် ဆောင်ထားကြပါတယ်။ “နတ်ဝင်သည်” ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာလ(၃၁) ရက်၊သောကြာ နေ့ က စတင်ပြီး ရုံတင်ပြသလျက်ရှိပြီး၊ အဆိုပါရုပ်ရှင်ကို ကြည့်ရှုပြီးသူတိုင်းက (၂၀၂၄) ခုနှစ် နှစ်ကုန်ပိုင်းက ပြသခဲ့တဲ့ “တိမ်ပန်းချီ” ဇာတ်ကားနည်းတူ လာမယ့် (၂၀၂၅) ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဝတ်မှုံရွှေရည်ပဲ သိမ်းပိုက်သွားလေဦးမလားလို့ ကြိုတင် မှတ်ချက်ပေးထားကြပြီဖြစ်ပါတယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

“ေ႐ြးေကာက္ပြဲအက်ိဳးျပဳဇာတ္လမ္း ႐ိုက္ကူးမိၿပီးေနာက္”
အိျဖဴ (NP News) - ႏိုဝင္ဘာ ၂
NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “ေခတ္သမိုင္း ကို ဒုန္းစိုင္းမည့္သူမ်ား” ဇာတ္လမ္းအေပၚ လူအမ်ားအျမင္၊ လူအမ်ားကို သံေဝဂတရားရ သြားေစတဲ့ အဆိုေတာ္ Adino ရဲ႕ေနာက္ဆုံးအခ်ိန္၊ ဇာတ္ကား Teaser ျပသခ်ိန္ကတည္းက လူအမ်ားရဲ႕စိတ္ဝင္စား မႈကိုျမင့္တက္ေစခဲ့တဲ့ “နတ္ဝင္သည္” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။
“ေခတ္သမိုင္းကိုဒုန္းစိုင္းမည့္သူမ်ား”ဇာတ္လမ္းအေပၚအျမင္
လာမယ့္ ဒီဇင္ဘာလ (၂၈)ရက္မွာစတင္က်င္းပမယ့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ အတြက္ရည္႐ြယ္ကာ “ေခတ္သမိုင္းကို ဒုန္းစိုင္းမည့္သူမ်ား”အမည္ရွိ ဇာတ္လမ္းတစ္ပုဒ္ထြက္ရွိ လာခဲ့ပါ တယ္။
“ေခတ္သမိုင္းကို ဒုန္းစိုင္းမည့္သူမ်ား” ေ႐ြးေကာက္ပြဲအက်ိဳးျပဳပညာေပးဇာတ္လမ္းတိုကို ႏိုင္ငံ ေတာ္ပိုင္႐ုပ္သံလိုင္းေတြနဲ႔ တယ္လီဂရမ္ ခ်န္နယ္ေတြမွာ (၂၀၂၅) ခုႏွစ္ ေအာက္တိုဘာလ (၂၅) ရက္ ည (၇) နာရီဝန္းက်င္က စတင္ထုတ္လႊင့္ျပသခဲ့တာျဖစ္ပါတယ္။ အခ်ိန္ (၃၆) မိနစ္ဝန္းက်င္ရွိတဲ့ အဆိုပါ ဇာတ္လမ္းတိုထဲမွာ (၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီလ ဒုတိယပတ္မွစတင္ျဖစ္ပြားခဲ့တဲ့ ရန္ကုန္ၿမိဳ႕ လယ္ ေကာင္ လမ္းမႀကီးေတြထက္ မွာ လူအမ်ား ဆႏၵထုတ္ေဖာ္ခဲ့ပုံ၊ လမ္းေတြပိတ္ဆို႔ကာ ကားဘီး တာယာ ေတြကို မီးရႈိ႕ဖ်က္ဆီးမႈျမင္ကြင္းေတြကိုထည့္သြင္းေဖာ္ျပခဲ့ၿပီး လူငယ္ေတြ ေတာခိုခဲ့ရျခင္းနဲ႔ အၾကမ္းဖက္ လက္နက္ကိုင္လမ္းစဥ္ကိုေ႐ြးခ်ယ္ခဲ့တဲ့လူငယ္ေတြအေၾကာင္းပါ ႐ိုက္ကူးေဖာ္ျပခဲ့ပါတယ္။ အဆိုပါ ျဖစ္ ရပ္မွန္ ျဖစ္စဥ္ေတြကို ထပ္ဆင့္အကယ္ဒမီ ေနတိုး၊ အကယ္ဒမီ ျမင့္ျမတ္၊ အကယ္ဒမီ ေနဝင္း၊ အကယ္ ဒမီ ေအးခ်မ္းေမာင္၊ အကယ္ဒမီ ေအာင္ခိုင္၊ အကယ္ဒမီ ေမျမင့္မိုရ္၊ အကယ္ဒမီ ျခဴးေလး၊ ငွက္ေပ်ာ္ ေၾကာ္၊ ေအာင္တိုး၊ ႏိုင္ဝင္း၊ သြက္လက္၊ စူပါလင္း၊ မင္းညိဳ၊ ဥကၠာပ်ံခ်ီ၊ ရဲရင့္၊ ေရာေပ်ာ္၊ ေအာင္ဇင္ၿဖိဳး တို႔ က ပုံေဖာ္သ႐ုပ္ေဆာင္ခဲ့ၾကၿပီး၊ မၾကာခင္မွာ တည္ဆဲအစိုးရက ျပန္လည္က်င္းပေပးမယ့္ ေ႐ြးေကာက္ပြဲ ကသာ ျပည္သူအားလုံးအလိုရွိတဲ့ ဒီမိုကေရစီကိုရရွိႏိုင္မွာျဖစ္ေၾကာင္း၊ အၾကမ္းဖက္အားေပးမႈေတြကို ႏိုင္ငံေရး နည္းလမ္းအတိုင္း အေျဖရွာၾကဖို႔လိုအပ္ေၾကာင္း၊ လက္နက္ကိုင္လမ္းစဥ္ကို စြန႔္လႊတ္ဖို႔လိုအပ္ ေၾကာင္း ႐ိုက္ကူးပုံေဖာ္ထားၾကျခင္းျဖစ္ပါတယ္။
ေ႐ြးေကာက္ပြဲအက်ိဳးျပဳဇာတ္လမ္း႐ိုက္ကူးမိၿပီးေနာက္မွာ အတိုက္အခံအုပ္စုအပါအဝင္ ျပည္ ေျပးအႏုပညာသမားေတြ၊ အၾကမ္းဖက္လမ္းစဥ္အားေပး သတင္းဌာနေတြနဲ႔ လက္နက္ကိုင္ PDF အဖြဲ႕ ေတြက အထက္ေဖာ္ျပပါ အႏုပညာရွင္တစ္ဦးခ်င္းစီတိုင္းရဲ႕အသက္အႏၲရာယ္ကိုပါ ၿခိမ္းေျခာက္ေျပာဆို တဲ့အထိရွိေနၿပီး ၎တို႔နဲ႔ပတ္သက္တဲ့ မိသားစုဝင္၊ အႏုပညာလႈပ္ရွားမႈေတြကိုပါ ေႏွာင့္ယွက္တိုက္ခိုက္ လ်က္ရွိၾကပါတယ္။ ဒါ့အျပင္ ၎တို႔အေပၚ စြပ္စြဲပုတ္ခတ္ျခင္း၊ ျပည္ေျပးအႏုပညာသမားေတြ ရဲ႕ေ႐ြး ေကာက္ပြဲဆန႔္က်င္မႈ ပိုစ့္ Comment box မွာ ေ႐ြးေကာက္ပြဲအေပၚ ဆန႔္က်င္ေရးစာေတြ ေရးသားသူ ေတြရွိေနၿပီး၊ အဲဒီလိုေရးသားသူေတြအနက္ ျပည္တြင္းမွာေနထိုင္သူေတြလည္းပါဝင္သလို ျပည္တြင္းေန အႏုပညာသမားေတြလည္း ပါဝင္လ်က္ရွိေနတာကိုသတိျပဳမိပါတယ္။ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရး အသိ ပညာေပးမႈအေပၚ ၎တို႔ရဲ႕ေျပာဆိုေဝဖန္မႈလုပ္ ရပ္ေတြက တည္ဆဲအစိုးရက တရားဝင္ ထုတ္ျပန္ ေၾက ညာထားတဲ့ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ၊ ေ႐ြးေကာက္ပြဲဆိုင္ရာ ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီး ျခင္းဆိုင္ရာဥပေဒေတြနဲ႔ ၿငိစြန္းလ်က္ရွိေၾကာင္းကိုလည္း သတိျပဳဆင္ျခင္ေနထိုင္ဖို႔လိုအပ္လွပါတယ္။
“ေခတ္သမိုင္းကို ဒုန္းစိုင္းမည့္သူမ်ား” ေ႐ြးေကာက္ပြဲအသိပညာေပးဇာတ္လမ္းတိုကို ေခတ္ သမိုင္း သုခရပ္ဝန္းက စီစဥ္တင္ဆက္ခဲ့ျခင္းျဖစ္ၿပီး၊ ဇာတ္လမ္း၊ ဇာတ္òန္းအမည္နဲ႔ ႐ိုက္ကူးသူ ဒါ႐ိုက္တာ အမည္ကို ေဖာ္ျပျခင္းမရွိတာ သတိထားမိခဲ့ပါတယ္။ “ေခတ္သမိုင္းကို ဒုန္းစိုင္းမည့္သူမ်ား”ေ႐ြးေကာက္ပြဲ အက်ိဳးျပဳဇာတ္လမ္းကို ၾကည့္ရႈအားေပးၿပီးေနာက္ (၂၀၂၁) ခုႏွစ္အခင္းအက်င္းမွာ ဇာတ္လိုက္ေတြ အ ျဖစ္ပါဝင္ခဲ့ၾကတဲ့ ထပ္ဆင့္အကယ္ဒမီ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ လူမင္း၊ ဇင္ဝိုင္း၊ ေဖြးေဖြး၊ အလင္း ေရာင္၊ ဒါ႐ိုက္တာ ဝိုင္း၊ ခင္ဝင့္ဝါ၊ ေမ အစရွိတဲ့ နာမည္ႀကီးအႏုပညာရွင္ေတြပါဝင္ထားတဲ့ ေ႐ြးေကာက္ပြဲ အက်ိဳးျပဳဇာတ္လမ္း ေနာက္တစ္ပုဒ္လည္း ထပ္မံထြက္ရွိလာဦးမလားဆိုတာ ေမွ်ာ္လင့္ခ်က္ႀကီးစြာ ေစာင့္ေမွ်ာ္မိေနပါေသးတယ္။
လူအမ်ားကို သံေဝဂတရား ရသြားေစတဲ့ အဆိုေတာ္ Adino (ခ) မင္းသစ္လႊမ္းရဲ႕ ေနာက္ဆုံး အခ်ိန္
႐ုတ္တရက္ အသက္ခႏၶာေပ်ာက္ကြယ္ခဲ့ရတဲ့ Fever 109 ရဲ႕ Leader ၊ အဆိုေတာ္ Adino (ခ) မင္းသစ္လႊမ္းရဲ႕နာေရးဈာပနအခမ္းအနားကို ေအာက္တိုဘာလ (၂၈) ရက္ မနက္ (၁၁) နာရီ (၃၀) မိနစ္ အခ်ိန္မွာ ရန္ကုန္ၿမိဳ႕ရွိ ေရေဝး ခရစ္ယာန္ဂိုဏ္းေပါင္းစုံဥယ်ာဥ္ေတာ္မွာ မိသားစုဝင္ေတြ၊ ေဆြမ်ိဳးမိတ္ ေဆြေတြနဲ႔အတူ ဂီတေလာကမွ အႏုပညာရွင္၊ အတတ္ရွင္မ်ားစြာက လိုက္ပါပို႔ေဆာင္ခဲ့ၾကကာ Adino ရဲ႕ ႐ုပ္ခႏၶာကိုယ္ကို မီးသၿဂႋဳဟ္ခဲ့ၾကၿပီး အ႐ိုးျပာကို ဂူသြင္းခဲ့ၾကပါတယ္။
ျမန္မာႏိုင္ငံရဲ႕နာမည္ႀကီး Vocal Coach ထေရစီရဲ႕သားအႀကီးျဖစ္သူ “Fever 109' Leader အဆို ေတာ္ Adino (ခ) မင္းသစ္လႊမ္း အသက္ (၃၇) ဟာ ေအာက္တိုဘာလ (၂၅) ရက္ ည (၈) နာရီ (၁၅) မိနစ္ အခ်ိန္မွာ Idiots Farewell Tour ပြဲမွာ ကြယ္လြန္သူ ေတးသံရွင္ေရမြန္ရဲ႕ “မငိုနဲ႔ေတာ့” ေတးသီခ်င္းကို သီဆိုေနစဥ္အခ်ိန္အတြင္း ႏွလုံးအေမာေဖာက္ (Heart Attack)ၿပီး ႐ုတ္တရက္ လဲက်ဆုံးပါးသြားခဲ့ရပါ တယ္။ ေတးသံရွင္ Adino ဟာ ႏွလုံးေသြးေၾကာပိတ္ေရာဂါေၾကာင့္ ႏွလုံးစက္တပ္ဆင္ထားရသူ ျဖစ္ပါ တယ္။ က်န္းမာေရးအေျခအေနအရ Music Beat အသံက်ယ္ေတြနဲ႔ တုန္ခါမႈျပင္းထန္မႈေတြကို လုံးဝ မခံႏိုင္သူျဖစ္ပါတယ္။
Adino (ခ) မင္းသစ္လႊမ္းက ၎ေဖ်ာ္ေျဖရမယ့္အလွည့္မတိုင္မီ မိခင္ျဖစ္သူထေရစီထံဖုန္းဆက္ သြယ္ခဲ့ၿပီး မၾကာမီ ေဖ်ာ္ေျဖတင္ဆက္ေတာ့မွာျဖစ္တာမို႔ သူ႔အတြက္ ေကာင္းခ်ီးေပးဖို႔ မိခင္ရဲ႕ေမတၱာကို ခံယူခဲ့ေၾကာင္း မိသားစုထံမွ ျပန္လည္ၾကားသိခဲ့ရပါတယ္။ ၎ဟာ မိခင္ျဖစ္သူအတြက္ အားကိုးရတဲ့ သားအႀကီးျဖစ္ခဲ့ၿပီး ဖခင္ကြယ္လြန္ခ်ိန္မွစၿပီး ဖခင္ကိုယ္စား အစ္ကိုႀကီးအဖအရာဆိုတဲ့စကားအတိုင္း မိခင္နဲ႔ေမာင္ႏွမသားခ်င္းေတြအေပၚ အျပည့္အဝကာကြယ္ေစာင့္ေရွာက္ေပးခဲ့တဲ့ သားလိမၼာတစ္ဦး ျဖစ္ ေၾကာင္း ၾကားသိရပါတယ္။
အဆိုေတာ္ Adino (ခ) မင္းသစ္လႊမ္းရဲ႕ေနာက္ဆုံးထြက္သက္ဟာ ျမန္ဆန္လြန္းခဲ့ေပမယ့္ ညင္ သာလြန္းတာက ၎အတြက္ ဘုရားသခင္ကေပးတဲ့ေကာင္းခ်ီးျဖစ္ေၾကာင္း ၎တို႔ရဲ႕ ခရစ္ယာန္ အသိုင္း အဝိုင္းက ခ်ီးမြမ္းခဲ့ၾကပါတယ္။
ဇာတ္ကား Teaser ျပသခ်ိန္ကတည္းကလူအမ်ားရဲ႕ စိတ္ဝင္စားမႈကို ျမင့္တက္ေစခဲ့တဲ့ “နတ္ဝင္သည္”
“ဘုံဘဝအဆက္ဆက္ကျမင္အပ္/မျမင္အပ္ေသာေနရာတြင္ရွိေနသူမ်ားဆက္သြယ္ေပးၾကပါရန္”ဆိုတဲ့ စာသားနဲ႔အတူ “နတ္ဝင္သည္” ႐ုပ္ရွင္ဇာတ္ကား မိတ္ဆက္မႈဟာ ႐ုပ္ရွင္ခ်စ္ပရိသတ္ေတြရဲ႕ စိတ္ ဝင္စားမႈကို ျမင့္တက္ေစခဲ့ပါတယ္။
ဝတ္မႈံေ႐ႊရည္အေနနဲ႔ “တိမ္ပန္းခ်ီ” ႐ုပ္ရွင္ဇာတ္ကားၿပီးရင္ “နတ္ဝင္သည္” ဇာတ္ကားက ဒုတိယေျမာက္ထြက္ရွိတဲ့ ဇာတ္ကားေကာင္းတစ္ကားျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ “ကစ္ရဲ႕အႏုပညာ သက္တမ္းမွာ ထူးျခားတဲ့ဇာတ္ေကာင္တစ္ခုကိုဖန္တီးထားတာမို႔ ကစ္ကိုယ္တိုင္လည္း စိတ္လႈပ္ ရွားေန ပါတယ္” လို႔ Wutt Hmone Shwe Yi Facebook Page မွာေရးသားေဖာ္ျပခဲ့ပါတယ္။ “နတ္ဝင္သည္” ဆိုတဲ့ ဇာတ္ကားနာမည္ကိုၾကားလိုက္တာနဲ႔ ဝိညာဥ္ေတြ၊ ပရေလာကသားေတြ၊ နတ္ေလာကနဲ႔ ပတ္ သက္ဆက္ႏႊယ္တဲ့ ႐ုပ္ရွင္ဇာတ္လမ္းျဖစ္ႏိုင္ေၾကာင္း ကနဦးထင္ေၾကးေပးခဲ့ၾကေပမယ့္ ႐ုပ္ရွင္ကိုၾကည့္ရႈ ၿပီးသူတိုင္းက ေပးလိုက္ရတဲ့အခ်ိန္၊ လက္မွတ္တန္ဖိုးထက္သာလြန္တဲ့ အႏုပညာရသကို ေပးစြမ္းႏိုင္ၿပီး ဝတ္မႈံေ႐ႊရည္အပါအဝင္ ႐ုပ္ရွင္ထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားၾကတဲ့ သ႐ုပ္ေဆာင္တစ္ဦးခ်င္းစီတိုင္းရဲ႕ အႏုပညာစြမ္းရည္က အံ့မခန္းေကာင္းမြန္လြန္းေၾကာင္း ကို ဝါရင့္အႏုပညာရွင္ႀကီးမ်ားအပါအဝင္ ပရိ သတ္ေတြကလည္း ၎တို႔ရဲ႕လူမႈကြန္ရက္အေကာင့္ကိုယ္စီမွာ ျပန္လည္မွ်ေဝခ်ီးက်ဴးခဲ့ၾကပါတယ္။
ဇာတ္လမ္းအက်ဥ္းအရ ဆိုရွယ္ပလက္ေဖာင္းေတြထက္မွာ ႐ုပ္ရွင္ Teaser ေတြလည္း ျပသ ပ်ံ႕ႏွံ႔ ၿပီးျဖစ္တာမို႔ ေထြေထြထူးထူး ထုတ္ေဖာ္မေရးသားလိုေတာ့ပါ။ “နတ္ဝင္သည္” ႐ုပ္ရွင္ဇာတ္ကားကို ဇာတ္ၫႊန္း မိုးနီလြင္၊ ဇာတ္လမ္း/ဒါ႐ိုက္တာ အကယ္ဒမီ ဝင္းလြင္ထက္တို႔ကဖန္တီးခဲ့ျခင္းျဖစ္ၿပီး ဖိုးေတး အျဖစ္ အလင္းေရာင္၊ ေလးငုံအျဖစ္ ဝတ္မႈံေ႐ႊရည္၊ မညိဳအျဖစ္ ဖူးစုံ၊ ထြန္းအုံအျဖစ္ ခ်ာလီ၊ ဦးစံရအျဖစ္ ေနထက္လင္း၊ မယ္တုံအျဖစ္ မ်ိဳးသႏၲာထြန္း၊ ဦးေအာင္ေမာင္းအျဖစ္ ညီနႏၵ၊ စိတ္တုတ္အျဖစ္ ျပည့္ ေကာင္းစုသန႔္ စတဲ့ ဇာတ္႐ုပ္ေတြအလိုက္ သ႐ုပ္ေဆာင္မ်ားစြာက အေပးအယူမွ်တစြာ ပုံေဖာ္ သ႐ုပ္ ေဆာင္ထားၾကပါတယ္။ “နတ္ဝင္သည္” ႐ုပ္ရွင္ဇာတ္ကားကို ေအာက္တိုဘာလ(၃၁) ရက္၊ေသာၾကာ ေန႔ က စတင္ၿပီး ႐ုံတင္ျပသလ်က္ရွိၿပီး၊ အဆိုပါ႐ုပ္ရွင္ကို ၾကည့္ရႈၿပီးသူတိုင္းက (၂၀၂၄) ခုႏွစ္ ႏွစ္ကုန္ပိုင္းက ျပသခဲ့တဲ့ “တိမ္ပန္းခ်ီ” ဇာတ္ကားနည္းတူ လာမယ့္ (၂၀၂၅) ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ဝတ္မႈံေ႐ႊရည္ပဲ သိမ္းပိုက္သြားေလဦးမလားလို႔ ႀကိဳတင္ မွတ္ခ်က္ေပးထားၾကၿပီျဖစ္ပါတယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။