ဝမ် ၄.၂၇ ဘီလီယံတန် ဇိမ်ခံဗီလာတစ်လုံး ဝယ်ယူလိုက်တဲ့ TWICE အဖွဲ့ဝင် မိုမို
                        
                            
                             
 343
 
                             
                            
                            
                         
                        
 
                        ရောင်နီ (NP News) - နိုဝင်ဘာ ၄
K Pop အဖွဲ့ TWICE ရဲ့အဖွဲ့ဝင် မိုမို ဟာ အောက်တိုဘာလက ဂျောင်ဂီပြည်နယ်၊ ဂူရီ ရှိ Archiul Village မှာ ဇိမ်ခံ ဗီလာတစ်လုံးကို ငွေသား ဝမ် ၄.၂၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ သန်းခန့်) နဲ့ပေးချေကာ ဝယ်ယူလိုက်ပါတယ်။ 
         အောက်တိုဘာလ ၃၁ ရက် ရက်စွဲပါ တရားဝင် တရားရုံးမှတ်ပုံတင် စာရွက်စာတမ်းတွေအရ မိုမိုဟာ ဂူရီ၊ အန်ချုံးဒုန်၊ အဆင့်မြင့် Arcadia Signature complex မှာ ၂၂၁ စတုရန်းမီတာ (သီးသန့်ဧရိယာ) ယူနစ်အတွက် ဝယ်ယူရေးစာချုပ်ကို အောက်တိုဘာ ၂၃ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ဝမ် ၄.၂၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ သန်းခန့်) ပေးချေကာ လွှဲပြောင်းပိုင်ဆိုင်မှု မှတ်ပုံတင်ခဲ့တယ်လို့ ဆိုပါတယ်။ 
         ၂၀၂၃ ခုနှစ် မေလကမှ ပြီးစီးခဲ့တဲ့ Arcadia Signature complex ဟာ Archiul Village ရှိ ပရီမီယံ လူနေ အိမ်ရာစီမံကိန်းတစ်ခုဖြစ်ပါတယ်။ အဆောက်အအုံဟာ မြေအောက်ထပ်နှစ်ထပ်၊ မြေပေါ်ထပ်လေးထပ် ယူနစ် ရှစ်ခုသာ ပါဝင်မှာဖြစ်ပြီး ဟန်မြစ်နဲ့ အာချာဆန်တောင် နှစ်ခုလုံးကို မြင်ကွင်းကျယ်ကျယ်နဲ့မြင်တွေ့နိုင်မှာဖြစ်ပါ တယ်။ 
         မင်းသမီး ဟန်ဆိုဟီး ဟာလည်း ၂၀၂၃ ခုနှစ် သြဂုတ်လက Arcadia Signature ရှိ ၂၀၃ စတုရန်းမီတာ ကျယ်ဝန်းတဲ့ duplex penthouse ကို ကိုရီးယားဝမ် ၅.၂၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၆၄ သန်းခန့်) နဲ့ ဝယ်ယူခဲ့ပါတယ်။ ဒါအပြင် Archiul Village ဟာ နာမည်ကျော် မင်းသမီးအဆိုတော် Nana၊ ဝတ္ထုရေးဆရာ ပက်ခ်ဝမ်ဆိုး၊ ပန်းချီဆရာ လီဆောင်ဂျာ နဲ့ ပုံနှိပ်ဆရာ ချိုဂျီဆော့ခ်တို့ နေထိုင်ရာနေရာလည်းဖြစ်တာကြောင့် “အနုပညာရှင်ရွာ” ဆိုတဲ့ အမည်ပြောင် ရရှိထားပါတယ်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Verion: 
ဝမ္ ၄.၂၇ ဘီလီယံတန္ ဇိမ္ခံဗီလာတစ္လုံး ဝယ္ယူလိုက္တဲ့ TWICE အဖြဲ႕ဝင္ မိုမို
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၄
K Pop အဖြဲ႕ TWICE ရဲ႕အဖြဲ႕ဝင္ မိုမို ဟာ ေအာက္တိုဘာလက ေဂ်ာင္ဂီျပည္နယ္၊ ဂူရီ ရွိ Archiul Village မွာ ဇိမ္ခံ ဗီလာတစ္လုံးကို ေငြသား ဝမ္ ၄.၂၇ ဘီလီယံ (အေမရိကန္ေဒၚလာ ၃ သန္းခန႔္) နဲ႔ေပးေခ်ကာ ဝယ္ယူလိုက္ပါတယ္။ 
         ေအာက္တိုဘာလ ၃၁ ရက္ ရက္စြဲပါ တရားဝင္ တရား႐ုံးမွတ္ပုံတင္ စာ႐ြက္စာတမ္းေတြအရ မိုမိုဟာ ဂူရီ၊ အန္ခ်ဳံးဒုန္၊ အဆင့္ျမင့္ Arcadia Signature complex မွာ ၂၂၁ စတုရန္းမီတာ (သီးသန႔္ဧရိယာ) ယူနစ္အတြက္ ဝယ္ယူေရးစာခ်ဳပ္ကို ေအာက္တိုဘာ ၂၃ ရက္မွာ လက္မွတ္ေရးထိုးခဲ့ၿပီး ဝမ္ ၄.၂၇ ဘီလီယံ (အေမရိကန္ေဒၚလာ ၃ သန္းခန႔္) ေပးေခ်ကာ လႊဲေျပာင္းပိုင္ဆိုင္မႈ မွတ္ပုံတင္ခဲ့တယ္လို႔ ဆိုပါတယ္။ 
         ၂၀၂၃ ခုႏွစ္ ေမလကမွ ၿပီးစီးခဲ့တဲ့ Arcadia Signature complex ဟာ Archiul Village ရွိ ပရီမီယံ လူေန အိမ္ရာစီမံကိန္းတစ္ခုျဖစ္ပါတယ္။ အေဆာက္အအုံဟာ ေျမေအာက္ထပ္ႏွစ္ထပ္၊ ေျမေပၚထပ္ေလးထပ္ ယူနစ္ ရွစ္ခုသာ ပါဝင္မွာျဖစ္ၿပီး ဟန္ျမစ္နဲ႔ အာခ်ာဆန္ေတာင္ ႏွစ္ခုလုံးကို ျမင္ကြင္းက်ယ္က်ယ္နဲ႔ျမင္ေတြ႕ႏိုင္မွာျဖစ္ပါ တယ္။ 
         မင္းသမီး ဟန္ဆိုဟီး ဟာလည္း ၂၀၂၃ ခုႏွစ္ ၾသဂုတ္လက Arcadia Signature ရွိ ၂၀၃ စတုရန္းမီတာ က်ယ္ဝန္းတဲ့ duplex penthouse ကို ကိုရီးယားဝမ္ ၅.၂၄ ဘီလီယံ (အေမရိကန္ေဒၚလာ ၃.၆၄ သန္းခန႔္) နဲ႔ ဝယ္ယူခဲ့ပါတယ္။ ဒါအျပင္ Archiul Village ဟာ နာမည္ေက်ာ္ မင္းသမီးအဆိုေတာ္ Nana၊ ဝတၳဳေရးဆရာ ပက္ခ္ဝမ္ဆိုး၊ ပန္းခ်ီဆရာ လီေဆာင္ဂ်ာ နဲ႔ ပုံႏွိပ္ဆရာ ခ်ိဳဂ်ီေဆာ့ခ္တို႔ ေနထိုင္ရာေနရာလည္းျဖစ္တာေၾကာင့္ “အႏုပညာရွင္႐ြာ” ဆိုတဲ့ အမည္ေျပာင္ ရရွိထားပါတယ္။