တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ K POP JYP Entertainment တည်ထောင်သူ ပါ့ခ်ဂျင်ယောင်း တွေ့ဆုံပြီးနောက် တရုတ်ပြည်ကို K-pop ပြန်လည်ဝင်ရောက်လာနိုင်ဖို့ မီးစိမ်းပြ

196

ရောင်နီ (NP News) - နိုဝင်ဘာ ၄
တရုတ်သမ္မတ ရှီကျင့်ဖျင် ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ K Pop idolများ ပျိုးထောင်ရာ JYP Entertainment တည်ထောင်သူအကြီးအကဲထုတ်လုပ်သူ ပက်ခ်ဂျင်ယောင်းနဲ့တွေ့ဆုံခဲ့ပြီး တရုတ်ပြည်မှာ K Pop ပြန်လည် ဝင်ရောက်လာဖို့ အပြုသဘောဆောင်တဲ့လက္ခဏာတွေ တွေ့ရှိလာရတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့မှာ ပက်ခ်ဂျင်ယောင်းက သူ့ရဲ့ကိုယ်ပိုင်အကောင့်မှာ "သမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံပြီး သူနဲ့ စကားပြောခွင့်ရတာ အရမ်းဝမ်းသာပါတယ်။ နားထောင်ပေးတဲ့အတွက်ရော သူ့ရဲ့အားပေးစကားတွေအတွက်ပါ စိတ်ရင်းနဲ့ တကယ်ကျေးဇူးတင်ပါတယ်။ လူကြိုက်များတဲ့ K Pop ယဉ်ကျေးမှုက တစ်ဆင့် နှစ်နိုင်ငံပြည်သူတွေ ပိုမိုနီးကပ်လာစေဖို့အတွက် ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ တရုတ် ဘာသာနဲ့ အဲဒီသတင်းစကားကို မျှဝေခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံတွေထဲမှာလည်း ပက်ခ်ဂျင်ယောင်းနဲ့ ရှီကျင့်ဖျင် စကားပြောဆိုနေကြပြီး တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က အပြုံးနဲ့ကြည့်နေတာမြင်တွေ့ရပါတယ်။
ထိပ်တန်း K-pop ထုတ်လုပ်သူတစ်ယောက်အနေနဲ့ ဝန်ကြီးအဆင့်ကော်မရှင်ရဲ့ပူးတွဲဥက္ကဋ္ဌအဖြစ်ပါ တာဝန် ထမ်းဆောင်နေတဲ့ ပက်ခ်ဂျင်ယောင်း နဲ့ သမ္မတရှီကျင့်ဖျင်တို့ တွေ့ဆုံမှုက တရုတ်နိုင်ငံရဲ့တောင်ကိုရီးယား အနုပညာဖျော်ဖြေမှုတွေကို ပိတ်ပင်မှု "Hallyu ban” လို့ ခေါ်တဲ့အရာကို ရုပ်သိမ်းနိုင်မယ်ဆိုတဲ့ထင်ကြေးတွေကို ပိုမိုမြင့်တက်စေခဲ့ပါတယ်။ နိုင်ငံတော် ညစာစားပွဲအပြီးမှာ ရှီကျင့်ဖျင်ဟာ ကိုရီးယားအဆိုတော်တွေကို တရုတ်နိုင်ငံမှာ ဖျော်ဖြေခွင့်ပြုခြင်းနဲ့ပတ်သက်ပြီး အပြုသဘောဆောင်ပြောကြားခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

Zawgyi Verion:
တ႐ုတ္သမၼတ ရွီက်င့္ဖ်င္နဲ႔ K POP JYP Entertainment တည္ေထာင္သူ ပါ့ခ္ဂ်င္ေယာင္း ေတြ႕ဆုံၿပီးေနာက္ တ႐ုတ္ျပည္ကို K-pop ျပန္လည္ဝင္ေရာက္လာႏိုင္ဖို႔ မီးစိမ္းျပ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၄
တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ ဟာ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ K Pop idolမ်ား ပ်ိဳးေထာင္ရာ JYP Entertainment တည္ေထာင္သူအႀကီးအကဲထုတ္လုပ္သူ ပက္ခ္ဂ်င္ေယာင္းနဲ႔ေတြ႕ဆုံခဲ့ၿပီး တ႐ုတ္ျပည္မွာ K Pop ျပန္လည္ ဝင္ေရာက္လာဖို႔ အျပဳသေဘာေဆာင္တဲ့လကၡဏာေတြ ေတြ႕ရွိလာရတယ္လို႔ သိရပါတယ္။
ႏိုဝင္ဘာ ၂ ရက္ေန႔မွာ ပက္ခ္ဂ်င္ေယာင္းက သူ႔ရဲ႕ကိုယ္ပိုင္အေကာင့္မွာ "သမၼတရွီက်င့္ဖ်င္နဲ႔ေတြ႕ဆုံၿပီး သူနဲ႔ စကားေျပာခြင့္ရတာ အရမ္းဝမ္းသာပါတယ္။ နားေထာင္ေပးတဲ့အတြက္ေရာ သူ႔ရဲ႕အားေပးစကားေတြအတြက္ပါ စိတ္ရင္းနဲ႔ တကယ္ေက်းဇူးတင္ပါတယ္။ လူႀကိဳက္မ်ားတဲ့ K Pop ယဥ္ေက်းမႈက တစ္ဆင့္ ႏွစ္ႏိုင္ငံျပည္သူေတြ ပိုမိုနီးကပ္လာေစဖို႔အတြက္ ေဆြးေႏြးမႈေတြကို ဆက္လက္လုပ္ေဆာင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္" လို႔ တ႐ုတ္ ဘာသာနဲ႔ အဲဒီသတင္းစကားကို မွ်ေဝခဲ့တာျဖစ္ပါတယ္။ ဓာတ္ပုံေတြထဲမွာလည္း ပက္ခ္ဂ်င္ေယာင္းနဲ႔ ရွီက်င့္ဖ်င္ စကားေျပာဆိုေနၾကၿပီး ေတာင္ကိုရီးယားသမၼတ လီေဂ်ေျမာင္က အၿပဳံးနဲ႔ၾကည့္ေနတာျမင္ေတြ႕ရပါတယ္။
ထိပ္တန္း K-pop ထုတ္လုပ္သူတစ္ေယာက္အေနနဲ႔ ဝန္ႀကီးအဆင့္ေကာ္မရွင္ရဲ႕ပူးတြဲဥကၠ႒အျဖစ္ပါ တာဝန္ ထမ္းေဆာင္ေနတဲ့ ပက္ခ္ဂ်င္ေယာင္း နဲ႔ သမၼတရွီက်င့္ဖ်င္တို႔ ေတြ႕ဆုံမႈက တ႐ုတ္ႏိုင္ငံရဲ႕ေတာင္ကိုရီးယား အႏုပညာေဖ်ာ္ေျဖမႈေတြကို ပိတ္ပင္မႈ "Hallyu ban” လို႔ ေခၚတဲ့အရာကို ႐ုပ္သိမ္းႏိုင္မယ္ဆိုတဲ့ထင္ေၾကးေတြကို ပိုမိုျမင့္တက္ေစခဲ့ပါတယ္။ ႏိုင္ငံေတာ္ ညစာစားပြဲအၿပီးမွာ ရွီက်င့္ဖ်င္ဟာ ကိုရီးယားအဆိုေတာ္ေတြကို တ႐ုတ္ႏိုင္ငံမွာ ေဖ်ာ္ေျဖခြင့္ျပဳျခင္းနဲ႔ပတ္သက္ၿပီး အျပဳသေဘာေဆာင္ေျပာၾကားခဲ့တယ္လို႔ သတင္းေတြအရ သိရပါတယ္။