ကာရေဘီယံပင်လယ်ပြင်မှာ အမေရိကန်ရဲ့စစ်ရေးတည်ဆောက်မှုများ အရှိန်မြှင့်တင်နေမှုအပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြစ်တင်ရှုတ်ချ

 213

Pika (NP News) - နိုဝင်ဘာ ၄

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုစစ်ဆင်ရေးရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အမေရိကန်က ကာရေဘီယံ ပင်လယ်ပြင်မှာ စစ်ရေးတည်ဆောက်မှုတွေ အရှိန်မြှင့်တင်နေတာကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင် ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက “မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ် တွေလုပ်ဆောင်ရာမှာ အမေရိကန်က စစ်အင်အားတွေအလွန်အကျွံအသုံးပြုနေမှုကို ကျွန်မတို့ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပါတယ်။ အဲဒီလိုလုပ်ရပ်တွေဟာ အမေရိကန်ပြည်တွင်းဥပဒေတွေနဲ့ နိုင်ငံတကာဥပဒေရဲ့ စံနှုန်းတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာမျိုးပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အမေရိကန်ဟာ ကာရေဘီယံပင်လယ်ပြင်နဲ့ ပစိဖိတ်သမုဒ္ဒရာတို့မှာ မူးယစ်းဆေးဝါးမှောင်ခိုကူးနေတယ်လို့ယူဆရတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှု(၁၅)ကြိမ်လောက်လုပ်ဆောင်ခဲ့ပြီး အနည်းဆုံးလူ(၆၅)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် အမေရိကန်ဟာ မူးယစ်ဆေးဝါးကုန်ကူးမှု တိုက်ဖျက်ရေး ရည်ရွယ်ချက်တစ်စိတ်တစ်ပိုင်းအနေနဲ့ ကာရေဘီယံပင်လယ်ပြင်မှာ ရေတပ်သင်္ဘောတွေ ဖြန့်ကျက်ချထားခဲ့သလို ပူရီတိုရီကိုကျွန်းကိုလည်း F-35 တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်က ဗင်နီဇွဲလားကမ်းလွန်မှာ စစ်သင်္ဘောတွေကို ဖြန့်ကျက်ချထားခဲ့တာကြောင့် အမေရိကန်နဲ့ ဗင်နီဇွဲလားနိုင်ငံကြား တင်းမာမှုတွေ ဆက်လက်မြင့်တက်လျက်ရှိ တယ်လို့လည်း သိရပါတယ်။

Zawgyi Verion:
ကာေရဘီယံပင္လယ္ျပင္မွာ အေမရိကန္ရဲ႕စစ္ေရးတည္ေဆာက္မႈမ်ား အရွိန္ျမႇင့္တင္ေနမႈအေပၚ ႐ုရွားႏိုင္ငံျခား ေရးဝန္ႀကီးဌာန ျပစ္တင္ရႈတ္ခ်
Pika (NP News) - ႏိုဝင္ဘာ ၄
မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးလႈပ္ရွားမႈစစ္ဆင္ေရးရဲ႕တစ္စိတ္တစ္ပိုင္းအေနနဲ႔ အေမရိကန္က ကာေရဘီယံ ပင္လယ္ျပင္မွာ စစ္ေရးတည္ေဆာက္မႈေတြ အရွိန္ျမႇင့္တင္ေနတာကို ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျပစ္တင္ ရႈတ္ခ်ခဲ့တယ္လို႔ သိရပါတယ္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက “မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးလုပ္ငန္းစဥ္ ေတြလုပ္ေဆာင္ရာမွာ အေမရိကန္က စစ္အင္အားေတြအလြန္အကြၽံအသုံးျပဳေနမႈကို ကြၽန္မတို႔ ျပင္းျပင္းထန္ထန္ ျပစ္တင္ရႈတ္ခ်ပါတယ္။ အဲဒီလိုလုပ္ရပ္ေတြဟာ အေမရိကန္ျပည္တြင္းဥပေဒေတြနဲ႔ ႏိုင္ငံတကာဥပေဒရဲ႕ စံႏႈန္းေတြကို ေျပာင္ေျပာင္တင္းတင္းခ်ိဳးေဖာက္တာမ်ိဳးပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း အေမရိကန္ဟာ ကာေရဘီယံပင္လယ္ျပင္နဲ႔ ပစိဖိတ္သမုဒၵရာတို႔မွာ မူးယစ္းေဆးဝါးေမွာင္ခိုကူးေနတယ္လို႔ယူဆရတဲ့ သေဘၤာေတြကို တိုက္ခိုက္မႈ(၁၅)ႀကိမ္ေလာက္လုပ္ေဆာင္ခဲ့ၿပီး အနည္းဆုံးလူ(၆၅)ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ အေမရိကန္ဟာ မူးယစ္ေဆးဝါးကုန္ကူးမႈ တိုက္ဖ်က္ေရး ရည္႐ြယ္ခ်က္တစ္စိတ္တစ္ပိုင္းအေနနဲ႔ ကာေရဘီယံပင္လယ္ျပင္မွာ ေရတပ္သေဘၤာေတြ ျဖန႔္က်က္ခ်ထားခဲ့သလို ပူရီတိုရီကိုကြၽန္းကိုလည္း F-35 တိုက္ေလယာဥ္ေတြ ေစလႊတ္ခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္က ဗင္နီဇြဲလားကမ္းလြန္မွာ စစ္သေဘၤာေတြကို ျဖန႔္က်က္ခ်ထားခဲ့တာေၾကာင့္ အေမရိကန္နဲ႔ ဗင္နီဇြဲလားႏိုင္ငံၾကား တင္းမာမႈေတြ ဆက္လက္ျမင့္တက္လ်က္ရွိ တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.