ပါကစ္စတန်-အာဖဂန် ပဋိပက္ခကို ဒေါ်နယ်ထရမ့် ဖြေရှင်းပေးနိုင်မည်လားနှင့် အစ္စလာမ် မိုက်ဇေးရှင်း ဆိုသည်မှာ

 126

HtayOung (NP News) - နိုဝင်ဘာ ၄

ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့အကြား ဖြစ်ပွားနေတဲ့ပဋိပက္ခကို အမြန်ဖြေရှင်းနိုင်မှာဖြစ် ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မလေးရှားနိုင်ငံ အာဆီယံထိပ်သီးအစည်း အဝေးပြင်ပမှာ ပြောဆိုတယ်လို့ AP သတင်းအေဂျင်စီ (26 October 2025) ကရေးပါတယ်။
ထိုင်းနဲ့ကမ္ဘောဒီးယားတို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးပွဲကို တက် ရောက်စဉ် သမ္မတထရမ့်က ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့လည်း စတင် နေကြပြီဖြစ်ကြောင်း၊ ဒါပေမဲ့ သူ့အနေနဲ့ အဲဒီကိစ္စကို မြန်မြန်ဆန်ဆန်ပဲဖြေရှင်းလိုက်မှာဖြစ်ကြောင်း၊ ပါကစ္စတန် ခေါင်းဆောင်တွေဟာ လူကောင်းတွေပါလို့ မှတ်ချက်ပေးပါတယ်။
အာရှတောင်ပိုင်း အိမ်နီးချင်းနှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာအတွင်း အသေအပျောက်အများ ဆုံးတိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် တင်းမာမှုတွေလျှော့ချဖို့ကြိုးပမ်းတဲ့အနေနဲ့ ပါကစ္စတန်နဲ့ အာဖဂန် နစ္စတန် ကိုယ်စားလှယ်အဖွဲ့တွေဟာ အောက်တိုဘာ (၂၅) ရက်မှ (၂၈)ရက်အထိ တူရကီနိုင်ငံ အစ္စတန် ဘူလ်မြို့မှာ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်နေကြပါတယ်။ အောက်တိုဘာလ(၁၉)ရက် ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကနဦးသဘောတူညီခဲ့ကြတဲ့ အပစ်အခတ်ရပ်စဲရေးရဲ့နောက်ဆက်တွဲ ဒုတိယအကြိမ်လို့ဆို နိုင်ပြီး ငြိမ်းချမ်းရေးနဲ့နယ်စပ်လုံခြုံရေးအတွက် ရေရှည်တည်တံ့မယ့် မူဘောင်တွေချမှတ်နိုင်ရေး ညှိနှိုင်း ကြဖို့ရှိနေပါတယ်။
ဒါပေမဲ့ အာဖဂန်နစ္စတန်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ဆက် လက်ဖြစ်ပွားနေပြီး ပါကစ္စတန်စစ်သား(၅)ဦးနဲ့ လက်နက်ကိုင်စစ်သွေးကြွ(၂၅)ဦးတို့သေဆုံးကြောင်း အစ္စ လာမ်မာဘတ်စစ်ဌာနချုပ်က(အာဆီယံအစည်းအဝေး သမ္မတထရမ့်ပြောတဲ့) တနင်္ဂနွေနေ့မှာပဲ ကြေညာ တယ်လို့ ရိုက်တာ(26 October 2025) က ရေးပါတယ်။
လွန်ခဲ့တဲ့ သောကြာနဲ့စနေနေ့တွေမှာ အာဖဂန်နစ္စတန်ဘက်မှ လက်နက်ကိုင်စစ်သွေးကြွတွေ ဟာ ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း နယ်စပ်တစ်လျှောက် တောင်ထူထပ်တဲ့ဒေသတွေဖြစ်တဲ့ ကူ ရမ်နဲ့မြောက်ဝါဇီရစ္စတန်ခရိုင်တွေအတွင်း ဖြတ်ကျော်ဝင်ရောက်ဖို့ကြိုးပမ်းခဲ့ကြောင်း၊ အဲဒီလိုဖြစ်ရပ်တွေ ဟာ မိမိပိုင်နက်နယ်မြေမှပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုပြဿနာကို အဖြေရှာရေးနဲ့ပတ်သက်ပြီး အာ ဖဂန်အစိုးရရဲ့ရည်ရွယ်ချက်ကို သံသယဖြစ်စေတယ်လို့ ပါကစ္စတန်စစ်တပ် သတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုပါတယ်။
အစ္စလာမ်မာဘတ်ရဲ့သတင်းထုတ်ပြန်ချက်ပါတိုက်ပွဲတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မေတ္တာ ရပ်ခံချက်ကို အာဖဂန်နစ္စတန်နိုင်ငံ တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ အကြီးအကဲနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတို့က လောလောဆယ် အဖြေပေးခြင်းမရှိသေးပါဘူး။ တိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့ နယ်စပ် ဒေသဟာ အလွန်ဝေးလံပြီး သတင်းထောက်တွေအတွက် လုံခြုံမှုမရှိတဲ့အတွက် နှစ်ဖက်ထိခိုက် ကျဆုံးမှု ကိုလည်းအတည်မပြုနိုင်ဘူးလို့ AP က ရေးပါတယ်။
ပါကစ္စတန်နိုင်ငံအတွင်း အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့လက်နက်ကိုင်စစ်သွေးကြွတို့ကို ခိုလှုံ ခွင့်ပေးထားကြောင်း အစ္စလာမ်မာဘတ်ရဲ့ စွပ်စွဲချက်တွေကို တာလီဘန်တို့ကငြင်းဆိုပြီး ပါကစ္စတန်သာ လျှင် စစ်ရေးဆောင်ရွက်မှုတွေနဲ့ အာဖဂန်နစ္စတန် ရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်နေတယ်လို့ပြော ပါတယ်။
(၂၀၂၁)ခုနှစ် ကဘူးလ်မြို့ကို တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း ယခုလစောစောပိုင်းမှာ အိမ်နီးချင်း ပါကစ္စတန်နဲ့ အဆိုးရွားဆုံး နယ်စပ်တိုက်ပွဲ တွေဖြစ်ပွားခဲ့ပါတယ်။ အာဖဂန်မှာပုန်းခိုနေပြီး ပါကစ္စတန်နိုင်ငံအတွင်း အကြမ်းဖက်မှုတွေကျူးလွန်နေသူ စစ်သွေးကြွတွေကို တာလီဘန်အစိုးရက ထိန်းချုပ်ဖို့ အစ္စလာမ်မာဘတ်ကတောင်းဆိုမှုနဲ့အတူ တိုက်ပွဲတွေစတင်ခဲ့ပါတယ်။ ပါကစ္စတန်ရဲ့ လေ ကြောင်း တိုက်ခိုက်မှုတွေနဲ့ ပြင်းထန်စွာအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲရေးကို မိမိတို့ဘက်က ဆုပ်ကိုင်ထားဆဲဖြစ်ပြီး အာဖဂန်အနေနဲ့လည်း ငြိမ်း ချမ်းရေးကိုလိုလားလိမ့်မယ်လို့ယုံကြည်ကြောင်း၊ ဒါပေမဲ့ အစ္စတန်ဘူလ်ဆွေးနွေးပွဲ ပျက်ပြားမယ်ဆိုရင် အတိအလင်း စစ်ခင်းရန်သာရှိတော့ကြောင်း စနေနေ့မှာ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးက သတိပေး လိုက်ပါတယ်။ တာလီဘန်တို့နဲ့ ဆွေးနွေးပွဲအခြေအနေကို ပါကစ္စတန်အရာရှိ တစ်ဦးတစ်ယောက်ကိုမှ မေးမြန်းလို့မရခဲ့ပါဘူး။ ဒါပေမဲ့ သမ္မတထရမ့်ရဲ့မှတ်ချက်တွေဟာ အိမ်ဖြူတော်နဲ့ ပိုမိုနီးကပ်စွာဆက်ဆံလို တဲ့ပါကစ္စတန်ရဲ့ နိုင်ငံရေးနဲ့စစ်ရေးခေါင်းဆောင်တွေအတွက် အားတက်စရာပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ မေလလယ် ကက်ရှ်မီးယားနယ် စပ်တစ်လျှောက် အိန္ဒိယနဲ့ပါကစ္စတန်တို့ စစ်ရေးထိပ် တိုက်တွေ့ခဲ့ ကြရာမှာ သမ္မတထရမ့်ရဲ့ ကြားဝင်မှုနဲ့ပဲ အိမ်နီးချင်းနှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲခဲ့ဖူးပါ တယ်။ အိမ်နီးချင်း ကမ္ဘာ့အင်အားကြီးအိန္ဒိယလိုတိုင်း ပြည်မျိုးနဲ့ (၄)ကြိမ်အထိ အတိအလင်းစစ်ခင်းခဲ့ဖူး ပြီး နောက်ဆက်တွဲ စစ်ရေးတင်းမာမှုတွေနဲ့ရင်ဆိုင်နေရတဲ့ ပါကစ္စတန်အတွက် ဒေသတွင်း အယ်လ်ကိုင် ဒါလို ဘာသာရေးအစွန်းရောက်အကြမ်းဖက် လက်နက်ကိုင်တွေ ပြန်လည်ခေါင်းထောင်လာမှုကိုလည်း အထူးသတိပြုနေရပါတယ်။ တစ်နည်းအားဖြင့် မွတ်စလင် တိုင်းပြည်တွေအတွင်း နိဒါန်းပျိုးလာတဲ့ “အစ္စ လာမ်မိုက်ဇေးရှင်း” လုပ်ခံရမှာကိုလည်းစိုးရိမ်နေရပါ တယ်။
(၁၉၄၇)ခုနှစ် အိန္ဒိယမှခွဲထွက်လာတဲ့ ပါကစ္စတန်နိုင်ငံပေါ်ပေါက်လာကတည်းက “ဒူးရင့်လိုင်း” ခေါ် နှစ်နိုင်ငံ နယ်ခြားမျဉ်းသတ်မှတ်မှုနဲ့ ပတ်သက်ပြီး အာဖဂန်အနေနဲ့ ကျေနပ်မှုမရှိခဲ့တာ အမှန်ပဲ ဖြစ် ပါတယ်။ အနောက်ဘက်မှာ အီရန်နဲ့ နယ်နိ မိတ်ချင်းထိစပ်နေပြီး အရှေ့ဘက်စွန်းမှာ တရုတ်နယ်စပ် အထိ မိုင်ပေါင်း (၁၆၀ဝ)ကျော် ရှည်လျားပါတယ်။ (၁၈၉၃)ခုနှစ် ဒုတိယအကြိမ် အင်္ဂလိပ်-အာဖဂန်စစ်ပွဲ နဲ့ (၁၉၁၉)ခုနှစ် တတိယအကြိမ် စစ်ပွဲမှာအရေးနိမ့်တဲ့အတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ရတဲ့စာ ချုပ်ဟာ အချုပ်အခြာပိုင်နက်နယ်မြေတွေ တစ်ဖက်သတ် ဆုံးရှုံးရတယ်လို့ အာဖဂန်ကမှတ်ယူပါတယ်။ စာချုပ်ဟာ ယနေ့တိုင်အတည်ဖြစ်နေပေမယ့် ပြန် လည်ညှိနှိုင်းကြဖို့ အာဖဂန်အုပ်ချုပ်သူအဆက်ဆက် တို့က တောင်းဆိုခဲ့ကြပါတယ်။
ပါကစ္စတန်ဟာ (၁၉၇၉-၁၉၈၉)ခုနှစ် ဆို ဗီယက်ကျူးကျော်မှုအာဖဂန်စစ်ပွဲနဲ့ (၁၉၈၉-၁၉၉၂) ခုနှစ် အာဖဂန်ပြည်တွင်းစစ်မှာ အာဖဂန် (ဘာသာရေး စစ်သည်တော်)မူဂျာဟီဒင်တွေကိုထောက်ခံခဲ့ပါ တယ်။ (၁၉၉၆)ခုနှစ် အာဖဂန်မှာ တာလီဘန်အစိုးရကို အသိအမှတ်ပြုတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ခဲ့ ပြီး (၂၀ဝ၁)ခုနှစ် အမေရိကန်ကျူးကျော်ချိန်အထိ အဓိကအားဖြင့် ငွေကြေးထောက်ပံ့ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ဆက်ဆံရေးဟာ အမျိုးသားလုံခြုံရေး-ဒေသတွင်း ပထဝီနိုင်ငံရေးအရ အင်မတန်ရှုပ်ထွေးခဲ့ပါ တယ်။
အာဖဂန်ဟာ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပေမယ့် ကမ္ဘာ့အရှေ့အနောက်ဆက်သွယ်ရာ ပိုးလမ်းမကြီး ပေါ်မှာတည်ရှိတဲ့အတွက် ပထဝီနိုင်ငံရေးအရ အလွန်အရေးပါပါတယ်။ အာဖဂန်ကိုကျူးကျော်လာတဲ့ ဆိုဗီယက်တပ်တွေကိုတိုက်ထုတ်ဖို့ အမေရိကန် CIA ရဲ့အစီအစဉ်ကို အနီးကပ်အကူအညီပေးခဲ့သူက ပါကစ္စ တန်ပဲဖြစ်ပါတယ်။ အာဖဂန်မှာ “မြင့်မြတ်သောစစ်ပွဲ” ဆင်နွှဲရန် ကမ္ဘာအရပ်ရပ်မှမွတ်စလင်တွေ ကို မူဂျာဟီ ဒင်အဖြစ်ပို့ဆောင်ရာမှာကူညီခဲ့ပြီး လက်နက်နဲ့လေ့ကျင့်မှုတွေကို ထိရောက်စွာထောက်ပံ့ခဲ့ ပါတယ်။ အိုစမာ ဘင်လာဒင်အပါအဝင် အာရပ်မူဂျာဟီဒင်တွေဟာ ထောက်ပံ့မှုရဲ့အကျိုးကိုခံစားရသူ တွေဖြစ်ပြီး နောင်အခါ Al Qaeda “အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့” ဖြစ်လာတဲ့အခါ အမေရိကန်ကို အံတုလာပါတယ်။
တာလီဘန်ဆိုတာ အာဖဂန်မှ ဆိုဗီယက် တပ်များဆုတ်ခွာသွားပြီး (၁၉၉၄)ခုနှစ် ကင်ဒါဟာ မြို့ မှာ စတင်ပေါ်ပေါက်လာတဲ့ “မဒရပ်ဆာ” ဘာသာရေးကျောင်းသားအဖွဲ့ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ထောက်ပံ့မှုဟာ ဆိုဗီယက်ကျူးကျော်မှုကို ခုခံနိုင်ပေမယ့် အဲဒီထောက်ပံ့မှုနဲ့ လက်နက်တွေ ဖောချင်း သော ချင်းဖြစ်လာမှုဟာ အာဖဂန်မှာ အစွန်းရောက် စစ်သွေးကြွအင်အားစုတွေပေါ်ထွန်းလာစေဖို့ ဖန်တီး ပေးသလို ဖြစ်ခဲ့ပါတယ်။
တာလီဘန်နဲ့ အယ်လ်ကိုင်ဒါတို့ဟာ ရှရီယာ အစ္စလာမ်ဥပဒေစနစ်ကို တရားဝင်ကျင့်သုံးရေး၊ ဆွန်နီအစ္စလာမ်ဘာသာအတွင်း ပြုပြင်ပြောင်းလဲရေး၊ ပြန်လည်နိုးထရေး “ဒီအိုဘန်ဒီဝါဒ” နဲ့ “ဆလား ဖစ်ဝါဒ” တို့ကို လိုက်နာကျင့်သုံးပုံချင်းတူညီကြပါတယ်။ ဒါပေမဲ့ တာလီဘန်တို့က မိမိနိုင်ငံအတွင်းသာ အလေးအနက်ထားပြီး အယ်လ်ကိုင်ဒါတို့က အထူးသဖြင့် အမေရိကန်နဲ့အနောက်အုပ်စုကိုပစ်မှတ်ထား တဲ့ ကမ္ဘာတစ်ဝန်းလုံး “ဂျီဟတ်အယူအဆ” ရှိပါတယ်။
(၉/၁၁)အကြမ်းဖက်မှုမှာတာဝန်ရှိတဲ့ အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုစမာဘင်လာဒင်ကို ပေး အပ်ရန်ငြင်းဆိုခြင်းကြောင့် (၂၀ဝ၁)ခုနှစ် အမေရိကန်ရဲ့ အာဖဂန်ကျူးကျော်မှုမှာ ပါကစ္စတန်ဟာ ဝါရှင် တန်ကို အကူအညီပေးခဲ့ရပါတယ်။ မဟာရန်ဘက် အိန္ဒိယရဲ့ခြိမ်းခြောက်မှုရှိနေတယ်လို့ ယူဆမှုကြောင့် ကိုးကွယ်ရာ ဘာသာတူ တာလီဘန်နဲ့ အယ်လ်ကိုင်ဒါ တို့ကိုမဟာမိတ်ဖွဲ့ရင်း ပါကစ္စတန်နိုင်ငံဟာ အယ်လ်ကိုင်ဒါနဲ့ အဆက်အသွယ်ရှိတဲ့ “လက်ရှ်ခါ-အီး-တိုင်ဘာ” LeT လို (ကက်ရှ်မီးယားလွတ်မြောက် ရေး) အကြမ်းဖက်အဖွဲ့တွေကို မွေးမြူမိလျက်သားဖြစ်သွား ပါတယ်။ အဲဒီအဖွဲ့က အိန္ဒိယနိုင်ငံအတွင်း (၂၀ဝ၈) ခုနှစ် မွန်ဘိုင်းတာ့ဂျ်မဟာအကြမ်းဖက်မှုတွေကျူးလွန်တဲ့အခါ ပါကစ္စတန်စစ်ထောက်လှမ်းရေး ISI ဟာ ကမ္ဘာ့အလယ်မှာ ဝေဖန်စရာဖြစ်ရပါတယ်။ (၂၀ဝ၁)ခုနှစ် အာဖဂန်ကျူးကျော်မှုမှာ ထွက်ပြေး လွတ်မြောက်သွားတဲ့အိုစမာဘင်လာဒင်ကို (၂၀၁၁)ခုနှစ် အမေရိကန်နေဗီဆီးလ်တွေက သုတ်သင်လိုက် တာဟာ ပါကစ္စတန်နိုင်ငံ စစ်တက္ကသိုလ်အနီး “အဘော့တ ဘက်မြို့” မှာဖြစ်နေပါတယ်။ အဲဒီအချက် တွေကြောင့် ဝါရှင်တန်ရဲ့အမြင်မှာ တောင်အာရှစစ်ရေး မဟာ မိတ် ပါကစ္စတန်ဟာ အမေရိကန်ကို ကူညီ ရင်း တစ်ဖက်မှာလည်း အမေရိကန်ရဲ့ရန်သူ အစ္စလာမ္မစ် အစွန်းရောက်တွေနဲ့ဆက်သွယ်နေတဲ့ “နှစ်ဖက် ခွကစားသူ” ဖြစ်နေရပါတယ်။
တကယ်တော့ အမေရိကန်-ဆိုဗီယက်-တရုတ်-အိန္ဒိယ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ “ပါဝါ ကစားကွက်”မှာ ပါကစ္စတန်ရော အာဖဂန်နစ္စတန်ပါ “ပထဝီနိုင်ငံရေးကျိန်စာသင့်သူများ” ဖြစ်ဖွယ်ရှိပါ တယ်။ ဆယ်စုနှစ်ပေါင်းများစွာ မတည်မငြိမ်ဖြစ်ခဲ့ရတဲ့ အာဖဂန်မှစစ်ဘေးဒုက္ခသည် (၂)သန်းနီးပါးကို အိမ်နီးချင်းပါကစ္စတန်က လက်ခံထားရပါတယ်။ ဒုက္ခသည်စခန်းများ-ကျေးလက်နဲ့မြို့ပြဧရိယာအထိ ပြန့် ကျဲနေထိုင်ကြတဲ့ အာဖဂန်စစ်ဘေးရှောင်တွေကြောင့် ပါကစ္စတန်ရဲ့စီးပွားရေးနဲ့ အခြေခံအဆောက်အအုံ စနစ်တွေအပေါ် ဖိအားတွေသက်ရောက်လာပါတယ်။ ဒေသတွင်းမတည်မငြိမ်ဖြစ်မှုနဲ့ ရာဇဝတ်မှုတွေတိုး မြင့်လာမှုဟာ ပါကစ္စတန်ရဲ့ အမျိုးသားလုံခြုံရေးကို စိန်ခေါ်လာပါတယ်။
ငွေကြေးဖောင်းပွမှု-ကုန်ဈေးနှုန်းကြီးမြင့်မှု-ဆင်းရဲချမ်းသာကွာခြားချက်များပြားလှတဲ့ ပါကစ္စ တန်မှာ “တာရစ် အီး တာလီဘန် ပါကစ္စတန်” TTP လို လူသိအများဆုံးနဲ့ အင်အားအကြီးဆုံး လက်နက် ကိုင်စစ်သွေးကြွတွေပေါ်ထွန်းလာပါတယ်။ အလားတူ “ဟက္ကာနီကွန်ရက်” အဖွဲ့ဟာ တာလီဘန်အစိုးရရဲ့ အကူအညီနဲ့ နယ်စပ်တစ်လျှောက် အာဖဂန်နိုင်ငံအတွင်း ခြေကုပ်ယူပြီး ပါကစ္စတန်နိုင်ငံမှာ “အယူသီး အစွန်းရောက် အယူအဆ” ဖြန့်ဝေဖို့ လက်နက်ကိုင်သောင်းကျန်းနေကြတယ်လို့ယူဆရပါတယ်။
ဒုတိယအင်အားအကြီးဆုံးကတော့ “ဂျာရှ် အီး မိုဟာမက်” နဲ့ “လက်ရှ်ခါ အီး တိုင်ဘာ” အဖွဲ့တို့ ဖြစ်ကြပါတယ်။ သူတို့ဟာ နိုင်ငံတကာအယ်လ်ကိုင် ဒါအကြမ်းဖက်အဖွဲ့နဲ့အဆက်အသွယ်ရှိတယ်လို့ ကမ္ဘာက သတ်မှတ်ထားပါတယ်။ ဒီကိစ္စတွေဟာ အိမ် နီးချင်းမွတ်စလင်သဘောထားတင်းမာသူ တာလီ ဘန် အစိုးရနဲ့ အယ်လ်ကိုင်ဒါတို့က သူ့နိုင်ငံအတွင်း အစွန်းရောက်အယူအဆတွေဇာတ်သွင်းဖို့ “အစ္စလာမ် မိုက်ဇေးရှင်း” လုပ်နေပြီလို့ ပါကစ္စတန်အတွက် သံသယဝင်စရာဖြစ်ရပါတယ်။
အိန္ဒိယဟာ ဒေသတွင်းဩဇာလွှမ်းမိုးမှုအတွက် ပါကစ္စတန်နဲ့ယှဉ်ပြိုင်နေပါတယ်။ နယူးဒေလီ အတွက် အာဖဂန်နဲ့ဆက်ဆံရေးဟာ မဟာဗျူဟာမြောက်အရေးပါပါတယ်။ (၂၀၂၁)ခုနှစ် ကဘူးလ်မှ အမေရိကန်တပ်များ ဆုတ်ခွာမှုနဲ့အတူ အာဖဂန်ဆိုင်ရာအိန္ဒိယသံရုံးလည်းရပ်တန့်သွားပါတယ်။ ဒါပေမဲ့ နောက်တစ်နှစ်အကြာမှာ ပြန်ဖွင့်ကာ တာလီဘန်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံပြီး လူသားချင်းစာနာမှုဆိုင် ရာ အကူအညီတွေပေးအပ်လာပါတယ်။
တာလီဘန်ကိုယ်စားလှယ်အဖွဲ့ဟာ ဩဂုတ်လ(၁၁)ရက်မှာ နယူးဒေလီကို ချစ်ကြည်ရေးသွား ရောက်ခဲ့ပြီး ဩဂုတ်လ(၂၂)ရက်မှာ ပါကစ္စတန်က အာဖဂန်နိုင်ငံအတွင်း ဗုံးကြဲခဲ့ပါတယ်။ ဒီကိစ္စနှစ်ခုဟာ ဆက်စပ်တယ်လို့ နိုင်ငံတကာစစ်ရေးလေ့လာသူတွေ ကသုံးသပ်ကြပါတယ်။ သူရဲ့ဩဇာခံအဖြစ်သတ် မှတ်ထားတဲ့ တာလီဘန်က အိန္ဒိယနဲ့ ပလူးပလဲလုပ်လာတာ ကိုသည်းမခံကြောင်း ပြသလိုက်တာလည်း ဖြစ်ပါတယ်။
နယူးဒေလီအနေနဲ့လည်း ဘာသာရေး သဘောထားတင်းမာသူ တာလီဘန်တို့နဲ့ သတိထားဆက် ဆံနေရပါလိမ့်မယ်။ အယ်လ်ကိုင်ဒါ-တာလီဘန်နဲ့ အိုင်စစ် (ISIS) တို့လို ဘာသာရေးအစွန်းရောက်တွေ ဟာ ကျမ်းစာတစ်ခုတည်းချင်းအတူတူ သူတို့အဓိပ္ပာယ် ဖွင့်ဆိုချက်သည်သာအမှန်ဖြစ်တယ်လို့ တရား သေ ခေါင်းမာသူတွေဖြစ်ကြပါတယ်။ မွတ်စလင်အချင်းချင်းပင် ဖျောင်းဖျနားချဖို့ အလွန်ခက်ခဲသူတွေ ဖြစ်နေလို့ပါ။
တစ်ခါ ပါကစ္စတန်-အာဖဂန်ပဋိပက္ခကို အမြန်အဆုံးသတ်ပစ်မယ်လို့ အာဆီယံထိပ်သီးအစည်း အဝေးမှာ မှတ်ချက်ပေးခဲ့တဲ့ သမ္မတထရမ့်ကကော သူပြောသလိုတကယ်လုပ်နိုင်ပါ့မလား၊ (၂၀၂၁) ခုနှစ် ဆုတ်ခွာစဉ် အာဖဂန်မှာကျန်ရစ်ခဲ့တဲ့ “ဘက်ဂရမ်လေတပ်အခြေစိုက်စခန်း” ကို ပြန်ယူမှာဖြစ်ကြောင်း (၂၀၂၄)ခုနှစ် မဲဆွယ်စဉ် ဒေါ်နယ်ထရမ့်က ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ (၂၀ဝ၁-၂၀၂၁)ခုနှစ် အထိကြာမြင့် ခဲ့တဲ့ “အာဖဂန် စစ်ရေးစွက်ဖက်မှု” ဟာ အမေရိကန်ရဲ့သမိုင်းမှာ ကာလကြာရှည်ဆုံးနဲ့ အကုန်အကျ အများဆုံး ဖြစ်ခဲ့ပါတယ်။ ဒေါ်လာ (၈-၁၀) ထရီလျံကုန်ကျပြီး အမေရိကန်စစ်သား (၂၄၀ဝ) ခန့် အသက် ဆုံးရှုံး၊ (၂၀ယဝဝဝ)ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ အာဖဂန်ရဲ့သေဆုံးပျက်စီးမှုပမာဏဟာ အမေရိကန် ထက် (၃)ဆခန့်ပိုမိုပြီး များသောအားဖြင့် အရပ်သားတွေဖြစ်ပါတယ်။ အမေရိကန်အတွက် စစ်ရေး-စက် မှုလုပ်ငန်းရှုပ်ထွေးမှုတွေဖြစ်ခဲ့ရပြီး နိုင်ငံတကာအလယ်မှာ ဂုဏ်သတင်းကျဆင်းရပေမယ့် အာဖဂန် မှာ တာလီဘန်တို့ကို လူထုထောက်ခံမှုပိုအားကောင်းလာအောင် ဖန်တီးပေးသလိုဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်အတွက် ဝန်ထုပ်ဝန်ပိုးလိုဖြစ်နေတဲ့ အာဖဂန်စစ်ရေးစွက်ဖက်မှုကိုအဆုံးသတ်ဖို့ စတင်ခဲ့သူ က သမ္မတဒေါ်နယ်ထရမ့် ပထမ ရာထူးသက်တမ်းအတွင်းမှာဖြစ်ပြီး ဂျိုးဘိုင်ဒန်အစိုးရလက်ထက်မှာ လည်း ဆက်လက်အကောင်အထည်ဖော်ခဲ့ပါတယ်။
ဒါပေမဲ့ အစ္စလာမ္မစ် အစွန်းရောက်တွေဟာ အမေရိကန်နဲ့ မဟာမိတ်တိုင်းပြည်တွေရဲ့ အကျိုးစီး ပွားအတွက် အလွန်အန္တရာယ်များလှပါတယ်။ တရုတ် ရဲ့ဩဇာလွှမ်းမိုးမှုချဲ့ထွင်လာတဲ့ တောင်အာရှ ဒေသရဲ့ ပထဝီနိုင်ငံရေး မဟာဗျူဟာမြောက် အာဖဂန်နစ္စတန်နဲ့ စစ်ရေးမဟာမိတ်ပါကစ္စတန်မှာ အစွန်း ရောက် မွတ်စလင်တွေအတွက် “သုခရိပ်မြုံ” ဖြစ်လာနေတာကိုတော့ တစ်နည်းနည်းနဲ့ တားဆီးဖွယ်ရှိပါ တယ်။ “အမေရိကန် ပထမ” ဖြစ်ဖို့ စစ်ပွဲတွေကိုရှောင်ရှားပြီး စီးပွားရေးနဲ့ သံတမန်ရေးအရချဉ်းကပ်တဲ့ သမ္မတ ထရမ့်ရဲ့နည်းဗျူဟာတွေဟာ “အစ္စလာမ်မိုက်ဇေးရှင်း” တစ္ဆေခြောက်မှုနဲ့ သံသယတွေလွှမ်းခြုံ နေတဲ့ ဒေသကြီးအတွင်းမှာ အလုပ်ဖြစ်-မဖြစ် စောင့်ကြည့်ရန်သာရှိပါတယ်။

Zawgyi Verion:
ပါကစၥတန္-အာဖဂန္ ပဋိပကၡကို ေဒၚနယ္ထရမ့္ ေျဖရွင္းေပးႏိုင္မည္လားႏွင့္ အစၥလာမ္ မိုက္ေဇးရွင္း ဆိုသည္မွာ
HtayOung (NP News) - ႏိုဝင္ဘာ ၄
ပါကစၥတန္နဲ႔အာဖဂန္နစၥတန္တို႔အၾကား ျဖစ္ပြားေနတဲ့ပဋိပကၡကို အျမန္ေျဖရွင္းႏိုင္မွာျဖစ္ ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က မေလးရွားႏိုင္ငံ အာဆီယံထိပ္သီးအစည္း အေဝးျပင္ပမွာ ေျပာဆိုတယ္လို႔ AP သတင္းေအဂ်င္စီ (26 October 2025) ကေရးပါတယ္။
ထိုင္းနဲ႔ကေမာၻဒီးယားတို႔အၾကား ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္လက္မွတ္ေရးထိုးပြဲကို တက္ ေရာက္စဥ္ သမၼတထရမ့္က ေျပာဆိုလိုက္ျခင္းျဖစ္ပါတယ္။ ပါကစၥတန္နဲ႔အာဖဂန္နစၥတန္တို႔လည္း စတင္ ေနၾကၿပီျဖစ္ေၾကာင္း၊ ဒါေပမဲ့ သူ႔အေနနဲ႔ အဲဒီကိစၥကို ျမန္ျမန္ဆန္ဆန္ပဲေျဖရွင္းလိုက္မွာျဖစ္ေၾကာင္း၊ ပါကစၥတန္ ေခါင္းေဆာင္ေတြဟာ လူေကာင္းေတြပါလို႔ မွတ္ခ်က္ေပးပါတယ္။
အာရွေတာင္ပိုင္း အိမ္နီးခ်င္းႏွစ္ႏိုင္ငံအၾကား ႏွစ္ေပါင္းမ်ားစြာအတြင္း အေသအေပ်ာက္အမ်ား ဆုံးတိုက္ပြဲေတြ ျဖစ္ပြားၿပီးေနာက္ တင္းမာမႈေတြေလွ်ာ့ခ်ဖို႔ႀကိဳးပမ္းတဲ့အေနနဲ႔ ပါကစၥတန္နဲ႔ အာဖဂန္ နစၥတန္ ကိုယ္စားလွယ္အဖြဲ႕ေတြဟာ ေအာက္တိုဘာ (၂၅) ရက္မွ (၂၈)ရက္အထိ တူရကီႏိုင္ငံ အစၥတန္ ဘူလ္ၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးမႈေတြျပဳလုပ္ေနၾကပါတယ္။ ေအာက္တိုဘာလ(၁၉)ရက္ ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕မွာ ကနဦးသေဘာတူညီခဲ့ၾကတဲ့ အပစ္အခတ္ရပ္စဲေရးရဲ႕ေနာက္ဆက္တြဲ ဒုတိယအႀကိမ္လို႔ဆို ႏိုင္ၿပီး ၿငိမ္းခ်မ္းေရးနဲ႔နယ္စပ္လုံၿခဳံေရးအတြက္ ေရရွည္တည္တံ့မယ့္ မူေဘာင္ေတြခ်မွတ္ႏိုင္ေရး ညႇိႏႈိင္း ၾကဖို႔ရွိေနပါတယ္။
ဒါေပမဲ့ အာဖဂန္နစၥတန္နဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ နယ္စပ္ေဒသေတြမွာ တိုက္ပြဲေတြ ဆက္ လက္ျဖစ္ပြားေနၿပီး ပါကစၥတန္စစ္သား(၅)ဦးနဲ႔ လက္နက္ကိုင္စစ္ေသြးႂကြ(၂၅)ဦးတို႔ေသဆုံးေၾကာင္း အစၥ လာမ္မာဘတ္စစ္ဌာနခ်ဳပ္က(အာဆီယံအစည္းအေဝး သမၼတထရမ့္ေျပာတဲ့) တနဂၤေႏြေန႔မွာပဲ ေၾကညာ တယ္လို႔ ႐ိုက္တာ(26 October 2025) က ေရးပါတယ္။
လြန္ခဲ့တဲ့ ေသာၾကာနဲ႔စေနေန႔ေတြမွာ အာဖဂန္နစၥတန္ဘက္မွ လက္နက္ကိုင္စစ္ေသြးႂကြေတြ ဟာ ပါကစၥတန္ႏိုင္ငံအေနာက္ေျမာက္ပိုင္း နယ္စပ္တစ္ေလွ်ာက္ ေတာင္ထူထပ္တဲ့ေဒသေတြျဖစ္တဲ့ ကူ ရမ္နဲ႔ေျမာက္ဝါဇီရစၥတန္ခ႐ိုင္ေတြအတြင္း ျဖတ္ေက်ာ္ဝင္ေရာက္ဖို႔ႀကိဳးပမ္းခဲ့ေၾကာင္း၊ အဲဒီလိုျဖစ္ရပ္ေတြ ဟာ မိမိပိုင္နက္နယ္ေျမမွေပၚေပါက္လာတဲ့ အၾကမ္းဖက္မႈျပႆနာကို အေျဖရွာေရးနဲ႔ပတ္သက္ၿပီး အာ ဖဂန္အစိုးရရဲ႕ရည္႐ြယ္ခ်က္ကို သံသယျဖစ္ေစတယ္လို႔ ပါကစၥတန္စစ္တပ္ သတင္းထုတ္ျပန္ေရးအဖြဲ႕က ဆိုပါတယ္။
အစၥလာမ္မာဘတ္ရဲ႕သတင္းထုတ္ျပန္ခ်က္ပါတိုက္ပြဲေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေမတၱာ ရပ္ခံခ်က္ကို အာဖဂန္နစၥတန္ႏိုင္ငံ တာလီဘန္အစိုးရ ေျပာေရးဆိုခြင့္ရွိသူ အႀကီးအကဲနဲ႔ ကာကြယ္ေရး ဝန္ႀကီးဌာနတို႔က ေလာေလာဆယ္ အေျဖေပးျခင္းမရွိေသးပါဘူး။ တိုက္ပြဲျဖစ္ပြားတယ္ဆိုတဲ့ နယ္စပ္ ေဒသဟာ အလြန္ေဝးလံၿပီး သတင္းေထာက္ေတြအတြက္ လုံၿခဳံမႈမရွိတဲ့အတြက္ ႏွစ္ဖက္ထိခိုက္ က်ဆုံးမႈ ကိုလည္းအတည္မျပဳႏိုင္ဘူးလို႔ AP က ေရးပါတယ္။
ပါကစၥတန္ႏိုင္ငံအတြင္း အၾကမ္းဖက္မႈေတြက်ဴးလြန္ေနတဲ့လက္နက္ကိုင္စစ္ေသြးႂကြတို႔ကို ခိုလႈံ ခြင့္ေပးထားေၾကာင္း အစၥလာမ္မာဘတ္ရဲ႕ စြပ္စြဲခ်က္ေတြကို တာလီဘန္တို႔ကျငင္းဆိုၿပီး ပါကစၥတန္သာ လွ်င္ စစ္ေရးေဆာင္႐ြက္မႈေတြနဲ႔ အာဖဂန္နစၥတန္ ရဲ႕အခ်ဳပ္အျခာအာဏာကိုခ်ိဳးေဖာက္ေနတယ္လို႔ေျပာ ပါတယ္။
(၂၀၂၁)ခုႏွစ္ ကဘူးလ္ၿမိဳ႕ကို တာလီဘန္တို႔ ထိန္းခ်ဳပ္ၿပီးေနာက္ပိုင္း ယခုလေစာေစာပိုင္းမွာ အိမ္နီးခ်င္း ပါကစၥတန္နဲ႔ အဆိုး႐ြားဆုံး နယ္စပ္တိုက္ပြဲ ေတြျဖစ္ပြားခဲ့ပါတယ္။ အာဖဂန္မွာပုန္းခိုေနၿပီး ပါကစၥတန္ႏိုင္ငံအတြင္း အၾကမ္းဖက္မႈေတြက်ဴးလြန္ေနသူ စစ္ေသြးႂကြေတြကို တာလီဘန္အစိုးရက ထိန္းခ်ဳပ္ဖို႔ အစၥလာမ္မာဘတ္ကေတာင္းဆိုမႈနဲ႔အတူ တိုက္ပြဲေတြစတင္ခဲ့ပါတယ္။ ပါကစၥတန္ရဲ႕ ေလ ေၾကာင္း တိုက္ခိုက္မႈေတြနဲ႔ ျပင္းထန္စြာအျပန္အလွန္ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ပါတယ္။
အပစ္အခတ္ရပ္စဲေရးကို မိမိတို႔ဘက္က ဆုပ္ကိုင္ထားဆဲျဖစ္ၿပီး အာဖဂန္အေနနဲ႔လည္း ၿငိမ္း ခ်မ္းေရးကိုလိုလားလိမ့္မယ္လို႔ယုံၾကည္ေၾကာင္း၊ ဒါေပမဲ့ အစၥတန္ဘူလ္ေဆြးေႏြးပြဲ ပ်က္ျပားမယ္ဆိုရင္ အတိအလင္း စစ္ခင္းရန္သာရွိေတာ့ေၾကာင္း စေနေန႔မွာ ပါကစၥတန္ကာကြယ္ေရးဝန္ႀကီးက သတိေပး လိုက္ပါတယ္။ တာလီဘန္တို႔နဲ႔ ေဆြးေႏြးပြဲအေျခအေနကို ပါကစၥတန္အရာရွိ တစ္ဦးတစ္ေယာက္ကိုမွ ေမးျမန္းလို႔မရခဲ့ပါဘူး။ ဒါေပမဲ့ သမၼတထရမ့္ရဲ႕မွတ္ခ်က္ေတြဟာ အိမ္ျဖဴေတာ္နဲ႔ ပိုမိုနီးကပ္စြာဆက္ဆံလို တဲ့ပါကစၥတန္ရဲ႕ ႏိုင္ငံေရးနဲ႔စစ္ေရးေခါင္းေဆာင္ေတြအတြက္ အားတက္စရာပဲျဖစ္ပါတယ္။
လြန္ခဲ့တဲ့ ေမလလယ္ ကက္ရွ္မီးယားနယ္ စပ္တစ္ေလွ်ာက္ အိႏၵိယနဲ႔ပါကစၥတန္တို႔ စစ္ေရးထိပ္ တိုက္ေတြ႕ခဲ့ ၾကရာမွာ သမၼတထရမ့္ရဲ႕ ၾကားဝင္မႈနဲ႔ပဲ အိမ္နီးခ်င္းႏွစ္ႏိုင္ငံအၾကား အပစ္အခတ္ရပ္စဲခဲ့ဖူးပါ တယ္။ အိမ္နီးခ်င္း ကမာၻ႔အင္အားႀကီးအိႏၵိယလိုတိုင္း ျပည္မ်ိဳးနဲ႔ (၄)ႀကိမ္အထိ အတိအလင္းစစ္ခင္းခဲ့ဖူး ၿပီး ေနာက္ဆက္တြဲ စစ္ေရးတင္းမာမႈေတြနဲ႔ရင္ဆိုင္ေနရတဲ့ ပါကစၥတန္အတြက္ ေဒသတြင္း အယ္လ္ကိုင္ ဒါလို ဘာသာေရးအစြန္းေရာက္အၾကမ္းဖက္ လက္နက္ကိုင္ေတြ ျပန္လည္ေခါင္းေထာင္လာမႈကိုလည္း အထူးသတိျပဳေနရပါတယ္။ တစ္နည္းအားျဖင့္ မြတ္စလင္ တိုင္းျပည္ေတြအတြင္း နိဒါန္းပ်ိဳးလာတဲ့ “အစၥ လာမ္မိုက္ေဇးရွင္း” လုပ္ခံရမွာကိုလည္းစိုးရိမ္ေနရပါ တယ္။
(၁၉၄၇)ခုႏွစ္ အိႏၵိယမွခြဲထြက္လာတဲ့ ပါကစၥတန္ႏိုင္ငံေပၚေပါက္လာကတည္းက “ဒူးရင့္လိုင္း” ေခၚ ႏွစ္ႏိုင္ငံ နယ္ျခားမ်ဥ္းသတ္မွတ္မႈနဲ႔ ပတ္သက္ၿပီး အာဖဂန္အေနနဲ႔ ေက်နပ္မႈမရွိခဲ့တာ အမွန္ပဲ ျဖစ္ ပါတယ္။ အေနာက္ဘက္မွာ အီရန္နဲ႔ နယ္နိ မိတ္ခ်င္းထိစပ္ေနၿပီး အေရွ႕ဘက္စြန္းမွာ တ႐ုတ္နယ္စပ္ အထိ မိုင္ေပါင္း (၁၆၀ဝ)ေက်ာ္ ရွည္လ်ားပါတယ္။ (၁၈၉၃)ခုႏွစ္ ဒုတိယအႀကိမ္ အဂၤလိပ္-အာဖဂန္စစ္ပြဲ နဲ႔ (၁၉၁၉)ခုႏွစ္ တတိယအႀကိမ္ စစ္ပြဲမွာအေရးနိမ့္တဲ့အတြက္ သေဘာတူလက္မွတ္ေရးထိုးခဲ့ရတဲ့စာ ခ်ဳပ္ဟာ အခ်ဳပ္အျခာပိုင္နက္နယ္ေျမေတြ တစ္ဖက္သတ္ ဆုံးရႈံးရတယ္လို႔ အာဖဂန္ကမွတ္ယူပါတယ္။ စာခ်ဳပ္ဟာ ယေန႔တိုင္အတည္ျဖစ္ေနေပမယ့္ ျပန္ လည္ညႇိႏႈိင္းၾကဖို႔ အာဖဂန္အုပ္ခ်ဳပ္သူအဆက္ဆက္ တို႔က ေတာင္းဆိုခဲ့ၾကပါတယ္။
ပါကစၥတန္ဟာ (၁၉၇၉-၁၉၈၉)ခုႏွစ္ ဆို ဗီယက္က်ဴးေက်ာ္မႈအာဖဂန္စစ္ပြဲနဲ႔ (၁၉၈၉-၁၉၉၂) ခုႏွစ္ အာဖဂန္ျပည္တြင္းစစ္မွာ အာဖဂန္ (ဘာသာေရး စစ္သည္ေတာ္)မူဂ်ာဟီဒင္ေတြကိုေထာက္ခံခဲ့ပါ တယ္။ (၁၉၉၆)ခုႏွစ္ အာဖဂန္မွာ တာလီဘန္အစိုးရကို အသိအမွတ္ျပဳတဲ့ တစ္ခုတည္းေသာႏိုင္ငံျဖစ္ခဲ့ ၿပီး (၂၀ဝ၁)ခုႏွစ္ အေမရိကန္က်ဴးေက်ာ္ခ်ိန္အထိ အဓိကအားျဖင့္ ေငြေၾကးေထာက္ပံ့ခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔ရဲ႕ဆက္ဆံေရးဟာ အမ်ိဳးသားလုံၿခဳံေရး-ေဒသတြင္း ပထဝီႏိုင္ငံေရးအရ အင္မတန္ရႈပ္ေထြးခဲ့ပါ တယ္။
အာဖဂန္ဟာ ကုန္းတြင္းပိတ္ႏိုင္ငံျဖစ္ေပမယ့္ ကမာၻ႔အေရွ႕အေနာက္ဆက္သြယ္ရာ ပိုးလမ္းမႀကီး ေပၚမွာတည္ရွိတဲ့အတြက္ ပထဝီႏိုင္ငံေရးအရ အလြန္အေရးပါပါတယ္။ အာဖဂန္ကိုက်ဴးေက်ာ္လာတဲ့ ဆိုဗီယက္တပ္ေတြကိုတိုက္ထုတ္ဖို႔ အေမရိကန္ CIA ရဲ႕အစီအစဥ္ကို အနီးကပ္အကူအညီေပးခဲ့သူက ပါကစၥ တန္ပဲျဖစ္ပါတယ္။ အာဖဂန္မွာ “ျမင့္ျမတ္ေသာစစ္ပြဲ” ဆင္ႏႊဲရန္ ကမာၻအရပ္ရပ္မွမြတ္စလင္ေတြ ကို မူဂ်ာဟီ ဒင္အျဖစ္ပို႔ေဆာင္ရာမွာကူညီခဲ့ၿပီး လက္နက္နဲ႔ေလ့က်င့္မႈေတြကို ထိေရာက္စြာေထာက္ပံ့ခဲ့ ပါတယ္။ အိုစမာ ဘင္လာဒင္အပါအဝင္ အာရပ္မူဂ်ာဟီဒင္ေတြဟာ ေထာက္ပံ့မႈရဲ႕အက်ိဳးကိုခံစားရသူ ေတြျဖစ္ၿပီး ေနာင္အခါ Al Qaeda “အယ္လ္ကိုင္ဒါ အၾကမ္းဖက္အဖြဲ႕” ျဖစ္လာတဲ့အခါ အေမရိကန္ကို အံတုလာပါတယ္။
တာလီဘန္ဆိုတာ အာဖဂန္မွ ဆိုဗီယက္ တပ္မ်ားဆုတ္ခြာသြားၿပီး (၁၉၉၄)ခုႏွစ္ ကင္ဒါဟာ ၿမိဳ႕ မွာ စတင္ေပၚေပါက္လာတဲ့ “မဒရပ္ဆာ” ဘာသာေရးေက်ာင္းသားအဖြဲ႕ျဖစ္ပါတယ္။ အေမရိကန္ရဲ႕ ေထာက္ပံ့မႈဟာ ဆိုဗီယက္က်ဴးေက်ာ္မႈကို ခုခံႏိုင္ေပမယ့္ အဲဒီေထာက္ပံ့မႈနဲ႔ လက္နက္ေတြ ေဖာခ်င္း ေသာ ခ်င္းျဖစ္လာမႈဟာ အာဖဂန္မွာ အစြန္းေရာက္ စစ္ေသြးႂကြအင္အားစုေတြေပၚထြန္းလာေစဖို႔ ဖန္တီး ေပးသလို ျဖစ္ခဲ့ပါတယ္။
တာလီဘန္နဲ႔ အယ္လ္ကိုင္ဒါတို႔ဟာ ရွရီယာ အစၥလာမ္ဥပေဒစနစ္ကို တရားဝင္က်င့္သုံးေရး၊ ဆြန္နီအစၥလာမ္ဘာသာအတြင္း ျပဳျပင္ေျပာင္းလဲေရး၊ ျပန္လည္ႏိုးထေရး “ဒီအိုဘန္ဒီဝါဒ” နဲ႔ “ဆလား ဖစ္ဝါဒ” တို႔ကို လိုက္နာက်င့္သုံးပုံခ်င္းတူညီၾကပါတယ္။ ဒါေပမဲ့ တာလီဘန္တို႔က မိမိႏိုင္ငံအတြင္းသာ အေလးအနက္ထားၿပီး အယ္လ္ကိုင္ဒါတို႔က အထူးသျဖင့္ အေမရိကန္နဲ႔အေနာက္အုပ္စုကိုပစ္မွတ္ထား တဲ့ ကမာၻတစ္ဝန္းလုံး “ဂ်ီဟတ္အယူအဆ” ရွိပါတယ္။
(၉/၁၁)အၾကမ္းဖက္မႈမွာတာဝန္ရွိတဲ့ အယ္လ္ကိုင္ဒါ ေခါင္းေဆာင္ အိုစမာဘင္လာဒင္ကို ေပး အပ္ရန္ျငင္းဆိုျခင္းေၾကာင့္ (၂၀ဝ၁)ခုႏွစ္ အေမရိကန္ရဲ႕ အာဖဂန္က်ဴးေက်ာ္မႈမွာ ပါကစၥတန္ဟာ ဝါရွင္ တန္ကို အကူအညီေပးခဲ့ရပါတယ္။ မဟာရန္ဘက္ အိႏၵိယရဲ႕ၿခိမ္းေျခာက္မႈရွိေနတယ္လို႔ ယူဆမႈေၾကာင့္ ကိုးကြယ္ရာ ဘာသာတူ တာလီဘန္နဲ႔ အယ္လ္ကိုင္ဒါ တို႔ကိုမဟာမိတ္ဖြဲ႕ရင္း ပါကစၥတန္ႏိုင္ငံဟာ အယ္လ္ကိုင္ဒါနဲ႔ အဆက္အသြယ္ရွိတဲ့ “လက္ရွ္ခါ-အီး-တိုင္ဘာ” LeT လို (ကက္ရွ္မီးယားလြတ္ေျမာက္ ေရး) အၾကမ္းဖက္အဖြဲ႕ေတြကို ေမြးျမဴမိလ်က္သားျဖစ္သြား ပါတယ္။ အဲဒီအဖြဲ႕က အိႏၵိယႏိုင္ငံအတြင္း (၂၀ဝ၈) ခုႏွစ္ မြန္ဘိုင္းတာ့ဂ်္မဟာအၾကမ္းဖက္မႈေတြက်ဴးလြန္တဲ့အခါ ပါကစၥတန္စစ္ေထာက္လွမ္းေရး ISI ဟာ ကမာၻ႔အလယ္မွာ ေဝဖန္စရာျဖစ္ရပါတယ္။ (၂၀ဝ၁)ခုႏွစ္ အာဖဂန္က်ဴးေက်ာ္မႈမွာ ထြက္ေျပး လြတ္ေျမာက္သြားတဲ့အိုစမာဘင္လာဒင္ကို (၂၀၁၁)ခုႏွစ္ အေမရိကန္ေနဗီဆီးလ္ေတြက သုတ္သင္လိုက္ တာဟာ ပါကစၥတန္ႏိုင္ငံ စစ္တကၠသိုလ္အနီး “အေဘာ့တ ဘက္ၿမိဳ႕” မွာျဖစ္ေနပါတယ္။ အဲဒီအခ်က္ ေတြေၾကာင့္ ဝါရွင္တန္ရဲ႕အျမင္မွာ ေတာင္အာရွစစ္ေရး မဟာ မိတ္ ပါကစၥတန္ဟာ အေမရိကန္ကို ကူညီ ရင္း တစ္ဖက္မွာလည္း အေမရိကန္ရဲ႕ရန္သူ အစၥလာမၼစ္ အစြန္းေရာက္ေတြနဲ႔ဆက္သြယ္ေနတဲ့ “ႏွစ္ဖက္ ခြကစားသူ” ျဖစ္ေနရပါတယ္။
တကယ္ေတာ့ အေမရိကန္-ဆိုဗီယက္-တ႐ုတ္-အိႏၵိယ ကမာၻ႔အင္အားႀကီးႏိုင္ငံေတြရဲ႕ “ပါဝါ ကစားကြက္”မွာ ပါကစၥတန္ေရာ အာဖဂန္နစၥတန္ပါ “ပထဝီႏိုင္ငံေရးက်ိန္စာသင့္သူမ်ား” ျဖစ္ဖြယ္ရွိပါ တယ္။ ဆယ္စုႏွစ္ေပါင္းမ်ားစြာ မတည္မၿငိမ္ျဖစ္ခဲ့ရတဲ့ အာဖဂန္မွစစ္ေဘးဒုကၡသည္ (၂)သန္းနီးပါးကို အိမ္နီးခ်င္းပါကစၥတန္က လက္ခံထားရပါတယ္။ ဒုကၡသည္စခန္းမ်ား-ေက်းလက္နဲ႔ၿမိဳ႕ျပဧရိယာအထိ ျပန႔္ က်ဲေနထိုင္ၾကတဲ့ အာဖဂန္စစ္ေဘးေရွာင္ေတြေၾကာင့္ ပါကစၥတန္ရဲ႕စီးပြားေရးနဲ႔ အေျခခံအေဆာက္အအုံ စနစ္ေတြအေပၚ ဖိအားေတြသက္ေရာက္လာပါတယ္။ ေဒသတြင္းမတည္မၿငိမ္ျဖစ္မႈနဲ႔ ရာဇဝတ္မႈေတြတိုး ျမင့္လာမႈဟာ ပါကစၥတန္ရဲ႕ အမ်ိဳးသားလုံၿခဳံေရးကို စိန္ေခၚလာပါတယ္။
ေငြေၾကးေဖာင္းပြမႈ-ကုန္ေဈးႏႈန္းႀကီးျမင့္မႈ-ဆင္းရဲခ်မ္းသာကြာျခားခ်က္မ်ားျပားလွတဲ့ ပါကစၥ တန္မွာ “တာရစ္ အီး တာလီဘန္ ပါကစၥတန္” TTP လို လူသိအမ်ားဆုံးနဲ႔ အင္အားအႀကီးဆုံး လက္နက္ ကိုင္စစ္ေသြးႂကြေတြေပၚထြန္းလာပါတယ္။ အလားတူ “ဟကၠာနီကြန္ရက္” အဖြဲ႕ဟာ တာလီဘန္အစိုးရရဲ႕ အကူအညီနဲ႔ နယ္စပ္တစ္ေလွ်ာက္ အာဖဂန္ႏိုင္ငံအတြင္း ေျခကုပ္ယူၿပီး ပါကစၥတန္ႏိုင္ငံမွာ “အယူသီး အစြန္းေရာက္ အယူအဆ” ျဖန႔္ေဝဖို႔ လက္နက္ကိုင္ေသာင္းက်န္းေနၾကတယ္လို႔ယူဆရပါတယ္။
ဒုတိယအင္အားအႀကီးဆုံးကေတာ့ “ဂ်ာရွ္ အီး မိုဟာမက္” နဲ႔ “လက္ရွ္ခါ အီး တိုင္ဘာ” အဖြဲ႕တို႔ ျဖစ္ၾကပါတယ္။ သူတို႔ဟာ ႏိုင္ငံတကာအယ္လ္ကိုင္ ဒါအၾကမ္းဖက္အဖြဲ႕နဲ႔အဆက္အသြယ္ရွိတယ္လို႔ ကမာၻက သတ္မွတ္ထားပါတယ္။ ဒီကိစၥေတြဟာ အိမ္ နီးခ်င္းမြတ္စလင္သေဘာထားတင္းမာသူ တာလီ ဘန္ အစိုးရနဲ႔ အယ္လ္ကိုင္ဒါတို႔က သူ႔ႏိုင္ငံအတြင္း အစြန္းေရာက္အယူအဆေတြဇာတ္သြင္းဖို႔ “အစၥလာမ္ မိုက္ေဇးရွင္း” လုပ္ေနၿပီလို႔ ပါကစၥတန္အတြက္ သံသယဝင္စရာျဖစ္ရပါတယ္။
အိႏၵိယဟာ ေဒသတြင္းဩဇာလႊမ္းမိုးမႈအတြက္ ပါကစၥတန္နဲ႔ယွဥ္ၿပိဳင္ေနပါတယ္။ နယူးေဒလီ အတြက္ အာဖဂန္နဲ႔ဆက္ဆံေရးဟာ မဟာဗ်ဴဟာေျမာက္အေရးပါပါတယ္။ (၂၀၂၁)ခုႏွစ္ ကဘူးလ္မွ အေမရိကန္တပ္မ်ား ဆုတ္ခြာမႈနဲ႔အတူ အာဖဂန္ဆိုင္ရာအိႏၵိယသံ႐ုံးလည္းရပ္တန႔္သြားပါတယ္။ ဒါေပမဲ့ ေနာက္တစ္ႏွစ္အၾကာမွာ ျပန္ဖြင့္ကာ တာလီဘန္အစိုးရနဲ႔ တိုက္႐ိုက္ဆက္ဆံၿပီး လူသားခ်င္းစာနာမႈဆိုင္ ရာ အကူအညီေတြေပးအပ္လာပါတယ္။
တာလီဘန္ကိုယ္စားလွယ္အဖြဲ႕ဟာ ဩဂုတ္လ(၁၁)ရက္မွာ နယူးေဒလီကို ခ်စ္ၾကည္ေရးသြား ေရာက္ခဲ့ၿပီး ဩဂုတ္လ(၂၂)ရက္မွာ ပါကစၥတန္က အာဖဂန္ႏိုင္ငံအတြင္း ဗုံးႀကဲခဲ့ပါတယ္။ ဒီကိစၥႏွစ္ခုဟာ ဆက္စပ္တယ္လို႔ ႏိုင္ငံတကာစစ္ေရးေလ့လာသူေတြ ကသုံးသပ္ၾကပါတယ္။ သူရဲ႕ဩဇာခံအျဖစ္သတ္ မွတ္ထားတဲ့ တာလီဘန္က အိႏၵိယနဲ႔ ပလူးပလဲလုပ္လာတာ ကိုသည္းမခံေၾကာင္း ျပသလိုက္တာလည္း ျဖစ္ပါတယ္။
နယူးေဒလီအေနနဲ႔လည္း ဘာသာေရး သေဘာထားတင္းမာသူ တာလီဘန္တို႔နဲ႔ သတိထားဆက္ ဆံေနရပါလိမ့္မယ္။ အယ္လ္ကိုင္ဒါ-တာလီဘန္နဲ႔ အိုင္စစ္ (ISIS) တို႔လို ဘာသာေရးအစြန္းေရာက္ေတြ ဟာ က်မ္းစာတစ္ခုတည္းခ်င္းအတူတူ သူတို႔အဓိပၸာယ္ ဖြင့္ဆိုခ်က္သည္သာအမွန္ျဖစ္တယ္လို႔ တရား ေသ ေခါင္းမာသူေတြျဖစ္ၾကပါတယ္။ မြတ္စလင္အခ်င္းခ်င္းပင္ ေဖ်ာင္းဖ်နားခ်ဖို႔ အလြန္ခက္ခဲသူေတြ ျဖစ္ေနလို႔ပါ။
တစ္ခါ ပါကစၥတန္-အာဖဂန္ပဋိပကၡကို အျမန္အဆုံးသတ္ပစ္မယ္လို႔ အာဆီယံထိပ္သီးအစည္း အေဝးမွာ မွတ္ခ်က္ေပးခဲ့တဲ့ သမၼတထရမ့္ကေကာ သူေျပာသလိုတကယ္လုပ္ႏိုင္ပါ့မလား၊ (၂၀၂၁) ခုႏွစ္ ဆုတ္ခြာစဥ္ အာဖဂန္မွာက်န္ရစ္ခဲ့တဲ့ “ဘက္ဂရမ္ေလတပ္အေျခစိုက္စခန္း” ကို ျပန္ယူမွာျဖစ္ေၾကာင္း (၂၀၂၄)ခုႏွစ္ မဲဆြယ္စဥ္ ေဒၚနယ္ထရမ့္က ကတိေပးခဲ့ပါတယ္။ ဒါေပမဲ့ (၂၀ဝ၁-၂၀၂၁)ခုႏွစ္ အထိၾကာျမင့္ ခဲ့တဲ့ “အာဖဂန္ စစ္ေရးစြက္ဖက္မႈ” ဟာ အေမရိကန္ရဲ႕သမိုင္းမွာ ကာလၾကာရွည္ဆုံးနဲ႔ အကုန္အက် အမ်ားဆုံး ျဖစ္ခဲ့ပါတယ္။ ေဒၚလာ (၈-၁၀) ထရီလ်ံကုန္က်ၿပီး အေမရိကန္စစ္သား (၂၄၀ဝ) ခန႔္ အသက္ ဆုံးရႈံး၊ (၂၀ယဝဝဝ)ေက်ာ္ ဒဏ္ရာရရွိခဲ့ပါတယ္။ အာဖဂန္ရဲ႕ေသဆုံးပ်က္စီးမႈပမာဏဟာ အေမရိကန္ ထက္ (၃)ဆခန႔္ပိုမိုၿပီး မ်ားေသာအားျဖင့္ အရပ္သားေတြျဖစ္ပါတယ္။ အေမရိကန္အတြက္ စစ္ေရး-စက္ မႈလုပ္ငန္းရႈပ္ေထြးမႈေတြျဖစ္ခဲ့ရၿပီး ႏိုင္ငံတကာအလယ္မွာ ဂုဏ္သတင္းက်ဆင္းရေပမယ့္ အာဖဂန္ မွာ တာလီဘန္တို႔ကို လူထုေထာက္ခံမႈပိုအားေကာင္းလာေအာင္ ဖန္တီးေပးသလိုျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ အေမရိကန္အတြက္ ဝန္ထုပ္ဝန္ပိုးလိုျဖစ္ေနတဲ့ အာဖဂန္စစ္ေရးစြက္ဖက္မႈကိုအဆုံးသတ္ဖို႔ စတင္ခဲ့သူ က သမၼတေဒၚနယ္ထရမ့္ ပထမ ရာထူးသက္တမ္းအတြင္းမွာျဖစ္ၿပီး ဂ်ိဳးဘိုင္ဒန္အစိုးရလက္ထက္မွာ လည္း ဆက္လက္အေကာင္အထည္ေဖာ္ခဲ့ပါတယ္။
ဒါေပမဲ့ အစၥလာမၼစ္ အစြန္းေရာက္ေတြဟာ အေမရိကန္နဲ႔ မဟာမိတ္တိုင္းျပည္ေတြရဲ႕ အက်ိဳးစီး ပြားအတြက္ အလြန္အႏၲရာယ္မ်ားလွပါတယ္။ တ႐ုတ္ ရဲ႕ဩဇာလႊမ္းမိုးမႈခ်ဲ႕ထြင္လာတဲ့ ေတာင္အာရွ ေဒသရဲ႕ ပထဝီႏိုင္ငံေရး မဟာဗ်ဴဟာေျမာက္ အာဖဂန္နစၥတန္နဲ႔ စစ္ေရးမဟာမိတ္ပါကစၥတန္မွာ အစြန္း ေရာက္ မြတ္စလင္ေတြအတြက္ “သုခရိပ္ၿမဳံ” ျဖစ္လာေနတာကိုေတာ့ တစ္နည္းနည္းနဲ႔ တားဆီးဖြယ္ရွိပါ တယ္။ “အေမရိကန္ ပထမ” ျဖစ္ဖို႔ စစ္ပြဲေတြကိုေရွာင္ရွားၿပီး စီးပြားေရးနဲ႔ သံတမန္ေရးအရခ်ဥ္းကပ္တဲ့ သမၼတ ထရမ့္ရဲ႕နည္းဗ်ဴဟာေတြဟာ “အစၥလာမ္မိုက္ေဇးရွင္း” တေစၦေျခာက္မႈနဲ႔ သံသယေတြလႊမ္းၿခဳံ ေနတဲ့ ေဒသႀကီးအတြင္းမွာ အလုပ္ျဖစ္-မျဖစ္ ေစာင့္ၾကည့္ရန္သာရွိပါတယ္။

Related news

© 2021. All rights reserved.