ဒူဘိုင်းမှာ ကမ္ဘာ့ဈေးအကြီးဆုံး ကော်ဖီတစ်ခွက်ကို ဒေါ်လာ ၁ဝဝဝ နီးပါးနဲ့ရောင်းချ

153

ရောင်နီ (NP News) - နိုဝင်ဘာ ၆
ဒူဘိုင်းမှာ ကော်ဖီဆိုင်တစ်ဆိုင်မှ ပနားမားကော်ဖီစေ့နဲ့ ထုတ်လုပ်ထားတဲ့ကော်ဖီဟာ ကမ္ဘာ့ဈေးအကြီးဆုံး ဖြစ်နေပြီး တစ်ခွက်ကို အမေရိကန်ဒေါ်လာ ၁ဝဝဝ (မြန်မာငွေ သိန်း ၄ဝ ) နီးပါးနဲ့ ရောင်းချနေပါတယ်။
ချမ်းသာမှုနဲ့ကျော်စောတဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုဟာ အိမ်တွင်းစကိတ်စီးကွင်းပါတဲ့ ဧရာမဈေးဝယ်စင်တာ၊ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံ၊ ကြယ်ငါးပွင့်ဟိုတယ်တွေ ပြည့်နှက်နေတဲ့ လူလုပ်ကျွန်း တစ်ခု အပါအဝင် ဇိမ်ခံလုပ်ငန်းတွေနဲ့ပတ်သက်ပြီး လူသိများပါတယ်။ အခု သိန်း ၄ဝ တန် ကမ္ဘာ့ဈေးအကြီးဆုံး ကော်ဖီကတော့ ဒူဘိုင်းမှာ နာမည်အကြီးဆုံး ကော်ဖီဆိုင်ဖြစ်တဲ့ Julith က ရောင်းချနေတာဖြစ်ပြီး စနေနေ့ (နိုဝင်ဘာ ၁ ရက်) ကစ ဈေးအကြီးဆုံး အဖိုးတန် ကော်ဖီကို "ခွက် ၄၀၀ ခန့်" ရောင်းချပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီရ်ဟမ် ၃,၆၀၀ (အမေရိကန်ဒေါ်လာ ၉၈၀ ခန့်) ဈေးနှုန်းရှိတဲ့ အဲဒီကော်ဖီဟာ "စံပယ်လို အဖြူရောင် ပန်းရနံ့၊ လိမ္မော်နဲ့ ဘာဂါမော့တ်လို့ အနံ့အရသာ၊ မက်မွန်သီး ရနံ့အနည်းငယ် ပါဝင်တာကြောင့် "ပျားရည်လို နူးညံ့ပြီး ချိုမြိန်ပါတယ်" လို့ ကော်ဖီဆိုင် ပူးတွဲတည်ထောင်သူ မစ္စတာဆာ့ဆော့ဇ်က ပြောကြားပါတယ်။ အဆိုပါ ကော်ဖီဟာ ကမ္ဘာ့ဈေးအကြီးဆုံး ကော်ဖီတစ်ခွက်အဖြစ် ပြီးခဲ့တဲ့လက ဂင်းနစ်စံချိန်သစ် တင်ခဲ့ပါတယ်။ ဒီစံချိန်သစ် ကြောင့် တချို့လူတွေ အံ့အားသင့်သွားပေမယ့် ဒေသခံတွေကတော့ ဇိမ်ခံလူနေမှုပုံစံရှိတဲ့ သဲကန္တာရမြို့ ဒူဘိုင်း အတွက် ထိုက်တန်တယ်လို့ ပြောကြပါတယ်။
ဈေးအကြီးဆုံးကော်ဖီဖြစ်ဖို့ ကော်ဖီစေ့အတွက် ပနားမားမှာ ပြုလုပ်တဲ့ လေလံပွဲတစ်ခုမှာ အချိန်ကြာမြင့်စွာ လေလံယူပြီး ဝယ်ယူရရှိခဲ့တာကြောင့် ကော်ဖီစေ့အတွက်ကို အမြင့်ဆုံးဈေးပေးခဲ့ရတယ်လို့ Julith က ဆိုပါတယ်။ ကော်ဖီစေ့ ၂ဝ ကီလိုဂရမ်ကို ဒီရ်ဟမ် ၂.၂ သန်း (သို့) အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ ခန့်နဲ့ ဝယ်ယူရရှိခဲ့တယ်လို့ Julith က သတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

Zawgyi Verion:
ဒူဘိုင္းမွာ ကမာၻ႔ေဈးအႀကီးဆုံး ေကာ္ဖီတစ္ခြက္ကို ေဒၚလာ ၁ဝဝဝ နီးပါးနဲ႔ေရာင္းခ်
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၅
ဒူဘိုင္းမွာ ေကာ္ဖီဆိုင္တစ္ဆိုင္မွ ပနားမားေကာ္ဖီေစ့နဲ႔ ထုတ္လုပ္ထားတဲ့ေကာ္ဖီဟာ ကမာၻ႔ေဈးအႀကီးဆုံး ျဖစ္ေနၿပီး တစ္ခြက္ကို အေမရိကန္ေဒၚလာ ၁ဝဝဝ (ျမန္မာေငြ သိန္း ၄ဝ ) နီးပါးနဲ႔ ေရာင္းခ်ေနပါတယ္။
ခ်မ္းသာမႈနဲ႔ေက်ာ္ေစာတဲ့ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုဟာ အိမ္တြင္းစကိတ္စီးကြင္းပါတဲ့ ဧရာမေဈးဝယ္စင္တာ၊ ကမာၻ႔အျမင့္ဆုံးအေဆာက္အအုံ၊ ၾကယ္ငါးပြင့္ဟိုတယ္ေတြ ျပည့္ႏွက္ေနတဲ့ လူလုပ္ကြၽန္း တစ္ခု အပါအဝင္ ဇိမ္ခံလုပ္ငန္းေတြနဲ႔ပတ္သက္ၿပီး လူသိမ်ားပါတယ္။ အခု သိန္း ၄ဝ တန္ ကမာၻ႔ေဈးအႀကီးဆုံး ေကာ္ဖီကေတာ့ ဒူဘိုင္းမွာ နာမည္အႀကီးဆုံး ေကာ္ဖီဆိုင္ျဖစ္တဲ့ Julith က ေရာင္းခ်ေနတာျဖစ္ၿပီး စေနေန႔ (ႏိုဝင္ဘာ ၁ ရက္) ကစ ေဈးအႀကီးဆုံး အဖိုးတန္ ေကာ္ဖီကို "ခြက္ ၄၀၀ ခန႔္" ေရာင္းခ်ေပးဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။ ဒီရ္ဟမ္ ၃,၆၀၀ (အေမရိကန္ေဒၚလာ ၉၈၀ ခန႔္) ေဈးႏႈန္းရွိတဲ့ အဲဒီေကာ္ဖီဟာ "စံပယ္လို အျဖဴေရာင္ ပန္းရနံ႔၊ လိေမၼာ္နဲ႔ ဘာဂါေမာ့တ္လို႔ အနံ႔အရသာ၊ မက္မြန္သီး ရနံ႔အနည္းငယ္ ပါဝင္တာေၾကာင့္ "ပ်ားရည္လို ႏူးညံ့ၿပီး ခ်ိဳၿမိန္ပါတယ္" လို႔ ေကာ္ဖီဆိုင္ ပူးတြဲတည္ေထာင္သူ မစၥတာဆာ့ေဆာ့ဇ္က ေျပာၾကားပါတယ္။ အဆိုပါ ေကာ္ဖီဟာ ကမာၻ႔ေဈးအႀကီးဆုံး ေကာ္ဖီတစ္ခြက္အျဖစ္ ၿပီးခဲ့တဲ့လက ဂင္းနစ္စံခ်ိန္သစ္ တင္ခဲ့ပါတယ္။ ဒီစံခ်ိန္သစ္ ေၾကာင့္ တခ်ိဳ႕လူေတြ အံ့အားသင့္သြားေပမယ့္ ေဒသခံေတြကေတာ့ ဇိမ္ခံလူေနမႈပုံစံရွိတဲ့ သဲကႏၲာရၿမိဳ႕ ဒူဘိုင္း အတြက္ ထိုက္တန္တယ္လို႔ ေျပာၾကပါတယ္။
ေဈးအႀကီးဆုံးေကာ္ဖီျဖစ္ဖို႔ ေကာ္ဖီေစ့အတြက္ ပနားမားမွာ ျပဳလုပ္တဲ့ ေလလံပြဲတစ္ခုမွာ အခ်ိန္ၾကာျမင့္စြာ ေလလံယူၿပီး ဝယ္ယူရရွိခဲ့တာေၾကာင့္ ေကာ္ဖီေစ့အတြက္ကို အျမင့္ဆုံးေဈးေပးခဲ့ရတယ္လို႔ Julith က ဆိုပါတယ္။ ေကာ္ဖီေစ့ ၂ဝ ကီလိုဂရမ္ကို ဒီရ္ဟမ္ ၂.၂ သန္း (သို႔) အေမရိကန္ေဒၚလာ ၆၀၀,၀၀၀ ခန႔္နဲ႔ ဝယ္ယူရရွိခဲ့တယ္လို႔ Julith က သတင္းထုတ္ျပန္ခ်က္မွာ ေျပာၾကားခဲ့ပါတယ္။