ဆရာဆရာမများ၏သင်ကြားရေး အရည်အသွေးကောင်းမွန်စေရန် ပညာရေးဝန်ကြီးဌာနက သုတေသနလုပ်ငန်းများ‌ဆောင်ရွက်ထား

 406

သက်ပိုင်(NP News) - အောက်တိုဘာ ၆
ဆရာဆရာမများ၏ သင်ကြားရေးအရည်အသွေးကောင်းမွန်စေရန်အတွက် ပညာရေးဝန်ကြီးဌာန အနေဖြင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ထားကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ (၅) ရက်က ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် (Grade-12) သင် ဆရာ ဆရာမများ၊ ကျောင်းသား မိဘများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကို အလေးထားအား‌ပေး ဆောင်ရွက်ပေးလျက်ရှိပြီး သင်ကြားရေးနှင့်သင်ထောက်ကူပစ္စည်းများကိုလည်း ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မူဝါဒများချမှတ်ပေးလျက်ရှိပြီး မူဝါဒများပေါက်မြောက်အောင်မြင်စေရန် ဆရာဆရာမများကကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ မိဘများအနေဖြင့် မိမိတို့၏သားသမီးများ စာကြိုးစားကြရန် ဂရုစိုက်ကြပ်မတ်ပေးကြစေလိုကြောင်းနှင့် (Grade-9 )အောင်မြင်ပြီးသည့်အခါတွင် (Grade-12) သို့ ဆက်လက်မတက်ရောက်လိုပါက စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းများသို့ ရွေးချယ်တက်ရောက်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့အပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (၈၉) ကျောင်းဖွင့်လှစ်ထားရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအင်ဂျင်နီယာပညာရပ်များ သင်ကြားပေးလျက်ရှိကြောင်းနှင့် ယင်းကျောင်းများမှ အောင်မြင်ပြီးပါက အဆင့်မြင့်ဘာသာရပ်များ ဆက်လက်ဆည်းပူးသင်ကြားနိုင်မည် ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ယင်းအပြင် ဆရာဆရာမများ၏သင်ကြားရေး အရည်အသွေးကောင်းမွန်စေရန် ပညာရေးဝန်ကြီးဌာနက သုတေသနလုပ်ငန်းများ‌ဆောင်ရွက်ထားရှိပြီး သုတေသနလေ့လာတွေ့ရှိချက်များပေါ်တွင် အခြေခံ၍ သင်ကြားရေးစွမ်းရည်များမြှင့်တင်နိုင်‌ရန် ထိရောက်သည့်သင်တန်းများဖွင့်လှစ်ပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စာကြည့်တိုက်အခြေပြုသင်ကြားရေးစနစ်ကို အား‌ပေးလျက်ရှိရာတွင် ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများအနေဖြင့် စာကြည့်တိုက်သို့ ကိုယ်တိုင်သွားရောက်၍ အသုံးပြုလေ့လာကြပြီး ကျောင်းသားကျောင်းသူများ လေ့လာ သင်ယူနိုင်မည့်စာအုပ်များကို ဖြည့်ဆည်းထားရှိပေးကြစေလိုကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ဆရာဆရာမမ်ား၏သင္ၾကားေရး အရည္အေသြးေကာင္းမြန္ေစရန္ ပညာေရးဝန္ႀကီးဌာနက သုေတသနလုပ္ငန္းမ်ား‌ေဆာင္႐ြက္ထား
သက္ပိုင္(NP News) - ေအာက္တိုဘာ ၆
ဆရာဆရာမမ်ား၏ သင္ၾကားေရးအရည္အေသြးေကာင္းမြန္ေစရန္အတြက္ ပညာေရးဝန္ႀကီးဌာန အေနျဖင့္ သုေတသနလုပ္ငန္းမ်ား ေဆာင္႐ြက္ထားေၾကာင္း ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေခ်ာေခ်ာစိန္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ႏိုဝင္ဘာလ (၅) ရက္က ေက်ာက္ဆည္ၿမိဳ႕ အမွတ္(၃)အေျခခံပညာအထက္တန္းေက်ာင္းႏွင့္ အမွတ္(၁) အေျခခံပညာ အထက္တန္းေက်ာင္းတို႔တြင္ (Grade-12) သင္ ဆရာ ဆရာမမ်ား၊ ေက်ာင္းသား မိဘမ်ားႏွင့္ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ႏိုင္ငံေတာ္အေနျဖင့္ ပညာေရးက႑ကို အေလးထားအား‌ေပး ေဆာင္႐ြက္ေပးလ်က္ရွိၿပီး သင္ၾကားေရးႏွင့္သင္ေထာက္ကူပစၥည္းမ်ားကိုလည္း ပံ့ပိုးျဖည့္ဆည္းေပးလ်က္ရွိေၾကာင္း၊ ပညာေရးဝန္ႀကီးဌာနအေနျဖင့္ မူဝါဒမ်ားခ်မွတ္ေပးလ်က္ရွိၿပီး မူဝါဒမ်ားေပါက္ေျမာက္ေအာင္ျမင္ေစရန္ ဆရာဆရာမမ်ားကႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိသကဲ့သို႔ မိဘမ်ားအေနျဖင့္ မိမိတို႔၏သားသမီးမ်ား စာႀကိဳးစားၾကရန္ ဂ႐ုစိုက္ၾကပ္မတ္ေပးၾကေစလိုေၾကာင္းႏွင့္ (Grade-9 )ေအာင္ျမင္ၿပီးသည့္အခါတြင္ (Grade-12) သို႔ ဆက္လက္မတက္ေရာက္လိုပါက စက္မႈ၊စိုက္ပ်ိဳး၊ေမြးျမဴေရး အထက္တန္းေက်ာင္းမ်ားသို႔ ေ႐ြးခ်ယ္တက္ေရာက္ႏိုင္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။
ထို႔အျပင္ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရးအထက္တန္းေက်ာင္း (၈၉) ေက်ာင္းဖြင့္လွစ္ထားရွိၿပီး စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ စက္မႈအင္ဂ်င္နီယာပညာရပ္မ်ား သင္ၾကားေပးလ်က္ရွိေၾကာင္းႏွင့္ ယင္းေက်ာင္းမ်ားမွ ေအာင္ျမင္ၿပီးပါက အဆင့္ျမင့္ဘာသာရပ္မ်ား ဆက္လက္ဆည္းပူးသင္ၾကားႏိုင္မည္ ျဖစ္ ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ယင္းအျပင္ ဆရာဆရာမမ်ား၏သင္ၾကားေရး အရည္အေသြးေကာင္းမြန္ေစရန္ ပညာေရးဝန္ႀကီးဌာနက သုေတသနလုပ္ငန္းမ်ား‌ေဆာင္႐ြက္ထားရွိၿပီး သုေတသနေလ့လာေတြ႕ရွိခ်က္မ်ားေပၚတြင္ အေျခခံ၍ သင္ၾကားေရးစြမ္းရည္မ်ားျမႇင့္တင္ႏိုင္‌ရန္ ထိေရာက္သည့္သင္တန္းမ်ားဖြင့္လွစ္ပို႔ခ်ႏိုင္ေရး စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ စာၾကည့္တိုက္အေျချပဳသင္ၾကားေရးစနစ္ကို အား‌ေပးလ်က္ရွိရာတြင္ ေက်ာင္းအုပ္ႀကီးႏွင့္ ဆရာဆရာမမ်ားအေနျဖင့္ စာၾကည့္တိုက္သို႔ ကိုယ္တိုင္သြားေရာက္၍ အသုံးျပဳေလ့လာၾကၿပီး ေက်ာင္းသားေက်ာင္းသူမ်ား ေလ့လာ သင္ယူႏိုင္မည့္စာအုပ္မ်ားကို ျဖည့္ဆည္းထားရွိေပးၾကေစလိုေၾကာင္းကိုလည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.