မလေးရှားမှာ Roblox Corp ဗီဒီယိုဂိမ်းနဲ့ဆက်စပ်ပြီး ကလေးအချင်းချင်း ဓားထိုးမှုဖြစ်

 376

ရောင်နီ (NP News) - နိုဝင်ဘာ ၅

အရှေ့တောင်အာရှမှာ လူကြိုက်များ ရေပန်းစားတဲ့ Roblox Corp ဆိုတဲ့ဗီဒီယိုဂိမ်းနဲ့ ဆက်စပ်ပြီး မလေးရှားနိုင်ငံမှာ ကလေးအချင်းချင်း ဓားထိုးမှုဖြစ်ခဲ့တာကြောင့် ဗီဒီယိုဂိမ်းကို အရေးယူဆောင်ရွက်ဖို့နဲ့ ဘေးကင်း ရေးအစီအမံတွေမြှင့်တင်ဖို့ ကတိပြုထားတယ်လို့ မလေးရှားဝန်ကြီးတစ်ဦးက ပြောကြားပါတယ်။
မလေးရှားနိုင်ငံ၊ ဂျိုဟောပြည်နယ် မှာ Roblox ဂိမ်းဆော့တဲ့ အသက်ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦးဟာ သူ့ရဲ့အသက် ၆ နှစ်အရွယ် ညီငယ်ကို ဓားနဲ့ထိခိုက်ဒဏ်ရာ ရစေခဲ့ပါတယ်။ အကြောင်းကတော့ သူ့ရဲ့ဖုန်းထဲက Roblox ဂိမ်းဟာ သူ့ရဲ့အလွန်အကျွံဆော့ကစားမှုကြောင့် ပွိုင့်တစ်သန်းခန့် စုဆောင်းရရှိထားချိန်မှာ ညီဖြစ်သူက သူ့ရဲ့ဖုန်းကို ဖျက်ဆီးလိုက်ခဲ့တာကြောင့်လို့ ဂျိုဟော ရဲတပ်ဖွဲ့အကြီးအကဲ အက်ရာဟာမန်အာဆက်ရဲ့ ပြောကြား ချက်အရ ကနဦး သိရပါတယ်။ ဒီအမှုကြောင့် အစိုးရဟာလည်း အွန်လိုင်းဂိမ်းတွေကို ပိတ်ပင်ခြင်း (သို့) ထိန်းညှိခြင်းတို့ပြုလုပ်ဖို့ ပြည်သူလူထုရဲ့တွန်းအားပေးခြင်းခံနေရပါတယ်။ ကလေးတွေရဲ့အပြုအမူနဲ့ စိတ်ခံစားမှု တွေအပေါ် အွန်လိုင်းဂိမ်းအချို့ရဲ့သက်ရောက်မှုအတွက် စိုးရိမ်မှုတွေမြင့်တက်နေတာကြောင့် လူငယ်နှင့် အားကစားဝန်ကြီး ဟန်နက်ရိုဟ် က Roblox ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ Roblox ရဲ့ ကိုယ်စားလှယ်တွေက AI နည်းပညာကိုအသုံးပြုကာ ဘေးကင်းရေးအစီအမံတွေ မြှင့်တင်ပေးနိုင်မယ်လို့ အာမခံထားပြီး အထူးသဖြင့် ဒေတာမျှဝေခြင်း၊ အစိုးရစည်းမျဉ်းတွေအတိုင်း လိုက်နာခြင်းတို့မှာ မလေးရှားအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့တယ်လို့ မစ္စရို့ဟ်က နိုဝင်ဘာ (၃) ရက်မှာ ပြောကြားခဲ့ပါတယ်။
Roblox ဂိမ်းဟာ မလေးရှားတစ်နိုင်ငံတည်းမှာတင် အသုံးပြုသူ တစ်သန်းကျော်ထိ ရှိပါတယ်။

Zawgyi Verion:
မေလးရွားမွာ Roblox Corp ဗီဒီယိုဂိမ္းနဲ႔ဆက္စပ္ၿပီး ကေလးအခ်င္းခ်င္း ဓားထိုးမႈျဖစ္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၅
အေရွ႕ေတာင္အာရွမွာ လူႀကိဳက္မ်ား ေရပန္းစားတဲ့ Roblox Corp ဆိုတဲ့ဗီဒီယိုဂိမ္းနဲ႔ ဆက္စပ္ၿပီး မေလးရွားႏိုင္ငံမွာ ကေလးအခ်င္းခ်င္း ဓားထိုးမႈျဖစ္ခဲ့တာေၾကာင့္ ဗီဒီယိုဂိမ္းကို အေရးယူေဆာင္႐ြက္ဖို႔နဲ႔ ေဘးကင္း ေရးအစီအမံေတြျမႇင့္တင္ဖို႔ ကတိျပဳထားတယ္လို႔ မေလးရွားဝန္ႀကီးတစ္ဦးက ေျပာၾကားပါတယ္။
မေလးရွားႏိုင္ငံ၊ ဂ်ိဳေဟာျပည္နယ္ မွာ Roblox ဂိမ္းေဆာ့တဲ့ အသက္ကိုးႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးဟာ သူ႔ရဲ႕အသက္ ၆ ႏွစ္အ႐ြယ္ ညီငယ္ကို ဓားနဲ႔ထိခိုက္ဒဏ္ရာ ရေစခဲ့ပါတယ္။ အေၾကာင္းကေတာ့ သူ႔ရဲ႕ဖုန္းထဲက Roblox ဂိမ္းဟာ သူ႔ရဲ႕အလြန္အကြၽံေဆာ့ကစားမႈေၾကာင့္ ပြိဳင့္တစ္သန္းခန႔္ စုေဆာင္းရရွိထားခ်ိန္မွာ ညီျဖစ္သူက သူ႔ရဲ႕ဖုန္းကို ဖ်က္ဆီးလိုက္ခဲ့တာေၾကာင့္လို႔ ဂ်ိဳေဟာ ရဲတပ္ဖြဲ႕အႀကီးအကဲ အက္ရာဟာမန္အာဆက္ရဲ႕ ေျပာၾကား ခ်က္အရ ကနဦး သိရပါတယ္။ ဒီအမႈေၾကာင့္ အစိုးရဟာလည္း အြန္လိုင္းဂိမ္းေတြကို ပိတ္ပင္ျခင္း (သို႔) ထိန္းညႇိျခင္းတို႔ျပဳလုပ္ဖို႔ ျပည္သူလူထုရဲ႕တြန္းအားေပးျခင္းခံေနရပါတယ္။ ကေလးေတြရဲ႕အျပဳအမူနဲ႔ စိတ္ခံစားမႈ ေတြအေပၚ အြန္လိုင္းဂိမ္းအခ်ိဳ႕ရဲ႕သက္ေရာက္မႈအတြက္ စိုးရိမ္မႈေတြျမင့္တက္ေနတာေၾကာင့္ လူငယ္ႏွင့္ အားကစားဝန္ႀကီး ဟန္နက္႐ိုဟ္ က Roblox ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ Roblox ရဲ႕ ကိုယ္စားလွယ္ေတြက AI နည္းပညာကိုအသုံးျပဳကာ ေဘးကင္းေရးအစီအမံေတြ ျမႇင့္တင္ေပးႏိုင္မယ္လို႔ အာမခံထားၿပီး အထူးသျဖင့္ ေဒတာမွ်ေဝျခင္း၊ အစိုးရစည္းမ်ဥ္းေတြအတိုင္း လိုက္နာျခင္းတို႔မွာ မေလးရွားအစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ ဆႏၵရွိေၾကာင္း ေျပာၾကားခဲ့တယ္လို႔ မစၥ႐ို႕ဟ္က ႏိုဝင္ဘာ (၃) ရက္မွာ ေျပာၾကားခဲ့ပါတယ္။
Roblox ဂိမ္းဟာ မေလးရွားတစ္ႏိုင္ငံတည္းမွာတင္ အသုံးျပဳသူ တစ္သန္းေက်ာ္ထိ ရွိပါတယ္။

Related news

© 2021. All rights reserved.