ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ရပ်ကို အိန္ဒိယနှင့် အစ္စရေးတို့လက်မှတ်ရေးထိုး

92

Pika (NP News) - နိုဝင်ဘာ ၈
နှစ်နိုင်ငံကြားဆက်ဆံရေးများကို နက်ရှိုင်းလာစေရန်ရည်ရွယ်သည့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ရပ်ကို အိန္ဒိယနှင့်အစ္စရေးတို့က လက်မှတ်ရေးထိုးခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေ ညာခဲ့သည်။
အဆိုပါသဘောတူညီချက်ကို အစ္စရေးနိုင်ငံ Tel Aviv မြို့တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အိန္ဒိယကာကွယ် ရေးဝန်ကြီး Rajesh Kumar Singh နှင့် အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဗိုလ်ချုပ်ကြီး Amir Baram တို့ပါဝင်သည့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းတစ်ခုအတွင်း လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ယင်းသဘောတူညီချက်သည် နှစ်နိုင်ငံကြား အဆင့်မြင့်နည်းပညာမျှဝေခြင်း၊ ပူးတွဲဖွံ့ဖြိုးတိုး တက်မှုနှင့် ပူးတွဲထုတ်လုပ်မှုတို့ကို မြှင့်တင်ပေးလိမ့်မည်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက် ပြုပြောဆိုခဲ့သည်။ သို့သော်လည်း သဘောတူညီချက်နှင့်ပတ်သက်သည့် နောက်ထပ်အသေးစိတ်အချက်အလက်များကို အိန္ဒိယကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။ အိန္ဒိယနှင့်အစ္စရေးတို့ လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်အရ အိန္ဒိယသည် ၎င်း၏ မြေပြင် တပ်ဖွဲ့များအတွက် ရော့ကက်များနှင့် အစ္စရေးအာကာ သစက်မှု လုပ်ငန်း(IAI)မှတီထွင်ထားသော တာလတ် ပစ်မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်ကာကွယ်ရေးစနစ်များကို အမေရိကန် ဒေါ်လာ (၃ ဒသမ ၇၅)ဘီလျံခန့် ဖြင့်ဝယ်ယူလိမ့်မည်ဖြစ်ကြောင်း Jerusalem Post က ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar နှင့် နယူးဒေလီမြို့တွင်တွေ့ဆုံစဉ်အချိန်အတွင်း အိန္ဒိယကို ကမ္ဘာ့အင်အားကြီးနိုင်ငံတစ် နိုင်ငံအဖြစ် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Sa’ar က ချီးကျူးပြောဆိုခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြား မဟာဗျူဟာနှင့် နည်းပညာပူး ပေါင်းဆောင်ရွက်မှုတွင် စည်းလုံးညီညွတ်မှုမြင့်တက် လာခြင်းကြောင့် အိန္ဒိယနှင့်အစ္စရေးကြား မိတ်ဖက် ဆက်ဆံရေးသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ရောက်ရှိ ခဲ့ကြောင်း Gideon Sa’ar က ထုတ်ဖော်ပြောဆိုခဲ့သည်။

Zawgyi Version:
ကာကြယ္ေရး ပူးေပါင္းေဆာင္႐ြက္မႈ သေဘာတူညီခ်က္တစ္ရပ္ကို အိႏၵိယႏွင့္ အစၥေရးတို႔လက္မွတ္ေရးထိုး
Pika (NP News) - ႏိုဝင္ဘာ ၈
ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးမ်ားကို နက္ရႈိင္းလာေစရန္ရည္႐ြယ္သည့္ ကာကြယ္ေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈ သေဘာတူညီခ်က္တစ္ရပ္ကို အိႏၵိယႏွင့္အစၥေရးတို႔က လက္မွတ္ေရးထိုးခဲ့ေၾကာင္း အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾက ညာခဲ့သည္။
အဆိုပါသေဘာတူညီခ်က္ကို အစၥေရးႏိုင္ငံ Tel Aviv ၿမိဳ႕တြင္ လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ၿပီး အိႏၵိယကာကြယ္ ေရးဝန္ႀကီး Rajesh Kumar Singh ႏွင့္ အစၥေရးကာကြယ္ေရးဝန္ႀကီးဌာန၏ ၫႊန္ၾကားေရးမႉးခ်ဳပ္ဗိုလ္ခ်ဳပ္ႀကီး Amir Baram တို႔ပါဝင္သည့္ ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ လုပ္ငန္းတစ္ခုအတြင္း လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။
ယင္းသေဘာတူညီခ်က္သည္ ႏွစ္ႏိုင္ငံၾကား အဆင့္ျမင့္နည္းပညာမွ်ေဝျခင္း၊ ပူးတြဲဖြံ႕ၿဖိဳးတိုး တက္မႈႏွင့္ ပူးတြဲထုတ္လုပ္မႈတို႔ကို ျမႇင့္တင္ေပးလိမ့္မည္ဟု အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာနက မွတ္ခ်က္ ျပဳေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း သေဘာတူညီခ်က္ႏွင့္ပတ္သက္သည့္ ေနာက္ထပ္အေသးစိတ္အခ်က္အလက္မ်ားကို အိႏၵိယကာကြယ္ ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာဆိုခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းသိရသည္။ အိႏၵိယႏွင့္အစၥေရးတို႔ လက္မွတ္ေရးထိုးခဲ့ေသာ သေဘာတူညီခ်က္အရ အိႏၵိယသည္ ၎၏ ေျမျပင္ တပ္ဖြဲ႕မ်ားအတြက္ ေရာ့ကက္မ်ားႏွင့္ အစၥေရးအာကာ သစက္မႈ လုပ္ငန္း(IAI)မွတီထြင္ထားေသာ တာလတ္ ပစ္ေျမျပင္မွ ေဝဟင္ပစ္ဒုံးက်ည္ကာကြယ္ေရးစနစ္မ်ားကို အေမရိကန္ ေဒၚလာ (၃ ဒသမ ၇၅)ဘီလ်ံခန႔္ ျဖင့္ဝယ္ယူလိမ့္မည္ျဖစ္ေၾကာင္း Jerusalem Post က ေရးသားေဖာ္ျပခဲ့သည္။
ထို႔ျပင္ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး S. Jaishankar ႏွင့္ နယူးေဒလီၿမိဳ႕တြင္ေတြ႕ဆုံစဥ္အခ်ိန္အတြင္း အိႏၵိယကို ကမာၻ႔အင္အားႀကီးႏိုင္ငံတစ္ ႏိုင္ငံအျဖစ္ အစၥေရးႏိုင္ငံျခားေရးဝန္ႀကီး Gideon Sa’ar က ခ်ီးက်ဴးေျပာဆိုခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ႏွစ္ႏိုင္ငံၾကား မဟာဗ်ဴဟာႏွင့္ နည္းပညာပူး ေပါင္းေဆာင္႐ြက္မႈတြင္ စည္းလုံးညီၫြတ္မႈျမင့္တက္ လာျခင္းေၾကာင့္ အိႏၵိယႏွင့္အစၥေရးၾကား မိတ္ဖက္ ဆက္ဆံေရးသည္ သမိုင္းတစ္ေလွ်ာက္ အျမင့္ဆုံးအဆင့္သို႔ေရာက္ရွိ ခဲ့ေၾကာင္း Gideon Sa’ar က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။