အလားအလာရှိသော နျူကလီးယားစမ်းသပ်မှုများအတွက် အဆိုပြုချက်များရေးဆွဲရန် ရုရှားသမ္မတအမိန့်ပေး

64

Pika (NP News) - နိုဝင်ဘာ ၈
ရုရှား၏ နျူကလီးယားလက်နက်များစမ်းသပ်မှုဖြစ်နိုင်ခြေအတွက် အဆိုပြုချက်များရေးဆွဲရန် ထိပ်တန်းအရာရှိ များကို ရုရှားသမ္မတပူတင်က အမိန့်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါအမိန့်ပေးမှုသည် (၁၉၉၁)ခုနှစ်တွင် ဆိုဗီယက်ပြည် ထောင်စုပြိုကွဲခဲ့ပြီး နောက်ပိုင်းတည်းက ရုရှားအစိုးရကလုပ်ဆောင်ခဲ့ခြင်း မျိုးမရှိသောအရာတစ်ခုဖြစ် ကြောင်းလည်း သိရသည်။
အမေရိကန်နိုင်ငံ၏ မကြာသေးမီကထုတ် ပြန်ခဲ့သောမှတ်ချက်များနှင့် လုပ်ဆောင်ချက်များကြောင့် အပြည့်အဝ နျူကလီးယားစမ်းသပ်မှုများအတွက် ချက်ချင်းပြင်ဆင်ရန် ပူတင်ကို ကာကွယ်ရေးဝန်ကြီး Andrei Belousov က အကြံပြုခဲ့ကြောင်း သိရသည်။ ထို့ပြင် ရုရှား၏ ကျွန်းစုရှိ အာတိတ်စမ်းသပ် စခန်းသည် နျူကလီးယားစမ်းသပ်မှုများကို အချိန် တိုအတွင်းလုပ်ဆောင်နိုင်ကြောင်း Andrei Belousov ကထုတ်ပြန်ပြောဆိုခဲ့သည်။ ပူတင်က ‘နျူက လီးယားစမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေစုဆောင်းဖို့၊ လုံခြုံရေးကောင်စီမှာ ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ် ဆောင်ဖို့၊ နျူကလီးယားလက်နက် စမ်းသပ်မှု ပြင်ဆင်ခြင်းဆိုင်ရာလုပ်ငန်းတွေစတင်ဖို့အတွက် အလားအလာရှိတဲ့ အဆိုပြုချက်တွေရေးဆွဲဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အထူးဝန်ဆောင်မှုအဖွဲ့တွေနဲ့ သက်ဆိုင် ရာ အရပ် ဘက်အေဂျင်စီတွေကို ကျွန်တော်ညွှန်ကြားထားပါတယ်’ဟုပြောဆိုခဲ့သည်။
‘Khabarovsk’ ဟု အမည်ပေးထားသည့် နျူကလီးယားရေငုပ်သင်္ဘောအသစ်ကို ရုရှားအစိုးရ ကထုတ်ပြန်ပြ သခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ပူတင်၏အမိန့်ပေးမှုများထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါနျူကလီးယားရေငုပ် သင်္ဘောအသစ်သည် ကြီးမားသည့်တော်ပီဒိုပုံစံ နျူကလီးယားစွမ်းအင်သုံး Poseidon drone ကိုသယ်ဆောင်ရန် ဒီဇိုင်းထုတ်ထားသည့် ရေငုပ်သင်္ဘောဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။

Zawgyi Version:
အလားအလာရွိေသာ န်ဴကလီးယားစမ္းသပ္မႈမ်ားအတြက္ အဆိုျပဳခ်က္မ်ားေရးဆြဲရန္ ႐ုရွားသမၼတအမိန႔္ေပး
Pika (NP News) - ႏိုဝင္ဘာ ၈
႐ုရွား၏ န်ဴကလီးယားလက္နက္မ်ားစမ္းသပ္မႈျဖစ္ႏိုင္ေျခအတြက္ အဆိုျပဳခ်က္မ်ားေရးဆြဲရန္ ထိပ္တန္းအရာရွိ မ်ားကို ႐ုရွားသမၼတပူတင္က အမိန႔္ေပးခဲ့ေၾကာင္း သိရသည္။ အဆိုပါအမိန႔္ေပးမႈသည္ (၁၉၉၁)ခုႏွစ္တြင္ ဆိုဗီယက္ျပည္ ေထာင္စုၿပိဳကြဲခဲ့ၿပီး ေနာက္ပိုင္းတည္းက ႐ုရွားအစိုးရကလုပ္ေဆာင္ခဲ့ျခင္း မ်ိဳးမရွိေသာအရာတစ္ခုျဖစ္ ေၾကာင္းလည္း သိရသည္။
အေမရိကန္ႏိုင္ငံ၏ မၾကာေသးမီကထုတ္ ျပန္ခဲ့ေသာမွတ္ခ်က္မ်ားႏွင့္ လုပ္ေဆာင္ခ်က္မ်ားေၾကာင့္ အျပည့္အဝ န်ဴကလီးယားစမ္းသပ္မႈမ်ားအတြက္ ခ်က္ခ်င္းျပင္ဆင္ရန္ ပူတင္ကို ကာကြယ္ေရးဝန္ႀကီး Andrei Belousov က အႀကံျပဳခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ႐ုရွား၏ ကြၽန္းစုရွိ အာတိတ္စမ္းသပ္ စခန္းသည္ န်ဴကလီးယားစမ္းသပ္မႈမ်ားကို အခ်ိန္ တိုအတြင္းလုပ္ေဆာင္ႏိုင္ေၾကာင္း Andrei Belousov ကထုတ္ျပန္ေျပာဆိုခဲ့သည္။ ပူတင္က ‘န်ဴက လီးယားစမ္းသပ္မႈေတြနဲ႔ပတ္သက္ၿပီး အခ်က္အလက္ေတြစုေဆာင္းဖို႔၊ လုံၿခဳံေရးေကာင္စီမွာ ခြဲျခမ္းစိတ္ျဖာမႈေတြ လုပ္ ေဆာင္ဖို႔၊ န်ဴကလီးယားလက္နက္ စမ္းသပ္မႈ ျပင္ဆင္ျခင္းဆိုင္ရာလုပ္ငန္းေတြစတင္ဖို႔အတြက္ အလားအလာရွိတဲ့ အဆိုျပဳခ်က္ေတြေရးဆြဲဖို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ အထူးဝန္ေဆာင္မႈအဖြဲ႕ေတြနဲ႔ သက္ဆိုင္ ရာ အရပ္ ဘက္ေအဂ်င္စီေတြကို ကြၽန္ေတာ္ၫႊန္ၾကားထားပါတယ္’ဟုေျပာဆိုခဲ့သည္။
‘Khabarovsk’ ဟု အမည္ေပးထားသည့္ န်ဴကလီးယားေရငုပ္သေဘၤာအသစ္ကို ႐ုရွားအစိုးရ ကထုတ္ျပန္ျပ သခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ ပူတင္၏အမိန႔္ေပးမႈမ်ားထြက္ေပၚလာျခင္းျဖစ္သည္။ အဆိုပါန်ဴကလီးယားေရငုပ္ သေဘၤာအသစ္သည္ ႀကီးမားသည့္ေတာ္ပီဒိုပုံစံ န်ဴကလီးယားစြမ္းအင္သုံး Poseidon drone ကိုသယ္ေဆာင္ရန္ ဒီဇိုင္းထုတ္ထားသည့္ ေရငုပ္သေဘၤာျဖစ္ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့သည္။