ရန်ကုန်တွင် ပြိုင်ကားတစ်စီးစလစ်ဖြစ်ကာ လမ်းဘေးဓာတ်တိုင် ဝင်တိုက်မိ၍ အသက်(၂၀)ဝန်းကျင် အမျိုးသမီးဒဏ်ရာရ

 894

သန့်ဇင် (NP News) - နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်တွင် ပြိုင်ကားတစ်စီးစလစ်ဖြစ်ကာ လမ်းဘေးဓာတ်တိုင် ဝင်တိုက်မိ၍ အသက်(၂၀)ဝန်းကျင် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် ပရဟိတအသင်းများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာ ၉ ရက်)၊ နံနက် ၃ နာရီဝန်းကျင်အချိန်ခန့်က ဒဂုံမြိုနယ်၊ ဘုရားကြီးရပ်ကွက်၊ အလံပြဘုရားလမ်း၊ တိရစ္ဆာန်ရုံ မီးပွိင့်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးပွိုင့်အနီးတွင် ပြိုင်ကားဟု ယူဆရသောကားတစ်စီးက စလစ်ဖြစ်ကာ လမ်းဘေးပလက်ဖောင်းရှိ ဓာတ်တိုင်အား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် အသက်(၂၀)နှစ်ဝန်းကျင် အမျိုးသမီးတွင် မေးစေ့ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကာ ကားခေါင်းခန်းအတွင်း ညှပ်နေသဖြင့် မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းတို့က မိနစ်(၃၀)ခန့်အကြာ ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
“အမျိုးသမီးက (၂၀)ဝန်းကျင်ပါ။ ဖြစ်တဲ့ကားက ပြိုင်ကားပုံစံမျိုးလေးပါ။ အမျိုးသမီးက မစိုးရိမ်ရပါဘူး။ ပြင်ပဒဏ်ရာပဲရတာပါ။ မေးစေ့မှာ ရတာပါ” ဟု ကြည့်မြင်တိုင်စံပြလူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီးကို ကြည့်မြင်တိုင်စံပြလူမှုကူညီရေးအသင်းက ရန်ကုန်ပြည်သူ့ဆေးရူံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္တြင္ ၿပိဳင္ကားတစ္စီးစလစ္ျဖစ္ကာ လမ္းေဘးဓာတ္တိုင္ ဝင္တိုက္မိ၍ အသက္(၂၀)ဝန္းက်င္ အမ်ိဳးသမီးဒဏ္ရာရ
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၉
ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕နယ္တြင္ ၿပိဳင္ကားတစ္စီးစလစ္ျဖစ္ကာ လမ္းေဘးဓာတ္တိုင္ ဝင္တိုက္မိ၍ အသက္(၂၀)ဝန္းက်င္ အမ်ိဳးသမီးတစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သြားေရာက္ကူညီခဲ့သည့္ ပရဟိတအသင္းမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ႏိုဝင္ဘာ ၉ ရက္)၊ နံနက္ ၃ နာရီဝန္းက်င္အခ်ိန္ခန႔္က ဒဂုံၿမိဳနယ္၊ ဘုရားႀကီးရပ္ကြက္၊ အလံျပဘုရားလမ္း၊ တိရစာၦန္႐ုံ မီးပြိင့္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ မီးပြိဳင့္အနီးတြင္ ၿပိဳင္ကားဟု ယူဆရေသာကားတစ္စီးက စလစ္ျဖစ္ကာ လမ္းေဘးပလက္ေဖာင္းရွိ ဓာတ္တိုင္အား ဝင္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယာဥ္တိုက္မႈေၾကာင့္ ကားေပၚတြင္လိုက္ပါလာသည့္ အသက္(၂၀)ႏွစ္ဝန္းက်င္ အမ်ိဳးသမီးတြင္ ေမးေစ့ထိခိုက္ဒဏ္ရာအနည္းငယ္ရရွိခဲ့ကာ ကားေခါင္းခန္းအတြင္း ညႇပ္ေနသျဖင့္ မီးသတ္တပ္ဖြဲ႕ႏွင့္ ပရဟိတအသင္းတို႔က မိနစ္(၃၀)ခန႔္အၾကာ ကယ္ထုတ္ခဲ့ရေၾကာင္း သိရသည္။
“အမ်ိဳးသမီးက (၂၀)ဝန္းက်င္ပါ။ ျဖစ္တဲ့ကားက ၿပိဳင္ကားပုံစံမ်ိဳးေလးပါ။ အမ်ိဳးသမီးက မစိုးရိမ္ရပါဘူး။ ျပင္ပဒဏ္ရာပဲရတာပါ။ ေမးေစ့မွာ ရတာပါ” ဟု ၾကည့္ျမင္တိုင္စံျပလူမႈကူညီေရးအသင္းက တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူအမ်ိဳးသမီးကို ၾကည့္ျမင္တိုင္စံျပလူမႈကူညီေရးအသင္းက ရန္ကုန္ျပည္သူ႔ေဆး႐ူံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.