ရှားပါး Patek Philippe နာရီကို ဒေါ်လာ ၂၂.၉ သန်းနဲ့ရောင်းချ

383

ရောင်နီ (NP News) - နိုဝင်ဘာ ၁၁
၂၀၁၆ ခုနှစ်က လေလံအိမ်မှာ ဈေးအကြီးဆုံးဖြစ်ခဲ့တဲ့ Patek Philippe လက်ပတ် နာရီတစ်လုံးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လေလံပွဲမှာ စင်ကာပူဒေါ်လာ ၂၂.၉ သန်းနဲ့ လေလံတင်ရောင်းချနိုင်ခဲ့ပြီး ဈေးအကြီးဆုံး လက်ပတ်နာရီဖြစ်လာခဲ့တယ်လို့ လေလံအိမ် Phillips က နိုဝင်ဘာ ၉ ရက်မှာ ပြောကြားပါတယ်။
နာရီကို ဆွစ်ဖရန့် ၁၄.၁၉ သန်း (စင်ကာပူဒေါ်လာ ၂၂.၉ သန်း) နဲ့ ရောင်းချနိုင်ခဲ့တာကြောင့် လွန်ခဲ့တဲ့ ကိုးနှစ်က ဝယ်ယူခဲ့တဲ့ လေလံပွဲမှာ ဝယ်ယူခဲ့တဲ့ တန်ကြေး ငွေကြေး ဆွစ်ဖရန့် ၁၁ သန်းထက် ပိုမိုဈေးမြင့်ခဲ့ပါတယ်။ ၁၉၄၃ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Patek Philippe Perpetual Calendar Chronograph Reference 1518 လက်ပတ် နာရီဟာ ကမ္ဘာပေါ်မှာ သံမဏိစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ နာရီ လေးလုံးထဲက ပထမဆုံးပြုလုပ်တဲ့ အလုံးဖြစ်ပါတယ်။ Reference 1518 နာရီ ဟာ အလုံးရေ ၂၈၀ ခန့် ထုတ်လုပ်ခဲ့ပေမယ့် အဲဒီထဲမှာ သံမဏိနဲ့ပြုလုပ်ထားတဲ့ နာရီကတော့ လေးလုံးသာ ရှိပါတယ်။ သူ့ရဲ့ရှားပါးမှုကြောင့် ရွှေနဲ့ထုတ်လုပ်ထားတဲ့ နာရီတွေထက် ပိုရှားကာ လိုချင်သူများပါ တယ်။ ၂၀၁၆ ခုနှစ် က ဟောလိဝုဒ်ကြယ်ပွင့် ပေါလ်နယူမန်ရဲ့ Rolex Daytona လက်ပတ်နာရီတစ်လုံးဟာ အမေရိကန်ဒေါ်လာ ၁၇.၈ သန်းနဲ့ လေလံအောင်ခဲ့ပြီး စံချိန်တင် ဈေးအကြီးဆုံး ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၉ ခုနှစ်မှာ Patek Philippe Grandmaster Chime ရဲ့သံမဏိလက်ပတ်နာရီဟာ အမေရိကန်ဒေါ်လာ ၃၁ သန်း (စင်ကာပူဒေါ်လာ ၄၀.၄ သန်း) နဲ့ လေလံတင် ရောင်းချနိုင်ခဲ့ပါတယ်။
အခု Reference 1518 ရဲ့ လေလံတင်ရောင်းချမှုဟာလည်း သမိုင်းကြောင်ထဲမှာ အရေးပါဆုံး လက်ပတ်နာရီ တွေထဲက တစ်ခုအဖြစ်လာခဲ့တယ်လို့ လေလံပွဲစီစဉ်သူများက ပြောကြားပါတယ်။

Zawgyi Version:
ရွားပါး Patek Philippe နာရီကို ေဒၚလာ ၂၂.၉ သန္းနဲ႔ေရာင္းခ်
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၁
၂၀၁၆ ခုႏွစ္က ေလလံအိမ္မွာ ေဈးအႀကီးဆုံးျဖစ္ခဲ့တဲ့ Patek Philippe လက္ပတ္ နာရီတစ္လုံးဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ေလလံပြဲမွာ စင္ကာပူေဒၚလာ ၂၂.၉ သန္းနဲ႔ ေလလံတင္ေရာင္းခ်ႏိုင္ခဲ့ၿပီး ေဈးအႀကီးဆုံး လက္ပတ္နာရီျဖစ္လာခဲ့တယ္လို႔ ေလလံအိမ္ Phillips က ႏိုဝင္ဘာ ၉ ရက္မွာ ေျပာၾကားပါတယ္။
နာရီကို ဆြစ္ဖရန႔္ ၁၄.၁၉ သန္း (စင္ကာပူေဒၚလာ ၂၂.၉ သန္း) နဲ႔ ေရာင္းခ်ႏိုင္ခဲ့တာေၾကာင့္ လြန္ခဲ့တဲ့ ကိုးႏွစ္က ဝယ္ယူခဲ့တဲ့ ေလလံပြဲမွာ ဝယ္ယူခဲ့တဲ့ တန္ေၾကး ေငြေၾကး ဆြစ္ဖရန႔္ ၁၁ သန္းထက္ ပိုမိုေဈးျမင့္ခဲ့ပါတယ္။ ၁၉၄၃ ခုႏွစ္က ထုတ္လုပ္ခဲ့တဲ့ Patek Philippe Perpetual Calendar Chronograph Reference 1518 လက္ပတ္ နာရီဟာ ကမာၻေပၚမွာ သံမဏိစစ္စစ္နဲ႔ ျပဳလုပ္ထားတဲ့ နာရီ ေလးလုံးထဲက ပထမဆုံးျပဳလုပ္တဲ့ အလုံးျဖစ္ပါတယ္။ Reference 1518 နာရီ ဟာ အလုံးေရ ၂၈၀ ခန႔္ ထုတ္လုပ္ခဲ့ေပမယ့္ အဲဒီထဲမွာ သံမဏိနဲ႔ျပဳလုပ္ထားတဲ့ နာရီကေတာ့ ေလးလုံးသာ ရွိပါတယ္။ သူ႔ရဲ႕ရွားပါးမႈေၾကာင့္ ေ႐ႊနဲ႔ထုတ္လုပ္ထားတဲ့ နာရီေတြထက္ ပိုရွားကာ လိုခ်င္သူမ်ားပါ တယ္။ ၂၀၁၆ ခုႏွစ္ က ေဟာလိဝုဒ္ၾကယ္ပြင့္ ေပါလ္နယူမန္ရဲ႕ Rolex Daytona လက္ပတ္နာရီတစ္လုံးဟာ အေမရိကန္ေဒၚလာ ၁၇.၈ သန္းနဲ႔ ေလလံေအာင္ခဲ့ၿပီး စံခ်ိန္တင္ ေဈးအႀကီးဆုံး ျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္ ၂၀၁၉ ခုႏွစ္မွာ Patek Philippe Grandmaster Chime ရဲ႕သံမဏိလက္ပတ္နာရီဟာ အေမရိကန္ေဒၚလာ ၃၁ သန္း (စင္ကာပူေဒၚလာ ၄၀.၄ သန္း) နဲ႔ ေလလံတင္ ေရာင္းခ်ႏိုင္ခဲ့ပါတယ္။
အခု Reference 1518 ရဲ႕ ေလလံတင္ေရာင္းခ်မႈဟာလည္း သမိုင္းေၾကာင္ထဲမွာ အေရးပါဆုံး လက္ပတ္နာရီ ေတြထဲက တစ္ခုအျဖစ္လာခဲ့တယ္လို႔ ေလလံပြဲစီစဥ္သူမ်ားက ေျပာၾကားပါတယ္။