ပုဂ္ဂလိကဝန်ထမ်းများအတွက် အဆင်​ပြေစေမည့် ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒများ ထုတ်ပြန်ပေးသွားမည်ဟုဆို

 257

သန့်မင်းအိမ်(NP News)​-ဖေ​ဖော်ဝါရီ ၅
အစိုးရဝန်ထမ်းများအတွက် သက်သာခွင့်များ စီစဉ်ပေးသကဲ့သို့ပင် ပုဂ္ဂလိကကဏ္ဍ (Private Sector) ရှိ ဝန်ထမ်းများအတွက်လည်း အဆင်ပြေစေမည့် ဘဏ္ဍာရေးမူဝါဒ (Fiscal Policy) နှင့် ငွေကြေးမူဝါဒ (Monetary Policy) ဆိုင်ရာ အသေးစိတ်အချက်အလက်များကို သင့်တော်သည့် အချိန်တစ်ခုတွင် ထုတ်ပြန်ချပြသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်း​ဆွေက ဖေဖော်ဝါရီ (၅) ရက်က UMFCCI တွင် ကျင်းပခဲ့သည့် ငွေကြေးခဝါချနှင့် အကြမ်ူဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်မှု(AMN/CFT) နှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသိပညာမြှင့်ရေးရှင်းလင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ပြင်ပ​စျေးကွက်ပေါက်စျေးနှင့် ဗဟိုဘဏ်သတ်မှတ်စျေး ကွာဟချက်​ကြောင့် နိုင်ငံခြားကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် လစာငွေများ လက်ခံရာတွင် ဗဟိုဘဏ်၏ သတ်မှတ်ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်နေရသဖြင့် ပြင်ပစျေးကွက်ပေါက်စျေးနှင့် ကွာဟချက်များရှိနေကာ ငွေဖောင်းပွမှုဒဏ်ကို ခံစားနေရသည့်အပေါ် အထောက်အပံ့ကောင်းများ ရှိလာနိုင်မလားဟူသည့် မေးမြန်းမှုအပေါ်ဗဟိုဘဏ်ဥက္ကဋ္ဌက ယခုကဲ့သို့ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများနှင့်ပက်သက်၍ ဗဟိုဘဏ်ဥက္ကဋ္ဌက ငွေကြေးမူဝါဒနှင့် ​ငွေလဲနှုန်း (Exchange Rate) သတ်မှတ်ရာတွင် ပုံသေကားကျ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ စျေးကွက်ယန္တရား (Mechanism) အပေါ် မူတည်၍ လိုအပ်သလို အဆင့်လိုက် ညှိနှိုင်းဆောင်ရွက်မှုများ (Adjustments) ပြုလုပ်နေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
"ကျွန်မတို့က စျေးကွက်ပေါ်မှာ မူတည်ပြီးတော့ တိုင်းပြည်ရဲ့ စီးပွားရေးကို နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ Inflation တွေ၊ Financial Sector တွေနဲ့ ပူးပေါင်းလုပ်ဆောင်ရတာတွေ ရှိပါတယ်" ဟု ၎င်းက ဆိုသည်။
ပုဂ္ဂလိကဝန်ထမ်းများ၏ လစာတိုးမြှင့်လိုမှုနှင့် ပတ်သက်၍ ဥက္ကဋ္ဌက ရှင်းလင်းရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင် များအနေဖြင့် မိမိတို့၏ လုပ်ငန်းမူဝါဒများအပေါ် မူတည်၍ ဝန်ထမ်းများကို ပံ့ပိုးပေးနိုင်ခြင်းနှင့်ဝန်ထမ်းများ၏ လစာအပေါ် သက်ရောက်နေသည့် အခွန်အခများကို တတ်နိုင်သမျှ လျှော့ချပေးခြင်းဖြင့် ဝန်ထမ်းများအတွက် လက်ကျန်ငွေ ပိုမိုရရှိစေရန် စီစဉ်ပေးနိုင်သည့် အချက်များကို အကြံပြုပြောကြားခဲ့သည်။
အဆိုပါ ပုဂ္ဂလိကဝန်ထမ်းများအတွက် အကျိုးရှိစေမည့် မူဝါဒအသေးစိတ်များကို လုပ်ငန်းစဉ်များ ပြီးမြောက်ပါက တရားဝင် ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Zawgyi Version:
ပုဂၢလိကဝန္ထမ္းမ်ားအတြက္ အဆင္​ေျပေစမည့္ ဘ႑ာေရးႏွင့္ ေငြေၾကးမူဝါဒမ်ား ထုတ္ျပန္ေပးသြားမည္ဟုဆို
သန္႔မင္းအိမ္(NP News)​-ေဖ​ေဖာ္ဝါရီ ၅
အစိုးရဝန္ထမ္းမ်ားအတြက္ သက္သာခြင့္မ်ား စီစဥ္ေပးသကဲ့သို႔ပင္ ပုဂၢလိကက႑ (Private Sector) ရွိ ဝန္ထမ္းမ်ားအတြက္လည္း အဆင္ေျပေစမည့္ ဘ႑ာေရးမူဝါဒ (Fiscal Policy) ႏွင့္ ေငြေၾကးမူဝါဒ (Monetary Policy) ဆိုင္ရာ အေသးစိတ္အခ်က္အလက္မ်ားကို သင့္ေတာ္သည့္ အခ်ိန္တစ္ခုတြင္ ထုတ္ျပန္ခ်ျပသြားမည္ျဖစ္ေၾကာင္း ဗဟိုဘဏ္ဥကၠ႒ ေဒၚသန္းသန္း​ေဆြက ေဖေဖာ္ဝါရီ (၅) ရက္က UMFCCI တြင္ က်င္းပခဲ့သည့္ ေငြေၾကးခဝါခ်ႏွင့္ အၾကမ္ူဖက္မႈကို ေငြေၾကးေထာက္ပံ့မႈတိုက္ဖ်က္မႈ(AMN/CFT) ႏွင့္ ႏိုင္ငံျခားသုံးေငြ စီမံခန႔္ခြဲမႈဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္း၍ အသိပညာျမႇင့္ေရးရွင္းလင္းေဆြးေႏြးပြဲတြင္ ေျပာၾကားခဲ့သည္။
ျပင္ပ​ေစ်းကြက္ေပါက္ေစ်းႏွင့္ ဗဟိုဘဏ္သတ္မွတ္ေစ်း ကြာဟခ်က္​ေၾကာင့္ ႏိုင္ငံျခားကုမၸဏီမ်ားတြင္ တာဝန္ထမ္းေဆာင္ေနသည့္ ဝန္ထမ္းမ်ားအေနျဖင့္ လစာေငြမ်ား လက္ခံရာတြင္ ဗဟိုဘဏ္၏ သတ္မွတ္ၫႊန္ၾကား ခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ေနရသျဖင့္ ျပင္ပေစ်းကြက္ေပါက္ေစ်းႏွင့္ ကြာဟခ်က္မ်ားရွိေနကာ ေငြေဖာင္းပြမႈဒဏ္ကို ခံစားေနရသည့္အေပၚ အေထာက္အပံ့ေကာင္းမ်ား ရွိလာႏိုင္မလားဟူသည့္ ေမးျမန္းမႈအေပၚဗဟိုဘဏ္ဥကၠ႒က ယခုကဲ့သို႔ အသိေပးေျပာၾကားခဲ့ျခင္းျဖစ္သည္။
မူဝါဒပိုင္းဆိုင္ရာ ညႇိႏႈိင္းေဆာင္႐ြက္မႈမ်ားႏွင့္ပက္သက္၍ ဗဟိုဘဏ္ဥကၠ႒က ေငြေၾကးမူဝါဒႏွင့္ ​ေငြလဲႏႈန္း (Exchange Rate) သတ္မွတ္ရာတြင္ ပုံေသကားက် ေဆာင္႐ြက္ျခင္းမ်ိဳးမဟုတ္ဘဲ ေစ်းကြက္ယႏၲရား (Mechanism) အေပၚ မူတည္၍ လိုအပ္သလို အဆင့္လိုက္ ညႇိႏႈိင္းေဆာင္႐ြက္မႈမ်ား (Adjustments) ျပဳလုပ္ေနေၾကာင္း ရွင္းလင္းေျပာၾကားခဲ့သည္။
"ကြၽန္မတို႔က ေစ်းကြက္ေပၚမွာ မူတည္ၿပီးေတာ့ တိုင္းျပည္ရဲ႕ စီးပြားေရးကို ႏိုင္ငံတကာအဖြဲ႕အစည္းေတြ၊ သက္ဆိုင္ရာ Inflation ေတြ၊ Financial Sector ေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ရတာေတြ ရွိပါတယ္" ဟု ၎က ဆိုသည္။
ပုဂၢလိကဝန္ထမ္းမ်ား၏ လစာတိုးျမႇင့္လိုမႈႏွင့္ ပတ္သက္၍ ဥကၠ႒က ရွင္းလင္းရာတြင္ ပုဂၢလိကလုပ္ငန္းရွင္ မ်ားအေနျဖင့္ မိမိတို႔၏ လုပ္ငန္းမူဝါဒမ်ားအေပၚ မူတည္၍ ဝန္ထမ္းမ်ားကို ပံ့ပိုးေပးႏိုင္ျခင္းႏွင့္ဝန္ထမ္းမ်ား၏ လစာအေပၚ သက္ေရာက္ေနသည့္ အခြန္အခမ်ားကို တတ္ႏိုင္သမွ် ေလွ်ာ့ခ်ေပးျခင္းျဖင့္ ဝန္ထမ္းမ်ားအတြက္ လက္က်န္ေငြ ပိုမိုရရွိေစရန္ စီစဥ္ေပးႏိုင္သည့္ အခ်က္မ်ားကို အႀကံျပဳေျပာၾကားခဲ့သည္။
အဆိုပါ ပုဂၢလိကဝန္ထမ္းမ်ားအတြက္ အက်ိဳးရွိေစမည့္ မူဝါဒအေသးစိတ္မ်ားကို လုပ္ငန္းစဥ္မ်ား ၿပီးေျမာက္ပါက တရားဝင္ ဆက္လက္ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

Related news

© 2021. All rights reserved.