အမြန်လမ်းတွင် Express တစ်စီး အရှိန်လွန်၍ Guard Rail တန်းအား ဝင်တိုက်မိပြီးအမျိုးသား(၁)ဉီး သေဆုံး

315

ထိုက်စံ(NP News)-ဖေဖော်ဝါရီ ၅
နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး တွင် အမြန်းလမ်းတွင် Express တစ်စီး အရှိန်လွန်၍ Guard Rail တန်းအား ဝင်တိုက်မိပြီးအမျိုးသား(၁)ဉီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာဂရအမြန်လမ်းမီးသတ်ဌာန၏ တာဝန်ရှိတစ်ဉီးထံ NP Newsမှ ဆက်သွယ်မေးမြန်းချက်အရသိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီ ၅ ရက်) ၊ မနက်ပိုင်း (၂)နာရီ (၃၀)မိနစ် အချိန်က နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၅၇/၇)နှင့်(၁၅၇/၆)ဖာလုံကြားတွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါမိုင်တိုင်အနီး၌ နေပြည်တော်ဘက်မှ ရန်ကုန်သို့ မောင်းနှင်လာသော Express ယာဉ်တစ်စီးသည် အခြားယာဉ်တစ်ဦးကို တိမ်းရှောင်ရာမှ အရှိန်လွန်၍ Guard Rail တန်းအား တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားက နေပြည်တော်ကနေ ရန်ကုန်ကိုလာတယ်။ လာတော့ ဖြစ်မယ့်နေရာလည်းရောက်ရော ကားတစ်စီးကနေပြီးတော့ သူကတော့ စုံစမ်းဆဲ ကား ။ အဲဒီကားတစ်စီးကနေပြီးတော့မှ သူက အဲဒီမှာ ဖြတ်တာပေါ့။ ဟိုဘက်ဒီဘက်ဖြတ်တဲ့ အချိန်မှာ ဝင်တိုးတဲ့ အခါကျတော့ ညာဘက်အခြမ်းကို သူက ကြည့်ရတာ စတီယာတိုင်ကွေ့လိုက်တာထင်တယ်။ အဲဒါနဲ့ ဂတ်စ်ဝေးတန်းကိုတိုက်ပြီး အဲဒီနေရာမှာရပ်သွားတာ။ ရပ်သွားတဲ့ အခါကျတော့ ကားကအရှေ့ပိုင်းကပျက်စီးသွားတာပေါ့။ ယာဉ်မောင်းက အဲဒီမှာပဲ ဆုံးသွားတာ”ဟု ၎င်းကပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် အသက်(၅၀)ခန့်အရွယ်ရှိသည့် ယာဉ်မောင်းအမျိုးသားမှာ လက်ကျိုးသည့် ဒဏ်ရာများဖြင့် ဖြစ်စဉ်နေရာတွင်သေဆုံးခဲ့ ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်များအနက် အမျိုးသမီး(၃)ဉီးမှာ မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင်သေဆုံးသူ အမျိူးသား(၁)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသမီး(၃)ဦးတို့အား တောင်ငူ (192) ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Zawgyi Version:
အျမန္လမ္းတြင္ Express တစ္စီး အရွိန္လြန္၍ Guard Rail တန္းအား ဝင္တိုက္မိၿပီးအမ်ိဳးသား(၁)ဉီး ေသဆုံး
ထိုက္စံ(NP News)-ေဖေဖာ္ဝါရီ ၅
ေနျပည္ေတာ္-ရန္ကုန္အျမန္လမ္းမႀကီး တြင္ အျမန္းလမ္းတြင္ Express တစ္စီး အရွိန္လြန္၍ Guard Rail တန္းအား ဝင္တိုက္မိၿပီးအမ်ိဳးသား(၁)ဉီး ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း သာဂရအျမန္လမ္းမီးသတ္ဌာန၏ တာဝန္ရွိတစ္ဉီးထံ NP Newsမွ ဆက္သြယ္ေမးျမန္းခ်က္အရသိရသည္။
ျဖစ္စဥ္မွာ ယေန႔(ေဖေဖာ္ဝါရီ ၅ ရက္) ၊ မနက္ပိုင္း (၂)နာရီ (၃၀)မိနစ္ အခ်ိန္က ေနျပည္ေတာ္-ရန္ကုန္အျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္(၁၅၇/၇)ႏွင့္(၁၅၇/၆)ဖာလုံၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
အဆိုပါမိုင္တိုင္အနီး၌ ေနျပည္ေတာ္ဘက္မွ ရန္ကုန္သို႔ ေမာင္းႏွင္လာေသာ Express ယာဥ္တစ္စီးသည္ အျခားယာဥ္တစ္ဦးကို တိမ္းေရွာင္ရာမွ အရွိန္လြန္၍ Guard Rail တန္းအား တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကားက ေနျပည္ေတာ္ကေန ရန္ကုန္ကိုလာတယ္။ လာေတာ့ ျဖစ္မယ့္ေနရာလည္းေရာက္ေရာ ကားတစ္စီးကေနၿပီးေတာ့ သူကေတာ့ စုံစမ္းဆဲ ကား ။ အဲဒီကားတစ္စီးကေနၿပီးေတာ့မွ သူက အဲဒီမွာ ျဖတ္တာေပါ့။ ဟိုဘက္ဒီဘက္ျဖတ္တဲ့ အခ်ိန္မွာ ဝင္တိုးတဲ့ အခါက်ေတာ့ ညာဘက္အျခမ္းကို သူက ၾကည့္ရတာ စတီယာတိုင္ေကြ႕လိုက္တာထင္တယ္။ အဲဒါနဲ႔ ဂတ္စ္ေဝးတန္းကိုတိုက္ၿပီး အဲဒီေနရာမွာရပ္သြားတာ။ ရပ္သြားတဲ့ အခါက်ေတာ့ ကားကအေရွ႕ပိုင္းကပ်က္စီးသြားတာေပါ့။ ယာဥ္ေမာင္းက အဲဒီမွာပဲ ဆုံးသြားတာ”ဟု ၎ကေျပာသည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ အသက္(၅၀)ခန႔္အ႐ြယ္ရွိသည့္ ယာဥ္ေမာင္းအမ်ိဳးသားမွာ လက္က်ိဳးသည့္ ဒဏ္ရာမ်ားျဖင့္ ျဖစ္စဥ္ေနရာတြင္ေသဆုံးခဲ့ ၿပီး ယာဥ္ေပၚတြင္ လိုက္ပါလာေသာ ခရီးသည္မ်ားအနက္ အမ်ိဳးသမီး(၃)ဉီးမွာ မစိုးရိမ္ရသည့္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ေသဆုံးသူ အမ်ိဴးသား(၁)ဦးႏွင့္ ထိခိုက္ဒဏ္ရာရရွိသည့္ အမ်ိဳးသမီး(၃)ဦးတို႔အား ေတာင္ငူ (192) ပရဟိတအသင္းမွ သူနာတင္ယာဥ္ျဖင့္ ေတာင္ငူျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။