မိတ္ထီလာမြို့နယ်တွင် ကျောင်းအုပ်ကြီးတစ်ဦး နှင့် လက်ထောက်တစ်ဦးတို့ သေနတ်ဖြင့် ပစ်သတ်ခံရ

 1742

Pearl (NP News) - ဒီဇင်ဘာ ၂၂
မိတ္ထီလာမြို့နယ်တွင် ကျောင်းအုပ်ကြီးတစ်ဦး နှင့် လက်ထောက်တစ်ဦးတို့ကို အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း ‌ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ( ဒီဇင်ဘာ ၂၁ရက်) ၊ နေ့လည် (၁၂) နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဂွေးတောက်ကန် ကျေးရွာတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဂွေးတောက်ကန်ကျေးရွာတွင် နေထိုင်သော ဂွေးတောက်ကန်‌ကျောင်းမှ ကျောင်းအုပ်ကြီး တစ်ဦး နှင့် လက်ထောက်တစ်ဦးတို့သည် ၎င်းတို့ ၏ နေအိမ်၌ အသီးသီး ရှိနေစဉ် အကြမ်းဖက် သမားများက ဆိုင်ကယ်များဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
“မနေ့က (၁၂) နာရီက ဖြစ်တာ။ သူက ကျောင်းအုပ်တစ်ယောက်နဲ့ လက်ထောက်တစ်ယောက်။ ကျောင်းအုပ်ကိုလည်း အိမ်ကိုသွားပြီး သတ်တာ။ လက်ထောက်ကိုလည်း အိမ်ကိုသွားပြီးသတ်တာ။ ကျောင်းပိတ်ထားတယ်လေ။ အဲဒီလူတွေ မမိဘူး။ လက်ထောက်အိမ်နဲ့ ကျောင်းအုပ်အိမ်နဲ့ က (၁၅)မိနစ်ပဲ ကြာတယ်။ နေတာက တစ်ရွာတည်းပဲ။ ဘာဖြစ်လို့ သတ်တာလဲတော့မသိဘူး ။ စကားပြော မှားသွားလို့လားမသိဘူး။ မဲကိစ္စတော့ မဟုတ်ဘူးတဲ့” ဟု ဒေသခံတစ်ဦးက NP News သို့ ပြောသည်။
ထိုသို့ ရောက်ရှိလာပြီး အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
မိတၳီလာၿမိဳ႕နယ္တြင္ ေက်ာင္းအုပ္ႀကီးတစ္ဦး ႏွင့္ လက္ေထာက္တစ္ဦးတို႔ ေသနတ္ျဖင့္ ပစ္သတ္ခံရ
Pearl (NP News) - ဒီဇင္ဘာ ၂၂
မိတၳီလာၿမိဳ႕နယ္တြင္ ေက်ာင္းအုပ္ႀကီးတစ္ဦး ႏွင့္ လက္ေထာက္တစ္ဦးတို႔ကို အၾကမ္းဖက္အဖြဲ႕က ေသနတ္ျဖင့္ ပစ္သတ္သြားခဲ့ေၾကာင္း ‌ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ ( ဒီဇင္ဘာ ၂၁ရက္) ၊ ေန႔လည္ (၁၂) နာရီခန႔္က မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕နယ္၊ ေဂြးေတာက္ကန္ ေက်း႐ြာတြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေဂြးေတာက္ကန္ေက်း႐ြာတြင္ ေနထိုင္ေသာ ေဂြးေတာက္ကန္‌ေက်ာင္းမွ ေက်ာင္းအုပ္ႀကီး တစ္ဦး ႏွင့္ လက္ေထာက္တစ္ဦးတို႔သည္ ၎တို႔ ၏ ေနအိမ္၌ အသီးသီး ရွိေနစဥ္ အၾကမ္းဖက္ သမားမ်ားက ဆိုင္ကယ္မ်ားျဖင့္ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
“မေန႔က (၁၂) နာရီက ျဖစ္တာ။ သူက ေက်ာင္းအုပ္တစ္ေယာက္နဲ႔ လက္ေထာက္တစ္ေယာက္။ ေက်ာင္းအုပ္ကိုလည္း အိမ္ကိုသြားၿပီး သတ္တာ။ လက္ေထာက္ကိုလည္း အိမ္ကိုသြားၿပီးသတ္တာ။ ေက်ာင္းပိတ္ထားတယ္ေလ။ အဲဒီလူေတြ မမိဘူး။ လက္ေထာက္အိမ္နဲ႔ ေက်ာင္းအုပ္အိမ္နဲ႔ က (၁၅)မိနစ္ပဲ ၾကာတယ္။ ေနတာက တစ္႐ြာတည္းပဲ။ ဘာျဖစ္လို႔ သတ္တာလဲေတာ့မသိဘူး ။ စကားေျပာ မွားသြားလို႔လားမသိဘူး။ မဲကိစၥေတာ့ မဟုတ္ဘူးတဲ့” ဟု ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။
ထိုသို႔ ေရာက္ရွိလာၿပီး အၾကမ္းဖက္သမားမ်ားက ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္မႈေၾကာင့္ က်ည္ထိမွန္ ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ က်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ တာဝန္ရွိသူမ်ားက လိုအပ္သည့္လုံၿခဳံေရး လုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.