ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူလူငယ်တစ်ဦးကို လူအုပ်ကြီးက ရိုက်နှက်သတ်ဖြတ်၍ အိန္ဒိယမြို့တော်တွင် ကန့်ကွက်ဆန္ဒပြ

 821

HtayOung (NP News)-ဒီဇင်ဘာ ၂၅
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဟိန္ဒူဘာသာဝင်လူငယ်တစ်ဦးကို ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဝိုင်းဝန်း ရိုက်နှက်ပြီ မီးရှိုဿတ်လိုက်တဲ့အတွက် အင်္ဂါနေ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ကန့်ကွက်ဆန္ဒပြမှု ပေါ် ပေါက်ခဲ့ကြောင်း၊ ဒီဖြစ်ရပ်ဟာ အိမ်နီးချင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှုရဲ့ လက္ခဏာသစ်တစ်ခု ဖြစ် တယ်လို့ အေပီသတင်းအေဂျင်စီ (23 December 2025) က သတင်းပေးပါတယ်။

အဓိကအားဖြင့် ဟိန္ဒူအမျိုးသားရေး “ဗစ်ရှ်ဝါ ဟိန္ဒူ ပရီရှတ်” အဖွဲ့အစည်းရဲ့ နယူးဒေလီ ဦးဆောင် ဆန္ဒပြမှု ဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ဆက်ဆံရေး ဆုတ်ယုတ်လာခြင်းကို မီးမောင်းထိုးပြနေပြီး တောင်အာရှ ဒေသတည်ငြိမ်မှုမှာ ရှားပါးတဲ့ ဥပမာတစ်ခုအဖြစ် သတ်မှတ်လေ့ရှိပါတယ်။

လွန်ခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ဒါကာမြို့မှာ ဘင်္ဂလားဒေ့ရှ် ကျောင်းသားခေါင်းဆောင် ရှရက်ဖ် အိုစမန် ဟာဒီ သေနတ်နဲ့ အပစ်ခံရပြီးနောက် ဒီဇင်ဘာ ၁၈-ရက်နေ့ စင်ကာပူနိုင်ငံ ဆေးရုံတစ်ရုံမှာ သေဆုံးသွားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က သံသယရှိသူများကို ဖော်ထုတ်နိုင်ခဲ့ပြီး သေနတ်သမားဟာ အိန္ဒိယနိုင်ငံကို ထွက် ပြေးသွားဖွယ်ရှိတယ်လို့ ပြောပါတယ်။

ဟာဒီ သေဆုံးမှုဟာ ဒါကာမြို့နေရာအနှံံ့ အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထင်ရှားတဲ့ နေ့စဉ်သတင်းတိုက်ကြီးနှစ်ခု မီးတင်ရှို့ခံရခဲ့ပြီး အိန္ဒိယသံတမန်အဖွဲ့များကို ပစ်မှတ်ထားခဲ့ပါတယ်။ အကြမ်းဖက်မှုများအတွင်း “ဒီပူး ချန်ဒရာ ဒတ်စ်” အမည်ရှိ ဟိန္ဒူအမျိုးသားတစ်ဦးလည်း ဘာသာရေး စော်ကား မှုနဲ့ အရှင်လတ်လတ်မီးရှို့ဿတ်ခံခဲ့ရပြီး အင်္ဂါနေ့ အိန္ဒိယနိုင်ငံမှာ ယခုလို တန်ပြန်ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့ပါ တယ်။

ဆန္ဒပြသူရာပေါင်းများစွာတို့ဟာ အင်္ဂါနေ့ နယူးဒေလီရှိ ဘင်္ဂလားဒေ့ရှ် မဟာမင်းကြီးရုံးအနီး စုဝေးခဲ့ကြပြီး ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်အဖွဲ့အစည်းတွေဟာ လူနည်းစုများကို မှားယွင်းစွာ ပစ်မှတ်ထားနေတယ်လို့ စွပ်စွဲပါတယ်။ “ဘင်္ဂလားဒေ့ရှ်ရဲ့ ဟိန္ဒူများအပေါ် ညှဉ်းပန်း နှိပ်စက်မှုကို အိန္ဒိယက သည်းခံမည်မဟုတ်” “နှုတ်ဆိတ်နေလို့ အားနည်နေတယ် မထင်လိုက်နဲ့” “ငါတို့ဟာ ခြင်္သေ့လို လူစားမျိုးတွေ” အပါအဝင် ကြွေးကြော်သံများ ပါရှိတဲ့ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြပါတယ်။

အိန္ဒိယ အာဏာပိုင်တွေဟာ ရဲများနဲ့ သံချပ်ကာယာဉ်များအပါအဝင် သံတမန်နယ်မြေတစ်ဝိုက် အတားအဆီး များကို ချထားပြီး တင်းကျပ်တဲ့ လုံခြုံရေးအစီအစဉ်များနဲ့ ကိုင်တွယ်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ အ တားအဆီးများကို ဖြတ်ကျော်ပြီး သံရုံးအတွင်း ဝင်ရောက်ရန် ကြိုးစားတဲ့ ဆန္ဒပြသူအချို့ကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက နံပတ်တုတ်များနဲ့ တားဆီးခဲ့ပါတယ်။

အခင်းဖြစ်ရပ်များအတွက် နှစ်နိုင်ငံစလုံးက တစ်ဖက် သံတမန်များကို အသီးသီးချက်ချင်းဆင့်ခေါ်ခဲ့ခြင်းက သံတမန်ရေး အငြင်းပွားမှုကို ပိုမိုနက်ရှိုင်းစေခဲ့ပါတယ်။ ယူနွတ်ဦးဆောင်တဲ့ ယာယီအစိုးရဟာ ဟိန္ဒူများကို ကာကွယ်မပေးကြောင်း ဘင်္ဂလားဒေ့ရှ်ရှိ လူနည်းစုအဖွဲ့များက စွပ်စွဲခဲ့ကြပြီး အစိုးရက ငြင်းဆိုပါတယ်။ အိမ်နီး ချင်း နှစ်နိုင်ငံကြား အကျပ်အတည်းတွေဟာ ဒေသတွင်းပူးပေါင်းဆောင်ရွက်နဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးနေကြပါတယ်။
.
(ရှိတ်ဟာစီနာအလွန် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အုပ်စုဖွဲ့ အကြမ်းဖက်မှုများ ဇက်ရဲလက်ရဲဖြစ်လာတာ အမှန်ပဲ ဖြစ်ပါတယ်။ အဲ့ဒီလို ဖြစ်ရခြင်းမှာ တရားဥပဒေစိုးမိုးရေး တာဝန်ယူရတဲ့ ရဲတပ်ဖွဲ့တစ်ခုလုံး သြဇာအရှိန်အဝါနဲ့ လုပ်ပိုင်ခွင့်များ ကျဆင်းသွားခြင်းလည်း ပါဝင်ပါတယ်။ ရှိတ်ဟာစီနာ ဖယ်ရှားရေး လူထုအုံကြွမှုများမှာ ရဲတပ်ဖွဲ့ က တာဝန်ယူ ဖြိုခွင်းခဲ့ရပါတယ်။ ဝန်ကြီးချုပ်ဟောင်း ထွက်ပြေးသွားပြီး အဝါမီလိဂ်အစိုးရ ပြိုကွဲသွားတဲ့အခါ ရဲတပ်ဖွဲ့ဝင်များမှာ အကြီးတန်းအရာရှိများအထိ အိမ်ပြင်မထွက်ရဲပဲ ရှိခဲ့ကြပြီး အချို့လည်း တရားစွဲဆို အပြစ် ပေးခြင်း ခံနေကြရပါတယ်။

အိန္ဒိယဆန့်ကျင်ရေး-ဘာသာရေး လူနည်းစုများအပေါ် အုပ်စုဖွဲ့ရမ်းကားမှုများမှာ တားဆီးပေးရမယ့် တာ ဝန်ရှိသူ နိုင်ငံရေးသမားများမှာ မကြာသေးမီအချိန်ထိ လူထုအုံကြွစဉ် ခေါင်းဆောင်များဖြစ်ခဲ့ခြင်းက အကြမ်း ဖက်သူများကို ပိုပြီး အတင့်ရဲစေပါတယ်။ ဒီကိစ္စဟာ ၁၉၇၁-ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပေါ်ပေါက်လာအောင် ပါကစ္စတန်ကို တိုက်ခိုက်ပေးခဲ့တဲ့ အိန္ဒိယအတွက် နာကျည်း ခံရခက်စေပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ အမြင်မှာတော့ ထွက်ပြေးသွားတဲ့ ဟာစီနာကို လက်ခံထားတဲ့ အိန္ဒိယဟာ သူတို့ကို လက် အောက်ခံ တိုင်းပြည်သဖွယ် သြဇာလွှမ်းမိုးဖို့ ကြိုးစားနေတယ်လို့ ယူဆပါတယ်။ ရှိတ်ဟာစီနာဟာ ဘင်္ဂလား ဒေ့ရှ်သန်းပေါင်းများစွာကို ဆင်းရဲတွင်းမှ လွတ်မြောက်စေခဲ့ပြီး တစ်ဦးချင်းဝင်ငွေ မြင့်တက်လာအောင် ဆောင် ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်-၂၀ မျှ အာဏာရရှိစဉ် အစိုးရအဖွဲ့အတွင်း အာဏာကို အလွဲသုံးခြင်း၊ အ ကျင့်ပျက်ခြစားခြင်းများနဲ့ ပြိုင်ဖက်များကို နှိပ်ကွပ်ခြင်းများ ရှိခဲ့ပါတယ်။ ကြားချောင်ခံစားရတဲ့ ပြည်သူလူထုမှာ နိုင်ငံရေးအတိုက်အခံများသည်သာ အားကိုးရာဖြစ်လာခဲ့ပြီး အစွန်းရောက် အမြင်/အတွေးများကို မီးထိုးပေး ခဲ့ပါတယ်။
.

Zawgyi Version:
ဘဂၤလားေဒ့ရွ္တြင္ ဟိႏၵဴလူငယ္တစ္ဦးကို လူအုပ္ႀကီးက ႐ိုက္ႏွက္သတ္ျဖတ္၍ အိႏၵိယၿမိဳ႕ေတာ္တြင္ ကန႔္ကြက္ဆႏၵျပ
HtayOung (NP News)-ဒီဇင္ဘာ ၂၅
အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ဟိႏၵဴဘာသာဝင္လူငယ္တစ္ဦးကို ေဒါသထြက္ေနတဲ့ လူအုပ္ႀကီးက ဝိုင္းဝန္း ႐ိုက္ႏွက္ၿပီ မီးရႈိႆတ္လိုက္တဲ့အတြက္ အဂၤါေန႔ အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕ေတာ္မွာ ကန႔္ကြက္ဆႏၵျပမႈ ေပၚ ေပါက္ခဲ့ေၾကာင္း၊ ဒီျဖစ္ရပ္ဟာ အိမ္နီးခ်င္း ႏွစ္ႏိုင္ငံအၾကား ဆက္ဆံေရးတင္းမာမႈရဲ႕ လကၡဏာသစ္တစ္ခု ျဖစ္ တယ္လို႔ ေအပီသတင္းေအဂ်င္စီ (23 December 2025) က သတင္းေပးပါတယ္။

အဓိကအားျဖင့္ ဟိႏၵဴအမ်ိဳးသားေရး “ဗစ္ရွ္ဝါ ဟိႏၵဴ ပရီရွတ္” အဖြဲ႕အစည္းရဲ႕ နယူးေဒလီ ဦးေဆာင္ ဆႏၵျပမႈ ဟာ အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္အၾကား ဆက္ဆံေရး ဆုတ္ယုတ္လာျခင္းကို မီးေမာင္းထိုးျပေနၿပီး ေတာင္အာရွ ေဒသတည္ၿငိမ္မႈမွာ ရွားပါးတဲ့ ဥပမာတစ္ခုအျဖစ္ သတ္မွတ္ေလ့ရွိပါတယ္။

လြန္ခဲ့တဲ့ ဒီဇင္ဘာ ၁၂ ရက္ေန႔ ဒါကာၿမိဳ႕မွာ ဘဂၤလားေဒ့ရွ္ ေက်ာင္းသားေခါင္းေဆာင္ ရွရက္ဖ္ အိုစမန္ ဟာဒီ ေသနတ္နဲ႔ အပစ္ခံရၿပီးေနာက္ ဒီဇင္ဘာ ၁၈-ရက္ေန႔ စင္ကာပူႏိုင္ငံ ေဆး႐ုံတစ္႐ုံမွာ ေသဆုံးသြားခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ ရဲတပ္ဖြဲ႕က သံသယရွိသူမ်ားကို ေဖာ္ထုတ္ႏိုင္ခဲ့ၿပီး ေသနတ္သမားဟာ အိႏၵိယႏိုင္ငံကို ထြက္ ေျပးသြားဖြယ္ရွိတယ္လို႔ ေျပာပါတယ္။

ဟာဒီ ေသဆုံးမႈဟာ ဒါကာၿမိဳ႕ေနရာအႏွံံ့ အၾကမ္းဖက္မႈမ်ားကို ျဖစ္ေပၚေစခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ထင္ရွားတဲ့ ေန႔စဥ္သတင္းတိုက္ႀကီးႏွစ္ခု မီးတင္ရႈိ႕ခံရခဲ့ၿပီး အိႏၵိယသံတမန္အဖြဲ႕မ်ားကို ပစ္မွတ္ထားခဲ့ပါတယ္။ အၾကမ္းဖက္မႈမ်ားအတြင္း “ဒီပူး ခ်န္ဒရာ ဒတ္စ္” အမည္ရွိ ဟိႏၵဴအမ်ိဳးသားတစ္ဦးလည္း ဘာသာေရး ေစာ္ကား မႈနဲ႔ အရွင္လတ္လတ္မီးရႈိ႕ႆတ္ခံခဲ့ရၿပီး အဂၤါေန႔ အိႏၵိယႏိုင္ငံမွာ ယခုလို တန္ျပန္ဆႏၵျပမႈမ်ား ျဖစ္ေပၚလာခဲ့ပါ တယ္။

ဆႏၵျပသူရာေပါင္းမ်ားစြာတို႔ဟာ အဂၤါေန႔ နယူးေဒလီရွိ ဘဂၤလားေဒ့ရွ္ မဟာမင္းႀကီး႐ုံးအနီး စုေဝးခဲ့ၾကၿပီး ေႂကြးေၾကာ္သံမ်ား ေအာ္ဟစ္ခဲ့ၾကပါတယ္။ ဘဂၤလားေဒ့ရွ္အဖြဲ႕အစည္းေတြဟာ လူနည္းစုမ်ားကို မွားယြင္းစြာ ပစ္မွတ္ထားေနတယ္လို႔ စြပ္စြဲပါတယ္။ “ဘဂၤလားေဒ့ရွ္ရဲ႕ ဟိႏၵဴမ်ားအေပၚ ညႇဥ္းပန္း ႏွိပ္စက္မႈကို အိႏၵိယက သည္းခံမည္မဟုတ္” “ႏႈတ္ဆိတ္ေနလို႔ အားနည္ေနတယ္ မထင္လိုက္နဲ႔” “ငါတို႔ဟာ ျခေသၤ့လို လူစားမ်ိဳးေတြ” အပါအဝင္ ေႂကြးေၾကာ္သံမ်ား ပါရွိတဲ့ ဆိုင္းဘုတ္မ်ားကို ကိုင္ေဆာင္ထားၾကပါတယ္။

အိႏၵိယ အာဏာပိုင္ေတြဟာ ရဲမ်ားနဲ႔ သံခ်ပ္ကာယာဥ္မ်ားအပါအဝင္ သံတမန္နယ္ေျမတစ္ဝိုက္ အတားအဆီး မ်ားကို ခ်ထားၿပီး တင္းက်ပ္တဲ့ လုံၿခဳံေရးအစီအစဥ္မ်ားနဲ႔ ကိုင္တြယ္ေဆာင္႐ြက္ခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။ အ တားအဆီးမ်ားကို ျဖတ္ေက်ာ္ၿပီး သံ႐ုံးအတြင္း ဝင္ေရာက္ရန္ ႀကိဳးစားတဲ့ ဆႏၵျပသူအခ်ိဳ႕ကို လုံၿခဳံေရးတပ္ဖြဲ႕ ဝင္မ်ားက နံပတ္တုတ္မ်ားနဲ႔ တားဆီးခဲ့ပါတယ္။

အခင္းျဖစ္ရပ္မ်ားအတြက္ ႏွစ္ႏိုင္ငံစလုံးက တစ္ဖက္ သံတမန္မ်ားကို အသီးသီးခ်က္ခ်င္းဆင့္ေခၚခဲ့ျခင္းက သံတမန္ေရး အျငင္းပြားမႈကို ပိုမိုနက္ရႈိင္းေစခဲ့ပါတယ္။ ယူႏြတ္ဦးေဆာင္တဲ့ ယာယီအစိုးရဟာ ဟိႏၵဴမ်ားကို ကာကြယ္မေပးေၾကာင္း ဘဂၤလားေဒ့ရွ္ရွိ လူနည္းစုအဖြဲ႕မ်ားက စြပ္စြဲခဲ့ၾကၿပီး အစိုးရက ျငင္းဆိုပါတယ္။ အိမ္နီး ခ်င္း ႏွစ္ႏိုင္ငံၾကား အက်ပ္အတည္းေတြဟာ ေဒသတြင္းပူးေပါင္းေဆာင္႐ြက္နဲ႔ ဘဂၤလားေဒ့ရွ္ရဲ႕ စီးပြားေရးကို ထိခိုက္ေစႏိုင္ေၾကာင္း ကြၽမ္းက်င္သူမ်ားက သတိေပးေနၾကပါတယ္။
.
(ရွိတ္ဟာစီနာအလြန္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ အုပ္စုဖြဲ႕ အၾကမ္းဖက္မႈမ်ား ဇက္ရဲလက္ရဲျဖစ္လာတာ အမွန္ပဲ ျဖစ္ပါတယ္။ အဲ့ဒီလို ျဖစ္ရျခင္းမွာ တရားဥပေဒစိုးမိုးေရး တာဝန္ယူရတဲ့ ရဲတပ္ဖြဲ႕တစ္ခုလုံး ၾသဇာအရွိန္အဝါနဲ႔ လုပ္ပိုင္ခြင့္မ်ား က်ဆင္းသြားျခင္းလည္း ပါဝင္ပါတယ္။ ရွိတ္ဟာစီနာ ဖယ္ရွားေရး လူထုအုံႂကြမႈမ်ားမွာ ရဲတပ္ဖြဲ႕ က တာဝန္ယူ ၿဖိဳခြင္းခဲ့ရပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္း ထြက္ေျပးသြားၿပီး အဝါမီလိဂ္အစိုးရ ၿပိဳကြဲသြားတဲ့အခါ ရဲတပ္ဖြဲ႕ဝင္မ်ားမွာ အႀကီးတန္းအရာရွိမ်ားအထိ အိမ္ျပင္မထြက္ရဲပဲ ရွိခဲ့ၾကၿပီး အခ်ိဳ႕လည္း တရားစြဲဆို အျပစ္ ေပးျခင္း ခံေနၾကရပါတယ္။

အိႏၵိယဆန႔္က်င္ေရး-ဘာသာေရး လူနည္းစုမ်ားအေပၚ အုပ္စုဖြဲ႕ရမ္းကားမႈမ်ားမွာ တားဆီးေပးရမယ့္ တာ ဝန္ရွိသူ ႏိုင္ငံေရးသမားမ်ားမွာ မၾကာေသးမီအခ်ိန္ထိ လူထုအုံႂကြစဥ္ ေခါင္းေဆာင္မ်ားျဖစ္ခဲ့ျခင္းက အၾကမ္း ဖက္သူမ်ားကို ပိုၿပီး အတင့္ရဲေစပါတယ္။ ဒီကိစၥဟာ ၁၉၇၁-ခုႏွစ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေပၚေပါက္လာေအာင္ ပါကစၥတန္ကို တိုက္ခိုက္ေပးခဲ့တဲ့ အိႏၵိယအတြက္ နာက်ည္း ခံရခက္ေစပါတယ္။

ဘဂၤလားေဒ့ရွ္ရဲ႕ အျမင္မွာေတာ့ ထြက္ေျပးသြားတဲ့ ဟာစီနာကို လက္ခံထားတဲ့ အိႏၵိယဟာ သူတို႔ကို လက္ ေအာက္ခံ တိုင္းျပည္သဖြယ္ ၾသဇာလႊမ္းမိုးဖို႔ ႀကိဳးစားေနတယ္လို႔ ယူဆပါတယ္။ ရွိတ္ဟာစီနာဟာ ဘဂၤလား ေဒ့ရွ္သန္းေပါင္းမ်ားစြာကို ဆင္းရဲတြင္းမွ လြတ္ေျမာက္ေစခဲ့ၿပီး တစ္ဦးခ်င္းဝင္ေငြ ျမင့္တက္လာေအာင္ ေဆာင္ ႐ြက္ေပးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ႏွစ္-၂၀ မွ် အာဏာရရွိစဥ္ အစိုးရအဖြဲ႕အတြင္း အာဏာကို အလြဲသုံးျခင္း၊ အ က်င့္ပ်က္ျခစားျခင္းမ်ားနဲ႔ ၿပိဳင္ဖက္မ်ားကို ႏွိပ္ကြပ္ျခင္းမ်ား ရွိခဲ့ပါတယ္။ ၾကားေခ်ာင္ခံစားရတဲ့ ျပည္သူလူထုမွာ ႏိုင္ငံေရးအတိုက္အခံမ်ားသည္သာ အားကိုးရာျဖစ္လာခဲ့ၿပီး အစြန္းေရာက္ အျမင္/အေတြးမ်ားကို မီးထိုးေပး ခဲ့ပါတယ္။
.

Related news

© 2021. All rights reserved.