မအူပင်မြို့တွင် အမျိုးသားတစ်ဦး လည်ပင်းဓါးဒါဏ်ရာဖြင့် သေဆုံးမှုဖြစ်ပွား

 827

ပြည့်ဖြိုးပိုင် (မအူပင်) (NP News) - ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ အိုင်ဝိုင်းကျေးရွာအုပ်စု အိုင်ဝိုင်းလမ်း စာသင်ကျောင်းအနီးတွင် ဒီဇင်ဘာလ (၂၉)ရက် မနက်အစောပိုင်းက အမျိုးသားတစ်ဦး လည်ပင်းဓားပြတ်ရှဒဏ်ရာရရှိခဲ့ကာ မအူပင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရပြီး နံနက်(၉)နာရီကျော်အချိန်ခန့်က သေဆုံးသွားခဲ့ကြောင်း သိရသည်။

" မနက်(၆)နာရီလောက်ဖြစ်တာပါ ၊ အိုင်ဝိုင်းလမ်းမရဲ့စာသင်ကျောင်းအစွန်လောက်မှာပါ၊ ဆေးရုံ ပို့လိုက်တယ်၊ ၉ နာရီလောက်ကကျတော့ ဆုံးသွားလို့ အိမ်ပြန်သည်လာပါပြီ၊ လူကတော့ မမိဘူးပေါ့၊ ပစ္စည်းကတော့ မပါသွားဘူး၊ ဆိုင်ကယ်တွေ ဘာတွေအကုန်ကျန်နေခဲ့တယ်" ဟု အိုင်ဝိုင်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အဆိုပါ လည်ပင်းဓားဒါဏ်ရာဖြင့် သေဆုံးခဲ့သူမှာ မအူပင်မြို့ အမှတ် (၇)ရပ်ကွက်တွင်နေထိုင်သော ဦး........ဖြစ်ပြီး ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတစ်ဦးဖြစ်ကြောင်းလည်း ‌သိရသည်။

သတင်းဓါတ်ပုံ - Nay Lin Aung (fb)

Zawgyi Version:
မအူပင္ၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦး လည္ပင္းဓါးဒါဏ္ရာျဖင့္ ေသဆုံးမႈျဖစ္ပြား
ျပည့္ၿဖိဳးပိုင္ (မအူပင္) (NP News) - ဒီဇင္ဘာ ၂၉
ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳ႕ အိုင္ဝိုင္းေက်း႐ြာအုပ္စု အိုင္ဝိုင္းလမ္း စာသင္ေက်ာင္းအနီးတြင္ ဒီဇင္ဘာလ (၂၉)ရက္ မနက္အေစာပိုင္းက အမ်ိဳးသားတစ္ဦး လည္ပင္းဓားျပတ္ရွဒဏ္ရာရရွိခဲ့ကာ မအူပင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ခဲ့ရၿပီး နံနက္(၉)နာရီေက်ာ္အခ်ိန္ခန႔္က ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

" မနက္(၆)နာရီေလာက္ျဖစ္တာပါ ၊ အိုင္ဝိုင္းလမ္းမရဲ႕စာသင္ေက်ာင္းအစြန္ေလာက္မွာပါ၊ ေဆး႐ုံ ပို႔လိုက္တယ္၊ ၉ နာရီေလာက္ကက်ေတာ့ ဆုံးသြားလို႔ အိမ္ျပန္သည္လာပါၿပီ၊ လူကေတာ့ မမိဘူးေပါ့၊ ပစၥည္းကေတာ့ မပါသြားဘူး၊ ဆိုင္ကယ္ေတြ ဘာေတြအကုန္က်န္ေနခဲ့တယ္" ဟု အိုင္ဝိုင္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးထံမွ သိရသည္။

အဆိုပါ လည္ပင္းဓားဒါဏ္ရာျဖင့္ ေသဆုံးခဲ့သူမွာ မအူပင္ၿမိဳ႕ အမွတ္ (၇)ရပ္ကြက္တြင္ေနထိုင္ေသာ ဦး........ျဖစ္ၿပီး ဆိုင္ကယ္ကယ္ရီေမာင္းႏွင္သူတစ္ဦးျဖစ္ေၾကာင္းလည္း ‌သိရသည္။

သတင္းဓါတ္ပုံ - Nay Lin Aung (fb)

Related news

© 2021. All rights reserved.