ဆက်သွယ်ရေးတယ်လီကွန်းအုပ်စု၏ ဝန်ဆောင်မှုကို ပြည်သူများ မကျေနပ်သဖြင့် တိုင်ကြားမှုမြင့်တက်

6420

စော (NP News) - ဇန်နဝါရီ ၂
စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားမှုများအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားသူ အများဆုံးဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၄)ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Melia Hotel တွင်ကျင်းပသော ဆန်အကြောင်း သိကောင်းစရာ ရှင်းလင်းတင်ပြဆွေးနွေးပွဲ၌ မီဒီယာ များမေးမြန်းစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
(၂၀၂၅)ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ယခင် နှစ်ဖြေရှင်းရန်ကျန်အပါ တိုင်ကြားမှုပေါင်း (၂၆၇)ခုရှိပြီး ဖြေရှင်းပြီးစီးမှုပေါင်း (၂၂၁)ခုရှိ၍ (၄၆)ခုသည် ဖြေရှင်းရန်ကျန်နေသေးကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ အချက်အလက်များအရသိရသည်။
" စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားမှုအများဆုံးကတော့ အခုကာလကတော့ အင်တာ နက်ပြတ်တောက်တဲ့ကိစ္စတွေ၊ နောက်ဆက်သွယ်ရေး Connection မကောင်းတာတွေ၊ ဝန်ဆောင်မှုပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီးတော့ ရန်ကုန်တိုင်းအနေနဲ့ အများစု တိုင်ကြားမှုရဲ့ (၅၀)ရာခိုင်နှုန်းက ဆက်သွယ်ရေးဝန်ဆောင်မှု၊ အင်တာနက် ဝိုင်ဖိုင် ပျက်တာတို့၊ ပေးထားတဲ့ပြောထားတဲ့အတိုင်း အဆင် မပြေတာတို့ ဒါတွေကိုတိုင်ကြားတာ" ဟု ၎င်းက ပြောသည်။
အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ရန်ကုန်တိုင်းဒေသကြီးသည် တိုင်ကြားမှု အများဆုံးဖြစ်ခဲ့၍ ယခင်နှစ်ဖြေရှင်းရန်ကျန်အပါ တိုင်ကြားမှုပေါင်း (၁၅၁)ခုရှိခဲ့ရာ ဖြေရှင်းပြီးစီးမှုပေါင်း (၁၁၉)ခုရှိခဲ့ပြီး (၃၂)ခုကိုသာ ဖြေရှင်းရန်ကျန်နေသေးကြောင်း သိရသည်။
" ကျွန်တော်ကတော့ ရန်ကုန်တိုင်းအနေနဲ့ပြောရရင် လက်ရှိတိုင်ကြားမှုကတော့ ဘဏ္ဍာ နှစ်အတွင်းမှာတော့ ရာကျော်လောက်ရှိပါတယ်။ ဖြေရှင်းရန်ကျန်ကတော့ စုံစမ်းတယ်။ ညှိနှိုင်းတယ် စစ်ဆေးနေတဲ့အပိုင်းတွေကတော့ အမှုလက်ကျန်အနေနဲ့ကတော့ ဆယ်ဂဏန်းလောက်ပဲ ကျန်တော့ တာပေါ့။ ဒုတိယကတော့ ပစ္စည်းဝယ်လိုက်တဲ့အခါမှာ သူတို့ပြောထားတဲ့ ဂရမ်တီအတိုင်းမရတာမျိုး၊ သူတို့ပြောထားတဲ့အတိုင်း Service အတိုင်း မပေးနိုင်တာမျိုး၊ အဲဒီလိုဟာမျိုး ဒုတိယများပါတယ်။ တတိယကတော့ တိုက်ခန်းတွေ ဝယ်ကြတယ်။ သူ့ Facility အတိုင်း မပါတာတို့ စာချုပ်ပါအတိုင်း မပါတာတို့ ဒါတွေတော့ ရှိပါတယ်။ ကျန်တဲ့ ပုံမှန်ကတော့ ကားကိစ္စ ဝယ်တယ်။ ဝယ်ပြီး အပိုပစ္စည်းပြန်ပြင် ဖို့ အဆင်မပြေတာလေးတွေ ဒါမျိုးလေးတွေရှိပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကလည်း ယခုနှစ် ဒီဇင်ဘာလကုန်ခန့်တွင် အင်တာ နက်ဝန်ဆောင်မှုများ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသေးသည်။

Zawgyi Version:
ဆက္သြယ္ေရးတယ္လီကြန္းအုပ္စု၏ ဝန္ေဆာင္မႈကို ျပည္သူမ်ား မေက်နပ္သျဖင့္ တိုင္ၾကားမႈျမင့္တက္
ေစာ (NP News) - ဇန္နဝါရီ ၂
စားသုံးသူေရးရာဦးစီးဌာနသို႔ တိုင္ၾကားမႈမ်ားအနက္ ရန္ကုန္တိုင္းေဒသႀကီးတြင္ ဆက္သြယ္ေရးဝန္ေဆာင္မႈႏွင့္ပတ္သက္၍ တိုင္ၾကားသူ အမ်ားဆုံးျဖစ္ေၾကာင္း စားသုံးသူေရးရာဦးစီးဌာနမွ ဒုတိယန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္ေက်ာ္လြင္က ေျပာသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာလ (၂၄)ရက္က ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္ ကမာၻေအးဘုရားလမ္းေပၚရွိ Melia Hotel တြင္က်င္းပေသာ ဆန္အေၾကာင္း သိေကာင္းစရာ ရွင္းလင္းတင္ျပေဆြးေႏြးပြဲ၌ မီဒီယာ မ်ားေမးျမန္းစဥ္ အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
(၂၀၂၅)ခုႏွစ္၊ ဇန္နဝါရီလမွ ႏိုဝင္ဘာလ အထိ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ ယခင္ ႏွစ္ေျဖရွင္းရန္က်န္အပါ တိုင္ၾကားမႈေပါင္း (၂၆၇)ခုရွိၿပီး ေျဖရွင္းၿပီးစီးမႈေပါင္း (၂၂၁)ခုရွိ၍ (၄၆)ခုသည္ ေျဖရွင္းရန္က်န္ေနေသးေၾကာင္း စားသုံးသူေရးရာဦးစီးဌာန၏ အခ်က္အလက္မ်ားအရသိရသည္။
" စားသုံးသူေရးရာဦးစီးဌာနသို႔ တိုင္ၾကားမႈအမ်ားဆုံးကေတာ့ အခုကာလကေတာ့ အင္တာ နက္ျပတ္ေတာက္တဲ့ကိစၥေတြ၊ ေနာက္ဆက္သြယ္ေရး Connection မေကာင္းတာေတြ၊ ဝန္ေဆာင္မႈပိုင္းဆိုင္ရာေတြနဲ႔ပတ္သက္ၿပီးေတာ့ ရန္ကုန္တိုင္းအေနနဲ႔ အမ်ားစု တိုင္ၾကားမႈရဲ႕ (၅၀)ရာခိုင္ႏႈန္းက ဆက္သြယ္ေရးဝန္ေဆာင္မႈ၊ အင္တာနက္ ဝိုင္ဖိုင္ ပ်က္တာတို႔၊ ေပးထားတဲ့ေျပာထားတဲ့အတိုင္း အဆင္ မေျပတာတို႔ ဒါေတြကိုတိုင္ၾကားတာ" ဟု ၎က ေျပာသည္။
အဆိုပါ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအနက္ ရန္ကုန္တိုင္းေဒသႀကီးသည္ တိုင္ၾကားမႈ အမ်ားဆုံးျဖစ္ခဲ့၍ ယခင္ႏွစ္ေျဖရွင္းရန္က်န္အပါ တိုင္ၾကားမႈေပါင္း (၁၅၁)ခုရွိခဲ့ရာ ေျဖရွင္းၿပီးစီးမႈေပါင္း (၁၁၉)ခုရွိခဲ့ၿပီး (၃၂)ခုကိုသာ ေျဖရွင္းရန္က်န္ေနေသးေၾကာင္း သိရသည္။
" ကြၽန္ေတာ္ကေတာ့ ရန္ကုန္တိုင္းအေနနဲ႔ေျပာရရင္ လက္ရွိတိုင္ၾကားမႈကေတာ့ ဘ႑ာ ႏွစ္အတြင္းမွာေတာ့ ရာေက်ာ္ေလာက္ရွိပါတယ္။ ေျဖရွင္းရန္က်န္ကေတာ့ စုံစမ္းတယ္။ ညႇိႏႈိင္းတယ္ စစ္ေဆးေနတဲ့အပိုင္းေတြကေတာ့ အမႈလက္က်န္အေနနဲ႔ကေတာ့ ဆယ္ဂဏန္းေလာက္ပဲ က်န္ေတာ့ တာေပါ့။ ဒုတိယကေတာ့ ပစၥည္းဝယ္လိုက္တဲ့အခါမွာ သူတို႔ေျပာထားတဲ့ ဂရမ္တီအတိုင္းမရတာမ်ိဳး၊ သူတို႔ေျပာထားတဲ့အတိုင္း Service အတိုင္း မေပးႏိုင္တာမ်ိဳး၊ အဲဒီလိုဟာမ်ိဳး ဒုတိယမ်ားပါတယ္။ တတိယကေတာ့ တိုက္ခန္းေတြ ဝယ္ၾကတယ္။ သူ႔ Facility အတိုင္း မပါတာတို႔ စာခ်ဳပ္ပါအတိုင္း မပါတာတို႔ ဒါေတြေတာ့ ရွိပါတယ္။ က်န္တဲ့ ပုံမွန္ကေတာ့ ကားကိစၥ ဝယ္တယ္။ ဝယ္ၿပီး အပိုပစၥည္းျပန္ျပင္ ဖို႔ အဆင္မေျပတာေလးေတြ ဒါမ်ိဳးေလးေတြရွိပါတယ္" ဟု ၎က ဆက္လက္ေျပာသည္။
ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနကလည္း ယခုႏွစ္ ဒီဇင္ဘာလကုန္ခန႔္တြင္ အင္တာ နက္ဝန္ေဆာင္မႈမ်ား မူလအေျခအေနသို႔ ျပန္လည္ေရာက္ရွိမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားေသးသည္။