ဓာတ်အားခနှုန်းထားတိုးသော်လည်း ခိုင်မာသောစွမ်းအင် အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှုဝန်းကျင်ကောင်း တစ်ခု ဖန်တီးပေးခြင်းဖြစ်

165

Pearl (NP News) -ဖေဖော်ဝါရီ ၅
ဓာတ်အားခနှုန်းထားတိုးသော်လည်း ခိုင်မာသောစွမ်းအင် အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှုဝန်းကျင်ကောင်း တစ်ခု ဖန်တီးပေးခြင်းဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ယမန်နေ့( ဖေဖော်ဝါရီ ၄ရက်) က မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ပြောကြားခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ကို အားပေးမြှင့်တင်ရန် မူဝါဒများ ချမှတ်၍ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ထိုသို့ ကုန်ထုတ်လုပ်ငန်းများ အပြည့်အဝလည်ပတ်နိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာ ထုတ်လုပ်ပေးနိုင်ရန် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်းလည်း ပြောသည်။
ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများနှင့် ခွဲရုံများကို ပြုပြင်ခြင်းဆောင်ရွက်လျက်ရှိသကဲ့သို့ LNG မှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းသည် ဈေးနှုန်းကြီးမြင့်သော်လည်း လိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေးစက်မှုဇုန်များမှ အချိန်ပြည့်ထုတ်လုပ်နိုင်ရန် အချိန်တိုအတွင်းရရှိမည့် LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်းပြောသည်။
LNG စီမံကိန်းကို ၂၀၂၃ ခုနှစ် မတိုင်မီကတည်းက LNG to Power ထုတ်လုပ်ပြီး စက်မှုဇုန်များသို့ ပေးရန်လျာထားဆောင်ရွက်ခဲ့ပြီး ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ သဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှစ၍ ယင်းစက်ရုံမှ ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ကို စတင်ဖြည့်တင်းပေးနိုင်ပါကြောင်း၊ LNG ဖြင့် ထုတ်လုပ်ခြင်းမှာ ကုန်ကျစရိတ်မြင့်မားသော်လည်း စက်မှုကဏ္ဍကုန်ထုတ်လုပ်မှုများ အရှိန်အဟုန်မပြတ်စေရန် ရည်ရွယ်၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် “LNG to Industry” ကို အထူးအလေးပေးဖော်ဆောင်ခဲ့ခြင်း ဖြစ်ပါကြောင်း။
စက်မှုနှင့် စီးပွားရေးလုပ်ငန်းများသို့ ‘‘စီးပွားရေးနှုန်းထား (Economic Rate)’’ တစ်ခုသတ်မှတ်ပြီး ယခုဖေဖော်ဝါရီလ အသုံးမှစ၍ ဓာတ်အားခနှုန်းထား သစ် ၉၀၀ ကျပ်ဖြင့် ကောက်ခံသွားမည်ဖြစ်သည့်အတွက် ဇန်နဝါရီလ အသုံးယူနစ်များကို မီတာဖတ်သူနှင့် သုံးစွဲသူနှစ်ဖက် သဘောတူလက်မှတ်ရေးထိုးသွားရန် လိုအပ်ပါကြောင်း၊
ဓာတ်အားခနှုန်းထားတိုးမြှင့်သွားသော်လည်း လုပ်ငန်းရှင်များအတွက် ခိုင်မာသောစွမ်းအင် အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှု ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးခြင်းဖြစ်ပါသဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့် မိမိတို့လုပ်ငန်းများ အောင်မြင်စွာ တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုသုံးစွဲနေသော ဓာတ်အားခနှုန်းထားများအနေဖြင့် ယခင်နှုန်းထားအတိုင်းဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
လက်ရှိတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် အရင်းအမြစ်အလိုက် တပ်ဆင်အင်အားများမှာ ရေအားလျှပ်စစ်စက်ရုံ ၃၂ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၄ ရုံ၊ ကျောက်မီးသွေးသုံးစက်ရုံနှစ်ရုံ၊ နေရောင်ခြည်သုံးစွမ်းအင် စက်ရုံ ၁၂ ရုံ စုစုပေါင်းတပ်ဆင်စက်အင်အားမှာ ၆၇၂၅ မဂ္ဂါဝပ်အထိရှိပြီး စက်စွမ်းအားပြည့် မောင်းနှင်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်ခန့်အထိ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်သော အခြေအနေဖြစ်သော်လည်း အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်ဖျက်ဆီးမှုများနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု တဖြည်းဖြည်းလျော့နည်းခဲ့ခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား ၆၀၀ မဂ္ဂါဝပ်ကျော်မှာ လျော့နည်းထုတ်လုပ်ရရှိသဖြင့် တစ်ရက်လျှင် ၃၀၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ခဲ့ပြီး အချို့နေရာများတွင် အချိန်ပိုင်းအလှည့်ကျစနစ်ဖြင့်သာ ဖြန့်ဖြူးပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ဓာတ္အားခႏႈန္းထားတိုးေသာ္လည္း ခိုင္မာေသာစြမ္းအင္ အာမခံခ်က္ရွိသည့္ ကုန္ထုတ္လုပ္မႈဝန္းက်င္ေကာင္း တစ္ခု ဖန္တီးေပးျခင္းျဖစ္
Pearl (NP News) -ေဖေဖာ္ဝါရီ ၅
ဓာတ္အားခႏႈန္းထားတိုးေသာ္လည္း ခိုင္မာေသာစြမ္းအင္ အာမခံခ်က္ရွိသည့္ ကုန္ထုတ္လုပ္မႈဝန္းက်င္ေကာင္း တစ္ခု ဖန္တီးေပးျခင္းျဖစ္ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဉာဏ္ထြန္းက ယမန္ေန႔( ေဖေဖာ္ဝါရီ ၄ရက္) က မႏၲေလးတိုင္းေဒသႀကီးအတြင္း လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျဖန႔္ျဖဴးေပးေနမႈအေျခအေနႏွင့္ ပတ္သက္၍ တိုင္းေဒသႀကီးအတြင္းရွိ စက္မႈဇုန္မ်ားမွ တာဝန္ရွိသူမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ ေတြ႕ဆုံ၍ ေျပာၾကားခဲ့သည္။
ထိုသို႔ေတြ႕ဆုံစဥ္ ျပည္ေထာင္စုဝန္ႀကီးက ႏိုင္ငံေတာ္အေနျဖင့္ စိုက္ပ်ိဳးေရးကို အေျခခံသည့္ ကုန္ထုတ္လုပ္ငန္းမ်ား ကို အားေပးျမႇင့္တင္ရန္ မူဝါဒမ်ား ခ်မွတ္၍ အေကာင္အထည္ေဖာ္လ်က္ရွိေၾကာင္း၊ ထိုသို႔ ကုန္ထုတ္လုပ္ငန္းမ်ား အျပည့္အဝလည္ပတ္ႏိုင္ေရးအတြက္ လွ်ပ္စစ္ဓာတ္အားကို ျပည့္ဝစြာ ထုတ္လုပ္ေပးႏိုင္ရန္ စြမ္းအင္အရင္းအျမစ္မ်ိဳးစုံမွ ဓာတ္အားထုတ္လုပ္ေပးႏိုင္ေရး စီမံေဆာင္႐ြက္လ်က္ ရွိေၾကာင္းလည္း ေျပာသည္။
ဖ်က္ဆီးခံရသည့္ ဓာတ္အားလိုင္းမ်ားႏွင့္ ခြဲ႐ုံမ်ားကို ျပဳျပင္ျခင္းေဆာင္႐ြက္လ်က္ရွိသကဲ့သို႔ LNG မွ လွ်ပ္စစ္ ဓာတ္အား ထုတ္လုပ္ျခင္းသည္ ေဈးႏႈန္းႀကီးျမင့္ေသာ္လည္း လိုအပ္ခ်က္ကို ျပည့္မီေစရန္ႏွင့္ ကုန္ထုတ္စြမ္းအား တိုးတက္ေစေရးစက္မႈဇုန္မ်ားမွ အခ်ိန္ျပည့္ထုတ္လုပ္ႏိုင္ရန္ အခ်ိန္တိုအတြင္းရရွိမည့္ LNG ျဖင့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္ခဲ့ေၾကာင္းေျပာသည္။
LNG စီမံကိန္းကို ၂၀၂၃ ခုႏွစ္ မတိုင္မီကတည္းက LNG to Power ထုတ္လုပ္ၿပီး စက္မႈဇုန္မ်ားသို႔ ေပးရန္လ်ာထားေဆာင္႐ြက္ခဲ့ၿပီး ၅၀၀ မဂၢါဝပ္ LNG ဓာတ္အားေပးစက္႐ုံ စီမံကိန္းကို ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ခဲ့ သျဖင့္ ၂၀၂၆ ခုႏွစ္ ဇန္နဝါရီ ၁၄ ရက္မွစ၍ ယင္းစက္႐ုံမွ ဓာတ္အား ၅၀၀ မဂၢါဝပ္ကို စတင္ျဖည့္တင္းေပးႏိုင္ပါေၾကာင္း၊ LNG ျဖင့္ ထုတ္လုပ္ျခင္းမွာ ကုန္က်စရိတ္ျမင့္မားေသာ္လည္း စက္မႈက႑ကုန္ထုတ္လုပ္မႈမ်ား အရွိန္အဟုန္မျပတ္ေစရန္ ရည္႐ြယ္၍ မိမိတို႔ဝန္ႀကီးဌာနအေနျဖင့္ “LNG to Industry” ကို အထူးအေလးေပးေဖာ္ေဆာင္ခဲ့ျခင္း ျဖစ္ပါေၾကာင္း။
စက္မႈႏွင့္ စီးပြားေရးလုပ္ငန္းမ်ားသို႔ ‘‘စီးပြားေရးႏႈန္းထား (Economic Rate)’’ တစ္ခုသတ္မွတ္ၿပီး ယခုေဖေဖာ္ဝါရီလ အသုံးမွစ၍ ဓာတ္အားခႏႈန္းထား သစ္ ၉၀၀ က်ပ္ျဖင့္ ေကာက္ခံသြားမည္ျဖစ္သည့္အတြက္ ဇန္နဝါရီလ အသုံးယူနစ္မ်ားကို မီတာဖတ္သူႏွင့္ သုံးစြဲသူႏွစ္ဖက္ သေဘာတူလက္မွတ္ေရးထိုးသြားရန္ လိုအပ္ပါေၾကာင္း၊
ဓာတ္အားခႏႈန္းထားတိုးျမႇင့္သြားေသာ္လည္း လုပ္ငန္းရွင္မ်ားအတြက္ ခိုင္မာေသာစြမ္းအင္ အာမခံခ်က္ရွိသည့္ ကုန္ထုတ္လုပ္မႈ ဝန္းက်င္ေကာင္းတစ္ခုကို ဖန္တီးေပးျခင္းျဖစ္ပါသျဖင့္ စီးပြားေရးလုပ္ငန္းရွင္ႀကီးမ်ားအေနျဖင့္ မိမိတို႔လုပ္ငန္းမ်ား ေအာင္ျမင္စြာ တိုးခ်ဲ႕ေဆာင္႐ြက္သြားႏိုင္မည္ျဖစ္ေၾကာင္း၊ ျပည္သူလူထုသုံးစြဲေနေသာ ဓာတ္အားခႏႈန္းထားမ်ားအေနျဖင့္ ယခင္ႏႈန္းထားအတိုင္းျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။
လက္ရွိတြင္ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေပးလ်က္ရွိသည့္ အရင္းအျမစ္အလိုက္ တပ္ဆင္အင္အားမ်ားမွာ ေရအားလွ်ပ္စစ္စက္႐ုံ ၃၂ ႐ုံ၊ သဘာဝဓာတ္ေငြ႕သုံးစက္႐ုံ ၂၄ ႐ုံ၊ ေက်ာက္မီးေသြးသုံးစက္႐ုံႏွစ္႐ုံ၊ ေနေရာင္ျခည္သုံးစြမ္းအင္ စက္႐ုံ ၁၂ ႐ုံ စုစုေပါင္းတပ္ဆင္စက္အင္အားမွာ ၆၇၂၅ မဂၢါဝပ္အထိရွိၿပီး စက္စြမ္းအားျပည့္ ေမာင္းႏွင္ႏိုင္ပါက ၄၀၀၀ မဂၢါဝပ္ခန႔္အထိ ထုတ္လုပ္ျဖန႔္ျဖဴးေပးႏိုင္ေသာ အေျခအေနျဖစ္ေသာ္လည္း အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ တိုက္ခိုက္ဖ်က္ဆီးမႈမ်ားႏွင့္ သဘာဝဓာတ္ေငြ႕ထုတ္လုပ္ႏိုင္မႈ တျဖည္းျဖည္းေလ်ာ့နည္းခဲ့ျခင္းတို႔ေၾကာင့္ လွ်ပ္စစ္ဓာတ္အား ၆၀၀ မဂၢါဝပ္ေက်ာ္မွာ ေလ်ာ့နည္းထုတ္လုပ္ရရွိသျဖင့္ တစ္ရက္လွ်င္ ၃၀၀၀ မဂၢါဝပ္ခန႔္သာ ထုတ္လုပ္ႏိုင္ခဲ့ၿပီး အခ်ိဳ႕ေနရာမ်ားတြင္ အခ်ိန္ပိုင္းအလွည့္က်စနစ္ျဖင့္သာ ျဖန႔္ျဖဴးေပးျခင္းကို ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။