ဇူလိုင်လ ကတည်းက ဖမ်းဆီးထိန်းသိမ်းထားခဲ့သော ကမ္ဘောဒီးယားစစ်သား(၁၈)ဦးကို ထိုင်းဘက်က ပြန်လွှတ်ပေး

 3153

Pika (NP News) - ဇန်နဝါရီ ၂

ပြီးခဲ့သည့် ဇူလိုင်လတည်းက ဖမ်းဆီးထိန်းသိမ်းထားခဲ့သော ကမ္ဘောဒီးယားစစ်သား(၁၈)ဦးကို ထိုင်းအစိုးရက ပြန်လွှတ်ပေးခဲ့ကြောင်း နှစ်နိုင်ငံစလုံး၏ တာဝန်ရှိသူများက ထုတ်ပြန်ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထိုင်းနှင့်ကမ္ဘောဒီးယားတို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အသစ်တစ်ခု ရရှိခဲ့ပြီးနောက် ယခုကဲ့သို့လွှတ်ပေးမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ကမ္ဘောဒီးယားပြန်ကြာရေးဝန်ကြီး နက်ပီထရာ က “ကျွန်တော်တို့ရဲ့ သူရဲကောင်းစစ်သား(၁၈)ဦးဟာ ကမ္ဘောဒီးယားမြေပေါ်ကို ဘေးကင်းစွာနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ” ဟု ပြောခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကမ္ဘောဒီးယားစစ်သား(၁၈)ဦးကို ပြန်လွှတ်ပေးမှုအား အတည်ပြုခဲ့ပြီး အဆိုပါလုပ်ရပ်မှာ ကောင်းမွန်သောစိတ်ဆန္ဒနှင့် ယုံကြည်မှုတည်ဆောက်ခြင်းတို့ကို သက်သေပြခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားစစ်သားတစ်ဦး၏ မိသားစုဝင်တစ်ဦးက “ကျွန်တော့်သားလေး ပြန်လွတ် လာတယ်ဆိုလို့ အရမ်းကိုဝမ်းသာမိပါတယ်။ သူ့ကိုတွေ့ရဖို့ မစောင့်နိုင်တော့ပါဘူး” ဟု ပြောခဲ့သည်။
ထိုင်း နှင့် ကမ္ဘောဒီးယားတို့သည် ပြီးခဲ့သည့်ဒီဇင်ဘာလ(၂၇)ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသစ်တစ်ခုကို ရရှိခဲ့ပြီး နှစ်နိုင်ငံကြားဖြစ်ပွားလျက်ရှိသော လူအသေအပျောက်ရှိခဲ့သည့်နယ်စပ်တိုက်ပွဲများကို ချက်ချင်းရပ်တန့်ပစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသဘောတူညီချက်ထဲတွင် အပစ်အခတ်ရပ်စဲရန်၊ တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို ရပ်တန့်ရန်နှင့် အငြင်းပွားနယ်စပ်တစ်လျှောက် မိုင်းရှင်းလင်းရေးတွင် ပူးပေါင်းဆောင်ရွက်ရန်ဆိုသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

Zawgyi Version :
ဇူလိုင္လ ကတည္းက ဖမ္းဆီးထိန္းသိမ္းထားခဲ့ေသာ ကေမာၻဒီးယားစစ္သား(၁၈)ဦးကို ထိုင္းဘက္က ျပန္လႊတ္ေပး
Pika (NP News) - ဇန္နဝါရီ ၂
ၿပီးခဲ့သည့္ ဇူလိုင္လတည္းက ဖမ္းဆီးထိန္းသိမ္းထားခဲ့ေသာ ကေမာၻဒီးယားစစ္သား(၁၈)ဦးကို ထိုင္းအစိုးရက ျပန္လႊတ္ေပးခဲ့ေၾကာင္း ႏွစ္ႏိုင္ငံစလုံး၏ တာဝန္ရွိသူမ်ားက ထုတ္ျပန္ေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ထိုင္းႏွင့္ကေမာၻဒီးယားတို႔ၾကား အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္အသစ္တစ္ခု ရရွိခဲ့ၿပီးေနာက္ ယခုကဲ့သို႔လႊတ္ေပးမႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ ကေမာၻဒီးယားျပန္ၾကာေရးဝန္ႀကီး နက္ပီထရာ က “ကြၽန္ေတာ္တို႔ရဲ႕ သူရဲေကာင္းစစ္သား(၁၈)ဦးဟာ ကေမာၻဒီးယားေျမေပၚကို ေဘးကင္းစြာနဲ႔ ျပန္လည္ေရာက္ရွိလာခဲ့ပါၿပီ” ဟု ေျပာခဲ့သည္။
ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း ကေမာၻဒီးယားစစ္သား(၁၈)ဦးကို ျပန္လႊတ္ေပးမႈအား အတည္ျပဳခဲ့ၿပီး အဆိုပါလုပ္ရပ္မွာ ေကာင္းမြန္ေသာစိတ္ဆႏၵႏွင့္ ယုံၾကည္မႈတည္ေဆာက္ျခင္းတို႔ကို သက္ေသျပခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ေျပာၾကားခဲ့သည္။ ကေမာၻဒီးယားစစ္သားတစ္ဦး၏ မိသားစုဝင္တစ္ဦးက “ကြၽန္ေတာ့္သားေလး ျပန္လြတ္ လာတယ္ဆိုလို႔ အရမ္းကိုဝမ္းသာမိပါတယ္။ သူ႔ကိုေတြ႕ရဖို႔ မေစာင့္ႏိုင္ေတာ့ပါဘူး” ဟု ေျပာခဲ့သည္။
ထိုင္း ႏွင့္ ကေမာၻဒီးယားတို႔သည္ ၿပီးခဲ့သည့္ဒီဇင္ဘာလ(၂၇)ရက္တြင္ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ အသစ္တစ္ခုကို ရရွိခဲ့ၿပီး ႏွစ္ႏိုင္ငံၾကားျဖစ္ပြားလ်က္ရွိေသာ လူအေသအေပ်ာက္ရွိခဲ့သည့္နယ္စပ္တိုက္ပြဲမ်ားကို ခ်က္ခ်င္းရပ္တန႔္ပစ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါသေဘာတူညီခ်က္ထဲတြင္ အပစ္အခတ္ရပ္စဲရန္၊ တပ္ဖြဲ႕ဝင္မ်ား၏ လႈပ္ရွားမႈမ်ားကို ရပ္တန႔္ရန္ႏွင့္ အျငင္းပြားနယ္စပ္တစ္ေလွ်ာက္ မိုင္းရွင္းလင္းေရးတြင္ ပူးေပါင္းေဆာင္႐ြက္ရန္ဆိုသည့္အခ်က္မ်ား ပါဝင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.