PDF များ၏ ဖမ်းဆီးခြင်းကို ခံထားရသော ကျားဖြူပါတီမှ ကိုယ်စားလှယ်လောင်း အသတ်ခံရကြောင်း သတင်းထွက်

14520

Pearl (NP News) - ဇန်နဝါရီ ၃
PDF များက ဖမ်းဆီးကာပြန်ပေးငွေ သိန်း (၃၀၀၀) တောင်းခံရသော ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူပါတီ) ၏ ပခုက္ကူမြို့နယ်မှ PR တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း အသတ်ခံရ ကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။
ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ ကိုယ်စားလှယ်လောင်း ဦးဝေလင်းထက် ကို ပြီးခဲ့ သည့် (၁) လကျော်ခန့်က PDF အဖွဲ့က ဖမ်းဆီးကာ ပြန်ပေးငွေ ငွေ ကျပ်သိန်း (၃၀၀၀) တောင်းခဲ့ကြောင်း သိရသည်။
ယင်းနောက် ဦးဝေလင်းထက် နှင့် ရင်းနှီးသူတစ်ဦး က ဦးဝေလင်ထက်နှင့်ပတ်သက်၍ ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ဝမ်းနည်းကြောင်း ပို့စ်တင်ခဲ့ခြင်းဖြစ်သည်။
“မင်းအသက်ကို PDF လက်ကနေ ငါတို့ မကယ်တင်နိုင်ခဲ့ဘူး။ ကောင်းရာသုဂတိလားပါစေ ညီလေး လင်းထက်ရေ” ဟု ရေးသားထားသည်။
ဦးဝေလင်းထက်ကို ဖမ်းဆီးသွားသူများက ပြန်လွှတ်ရန်အတွက် သိန်း(၃၀၀၀)တောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူ့ကိုတောင်းတဲ့ငွေက မပေးနိုင်ဘူးလေ။ တအားများတာကိုး။ PDF က ဖမ်းထားပြီး သိန်း (၃၀၀၀) တောင်းတာ။ တစ်လလောက်တော့ ကျော်နေပြီ ဖမ်းသွားတာ။ PR လွှတ်တော်ကိုယ်စားလှယ်လောင်းလေ။ ပိုက်ဆံမှ မရှိတာ။ လုပ်ငန်းရှင်လည်းမဟုတ်၊ သူဌေးလည်း မဟုတ်ဘူး။ အဖွဲ့တွေတော့ အသတ်ခံရတယ်ဆိုတာ သတင်းတော့ ပို့မလာ သေးဘူး” ဟု ကျားဖြူပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
ဦးဝေလင်းထက်သည် တိုင်းဒေသကြီးလွှတ်တော်အမှတ် (၁) (PR) တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေချိန်တွင် PDF အဖွဲ့၏ ပြန်ပေးဆွဲဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
PDF မ်ား၏ ဖမ္းဆီးျခင္းကို ခံထားရေသာ က်ားျဖဴပါတီမွ ကိုယ္စားလွယ္ေလာင္း အသတ္ခံရေၾကာင္း သတင္း ထြက္
Pearl (NP News) - ဇန္နဝါရီ ၃
PDF မ်ားက ဖမ္းဆီးကာျပန္ေပးေငြ သိန္း (၃၀၀၀) ေတာင္းခံရေသာ ရွမ္းႏွင့္ တိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ ပါတီ (က်ားျဖဴပါတီ) ၏ ပခုကၠဴၿမိဳ႕နယ္မွ PR တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အသတ္ခံရ ေၾကာင္း သတင္းထြက္ေပၚလ်က္ရွိသည္။
ရွမ္းႏွင့္ တိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ (က်ားျဖဴပါတီ) မွ ကိုယ္စားလွယ္ေလာင္း ဦးေဝလင္းထက္ ကို ၿပီးခဲ့ သည့္ (၁) လေက်ာ္ခန႔္က PDF အဖြဲ႕က ဖမ္းဆီးကာ ျပန္ေပးေငြ ေငြ က်ပ္သိန္း (၃၀၀၀) ေတာင္းခဲ့ေၾကာင္း သိရသည္။
ယင္းေနာက္ ဦးေဝလင္းထက္ ႏွင့္ ရင္းႏွီးသူတစ္ဦး က ဦးေဝလင္ထက္ႏွင့္ပတ္သက္၍ ၎၏ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ဝမ္းနည္းေၾကာင္း ပို႔စ္တင္ခဲ့ျခင္းျဖစ္သည္။
“မင္းအသက္ကို PDF လက္ကေန ငါတို႔ မကယ္တင္ႏိုင္ခဲ့ဘူး။ ေကာင္းရာသုဂတိလားပါေစ ညီေလး လင္းထက္ေရ” ဟု ေရးသားထားသည္။
ဦးေဝလင္းထက္ကို ဖမ္းဆီးသြားသူမ်ားက ျပန္လႊတ္ရန္အတြက္ သိန္း(၃၀၀၀)ေတာင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သူ႔ကိုေတာင္းတဲ့ေငြက မေပးႏိုင္ဘူးေလ။ တအားမ်ားတာကိုး။ PDF က ဖမ္းထားၿပီး သိန္း (၃၀၀၀) ေတာင္းတာ။ တစ္လေလာက္ေတာ့ ေက်ာ္ေနၿပီ ဖမ္းသြားတာ။ PR လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေလ။ ပိုက္ဆံမွ မရွိတာ။ လုပ္ငန္းရွင္လည္းမဟုတ္၊ သူေဌးလည္း မဟုတ္ဘူး။ အဖြဲ႕ေတြေတာ့ အသတ္ခံရတယ္ဆိုတာ သတင္းေတာ့ ပို႔မလာ ေသးဘူး” ဟု က်ားျဖဴပါတီ၏ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ဦးေဝလင္းထက္သည္ တိုင္းေဒသႀကီးလႊတ္ေတာ္အမွတ္ (၁) (PR) တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ျပင္ဆင္ေနခ်ိန္တြင္ PDF အဖြဲ႕၏ ျပန္ေပးဆြဲဖမ္းဆီးသတ္ျဖတ္ခံရျခင္းျဖစ္ေၾကာင္းလည္း သိရသည္။