အတိတ်သမိုင်းသင်ခန်းစာနှင့် အစိုးရသစ်၏ စိန်ခေါ်မှုပြဿနာ (အတွေးအမြင် ဆောင်းပါး)

142

အောင်နိုင်သူ (ဇွဲကပင်) - (NP News) - ဖေဖော်ဝါရီလ ၅
အတိတ်သမိုင်းသင်ခန်းစာနှင့် အစိုးရသစ်၏ စိန်ခေါ်မှုပြဿနာသမိုင်းဆိုသည်မှာ ကုန်လွန်ပြီးခဲ့သော အတိတ်ကာလ၏ ဖြစ်ရပ်ဖြစ်စဉ်လေးမျှသာ မဟုတ် ပါ။ သမိုင်းသည် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏ ရုန်းကန်လှုပ်ရှားမှု၊ အောင်မြင်မှုနှင့် ကျရှုံးမှုများကို မှတ်တမ်းတင်ထားသည့် ကြေးမုံပြင်တစ်ခုလည်း ဖြစ် ပါသည်။ ]သမိုင်းကိုမေ့သောသူသည် သမိုင်း၏ ဒဏ် ခတ်ခြင်းကိုခံရမည်}ဟူသောစကားအတိုင်း စာရေးသူ တို့သည် အတိတ်ကအမှားများကို သတ္တိရှိရှိ ရင်ဆိုင် သုံးသပ်ပြီး သင်ခန်းစာယူမှသာ နိုင်ငံတော်၏အနာ ဂတ်ကို ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ စာရေးသူတို့မြန်မာနိုင်ငံသည် အတိတ် ကာလအမှားများကို သမိုင်းသင်ခန်းစာအဖြစ်အသုံး ချ၍ မပြင်ဆင်နိုင်ခြင်းကြောင့်လည်း တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှု နောက်ကျနေရခြင်းဖြစ်ပါသည်။ စာရေး သူတို့နိုင်ငံအနေဖြင့် အတိတ်သမိုင်းတွင် မည်သည့် အမှားများကို ကျူးလွန်ခဲ့ကြသနည်း၊ ထိုအမှားများကို မည်သို့ပြုပြင်၍ တိုင်းပြည်ကောင်းအောင် လုပ်ဆောင် ကြမည်နည်းဟူသောအချက်က လာမည့် အစိုးရသစ် အပေါ် စိန်ခေါ်မှုများအဖြစ်တည်ရှိလာမည်သာ ဖြစ် ပါသည်။ ထို့ကြောင့် အတိတ်သမိုင်းသင်ခန်းစာများကို ပြန်လည်ဆန်းစစ်လေ့လာရမည်ဖြစ်သလို အဆိုပါ သမိုင်းသင်ခန်းစာများကိုအခြေခံကာ ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားရန်လိုအပ်ပါသည်။
မြန်မာနိုင်ငံ၏ အတိတ်သမိုင်းကို ပြန်လည် ဆန်းစစ်သည့်အခါ အချိန်ကာလအားဖြင့် အလွန်ဝေး ကွာခဲ့ပြီဖြစ်သော ပဒေသရာဇ်နှင့် ကိုလိုနီခေတ်တို့ကို ထည့်သွင်းမသုံးသပ်လိုတော့ပါ။ မဝေးသေးသောကာ လများဖြစ်သည့် တော်လှန်ကောင်စီအစိုးရလက်ထက် ကစတင်၍ ဆန်းစစ်လေ့လာကြည့်ပါမည်။ ထိုသို့ ဆန်းစစ်လေ့လာခြင်းဖြင့်လည်း ရွေးကောက်ပွဲနှင့် အတူတက်လာမည့် အစိုးရသစ်အပေါ် အထောက်အ ကူပြုလိမ့်မည်ဟုယူဆမိပါသည်။ ထို့ကြောင့် စာရေး သူတို့ ဆက်လက်လေ့လာကြည့်ကြပါမည်။
(၁၉၆၆)ခုနှစ်တွင် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းသည် အမေရိကန်ပြည် ထောင်စုသို့ သွားရောက်လည်ပတ်ခဲ့ပါသည်။ ဗိုလ် ချုပ်ကြီးနေဝင်းကို အမေရိကန်သမ္မတ လင်ဒန်ဂျွန် ဆင်က အိမ်ဖြူတော်တွင် ခမ်းခမ်းနားနား လက်ခံတွေ့ ဆုံခဲ့ပါသည်။ ဤခရီးစဉ်နှင့်ပတ်သက်၍ စိတ်ဝင်စား စရာကောင်းသည်က ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကို အသားပေးလက်ကိုင်ပြုထားသောအမေရိကန် သည် ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးရန်စိုင်းပြင်းနေ သည့် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တစ်ဦးကို တခမ်းတနားတွေ့ဆုံပေးခဲ့ခြင်းဖြစ်ပါ သည်။ ထိုအချိန်က မီဒီယာသတင်းစာများကမူ ဗီ ယက်နမ်စစ်ပွဲနှင့်ပတ်သက်၍ ကြားနေ နိုင်ငံခြားဝါဒ ကျင့်သုံးနေသည့် မြန်မာနိုင်ငံ၏ထောက်ခံမှုကိုရရှိ စေရန်နှင့် မြန်မာ့မြေကို တရုတ်ကွန်မြူနစ်ဝါဒ အလုံး စုံကူးစက်မသွားစေရေးရည်ရွယ်ပြီး မြန်မာ့ခေါင်းဆောင် ကိုဖိတ်ခေါ်ကာ ဆက်ဆံရေးတည်ဆောက်ခဲ့သည်ဟု ရေးသားခဲ့ကြသည်ကို စာအုပ်ဟောင်းများကတစ်ဆင့် ဖတ်ရှုဖူးပါသည်။
သို့သော် သမိုင်းတွင် လူအများစုမသိသည့် အဖြစ်အပျက် လျှို့ဝှက်ချက်တစ်ခုလည်းရှိခဲ့ပါသည်။ ထိုလျှို့ဝှက်ချက်က ဗိုလ်ချုပ်ကြီးနေဝင်းက ဗမာပြည် ကွန်မြူနစ်ပါတီ(ဗကပ)သည် တရုတ်နိုင်ငံ၏ ကျော ထောက်နောက်ခံပြုမှုကိုအခွင့်အရေးယူကာ မိမိတို့ နိုင်ငံကိုပုန်ကန်နေမှုကို အားပေးထောက်ခံနေ ကြောင်းနှင့် မိမိတို့နိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေး အတွက် အရေးပေါ်အကူအညီလိုအပ်နေသဖြင့် သမ္မတ လင်ဒန်ဂျွန်ဆင်ထံ ခေတ်မီလက်နက်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲအတွင်း ရဟတ် ယာဉ်များ ကူညီပေးရန်တောင်းဆိုခဲ့ပါသည်။ ထိုအခါ အမေရိကန်သမ္မတက ကူညီချင်သော်လည်း ယူနီ ဖောင်းဝတ်အစိုးရဖြစ်နေ၍ သူတို့အစိုးရနှင့် နိုင်ငံ တကာစံနှုန်းများအရ အရပ်သားအစိုးရဖြစ်လာမှပဲ ကူညီဖို့ အဆင်ပြေနိုင်မှာဖြစ်ကြောင်း ပြန်ပြောခဲ့ သည်ဟုဆိုပါသည်။
ဤသို့ဖြင့် ဗိုလ်ချုပ်ကြီးနေဝင်းသည် မြန် မာပြည်ပြန်ပြီး (၈)နှစ်နီးပါးအကြာမှ လမ်းစဉ်ပါတီ အစိုးရအဖြစ်အသွင်ပြောင်းကာ ဦးနေဝင်းအစိုးရ ဖြစ် လာခဲ့သည်။ ထိုအချိန်တွင် သမ္မတဂျွန်ဆင် မရှိတော့ သော်လည်း အမေရိကန်တို့ဆီက အကူအညီအတော် တော်များကိုရရှိခဲ့ပြီး ဗကပ ကို စစ်ဦးချိုးနိုင်ခဲ့သလို မူးယစ်ဆေးဝါးနှိမ်နင်းရေးကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ ၏အကူအညီသည် မြန်မာနိုင်ငံအတွက် အတိုင်းအ တာတစ်ခုအထိ ထိရောက်မှုရှိခဲ့သည်ကိုတွေ့ရပါသည်။
ထို့ပြင် နဝတ/နယက အစိုးရလက်ထက် တွင် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို စင်ကာပူဝန်ကြီးချုပ်လီ ကွမ်ယုက အကြံÓဏ်လေးချက်ပေးခဲ့ရာတွင် အစိုးရကို အရပ်သားအစိုးရအသွင် ဖွဲ့စည်းရန် လိုအပ်ကြောင်း တစ်ချက်ပါဝင်သည်ကို ဦးရဲထွဋ် ရေးထားသည့်စာအုပ်တွင် ဖတ်ဖူးပါသည်။
အထက်ပါဖြစ်စဉ်များကိုအခြေခံပြီး စာ ရေးသူပြောလိုသည်မှာ အစိုးရတစ်ရပ်အား တရားဝင် မှုကို ပြရာတွင် အရပ်သားအစိုးရ ဖြစ်ရမည်ဟူသော အချက်ကို သိရှိစေလိုခြင်းဖြစ်ပါသည်။ သတိပြု စေလို၍ ရေးပြရခြင်း ဖြစ်ပါသည်။ ထိုသင်ခန်းစာကို အခြေခံပြီး ယခုအခါတွင် ရွေးကောက်ပွဲကျင်းပပြီး အရပ်သားအစိုးရထံ အာဏာလွှဲအပ်နှံနိုင်ရေး အပူ တပြင်း ဆောင်ရွက်နေသည် ဟု နားလည်ထားပါသည်။ထို့ကြောင့်လည်း နိုင်ငံတော်အစိုးရကဦးဆောင်ပြီး ပြုလုပ်ပေးခဲ့သော ရွေးကောက်ပွဲကို နိုင်ငံရေးနား လည်သူများက ကြိုဆိုထောက်ခံခြင်းနှင့် ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
မြန်မာအများစုသည် ရှေ့ကို ချီတက် နေကြသော်လည်း နောက်ကွယ်က သမိုင်း ဖြစ်စဉ်များကို သင်ခန်းစာယူမှု အလွန်အားနည်းကြပါ သည်။ အတိတ်ဖြစ်စဉ်များ ကို သင်ခန်းစာယူပြုပြင် ရမည့်အစား ရန်ညှိုး အာဃာတများကိုသာ ပစ္စုပ္ပန်ဆီ ယူဆောင်လာခဲ့ကြသဖြင့် လက်ရှိပစ္စုပ္ပန်ကိုပါ လောင်ကျွမ်းကူးစက်စေပါသည်။
သမိုင်းကို လေ့လာကြည့်လျှင် ဗိုလ်ချုပ်ကြီး နေဝင်း အမှားတစ်ခု ကျူးလွန်ခဲ့ဖူးပါသည်။ ထိုအမှား က ဆိုရှယ်လစ်စနစ်အရ တံခါးပိတ်စီးပွားရေးဝါဒသည် အလုပ်မဖြစ်သည့်အပြင် တိုင်းပြည်ကို ဆင်းရဲတွင်း တွန်းပို့ရာရောက်နေသည်ကို တွေ့ရှိခဲ့သော တရုတ် ခေါင်းဆောင် တိန်းရှောင်ဖိန်သည် (၁၉၇၈)တွင် သမုဟဝါဒအရ ဆိုရှယ်လစ်နှင့် အရင်းရှင် ပေါင်းစည်း ထားသည့် ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့ပါသည်။ နိုင်ငံရေးအရ ကွန်မြူနစ်/ဆို ရှယ်လစ်ကျင့်သုံးပြီး စီးပွားရေးအရ အရင်းရှင်/ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသည့် ဖက်စပ် စနစ်ကိုဆိုလိုခြင်းဖြစ်ပါသည်။
ဦးနေဝင်း၏ လမ်းစဉ်ပါတီအစိုးရကို (၁၉၈၁) ခုနှစ် အစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အခြေအနေ ကို ယှဉ်ထိုးပြီး ပြုပြင်ပြောင်းလဲသင့်ကြောင်း ပါတီဝင် အဖွဲ့ဝင်အချို့က တင်ပြခဲ့သည်ဟု သိရှိရပါသည်။ သို့သော် လက်မခံဘဲ ဆိုရှယ်လစ်စီးပွားရေးစနစ် အမှားကို ဆက်လက်ကျင့်သုံးခဲ့သဖြင့် တိုင်းပြည်အ ဘက်ဘက်မှ ချွတ်ခြုံကျကာ (၁၉၈၈)အရေးအခင်း ကြီးနှင့်အတူ လမ်းစဉ်ပါတီအစိုးရ ပြုတ်ကျခဲ့ရ ပါသည်။
(၁၉၆၂)ခုနှစ် တော်လှန်ရေးကောင်စီ အဖြစ်တိုင်းပြည်တာဝန်ယူစဉ်က နိုင်ငံခြားသားများ လက်ထဲ စီးပွားရေးလုပ်ငန်းများရောက်နေ၍ အမျိုး သားရေးဝါဒနှင့် ဆိုရှယ်လစ်စီးပွားရေးအရ ပြည်သူ ပိုင်သိမ်းသည်ကို အပြစ်မဆိုရက်ပါ။ ထိုအချိန်က တစ်ကမ္ဘာလုံးတွင် ဆိုရှယ်လစ် ကောင်းနိုးနိုး၊ ဒီမိုက ရေစီကောင်းနိုးနိုး၊ အရင်းရှင် စီးပွားရေး ကောင်းနိုးနိုး နှင့် မြေစမ်းခရမ်းပျိုး ဖြစ်နေကြသဖြင့် မှားခဲ့သည်မှာ
သဘာဝ ကျပါသည်။ သို့သော် အိမ်နီးချင်းတရုတ်ပြည် တွင် ဆိုရှယ်လစ်စီးပွားရေးစနစ်အမှားကို သိရှိ၍ ဈေးကွက်စီးပွားရေးစနစ် ပြုပြင်နိုင်ခဲ့သည့်တိုင် မြန် မာက ပြုပြင်ပြောင်းလဲမှုမလုပ်နိုင်ခြင်းက ပို၍ဆိုး ပါသည်။ ခေတ်နှင့်အညီ မပြုပြင်နိုင်သည့် အမှားကို သင်ခန်း စာယူရမည် ဖြစ်ပါသည်။ ထိုနည်းတူ နဝတ၊ နယက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မည်သည့် အမှားများ ကျူးလွန်ခဲ့သနည်း။
စာရေးသူ လွန်ခဲ့သော (၅)နှစ် က နေပြည် တော်ရောက်တော့ မြို့ကြီး၏ခမ်းနားနေပုံ၊ လမ်းတွေ ကျယ်ပြန့်ကောင်းမွန်နေပုံ ၊ ခေတ်မီစွာ တည် ဆောက်ထားသည့် ယာဉ်ပတ်အဝိုင်းများ၊ ဥယျာဉ် ပန်းခြံများနှင့် ဟိုတယ်ဇုန်ကြီးများကိုကြည့်ပြီး အံ့ဩ မှုများနှင့်အတူ နတ်ဘုံနတ်နန်းများ ရောက် သွားလေသလားလို့ပင် ထင်မှတ်မိပါသည်။ တစ်ဖက် တွင်လည်း ရုပ်ဝတ္ထုများ ယခုလိုတိုးတက်ကောင်းမွန် အောင် တည်ဆောက်ပေးခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို စိတ်ထဲတွင် အကြိမ်ကြိမ်ချီးကျူးနေမိရင်း အတွေးစ တစ်ခုဝင်လာသည်။ စာရေးသူလို အခြား နယ်ကလူတစ်ယောက်က နေပြည်တော်အပေါ် ဤမျှလေးစားတန်ဖိုးထားနေမည်ဆိုလျှင် ဒေသခံ များကဘယ်လောက်များ တန်ဖိုးထားနေမလဲဆိုပြီး စာရေးသူပီပီ ဒေသခံများအား နေပြည်တော်အပေါ် ဘယ်လိုများခံစားကြသလဲဟု လိုက်မေးကြည့်မိ ပါသည်။ နေပြည်တော်ဒေသခံများထံမှ ကြား သိလိုက်ရသည်က ဘယ်မြို့နယ်ဆောက်ဖို့အတွက် ရွာဘယ်လောက်ဖျက်ခဲ့ရသည်။ ဘယ်ဟိုတယ်ဇုန် ဆောက်ဖို့အတွက် မြေဧက ဘယ်လောက်စွန့်လွှတ် ပေးခဲ့ရသည်။ မြေအစားထိုးပြန်ပေးသော်လည်း သူတို့မြေလောက်မကျယ်ဝန်းတော့၍ သူတို့မပျော် ရွှင်တော့ကြောင်း ကြားသိရသည်အခါ စာရေးသူ အထင်နှင့်အမြင် တက်တက်စင်လွဲခဲ့သည်ကိုတွေ့ ခဲ့ရပါသည်။
ဒေသခံများ၏ ခံစားချက်များနှင့်ပတ် သက်၍နေပြည်တော်မှမဟုတ်ပေ။ သဖန်းဆိပ် ရေ လှောင်တမံကြီးကြောင့် ကျွန်းလှမြို့ကြီး ရေအောက် ရောက်ခဲ့ရသည့်အပေါ် စိတ်မကောင်းစွာ ရင်ဖွင့် ကြသည့် ကျွန်းလှ ဒေသခံများနှင့်လည်းကြုံဖူးပါသည်။ နဝတ/ နယက ခေတ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအောက်တွင် ဤသို့ ဤနှယ်ခံစားနေကြ ရသော နယ်မြေခံလူထုများကို စာရေးသူမကြာခဏ ဆုံဖူးပါသည်။ ဤသည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေတ် စစ်ဦးဘီးလူးသဖွယ် နိုင်ငံတော် တည်ဆောက်ခဲ့ သည့်အကျိုးဆက်ဟု စာရေးသူ ခေါင်းစဉ်ပေး လိုပါသည်။
နဝတ/နယက ခေတ်တွင် တစ်နိုင်ငံလုံး လမ်းတံတား၊ ဆေးရုံ၊ ကျောင်း၊ တက္ကသိုလ် လက်ညှိုးထိုးမလွတ် တည်ဆောက်နိုင်ခဲ့၍ ရုပ်ပိုင်းဆိုင်ရာ ( Physical) တိုးတက်ခဲ့သည်မှာ ငြင်းမရပေ။ သို့သော် တစ်ဖက်မှာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခဲ့သော်လည်း တစ်ဖက်က ဒေသခံပြည် သူလူထု၏ စိတ်ပိုင်းဆိုင်ရာ (Mental) ကို ထိခိုက်ခဲ့ သည်ကိုလည်း တွေ့ရသည်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ပြည်တွင်းပြည်ပ ပယောဂများက မြှောင့်ပင့် သွေးထိုးခဲ့ကြသဖြင့် ခံစားမှုပိုင်း (Morale) ဆက်လက်ရိုက်ခတ်သွားခဲ့သည်။ အကျိုးဆက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တွင် စတင်သန္ဓေ တည်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ ( USDP) သည် (၂၀၁၅) တွင် ရှုံးနိမ့်သွားခဲ့ရသည်။ ဤအရှိန်က ဒီမှာ တင်ရပ်မသွားဘဲ ယနေ့ တပ်မတော်ကိုပါဆက်လက် ရိုက်ခတ်သည်ကို တွေ့ရသည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမှားကိုကောက်ချက် ချရလျှင် ဗိုလ်ချုပ်မှူးကြီးဟူသော တပ်မတော်စစ် ဘက်ရာထူးဖြင့် နိုင်ငံတော်အာဏာကို အချိန်ကြာ မြင်စွာယူခဲ့သဖြင့် နိုင်ငံတကာ၏ အထောက်အပံ့ကို မရခဲ့၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးစေခဲ့ သည်။ အကယ်၍သာ ဦးသန်းရွှေအနေဖြင့်သာ အစိုး ရအဖွဲ့ကို ဦးဆောင်ခဲ့မည်ဆိုပါက ယခုထက် ပိုမိုတိုး တက်နိုင်ပါသည်။
ဒုတိယအမှားကမူ နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်မှုအတွက် အခြေခံအဆောက်အအုံများကို ဆောက်လုပ်ရာတွင် ရုပ်ဝတ္ထုဖွံ့ဖြိုးတိုးတက်စေရေး အပူတပြင်းကြိုးပမ်းတည်ဆောက်ခဲ့သဖြင့် ပြည် သူလူထု၏စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကို ဖြစ်စေခဲ့ ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲတက်လာသည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဘာလုပ်ဆောင် ချက်မှမည်မည်ရရမရှိသော NLD ဆီကို ဆန္ဒမဲ အများစု စုပြုံရောက်ရှိသွားခဲ့သည်ကို တွေ့ခဲ့ရသည်။
စိတ်ဒဏ်ရာကြောင့်ဖြစ်ပေါ်လာသည့် ဒေသခံများ၏ခံစားချက်က နောက်ဆုံးတွင် နဝတ/
နယက အဆက်အနွယ် နိုင်ငံရေးပါတီများနှင့်အင်စတီးကျူးရှင်းများကို ကျောခိုင်းသွားခဲ့ဖူးပါသည်။ သို့သော် ယခုရွေးကောက်ပွဲတွင် USDP ပါတီက ထိုအမှားများကိုပြင်ဆင်နိုင်ခဲ့သဖြင့် ယခုရွေး ကောက်ပွဲတွင် အောင်မြင်မှုပြန်လည်ရရှိခဲ့ပါသည်။ထိုကဲ့သို့ သင်ခန်းစာယူ ပြင်ဆင်နိုင်ခဲ့သည့်အတွက် လည်း ဝမ်းသာဂုဏ်ယူမိပါသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ် က နိုင်ငံတည်ဆောက်ရေး (State building) နှင့်ပတ် သက်ပြီး မြေရာပြဿနာများသည်လည်း ယနေ့တိုင် အငြင်းပွားဖွယ်များရှိနေတတ်ပါသည်။ နေပြည်တော် မှာပင် မြေရာလျော်ကြေးပြည့်ပြည့်ဝဝရ၍ ကျေနပ် ကြသူများတွေ့ဖူးသလို မျှော်မှန်းသလောက် မရဘူး ဆိုသည့်အုပ်စုကိုလည်းတွေ့ဖူးပါသည်။ မြေရာ ပြဿနာနှင့် ပတ်သက်လာလျှင် ပြည်သူလူထုက ကျေနပ်ခြင်း၊ မကျေနပ်ခြင်း၊ လက်ခံခြင်း၊ လက်မခံ ခြင်းထက် ဆန့်ကျင်ဘက်အုပ်စုများအတွက် အစိုးရ ကိုတိုက်ခိုက်ရန် လက်နက်သဖွယ် အသုံးချခဲ့ကြ သည်ကတော့ ငြင်းမရသည့်အမှန်တရား ဖြစ်ပါသည်။
တစ်ဖန် ဦးသိန်းစိန်အစိုးရခေတ်ကို ပြန်လေ့လာကြည့်သည့်အခါ အဓိကအမှားကြီး သုံးခုကို တွေ့ခဲ့ရပါသည်။ ပထမအမှားမှာ ဦးသိန်းစိန်
အစိုးရက NLD ကို နိုင်ငံရေး ဇာတ်ခုန်ပေါ်တင်ပြီး ကျားသေကို အသက်သွင်းခဲ့ခြင်း ဖြစ်ပါသည်။ထို အမှားကတစ်ဆင့် NLD က (၂၀ဝ၈) ခြေဥပါ ချိုး ဖောက်ပြီး နိုင်ငံတော်အာဏာကို လိမ်လည်ရယူဖို့ ကြိုးပမ်းလာသဖြင့် တပ်မတော်က အာဏာထိန်းခဲ့ရ ပေသည်။ ဤသည်မှာ မဝေးသော အတိတ်ကာလ များတွင် ဖြစ်ပွားခဲ့သော မြန်မာ့သမိုင်းထဲက သင်ခန်း စာယူစရာ အမှားများပင် ဖြစ်ပေသည်။
ဒုတိယအမှားက နိုင်ငံရေးသိပ္ပံပညာရှင် ဟယ်တင်တန်(ဟားဗတ်တက္ကသိုလ်)၏ သုတေ သနပြုချက်ဖြင့် ပြောရလျှင် နိုင်ငံရေးလွတ်လပ်ခွင့် အလွန်အမင်းပေးခဲ့သည့်အမှားဖြစ်ပါသည်။ ထို အမှားကတစ်ဆင့် လွတ်လပ်စွာပြောဆိုခွင့်၊ လွတ် လပ်စွာရေးသားခွင့် များကြောင့် တပ်မတော်ဆိုသည့် အင်စတီးကျူးရှင်းနှင့် ယခင်အစိုးရဟောင်းများကို ရည်ရွယ်ချက်ရှိရှိဝေဖန်ထိုးနှက်တိုက်ခိုက်လာသော စာပေဟောပြောပွဲများပေါ်လာသည်။ DVB debated လို စကားစစ်ထိုးပွဲများသည် တပ်မ တော်နှင့် ခေတ်အဆက်ဆက်အစိုးရဟောင်းများကို ဝေဖန်ထိုးနှက်တိုက်ခိုက်လာကြသည်။ သတင်းမီဒီ ယာများ၊ စာနယ်ဇင်းများနှင့်အွန်လိုင်းမီဒီယာများတွင် တပ်မတော်ကို ပြောင်ပြောင်တင်းတင်း ထိုးနှက်တိုက် ခိုက်လာကြသည်။ ဤသို့ဖြင့် တပ်မတော်ကို ဝေဖန်တိုက်ခိုက်လျှင် နိုင်ငံရေး ဖြစ်သည်ဆိုသော အယူအဆ တစ်ရပ်လူ ငယ်များအကြားပျံ့နှံ့သွားခဲ့သဖြင့် ယနေ့အခါ တိုင်းပြည်သည် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါသည်။
ဒီမိုကရေစီစနစ်အရ နိုင်ငံရေး လွတ်လပ် ခွင့်ပေးသည်ကို လက်ခံပါသည်။ သို့သော် ဟယ်တင် တန်(ဟားဗတ်တက္ကသိုလ်) ဥပမာပေးလေ့ရှိသည့် ဆို ဗီယက်ပြည်ထောင်စု ပြိုကွဲရခဲ့ခြင်းနှင့် (၁၉၈၉)ခုနှစ် တရုတ်နိုင်ငံ တီယမ်နမ်ရင်ပြင်ဆန္ဒပြပွဲသည် နိုင်ငံ ရေးလွတ်လပ်ခွင့်အလွန်အမင်းပေး၍ ဖြစ်ရခြင်း ဆိုသည်ကိုမူ မမေ့ဖို့လိုပါသည်။
ဦးသိန်းစိန်အစိုးရ၏ တတိယအမှားမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထောက်ရှုပြီး လိုင်ဇာတံခါးဝ ရောက်နေသောတပ်များကို ပြန်လည် ခေါ်ယူခဲ့ခြင်းဖြစ်ပါသည်။ KIA ကို အပြီးတိုင် ချေမှုန်းဖို့ အခွင့်အရေး ရှိပါလျက်နှင့် မချေမှုန်း ခဲ့ခြင်းကြောင့် AA ၊ PDF ၊ BA ၊ BPLA စသော လက်နက်ကိုင်အဖွဲ့များစွာပေါ်ပေါက်လာခဲ့ပေသည်။အကယ်၍များသာ State Building တည်ဆောက်မှု ကို အင်အားအာဏာသုံး၍ စစ်ရေး၊ နိုင်ငံရေး နှစ် ဖက်ညှပ်ဟန်ချက်ညီစွာ တည်ဆောက်နိုင်ပါက တိုင်း ပြည်အတွက် ပိုမိုအကျိုးရှိလိမ့်မည်ဟု သုံးသပ်မိပါ သည်။ ထိုမှတစ်ဆင့် NLD အစိုးရလက်ထက် တွင်လည်း အမှားများစွာကျူးလွန်ခဲ့သဖြင့် တိုင်းပြည်တည်ဆောက်ရေးတွင် များစွာနစ်နာခဲ့ရသည်။ထို့ကြောင့် ဦးနေဝင်းခေတ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေတ်၊ ဦးသိန်းစိန်နှင့် NLD ခေတ်အမှားကို သင်ခန်း စာယူ၍ အစိုးရသစ်အနေဖြင့်ကြုံတွေ့လာနိုင်သော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေး ကြိုးပမ်းရမည် ဖြစ်ပါသည်။
အစိုးရသစ်၏စိန်ခေါ်မှုများတွင် အမျိုး သား စည်းလုံးညီညွတ်ရေးပြိုကွဲနေမှု၊ ပထဝီနိုင်ငံရေး တန်ဖိုးမြင့်မားလာသော နိုင်ငံကြီးများ၏ အားပြိုင်မှု အကြား နိုင်ငံရေးတည်ငြိမ်ရန် ကြိုးပမ်းနေရမှု၊ လက် နက်ကိုင်ပဋိပက္ခများကြီးထွားနေမှု၊ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရေး ကြိုးပမ်းရန်လိုအပ် နေမှု၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေး ခရီးကြမ်းစသည်တို့သည် စိန်ခေါ်မှုများ စွာက စောင့်ကြိုနေမည်သာ ဖြစ်ပါသည်။ အဆိုပါ စိန်ခေါ်မှုများကို အတိတ်သမိုင်းသင်ခန်းစာများကို အခြေခံပြီး တိုင်းပြည်ကောင်းအောင် ဆောင်ရွက် ကြရမည့်တာဝန်မှာ အစိုးရသစ်၏ တာဝန်ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေကာမူ လူဆိုသည် အမှား နှင့်မကင်းကြပေ။ မမှားသော ရှေ့နေ မသေသောဆေး သမားဟူသည့် စကားပုံရှိသော်လည်းနိုင်ငံ့ခေါင်း ဆောင်ဟူသည်က မမှားသင့်မမှားထိုက်တာကို မမှား ဖို့လိုမည်ဖြစ်ပါသည်။ ထိုနည်းတူ အမှားကို မမြင်သ ရွေ့လည်း အမှန်ကိုမမြင်နိုင်သဖြင့် အမှန်ကို ပြင်နိုင် မည်မဟုတ်ပေ။ ဂျပန် နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာရခြင်း ၏ အဓိကအကြောင်းတရားမှာ အမှားကိုမြင်ပြီး အမှန်ပြင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ လက်ရှိအ ချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ရွေးကောက်ပွဲ ကတစ်ဆင့် ခေတ်နှင့်လျော်ညီသော ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စုစနစ်ဆီသို့ ကူးပြောင်းဖို့ တာစူ နေပြီ ဖြစ်ပါသည်။
အနာဂတ်အစိုးရသစ်အနေဖြင့် ယခင် ခေတ်အဆက်ဆက်က ကြုံတွေ့ခဲ့ရသည့် သင်ခန်းစာ များကို မှန်ကန်စွာသုံးသပ်ပြီး၊ လူပုဂ္ဂိုလ် သို့မဟုတ် ပါတီစွဲထက် " နိုင်ငံတော်နှင့် ပြည်သူ " ကို ရှေ့တန်း တင် လုပ်ဆောင်သွားမည်ဟု ယုံကြည်မိပါသည်။သမိုင်းထဲက အမှားသင်ခန်းစာများကို ကြည့်မှန် သဖွယ်အသုံးချပြီး အားနည်းချက်များကို အားသာ ချက်အဖြစ် ပြောင်းလဲနိုင်လိမ့်မည်ဟုယူဆမိပါသည်။ထို့ကြောင့် နိုင်ငံတွင်းရှိ လူငယ်များ၏ တက်ကြွမှု၊ လူကြီးများ၏ အတွေ့အကြုံနှင့် မှန်ကန်သော ခေါင်း ဆောင်မှုတို့ ပေါင်းစပ်လိုက်လျှင် ကျွနု်ပ်တို့၏ နိုင်ငံ တော်သည် သမိုင်းဝင်ဂုဏ်ယူရမည့် ဖွံ့ဖြိုးတိုးတက် သော နိုင်ငံတစ်ခုအဖြစ် ပြန်လည် ထွန်းတောက်လာ မည်မှာ ဧကန်မလွဲပင် ဖြစ်ပါကြောင်း အကြံပြုတိုက် တွန်းလိုက်ရပါသည်။

Zawgyi Version:
အတိတ္သမိုင္းသင္ခန္းစာႏွင့္ အစိုးရသစ္၏ စိန္ေခၚမႈျပႆနာ
(အေတြးအျမင္ ေဆာင္းပါး)
ေအာင္ႏိုင္သူ (ဇြဲကပင္) - (NP News) - ေဖေဖာ္ဝါရီလ ၅
အတိတ္သမိုင္းသင္ခန္းစာႏွင့္ အစိုးရသစ္၏ စိန္ေခၚမႈျပႆနာသမိုင္းဆိုသည္မွာ ကုန္လြန္ၿပီးခဲ့ေသာ အတိတ္ကာလ၏ ျဖစ္ရပ္ျဖစ္စဥ္ေလးမွ်သာ မဟုတ္ ပါ။ သမိုင္းသည္ လူမ်ိဳးတစ္မ်ိဳး၊ ႏိုင္ငံတစ္ႏိုင္ငံ၏ ႐ုန္းကန္လႈပ္ရွားမႈ၊ ေအာင္ျမင္မႈႏွင့္ က်ရႈံးမႈမ်ားကို မွတ္တမ္းတင္ထားသည့္ ေၾကးမုံျပင္တစ္ခုလည္း ျဖစ္ ပါသည္။ ]သမိုင္းကိုေမ့ေသာသူသည္ သမိုင္း၏ ဒဏ္ ခတ္ျခင္းကိုခံရမည္}ဟူေသာစကားအတိုင္း စာေရးသူ တို႔သည္ အတိတ္ကအမွားမ်ားကို သတၱိရွိရွိ ရင္ဆိုင္ သုံးသပ္ၿပီး သင္ခန္းစာယူမွသာ ႏိုင္ငံေတာ္၏အနာ ဂတ္ကို ပိုမိုေကာင္းမြန္ေအာင္ တည္ေဆာက္ႏိုင္မည္ ျဖစ္ပါသည္။ စာေရးသူတို႔ျမန္မာႏိုင္ငံသည္ အတိတ္ ကာလအမွားမ်ားကို သမိုင္းသင္ခန္းစာအျဖစ္အသုံး ခ်၍ မျပင္ဆင္ႏိုင္ျခင္းေၾကာင့္လည္း တိုင္းျပည္ဖြံ႕ၿဖိဳး တိုးတက္မႈ ေနာက္က်ေနရျခင္းျဖစ္ပါသည္။ စာေရး သူတို႔ႏိုင္ငံအေနျဖင့္ အတိတ္သမိုင္းတြင္ မည္သည့္ အမွားမ်ားကို က်ဴးလြန္ခဲ့ၾကသနည္း၊ ထိုအမွားမ်ားကို မည္သို႔ျပဳျပင္၍ တိုင္းျပည္ေကာင္းေအာင္ လုပ္ေဆာင္ ၾကမည္နည္းဟူေသာအခ်က္က လာမည့္ အစိုးရသစ္ အေပၚ စိန္ေခၚမႈမ်ားအျဖစ္တည္ရွိလာမည္သာ ျဖစ္ ပါသည္။ ထို႔ေၾကာင့္ အတိတ္သမိုင္းသင္ခန္းစာမ်ားကို ျပန္လည္ဆန္းစစ္ေလ့လာရမည္ျဖစ္သလို အဆိုပါ သမိုင္းသင္ခန္းစာမ်ားကိုအေျခခံကာ ျပဳျပင္ေျပာင္းလဲ ေဆာင္႐ြက္သြားရန္လိုအပ္ပါသည္။
ျမန္မာႏိုင္ငံ၏ အတိတ္သမိုင္းကို ျပန္လည္ ဆန္းစစ္သည့္အခါ အခ်ိန္ကာလအားျဖင့္ အလြန္ေဝး ကြာခဲ့ၿပီျဖစ္ေသာ ပေဒသရာဇ္ႏွင့္ ကိုလိုနီေခတ္တို႔ကို ထည့္သြင္းမသုံးသပ္လိုေတာ့ပါ။ မေဝးေသးေသာကာ လမ်ားျဖစ္သည့္ ေတာ္လွန္ေကာင္စီအစိုးရလက္ထက္ ကစတင္၍ ဆန္းစစ္ေလ့လာၾကည့္ပါမည္။ ထိုသို႔ ဆန္းစစ္ေလ့လာျခင္းျဖင့္လည္း ေ႐ြးေကာက္ပြဲႏွင့္ အတူတက္လာမည့္ အစိုးရသစ္အေပၚ အေထာက္အ ကူျပဳလိမ့္မည္ဟုယူဆမိပါသည္။ ထို႔ေၾကာင့္ စာေရး သူတို႔ ဆက္လက္ေလ့လာၾကည့္ၾကပါမည္။
(၁၉၆၆)ခုႏွစ္တြင္ ေတာ္လွန္ေရးေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းသည္ အေမရိကန္ျပည္ ေထာင္စုသို႔ သြားေရာက္လည္ပတ္ခဲ့ပါသည္။ ဗိုလ္ ခ်ဳပ္ႀကီးေနဝင္းကို အေမရိကန္သမၼတ လင္ဒန္ဂြၽန္ ဆင္က အိမ္ျဖဴေတာ္တြင္ ခမ္းခမ္းနားနား လက္ခံေတြ႕ ဆုံခဲ့ပါသည္။ ဤခရီးစဥ္ႏွင့္ပတ္သက္၍ စိတ္ဝင္စား စရာေကာင္းသည္က ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရး ကို အသားေပးလက္ကိုင္ျပဳထားေသာအေမရိကန္ သည္ ဆိုရွယ္လစ္စနစ္ကိုက်င့္သုံးရန္စိုင္းျပင္းေန သည့္ ေတာ္လွန္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး တစ္ဦးကို တခမ္းတနားေတြ႕ဆုံေပးခဲ့ျခင္းျဖစ္ပါ သည္။ ထိုအခ်ိန္က မီဒီယာသတင္းစာမ်ားကမူ ဗီ ယက္နမ္စစ္ပြဲႏွင့္ပတ္သက္၍ ၾကားေန ႏိုင္ငံျခားဝါဒ က်င့္သုံးေနသည့္ ျမန္မာႏိုင္ငံ၏ေထာက္ခံမႈကိုရရွိ ေစရန္ႏွင့္ ျမန္မာ့ေျမကို တ႐ုတ္ကြန္ျမဴနစ္ဝါဒ အလုံး စုံကူးစက္မသြားေစေရးရည္႐ြယ္ၿပီး ျမန္မာ့ေခါင္းေဆာင္ ကိုဖိတ္ေခၚကာ ဆက္ဆံေရးတည္ေဆာက္ခဲ့သည္ဟု ေရးသားခဲ့ၾကသည္ကို စာအုပ္ေဟာင္းမ်ားကတစ္ဆင့္ ဖတ္ရႈဖူးပါသည္။
သို႔ေသာ္ သမိုင္းတြင္ လူအမ်ားစုမသိသည့္ အျဖစ္အပ်က္ လွ်ိဳ႕ဝွက္ခ်က္တစ္ခုလည္းရွိခဲ့ပါသည္။ ထိုလွ်ိဳ႕ဝွက္ခ်က္က ဗိုလ္ခ်ဳပ္ႀကီးေနဝင္းက ဗမာျပည္ ကြန္ျမဴနစ္ပါတီ(ဗကပ)သည္ တ႐ုတ္ႏိုင္ငံ၏ ေက်ာ ေထာက္ေနာက္ခံျပဳမႈကိုအခြင့္အေရးယူကာ မိမိတို႔ ႏိုင္ငံကိုပုန္ကန္ေနမႈကို အားေပးေထာက္ခံေန ေၾကာင္းႏွင့္ မိမိတို႔ႏိုင္ငံ မူးယစ္ေဆးဝါးႏွိမ္နင္းေရး အတြက္ အေရးေပၚအကူအညီလိုအပ္ေနသျဖင့္ သမၼတ လင္ဒန္ဂြၽန္ဆင္ထံ ေခတ္မီလက္နက္မ်ားႏွင့္ မူးယစ္ေဆးဝါးႏွိမ္နင္းေရးစစ္ပြဲအတြင္း ရဟတ္ ယာဥ္မ်ား ကူညီေပးရန္ေတာင္းဆိုခဲ့ပါသည္။ ထိုအခါ အေမရိကန္သမၼတက ကူညီခ်င္ေသာ္လည္း ယူနီ ေဖာင္းဝတ္အစိုးရျဖစ္ေန၍ သူတို႔အစိုးရႏွင့္ ႏိုင္ငံ တကာစံႏႈန္းမ်ားအရ အရပ္သားအစိုးရျဖစ္လာမွပဲ ကူညီဖို႔ အဆင္ေျပႏိုင္မွာျဖစ္ေၾကာင္း ျပန္ေျပာခဲ့ သည္ဟုဆိုပါသည္။
ဤသို႔ျဖင့္ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းသည္ ျမန္ မာျပည္ျပန္ၿပီး (၈)ႏွစ္နီးပါးအၾကာမွ လမ္းစဥ္ပါတီ အစိုးရအျဖစ္အသြင္ေျပာင္းကာ ဦးေနဝင္းအစိုးရ ျဖစ္ လာခဲ့သည္။ ထိုအခ်ိန္တြင္ သမၼတဂြၽန္ဆင္ မရွိေတာ့ ေသာ္လည္း အေမရိကန္တို႔ဆီက အကူအညီအေတာ္ ေတာ္မ်ားကိုရရွိခဲ့ၿပီး ဗကပ ကို စစ္ဦးခ်ိဳးႏိုင္ခဲ့သလို မူးယစ္ေဆးဝါးႏွိမ္နင္းေရးကိုလည္း ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ခဲ့ပါသည္။ ထို႔ေၾကာင့္ အေမရိကန္ႏိုင္ငံ ၏အကူအညီသည္ ျမန္မာႏိုင္ငံအတြက္ အတိုင္းအ တာတစ္ခုအထိ ထိေရာက္မႈရွိခဲ့သည္ကိုေတြ႕ရပါသည္။
ထို႔ျပင္ နဝတ/နယက အစိုးရလက္ထက္ တြင္ ဗိုလ္ခ်ဳပ္ႀကီးခင္ၫြန႔္ကို စင္ကာပူဝန္ႀကီးခ်ဳပ္လီ ကြမ္ယုက အႀကံÓဏ္ေလးခ်က္ေပးခဲ့ရာတြင္ အစိုးရကို အရပ္သားအစိုးရအသြင္ ဖြဲ႕စည္းရန္ လိုအပ္ေၾကာင္း တစ္ခ်က္ပါဝင္သည္ကို ဦးရဲထြဋ္ ေရးထားသည့္စာအုပ္တြင္ ဖတ္ဖူးပါသည္။
အထက္ပါျဖစ္စဥ္မ်ားကိုအေျခခံၿပီး စာ ေရးသူေျပာလိုသည္မွာ အစိုးရတစ္ရပ္အား တရားဝင္ မႈကို ျပရာတြင္ အရပ္သားအစိုးရ ျဖစ္ရမည္ဟူေသာ အခ်က္ကို သိရွိေစလိုျခင္းျဖစ္ပါသည္။ သတိျပဳ ေစလို၍ ေရးျပရျခင္း ျဖစ္ပါသည္။ ထိုသင္ခန္းစာကို အေျခခံၿပီး ယခုအခါတြင္ ေ႐ြးေကာက္ပြဲက်င္းပၿပီး အရပ္သားအစိုးရထံ အာဏာလႊဲအပ္ႏွံႏိုင္ေရး အပူ တျပင္း ေဆာင္႐ြက္ေနသည္ ဟု နားလည္ထားပါသည္။ထို႔ေၾကာင့္လည္း ႏိုင္ငံေတာ္အစိုးရကဦးေဆာင္ၿပီး ျပဳလုပ္ေပးခဲ့ေသာ ေ႐ြးေကာက္ပြဲကို ႏိုင္ငံေရးနား လည္သူမ်ားက ႀကိဳဆိုေထာက္ခံျခင္းႏွင့္ ပူးေပါင္း ေဆာင္႐ြက္ေနျခင္း ျဖစ္ပါသည္။
ျမန္မာအမ်ားစုသည္ ေရွ႕ကို ခ်ီတက္ ေနၾကေသာ္လည္း ေနာက္ကြယ္က သမိုင္း ျဖစ္စဥ္မ်ားကို သင္ခန္းစာယူမႈ အလြန္အားနည္းၾကပါ သည္။ အတိတ္ျဖစ္စဥ္မ်ား ကို သင္ခန္းစာယူျပဳျပင္ ရမည့္အစား ရန္ညႇိဳး အာဃာတမ်ားကိုသာ ပစၥဳပၸန္ဆီ ယူေဆာင္လာခဲ့ၾကသျဖင့္ လက္ရွိပစၥဳပၸန္ကိုပါ ေလာင္ကြၽမ္းကူးစက္ေစပါသည္။
သမိုင္းကို ေလ့လာၾကည့္လွ်င္ ဗိုလ္ခ်ဳပ္ႀကီး ေနဝင္း အမွားတစ္ခု က်ဴးလြန္ခဲ့ဖူးပါသည္။ ထိုအမွား က ဆိုရွယ္လစ္စနစ္အရ တံခါးပိတ္စီးပြားေရးဝါဒသည္ အလုပ္မျဖစ္သည့္အျပင္ တိုင္းျပည္ကို ဆင္းရဲတြင္း တြန္းပို႔ရာေရာက္ေနသည္ကို ေတြ႕ရွိခဲ့ေသာ တ႐ုတ္ ေခါင္းေဆာင္ တိန္းေရွာင္ဖိန္သည္ (၁၉၇၈)တြင္ သမုဟဝါဒအရ ဆိုရွယ္လစ္ႏွင့္ အရင္းရွင္ ေပါင္းစည္း ထားသည့္ ေဈးကြက္စီးပြားေရးစနစ္ကို ေျပာင္းလဲ က်င့္သုံးခဲ့ပါသည္။ ႏိုင္ငံေရးအရ ကြန္ျမဴနစ္/ဆို ရွယ္လစ္က်င့္သုံးၿပီး စီးပြားေရးအရ အရင္းရွင္/ ေဈးကြက္စီးပြားေရးစနစ္ကို က်င့္သုံးသည့္ ဖက္စပ္ စနစ္ကိုဆိုလိုျခင္းျဖစ္ပါသည္။
ဦးေနဝင္း၏ လမ္းစဥ္ပါတီအစိုးရကို (၁၉၈၁) ခုႏွစ္ အစိုးရအဖြဲ႕လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး၌ တ႐ုတ္ႏိုင္ငံ၏ ျပဳျပင္ေျပာင္းလဲမႈ အေျခအေန ကို ယွဥ္ထိုးၿပီး ျပဳျပင္ေျပာင္းလဲသင့္ေၾကာင္း ပါတီဝင္ အဖြဲ႕ဝင္အခ်ိဳ႕က တင္ျပခဲ့သည္ဟု သိရွိရပါသည္။ သို႔ေသာ္ လက္မခံဘဲ ဆိုရွယ္လစ္စီးပြားေရးစနစ္ အမွားကို ဆက္လက္က်င့္သုံးခဲ့သျဖင့္ တိုင္းျပည္အ ဘက္ဘက္မွ ခြၽတ္ၿခဳံက်ကာ (၁၉၈၈)အေရးအခင္း ႀကီးႏွင့္အတူ လမ္းစဥ္ပါတီအစိုးရ ျပဳတ္က်ခဲ့ရ ပါသည္။
(၁၉၆၂)ခုႏွစ္ ေတာ္လွန္ေရးေကာင္စီ အျဖစ္တိုင္းျပည္တာဝန္ယူစဥ္က ႏိုင္ငံျခားသားမ်ား လက္ထဲ စီးပြားေရးလုပ္ငန္းမ်ားေရာက္ေန၍ အမ်ိဳး သားေရးဝါဒႏွင့္ ဆိုရွယ္လစ္စီးပြားေရးအရ ျပည္သူ ပိုင္သိမ္းသည္ကို အျပစ္မဆိုရက္ပါ။ ထိုအခ်ိန္က တစ္ကမာၻလုံးတြင္ ဆိုရွယ္လစ္ ေကာင္းႏိုးႏိုး၊ ဒီမိုက ေရစီေကာင္းႏိုးႏိုး၊ အရင္းရွင္ စီးပြားေရး ေကာင္းႏိုးႏိုး ႏွင့္ ေျမစမ္းခရမ္းပ်ိဳး ျဖစ္ေနၾကသျဖင့္ မွားခဲ့သည္မွာ
သဘာဝ က်ပါသည္။ သို႔ေသာ္ အိမ္နီးခ်င္းတ႐ုတ္ျပည္ တြင္ ဆိုရွယ္လစ္စီးပြားေရးစနစ္အမွားကို သိရွိ၍ ေဈးကြက္စီးပြားေရးစနစ္ ျပဳျပင္ႏိုင္ခဲ့သည့္တိုင္ ျမန္ မာက ျပဳျပင္ေျပာင္းလဲမႈမလုပ္ႏိုင္ျခင္းက ပို၍ဆိုး ပါသည္။ ေခတ္ႏွင့္အညီ မျပဳျပင္ႏိုင္သည့္ အမွားကို သင္ခန္း စာယူရမည္ ျဖစ္ပါသည္။ ထိုနည္းတူ နဝတ၊ နယက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ မည္သည့္ အမွားမ်ား က်ဴးလြန္ခဲ့သနည္း။
စာေရးသူ လြန္ခဲ့ေသာ (၅)ႏွစ္ က ေနျပည္ ေတာ္ေရာက္ေတာ့ ၿမိဳ႕ႀကီး၏ခမ္းနားေနပုံ၊ လမ္းေတြ က်ယ္ျပန႔္ေကာင္းမြန္ေနပုံ ၊ ေခတ္မီစြာ တည္ ေဆာက္ထားသည့္ ယာဥ္ပတ္အဝိုင္းမ်ား၊ ဥယ်ာဥ္ ပန္းၿခံမ်ားႏွင့္ ဟိုတယ္ဇုန္ႀကီးမ်ားကိုၾကည့္ၿပီး အံ့ဩ မႈမ်ားႏွင့္အတူ နတ္ဘုံနတ္နန္းမ်ား ေရာက္ သြားေလသလားလို႔ပင္ ထင္မွတ္မိပါသည္။ တစ္ဖက္ တြင္လည္း ႐ုပ္ဝတၳဳမ်ား ယခုလိုတိုးတက္ေကာင္းမြန္ ေအာင္ တည္ေဆာက္ေပးခဲ့သည့္ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊကို စိတ္ထဲတြင္ အႀကိမ္ႀကိမ္ခ်ီးက်ဴးေနမိရင္း အေတြးစ တစ္ခုဝင္လာသည္။ စာေရးသူလို အျခား နယ္ကလူတစ္ေယာက္က ေနျပည္ေတာ္အေပၚ ဤမွ်ေလးစားတန္ဖိုးထားေနမည္ဆိုလွ်င္ ေဒသခံ မ်ားကဘယ္ေလာက္မ်ား တန္ဖိုးထားေနမလဲဆိုၿပီး စာေရးသူပီပီ ေဒသခံမ်ားအား ေနျပည္ေတာ္အေပၚ ဘယ္လိုမ်ားခံစားၾကသလဲဟု လိုက္ေမးၾကည့္မိ ပါသည္။ ေနျပည္ေတာ္ေဒသခံမ်ားထံမွ ၾကား သိလိုက္ရသည္က ဘယ္ၿမိဳ႕နယ္ေဆာက္ဖို႔အတြက္ ႐ြာဘယ္ေလာက္ဖ်က္ခဲ့ရသည္။ ဘယ္ဟိုတယ္ဇုန္ ေဆာက္ဖို႔အတြက္ ေျမဧက ဘယ္ေလာက္စြန႔္လႊတ္ ေပးခဲ့ရသည္။ ေျမအစားထိုးျပန္ေပးေသာ္လည္း သူတို႔ေျမေလာက္မက်ယ္ဝန္းေတာ့၍ သူတို႔မေပ်ာ္ ႐ႊင္ေတာ့ေၾကာင္း ၾကားသိရသည္အခါ စာေရးသူ အထင္ႏွင့္အျမင္ တက္တက္စင္လြဲခဲ့သည္ကိုေတြ႕ ခဲ့ရပါသည္။
ေဒသခံမ်ား၏ ခံစားခ်က္မ်ားႏွင့္ပတ္ သက္၍ေနျပည္ေတာ္မွမဟုတ္ေပ။ သဖန္းဆိပ္ ေရ ေလွာင္တမံႀကီးေၾကာင့္ ကြၽန္းလွၿမိဳ႕ႀကီး ေရေအာက္ ေရာက္ခဲ့ရသည့္အေပၚ စိတ္မေကာင္းစြာ ရင္ဖြင့္ ၾကသည့္ ကြၽန္းလွ ေဒသခံမ်ားႏွင့္လည္းႀကဳံဖူးပါသည္။ နဝတ/ နယက ေခတ္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းမ်ားေအာက္တြင္ ဤသို႔ ဤႏွယ္ခံစားေနၾက ရေသာ နယ္ေျမခံလူထုမ်ားကို စာေရးသူမၾကာခဏ ဆုံဖူးပါသည္။ ဤသည္မွာ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ ေခတ္ စစ္ဦးဘီးလူးသဖြယ္ ႏိုင္ငံေတာ္ တည္ေဆာက္ခဲ့ သည့္အက်ိဳးဆက္ဟု စာေရးသူ ေခါင္းစဥ္ေပး လိုပါသည္။
နဝတ/နယက ေခတ္တြင္ တစ္ႏိုင္ငံလုံး လမ္းတံတား၊ ေဆး႐ုံ၊ ေက်ာင္း၊ တကၠသိုလ္ လက္ညႇိဳးထိုးမလြတ္ တည္ေဆာက္ႏိုင္ခဲ့၍ ႐ုပ္ပိုင္းဆိုင္ရာ ( Physical) တိုးတက္ခဲ့သည္မွာ ျငင္းမရေပ။ သို႔ေသာ္ တစ္ဖက္မွာ ႐ုပ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ခဲ့ေသာ္လည္း တစ္ဖက္က ေဒသခံျပည္ သူလူထု၏ စိတ္ပိုင္းဆိုင္ရာ (Mental) ကို ထိခိုက္ခဲ့ သည္ကိုလည္း ေတြ႕ရသည္။ စိတ္ပိုင္းဆိုင္ရာ ျပႆနာမ်ားကို ျပည္တြင္းျပည္ပ ပေယာဂမ်ားက ေျမႇာင့္ပင့္ ေသြးထိုးခဲ့ၾကသျဖင့္ ခံစားမႈပိုင္း (Morale) ဆက္လက္႐ိုက္ခတ္သြားခဲ့သည္။ အက်ိဳးဆက္က ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊလက္ထက္တြင္ စတင္သေႏၶ တည္ခဲ့သည့္ ျပည္ခိုင္ၿဖိဳးပါတီ ( USDP) သည္ (၂၀၁၅) တြင္ ရႈံးနိမ့္သြားခဲ့ရသည္။ ဤအရွိန္က ဒီမွာ တင္ရပ္မသြားဘဲ ယေန႔ တပ္မေတာ္ကိုပါဆက္လက္ ႐ိုက္ခတ္သည္ကို ေတြ႕ရသည္။ ထို႔ေၾကာင့္ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ အမွားကိုေကာက္ခ်က္ ခ်ရလွ်င္ ဗိုလ္ခ်ဳပ္မႉးႀကီးဟူေသာ တပ္မေတာ္စစ္ ဘက္ရာထူးျဖင့္ ႏိုင္ငံေတာ္အာဏာကို အခ်ိန္ၾကာ ျမင္စြာယူခဲ့သျဖင့္ ႏိုင္ငံတကာ၏ အေထာက္အပံ့ကို မရခဲ့၍ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္မႈ ေႏွးေကြးေစခဲ့ သည္။ အကယ္၍သာ ဦးသန္းေ႐ႊအေနျဖင့္သာ အစိုး ရအဖြဲ႕ကို ဦးေဆာင္ခဲ့မည္ဆိုပါက ယခုထက္ ပိုမိုတိုး တက္ႏိုင္ပါသည္။
ဒုတိယအမွားကမူ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုး တက္မႈအတြက္ အေျခခံအေဆာက္အအုံမ်ားကို ေဆာက္လုပ္ရာတြင္ ႐ုပ္ဝတၳဳဖြံ႕ၿဖိဳးတိုးတက္ေစေရး အပူတျပင္းႀကိဳးပမ္းတည္ေဆာက္ခဲ့သျဖင့္ ျပည္ သူလူထု၏စိတ္ပိုင္းဆိုင္ရာထိခိုက္မႈကို ျဖစ္ေစခဲ့ ပါသည္။ ထို႔ေၾကာင့္ ေ႐ြးေကာက္ပြဲတက္လာသည့္ ဦးသိန္းစိန္အစိုးရလက္ထက္တြင္ ဘာလုပ္ေဆာင္ ခ်က္မွမည္မည္ရရမရွိေသာ NLD ဆီကို ဆႏၵမဲ အမ်ားစု စုၿပဳံေရာက္ရွိသြားခဲ့သည္ကို ေတြ႕ခဲ့ရသည္။
စိတ္ဒဏ္ရာေၾကာင့္ျဖစ္ေပၚလာသည့္ ေဒသခံမ်ား၏ခံစားခ်က္က ေနာက္ဆုံးတြင္ နဝတ/
နယက အဆက္အႏြယ္ ႏိုင္ငံေရးပါတီမ်ားႏွင့္အင္စတီးက်ဴးရွင္းမ်ားကို ေက်ာခိုင္းသြားခဲ့ဖူးပါသည္။ သို႔ေသာ္ ယခုေ႐ြးေကာက္ပြဲတြင္ USDP ပါတီက ထိုအမွားမ်ားကိုျပင္ဆင္ႏိုင္ခဲ့သျဖင့္ ယခုေ႐ြး ေကာက္ပြဲတြင္ ေအာင္ျမင္မႈျပန္လည္ရရွိခဲ့ပါသည္။ထိုကဲ့သို႔ သင္ခန္းစာယူ ျပင္ဆင္ႏိုင္ခဲ့သည့္အတြက္ လည္း ဝမ္းသာဂုဏ္ယူမိပါသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊေခတ္ က ႏိုင္ငံတည္ေဆာက္ေရး (State building) ႏွင့္ပတ္ သက္ၿပီး ေျမရာျပႆနာမ်ားသည္လည္း ယေန႔တိုင္ အျငင္းပြားဖြယ္မ်ားရွိေနတတ္ပါသည္။ ေနျပည္ေတာ္ မွာပင္ ေျမရာေလ်ာ္ေၾကးျပည့္ျပည့္ဝဝရ၍ ေက်နပ္ ၾကသူမ်ားေတြ႕ဖူးသလို ေမွ်ာ္မွန္းသေလာက္ မရဘူး ဆိုသည့္အုပ္စုကိုလည္းေတြ႕ဖူးပါသည္။ ေျမရာ ျပႆနာႏွင့္ ပတ္သက္လာလွ်င္ ျပည္သူလူထုက ေက်နပ္ျခင္း၊ မေက်နပ္ျခင္း၊ လက္ခံျခင္း၊ လက္မခံ ျခင္းထက္ ဆန႔္က်င္ဘက္အုပ္စုမ်ားအတြက္ အစိုးရ ကိုတိုက္ခိုက္ရန္ လက္နက္သဖြယ္ အသုံးခ်ခဲ့ၾက သည္ကေတာ့ ျငင္းမရသည့္အမွန္တရား ျဖစ္ပါသည္။
တစ္ဖန္ ဦးသိန္းစိန္အစိုးရေခတ္ကို ျပန္ေလ့လာၾကည့္သည့္အခါ အဓိကအမွားႀကီး သုံးခုကို ေတြ႕ခဲ့ရပါသည္။ ပထမအမွားမွာ ဦးသိန္းစိန္
အစိုးရက NLD ကို ႏိုင္ငံေရး ဇာတ္ခုန္ေပၚတင္ၿပီး က်ားေသကို အသက္သြင္းခဲ့ျခင္း ျဖစ္ပါသည္။ထို အမွားကတစ္ဆင့္ NLD က (၂၀ဝ၈) ေျခဥပါ ခ်ိဳး ေဖာက္ၿပီး ႏိုင္ငံေတာ္အာဏာကို လိမ္လည္ရယူဖို႔ ႀကိဳးပမ္းလာသျဖင့္ တပ္မေတာ္က အာဏာထိန္းခဲ့ရ ေပသည္။ ဤသည္မွာ မေဝးေသာ အတိတ္ကာလ မ်ားတြင္ ျဖစ္ပြားခဲ့ေသာ ျမန္မာ့သမိုင္းထဲက သင္ခန္း စာယူစရာ အမွားမ်ားပင္ ျဖစ္ေပသည္။
ဒုတိယအမွားက ႏိုင္ငံေရးသိပၸံပညာရွင္ ဟယ္တင္တန္(ဟားဗတ္တကၠသိုလ္)၏ သုေတ သနျပဳခ်က္ျဖင့္ ေျပာရလွ်င္ ႏိုင္ငံေရးလြတ္လပ္ခြင့္ အလြန္အမင္းေပးခဲ့သည့္အမွားျဖစ္ပါသည္။ ထို အမွားကတစ္ဆင့္ လြတ္လပ္စြာေျပာဆိုခြင့္၊ လြတ္ လပ္စြာေရးသားခြင့္ မ်ားေၾကာင့္ တပ္မေတာ္ဆိုသည့္ အင္စတီးက်ဴးရွင္းႏွင့္ ယခင္အစိုးရေဟာင္းမ်ားကို ရည္႐ြယ္ခ်က္ရွိရွိေဝဖန္ထိုးႏွက္တိုက္ခိုက္လာေသာ စာေပေဟာေျပာပြဲမ်ားေပၚလာသည္။ DVB debated လို စကားစစ္ထိုးပြဲမ်ားသည္ တပ္မ ေတာ္ႏွင့္ ေခတ္အဆက္ဆက္အစိုးရေဟာင္းမ်ားကို ေဝဖန္ထိုးႏွက္တိုက္ခိုက္လာၾကသည္။ သတင္းမီဒီ ယာမ်ား၊ စာနယ္ဇင္းမ်ားႏွင့္အြန္လိုင္းမီဒီယာမ်ားတြင္ တပ္မေတာ္ကို ေျပာင္ေျပာင္တင္းတင္း ထိုးႏွက္တိုက္ ခိုက္လာၾကသည္။ ဤသို႔ျဖင့္ တပ္မေတာ္ကို ေဝဖန္တိုက္ခိုက္လွ်င္ ႏိုင္ငံေရး ျဖစ္သည္ဆိုေသာ အယူအဆ တစ္ရပ္လူ ငယ္မ်ားအၾကားပ်ံ႕ႏွံ႔သြားခဲ့သျဖင့္ ယေန႔အခါ တိုင္းျပည္သည္ ခက္ခက္ခဲခဲ ႐ုန္းကန္ခဲ့ရပါသည္။
ဒီမိုကေရစီစနစ္အရ ႏိုင္ငံေရး လြတ္လပ္ ခြင့္ေပးသည္ကို လက္ခံပါသည္။ သို႔ေသာ္ ဟယ္တင္ တန္(ဟားဗတ္တကၠသိုလ္) ဥပမာေပးေလ့ရွိသည့္ ဆို ဗီယက္ျပည္ေထာင္စု ၿပိဳကြဲရခဲ့ျခင္းႏွင့္ (၁၉၈၉)ခုႏွစ္ တ႐ုတ္ႏိုင္ငံ တီယမ္နမ္ရင္ျပင္ဆႏၵျပပြဲသည္ ႏိုင္ငံ ေရးလြတ္လပ္ခြင့္အလြန္အမင္းေပး၍ ျဖစ္ရျခင္း ဆိုသည္ကိုမူ မေမ့ဖို႔လိုပါသည္။
ဦးသိန္းစိန္အစိုးရ၏ တတိယအမွားမွာ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးကို ေထာက္ရႈၿပီး လိုင္ဇာတံခါးဝ ေရာက္ေနေသာတပ္မ်ားကို ျပန္လည္ ေခၚယူခဲ့ျခင္းျဖစ္ပါသည္။ KIA ကို အၿပီးတိုင္ ေခ်မႈန္းဖို႔ အခြင့္အေရး ရွိပါလ်က္ႏွင့္ မေခ်မႈန္း ခဲ့ျခင္းေၾကာင့္ AA ၊ PDF ၊ BA ၊ BPLA စေသာ လက္နက္ကိုင္အဖြဲ႕မ်ားစြာေပၚေပါက္လာခဲ့ေပသည္။အကယ္၍မ်ားသာ State Building တည္ေဆာက္မႈ ကို အင္အားအာဏာသုံး၍ စစ္ေရး၊ ႏိုင္ငံေရး ႏွစ္ ဖက္ညႇပ္ဟန္ခ်က္ညီစြာ တည္ေဆာက္ႏိုင္ပါက တိုင္း ျပည္အတြက္ ပိုမိုအက်ိဳးရွိလိမ့္မည္ဟု သုံးသပ္မိပါ သည္။ ထိုမွတစ္ဆင့္ NLD အစိုးရလက္ထက္ တြင္လည္း အမွားမ်ားစြာက်ဴးလြန္ခဲ့သျဖင့္ တိုင္းျပည္တည္ေဆာက္ေရးတြင္ မ်ားစြာနစ္နာခဲ့ရသည္။ထို႔ေၾကာင့္ ဦးေနဝင္းေခတ္၊ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊ ေခတ္၊ ဦးသိန္းစိန္ႏွင့္ NLD ေခတ္အမွားကို သင္ခန္း စာယူ၍ အစိုးရသစ္အေနျဖင့္ႀကဳံေတြ႕လာႏိုင္ေသာ စိန္ေခၚမႈမ်ားကို ေက်ာ္လႊားႏိုင္ေရး ႀကိဳးပမ္းရမည္ ျဖစ္ပါသည္။
အစိုးရသစ္၏စိန္ေခၚမႈမ်ားတြင္ အမ်ိဳး သား စည္းလုံးညီၫြတ္ေရးၿပိဳကြဲေနမႈ၊ ပထဝီႏိုင္ငံေရး တန္ဖိုးျမင့္မားလာေသာ ႏိုင္ငံႀကီးမ်ား၏ အားၿပိဳင္မႈ အၾကား ႏိုင္ငံေရးတည္ၿငိမ္ရန္ ႀကိဳးပမ္းေနရမႈ၊ လက္ နက္ကိုင္ပဋိပကၡမ်ားႀကီးထြားေနမႈ၊ ဆုံးရႈံးသြားေသာ နယ္ေျမမ်ားကို ျပန္လည္ရရွိေရး ႀကိဳးပမ္းရန္လိုအပ္ ေနမႈ၊ ဒီမိုကေရစီႏွင့္ဖက္ဒရယ္ျပည္ေထာင္စုတည္ ေဆာက္ေရး ခရီးၾကမ္းစသည္တို႔သည္ စိန္ေခၚမႈမ်ား စြာက ေစာင့္ႀကိဳေနမည္သာ ျဖစ္ပါသည္။ အဆိုပါ စိန္ေခၚမႈမ်ားကို အတိတ္သမိုင္းသင္ခန္းစာမ်ားကို အေျခခံၿပီး တိုင္းျပည္ေကာင္းေအာင္ ေဆာင္႐ြက္ ၾကရမည့္တာဝန္မွာ အစိုးရသစ္၏ တာဝန္ျဖစ္ပါသည္။
မည္သို႔ပင္ျဖစ္ေစကာမူ လူဆိုသည္ အမွား ႏွင့္မကင္းၾကေပ။ မမွားေသာ ေရွ႕ေန မေသေသာေဆး သမားဟူသည့္ စကားပုံရွိေသာ္လည္းႏိုင္ငံ့ေခါင္း ေဆာင္ဟူသည္က မမွားသင့္မမွားထိုက္တာကို မမွား ဖို႔လိုမည္ျဖစ္ပါသည္။ ထိုနည္းတူ အမွားကို မျမင္သ ေ႐ြ႕လည္း အမွန္ကိုမျမင္ႏိုင္သျဖင့္ အမွန္ကို ျပင္ႏိုင္ မည္မဟုတ္ေပ။ ဂ်ပန္ ႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္လာရျခင္း ၏ အဓိကအေၾကာင္းတရားမွာ အမွားကိုျမင္ၿပီး အမွန္ျပင္ႏိုင္ခဲ့ျခင္းေၾကာင့္ ျဖစ္ပါသည္။ လက္ရွိအ ခ်ိန္တြင္ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ေ႐ြးေကာက္ပြဲ ကတစ္ဆင့္ ေခတ္ႏွင့္ေလ်ာ္ညီေသာ ဒီမိုကေရစီဖက္ ဒရယ္ျပည္ေထာင္စုစနစ္ဆီသို႔ ကူးေျပာင္းဖို႔ တာစူ ေနၿပီ ျဖစ္ပါသည္။
အနာဂတ္အစိုးရသစ္အေနျဖင့္ ယခင္ ေခတ္အဆက္ဆက္က ႀကဳံေတြ႕ခဲ့ရသည့္ သင္ခန္းစာ မ်ားကို မွန္ကန္စြာသုံးသပ္ၿပီး၊ လူပုဂၢိဳလ္ သို႔မဟုတ္ ပါတီစြဲထက္ " ႏိုင္ငံေတာ္ႏွင့္ ျပည္သူ " ကို ေရွ႕တန္း တင္ လုပ္ေဆာင္သြားမည္ဟု ယုံၾကည္မိပါသည္။သမိုင္းထဲက အမွားသင္ခန္းစာမ်ားကို ၾကည့္မွန္ သဖြယ္အသုံးခ်ၿပီး အားနည္းခ်က္မ်ားကို အားသာ ခ်က္အျဖစ္ ေျပာင္းလဲႏိုင္လိမ့္မည္ဟုယူဆမိပါသည္။ထို႔ေၾကာင့္ ႏိုင္ငံတြင္းရွိ လူငယ္မ်ား၏ တက္ႂကြမႈ၊ လူႀကီးမ်ား၏ အေတြ႕အႀကဳံႏွင့္ မွန္ကန္ေသာ ေခါင္း ေဆာင္မႈတို႔ ေပါင္းစပ္လိုက္လွ်င္ ကြၽႏု္ပ္တို႔၏ ႏိုင္ငံ ေတာ္သည္ သမိုင္းဝင္ဂုဏ္ယူရမည့္ ဖြံ႕ၿဖိဳးတိုးတက္ ေသာ ႏိုင္ငံတစ္ခုအျဖစ္ ျပန္လည္ ထြန္းေတာက္လာ မည္မွာ ဧကန္မလြဲပင္ ျဖစ္ပါေၾကာင္း အႀကံျပဳတိုက္ တြန္းလိုက္ရပါသည္။