ကင်ညာနိုင်ငံမှာ ဆောက်လုပ်ဆဲ(၁၆)ထပ်အဆောက်အဦးတစ်ခုပြိုကျခဲ့ပြီး လူအများအပြား ပိတ်မိနေ

 227

Pika (NP News) - ဇန်နဝါရီ ၃

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာ ဆောက်လုပ်ဆဲအထပ်မြင့်အဆောက်အဦးတစ်ခု ပြိုကျမှုကြောင့် လူအများအပြား အပျက်အစီးတွေအောက်မှာ ပိတ်မိနေတယ်လို့ တာဝန်ရှိသူတွေ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ အပျက်အစီးတွေကြားမှာ တူးဖော်ရှာဖွေမှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး ပြိုကျသွားတဲ့အဆောက်အဦးက (၁၆)ထပ်ရှိတဲ့ အဆောက်အဦးတစ်ခုဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေက ရေးသားဖော်ပြထားကြပါတယ်။
ကြက်ခြေနီအသင်းက “အေဂျင်စီပေါင်းစုံက ချက်ချင်းတုံ့ပြန်ရေးအဖွဲ့တွေဟာ အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာပြီး တူးဖော်မှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း အဆောက်အဦးပြိုကျရတဲ့အကြောင်းအရင်း ဒါမှမဟုတ် ပိတ်မိနေတဲ့လူအရေအတွက်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ချက်ချင်းမှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ အိမ်ယာ လိုအပ်တွေ မြင့်မားပြီး စည်းကမ်းကိုလိုက်နာခြင်းမျိုးမရှိတဲ့ ဆောက်လုပ်ရေးသမားတွေကြောင့် နိုင်ရိုဘီမြို့မှာ အဆောက်အဦးပြိုကျမှုက အဖြစ်များတဲ့ဖြစ်ရပ်တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ကင္ညာႏိုင္ငံမွာ ေဆာက္လုပ္ဆဲ(၁၆)ထပ္အေဆာက္အဦးတစ္ခုၿပိဳက်ခဲ့ၿပီး လူအမ်ားအျပား ပိတ္မိေန
Pika (NP News) - ဇန္နဝါရီ ၃
ကင္ညာႏိုင္ငံ ႏိုင္႐ိုဘီၿမိဳ႕မွာ ေဆာက္လုပ္ဆဲအထပ္ျမင့္အေဆာက္အဦးတစ္ခု ၿပိဳက်မႈေၾကာင့္ လူအမ်ားအျပား အပ်က္အစီးေတြေအာက္မွာ ပိတ္မိေနတယ္လို႔ တာဝန္ရွိသူေတြ ေျပာၾကားခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ကယ္ဆယ္ေရးဝန္ထမ္းေတြဟာ အပ်က္အစီးေတြၾကားမွာ တူးေဖာ္ရွာေဖြမႈေတြကို ဆက္လက္လုပ္ေဆာင္ေနၿပီး ၿပိဳက်သြားတဲ့အေဆာက္အဦးက (၁၆)ထပ္ရွိတဲ့ အေဆာက္အဦးတစ္ခုျဖစ္တယ္လို႔ ေဒသတြင္းမီဒီယာေတြက ေရးသားေဖာ္ျပထားၾကပါတယ္။
ၾကက္ေျခနီအသင္းက “ေအဂ်င္စီေပါင္းစုံက ခ်က္ခ်င္းတုံ႔ျပန္ေရးအဖြဲ႕ေတြဟာ အေျခအေနေတြကို ခြဲျခမ္းစိတ္ျဖာၿပီး တူးေဖာ္မႈေတြကို ဆက္လက္လုပ္ေဆာင္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း အေဆာက္အဦးၿပိဳက်ရတဲ့အေၾကာင္းအရင္း ဒါမွမဟုတ္ ပိတ္မိေနတဲ့လူအေရအတြက္နဲ႔ ပတ္သက္ၿပီး အာဏာပိုင္ေတြက ခ်က္ခ်င္းမွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ အိမ္ယာ လိုအပ္ေတြ ျမင့္မားၿပီး စည္းကမ္းကိုလိုက္နာျခင္းမ်ိဳးမရွိတဲ့ ေဆာက္လုပ္ေရးသမားေတြေၾကာင့္ ႏိုင္႐ိုဘီၿမိဳ႕မွာ အေဆာက္အဦးၿပိဳက်မႈက အျဖစ္မ်ားတဲ့ျဖစ္ရပ္တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.