ပြည်ပသို့ ဒီဇင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသိန်းကျော် တင်ပို့နိုင်ခဲ့

590

စော (NP News)- ဇန်နဝါရီ ၁၃
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒီဇင်ဘာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် (၃၃၁၈၆၉) တန် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည်။
ထိုသို့ ဆန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် (၂၃၀၇၈၈)တန်ရှိခဲ့၍ ဆန်ကွဲတင်ပို့မှုသည် မက်ထရစ်တန်ချိန် (၁၀၁၀၈၁) တန်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါတင်ပို့မှုများအနက် ပင်လယ်ရေကြောင်းမှတဆင့် မက်ထရစ်တန်ချိန် (၃၂၇၆၆၉)တန်ကို တင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးမှ မက်ထရစ်တန်ချိန် (၂၀၀)တန်ကို တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အချက်အလက်များအရ သိရသည်။
အဆိုပါဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုအများဆုံးဖြစ်ပြီး မာဂါဒါစကာ၊ ဘင်္ဂလားဒေ့ရှ်၊ ပိုလန်၊ စပိန်၊ ဗီယက်နမ် ၊ ချက်သမ္မတနိုင်ငံ၊ ဖီဂျီ၊ တူရကီ၊ တီမောလက်စ်တေအပြင် နိုင်ငံပေါင်း (၂၄) နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံသို့ ဆန်ကွဲအများဆုံးတင်ပို့ခဲ့ပြီး ဘယ်လ်ဂျီယံ၊ အင်ဒိုနီးရှား၊ နယ်သာလန်၊ အမေရိကန်၊ စပိန်၊ အီတလီ၊ ပိုလန်၊ ချက်သမ္မတ၊ ဗီယက်နမ်အပြင် အခြားနိုင်ငံတစ်နိုင်ငံတို့ကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျပည္ပသို႔ ဒီဇင္ဘာလအတြင္း ဆန္ႏွင့္ဆန္ကြဲတန္ခ်ိန္ သုံးသိန္းေက်ာ္ တင္ပို႔ႏိုင္ခဲ့
ေစာ (NP News)- ဇန္နဝါရီ ၁၃
၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္၊ ဒီဇင္ဘာလအတြင္း ျပည္ပသို႔ ဆန္ႏွင့္ဆန္ကြဲတန္ခ်ိန္ (၃၃၁၈၆၉) တန္ တင္ပို႔ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္က ယခုရက္ပိုင္းအတြင္း ထုတ္ျပန္ထားသည္။
ထိုသို႔ ဆန္တင္ပို႔မႈအေနျဖင့္ မက္ထရစ္တန္ခ်ိန္ (၂၃၀၇၈၈)တန္ရွိခဲ့၍ ဆန္ကြဲတင္ပို႔မႈသည္ မက္ထရစ္တန္ခ်ိန္ (၁၀၁၀၈၁) တန္ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါတင္ပို႔မႈမ်ားအနက္ ပင္လယ္ေရေၾကာင္းမွတဆင့္ မက္ထရစ္တန္ခ်ိန္ (၃၂၇၆၆၉)တန္ကို တင္ပို႔ခဲ့ၿပီး နယ္စပ္ကုန္သြယ္ေရးမွ မက္ထရစ္တန္ခ်ိန္ (၂၀၀)တန္ကို တင္ပို႔ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါဒီဇင္ဘာလအတြင္း တ႐ုတ္ႏိုင္ငံသို႔ ဆန္တင္ပို႔မႈအမ်ားဆုံးျဖစ္ၿပီး မာဂါဒါစကာ၊ ဘဂၤလားေဒ့ရွ္၊ ပိုလန္၊ စပိန္၊ ဗီယက္နမ္ ၊ ခ်က္သမၼတႏိုင္ငံ၊ ဖီဂ်ီ၊ တူရကီ၊ တီေမာလက္စ္ေတအျပင္ ႏိုင္ငံေပါင္း (၂၄) ႏိုင္ငံသို႔ တင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ တ႐ုတ္ႏိုင္ငံသို႔ ဆန္ကြဲအမ်ားဆုံးတင္ပို႔ခဲ့ၿပီး ဘယ္လ္ဂ်ီယံ၊ အင္ဒိုနီးရွား၊ နယ္သာလန္၊ အေမရိကန္၊ စပိန္၊ အီတလီ၊ ပိုလန္၊ ခ်က္သမၼတ၊ ဗီယက္နမ္အျပင္ အျခားႏိုင္ငံတစ္ႏိုင္ငံတို႔ကို တင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရသည္။